ချဲလ်ဆီးကို အလဲထိုးပြီး အာတီတာရဲ့ ပေါင် ၅၁.၄ သန်းတန် ဆန္ဒကို ဖြည့်ပေးဖွယ်ရှိတဲ့ ခရွန်ကီ
အာဆင်နယ်ဟာ လာမယ့်နွေရာသီစျေးကွက်ကို ၃ နှစ်ဆက်တိုက် ပရီးမီးယားလိဂ်ဖလား စိန်ခေါ်နိုင်ဖို့ ရည်မှန်းချက်နဲ့အတူ ဝင်ရောက်သွားမှာဖြစ်ပြီး အာတီတာရဲ့အသင်းဟာ ကမ္ဘာပေါ်က ထိပ်တန်းအသင်းကြီးတွေထဲက တစ်သင်းဖြစ်ကြောင်း ပြသထားနိုင်ခဲ့ပြီဖြစ်ပါတယ်။
၂၀၂၂-၂၀၂၃ ရာသီတုန်းက တစ်ရာသီ ကျောက်ထတာလို့ ဝိုင်းနှိမ်ခဲ့တဲ့ ၁၉ သင်းဖန်တွေကိုလည်း ဒီရာသီ ဇယားထိပ်ကို တက်လှမ်းပြပြီး တိတ်ဆိတ်စေခဲ့သလို လာမယ့်ရာသီမှာလည်း ဂန်းနားတွေကို မခန့်လေးစားမလုပ်ရဲအောင် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်နွေရာသီတုန်းက စံချိန်တင် ငွေကြေးသုံးစွဲမှုတွေနဲ့ ဒီကလန် ရိုက်၊ ကိုင် ဟာဗတ်ဇ်၊ တင်းဘားတို့လို ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့ပြီး အာဆင်နယ်လူစာရင်းရဲ့ အရည်အသွေးက သိသိသာသာ တိုးတက်လာခဲ့တာကို မျက်ဝါးထင်ထင် မြင်ခဲ့ရပြီးဖြစ်ပါတယ်။
ဒါကြောင့် အာဆင်နယ်ပရိသတ်တွေရဲ့ မျှော်မှန်းချက်ဟာ အရင်တုန်းကလို ထိပ်ဆုံး ၄ နေရာ ဝင်ဖို့လောက်သာ မဟုတ်တော့ဘဲ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ အဓိကဆုဖလားအောင်မြင်မှုတွေကို ရယူဖို့ ဖြစ်လာပြီဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ မြို့ခံပြိုင်ဘက်အသင်းဖြစ်တဲ့ ချဲလ်ဆီးကလည်း ဂန်းနားတွေထက်တောင် ငွေကြေးသုံးစွဲမှုတွေ အများအပြား ပြုလုပ်ခဲ့ပေမယ့်လည်း ဒီရာသီကုန်မှာ ဥရောပဝင်ခွင့်တောင် မမျှော်မှန်းနိုင်တော့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ချဲလ်ဆီးဟာ အရင်ကတည်းက ဟာဇက်ကနေ ကိုင်ဆေဒိုအဆုံး ဂန်းနားတွေရဲ့ ပစ်မှတ်တွေကို လိုက်လုတတ်တဲ့ အကျင့်က ရှိနေတာကြောင့် ဒီနွေရာသီအတွက် အာတီတာရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ စပို့တင်း လစ္စဘွန်းကြယ်ပွင့် အူ့စ်မန် ဒီယိုမန်ဒီရဲ့ အပြောင်းအရွှေ့မှာလည်း အနှောင့်အယှက်ပေးလာနိုင်ပါတယ်။
Sport Witness ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးဟာ ဒီယိုမန်ဒီအတွက် ယူရိုသန်း ၆၀(ပေါင် ၅၁.၄ သန်း)နဲ့ ကမ်းလှမ်းထားပြီးဖြစ်ပေမယ့်လည်း ဂန်းနားတွေဟာ စပို့တင်းကြယ်ပွင့်အတွက် ဆွေးနွေးညှိနှိုင်းမှုတွေ စတင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ဒီနွေရာသီမှာ ဂွန်ဆာလို အင်နာစီယို၊ ဗစ်တာ ဂယော်ကီရက်စ်တို့လည်း အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပေမယ့်လည်း စပို့တင်း လစ္စဘွန်းနဲ့ ဘာသဘောတူညီမှုမှ ရရှိထားခြင်းမရှိသေးတာဖြစ်ပါတယ်။
အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ထဲက တစ်သင်းကို ရွေးပါဆိုရင် တော်တော်လေး ရွေးရလွယ်ကူတဲ့အခြေအနေဖြစ်နေပြီး ဂန်းနားတွေဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရအသင်းတစ်သင်းအဖြစ် ထပ်ရှိနေဦးမှာဖြစ်သလို အာတီတာလက်အောက်မှာ လူငယ်ကစားသမားတွေနဲ့ ဆက်လက် တိုးတက်လာဦးမယ့်အသင်းဖြစ်ပါတယ်။
ချဲလ်ဆီးကတော့ လာမယ့်ရာသီမှာ ဥရောပဝင်ခွင့် မမျှော်လင့်နိုင်တဲ့အသင်းတစ်သင်းဖြစ်နေပြီး နည်းပြအပြောင်းအလဲကလည်း မြင်တွေ့ရဖွယ်ရှိနေတာကြောင့် အရာအားလုံးက မရေရာမသေချာတဲ့အခြေအနေမျိုး ဖြစ်နေမှာ ဖြစ်ပါတယ်။
အဲဒီလိုဆိုပေမယ့်လည်း ဒီယိုမန်ဒီအနေနဲ့ နောက်ခံကစားသမားခေါ်ယူမှုတွေ အများအပြားလုပ်ခဲ့တဲ့အပေါ်မှာ မေးခွန်းထုတ်မှုတွေ ခံနေရတဲ့ ချဲလ်ဆီးအသင်း ပွဲထွက်လူစာရင်းထဲမှာတော့ နေရာရမှာ ကျိန်းသေပါတယ်။
အာဆင်နယ်မှာတော့ ဝီလီယံ ဆာလီဘာနဲ့ ဂါဘရီယဲလ်တို့ အတွဲက တော်တော်လေး အခြေကျတည်ငြိမ်နေပုံပေါ်ပေမယ့်လည်း အာတီတာက လူစာရင်း အလှည့်ကျပွဲထွက်ကစားနိုင်စွမ်းတိုးတက်လာဖို့အတွက် လိုအပ်မယ်ဆိုရင် အပြောင်းအလဲလုပ်ဖို့ ဝန်မလေးသူဖြစ်ပါတယ်။
အာဆင်နယ်ဟာ လာမယ့်ရာသီမှာလည်း ဒီရာသီထက်တောင် ပွဲပိုများများ ကစားသွားရလိမ့်မယ်လို့ မျှော်လင့်ထားတာကြောင့် ဒီယိုမန်ဒီအနေနဲ့ ဂန်းနားတွေကို ရွေးချယ်ခဲ့မယ်ဆိုရင် ပွဲထွက်ကစားပေးဖို့ အခွင့်အရေး အများအပြား ရှိနေမှာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဒီယိုမန်ဒီရဲ့ ပြောင်းရွှေ့ကြေးပမာဏကတော့ မေးခွန်းထုတ်စရာဖြစ်နေသလို ဂန်းနားတွေဟာ ကွင်းလယ်နဲ့ တိုက်စစ်မှာ လူအင်အားဖြည့်ဖို့ ပိုမိုလိုအပ်နေတာ ဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
အာဆင္နယ္ဟာ လာမယ့္ေႏြရာသီေစ်းကြက္ကို ၃ ႏွစ္ဆက္တိုက္ ပရီးမီးယားလိဂ္ဖလား စိန္ေခၚႏိုင္ဖို႔ ရည္မွန္းခ်က္နဲ႔အတူ ဝင္ေရာက္သြားမွာျဖစ္ၿပီး အာတီတာရဲ႕အသင္းဟာ ကမာၻေပၚက ထိပ္တန္းအသင္းႀကီးေတြထဲက တစ္သင္းျဖစ္ေၾကာင္း ျပသထားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။
၂၀၂၂-၂၀၂၃ ရာသီတုန္းက တစ္ရာသီ ေက်ာက္ထတာလို႔ ဝိုင္းႏွိမ္ခဲ့တဲ့ ၁၉ သင္းဖန္ေတြကိုလည္း ဒီရာသီ ဇယားထိပ္ကို တက္လွမ္းျပၿပီး တိတ္ဆိတ္ေစခဲ့သလို လာမယ့္ရာသီမွာလည္း ဂန္းနားေတြကို မခန႔္ေလးစားမလုပ္ရဲေအာင္ ႀကိဳတင္ျပင္ဆင္မႈေတြ ျပဳလုပ္ဖို႔ လိုအပ္မွာ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ ၂၀၂၃ ခုႏွစ္ေႏြရာသီတုန္းက စံခ်ိန္တင္ ေငြေၾကးသုံးစြဲမႈေတြနဲ႔ ဒီကလန္ ႐ိုက္၊ ကိုင္ ဟာဗတ္ဇ္၊ တင္းဘားတို႔လို ကစားသမားေတြကို ေခၚယူႏိုင္ခဲ့ၿပီး အာဆင္နယ္လူစာရင္းရဲ႕ အရည္အေသြးက သိသိသာသာ တိုးတက္လာခဲ့တာကို မ်က္ဝါးထင္ထင္ ျမင္ခဲ့ရၿပီးျဖစ္ပါတယ္။
ဒါေၾကာင့္ အာဆင္နယ္ပရိသတ္ေတြရဲ႕ ေမွ်ာ္မွန္းခ်က္ဟာ အရင္တုန္းကလို ထိပ္ဆုံး ၄ ေနရာ ဝင္ဖို႔ေလာက္သာ မဟုတ္ေတာ့ဘဲ ႏွစ္ေပါင္းမ်ားစြာ ေဝးကြာေနတဲ့ အဓိကဆုဖလားေအာင္ျမင္မႈေတြကို ရယူဖို႔ ျဖစ္လာၿပီျဖစ္ပါတယ္။ အာဆင္နယ္ရဲ႕ ၿမိဳ႕ခံၿပိဳင္ဘက္အသင္းျဖစ္တဲ့ ခ်ဲလ္ဆီးကလည္း ဂန္းနားေတြထက္ေတာင္ ေငြေၾကးသုံးစြဲမႈေတြ အမ်ားအျပား ျပဳလုပ္ခဲ့ေပမယ့္လည္း ဒီရာသီကုန္မွာ ဥေရာပဝင္ခြင့္ေတာင္ မေမွ်ာ္မွန္းႏိုင္ေတာ့တာျဖစ္ပါတယ္။
ဒါေပမယ့္လည္း ခ်ဲလ္ဆီးဟာ အရင္ကတည္းက ဟာဇက္ကေန ကိုင္ေဆဒိုအဆုံး ဂန္းနားေတြရဲ႕ ပစ္မွတ္ေတြကို လိုက္လုတတ္တဲ့ အက်င့္က ရွိေနတာေၾကာင့္ ဒီေႏြရာသီအတြက္ အာတီတာရဲ႕ အဓိကပစ္မွတ္ျဖစ္တဲ့ စပို႔တင္း လစၥဘြန္းၾကယ္ပြင့္ အူ႔စ္မန္ ဒီယိုမန္ဒီရဲ႕ အေျပာင္းအေ႐ႊ႕မွာလည္း အေႏွာင့္အယွက္ေပးလာႏိုင္ပါတယ္။
Sport Witness ရဲ႕ ေဖာ္ျပခ်က္အရ ခ်ဲလ္ဆီးဟာ ဒီယိုမန္ဒီအတြက္ ယူ႐ိုသန္း ၆၀(ေပါင္ ၅၁.၄ သန္း)နဲ႔ ကမ္းလွမ္းထားၿပီးျဖစ္ေပမယ့္လည္း ဂန္းနားေတြဟာ စပို႔တင္းၾကယ္ပြင့္အတြက္ ေဆြးေႏြးညႇိႏႈိင္းမႈေတြ စတင္ဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။
ဒီေႏြရာသီမွာ ဂြန္ဆာလို အင္နာစီယို၊ ဗစ္တာ ဂေယာ္ကီရက္စ္တို႔လည္း အာဆင္နယ္ကို ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြ ထြက္ေပၚေနခဲ့ေပမယ့္လည္း စပို႔တင္း လစၥဘြန္းနဲ႔ ဘာသေဘာတူညီမႈမွ ရရွိထားျခင္းမရွိေသးတာျဖစ္ပါတယ္။
အာဆင္နယ္နဲ႔ ခ်ဲလ္ဆီးတို႔ထဲက တစ္သင္းကို ေ႐ြးပါဆိုရင္ ေတာ္ေတာ္ေလး ေ႐ြးရလြယ္ကူတဲ့အေျခအေနျဖစ္ေနၿပီး ဂန္းနားေတြဟာ လာမယ့္ရာသီမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ရအသင္းတစ္သင္းအျဖစ္ ထပ္ရွိေနဦးမွာျဖစ္သလို အာတီတာလက္ေအာက္မွာ လူငယ္ကစားသမားေတြနဲ႔ ဆက္လက္ တိုးတက္လာဦးမယ့္အသင္းျဖစ္ပါတယ္။
ခ်ဲလ္ဆီးကေတာ့ လာမယ့္ရာသီမွာ ဥေရာပဝင္ခြင့္ မေမွ်ာ္လင့္ႏိုင္တဲ့အသင္းတစ္သင္းျဖစ္ေနၿပီး နည္းျပအေျပာင္းအလဲကလည္း ျမင္ေတြ႕ရဖြယ္ရွိေနတာေၾကာင့္ အရာအားလုံးက မေရရာမေသခ်ာတဲ့အေျခအေနမ်ိဳး ျဖစ္ေနမွာ ျဖစ္ပါတယ္။
အဲဒီလိုဆိုေပမယ့္လည္း ဒီယိုမန္ဒီအေနနဲ႔ ေနာက္ခံကစားသမားေခၚယူမႈေတြ အမ်ားအျပားလုပ္ခဲ့တဲ့အေပၚမွာ ေမးခြန္းထုတ္မႈေတြ ခံေနရတဲ့ ခ်ဲလ္ဆီးအသင္း ပြဲထြက္လူစာရင္းထဲမွာေတာ့ ေနရာရမွာ က်ိန္းေသပါတယ္။
အာဆင္နယ္မွာေတာ့ ဝီလီယံ ဆာလီဘာနဲ႔ ဂါဘရီယဲလ္တို႔ အတြဲက ေတာ္ေတာ္ေလး အေျခက်တည္ၿငိမ္ေနပုံေပၚေပမယ့္လည္း အာတီတာက လူစာရင္း အလွည့္က်ပြဲထြက္ကစားႏိုင္စြမ္းတိုးတက္လာဖို႔အတြက္ လိုအပ္မယ္ဆိုရင္ အေျပာင္းအလဲလုပ္ဖို႔ ဝန္မေလးသူျဖစ္ပါတယ္။
အာဆင္နယ္ဟာ လာမယ့္ရာသီမွာလည္း ဒီရာသီထက္ေတာင္ ပြဲပိုမ်ားမ်ား ကစားသြားရလိမ့္မယ္လို႔ ေမွ်ာ္လင့္ထားတာေၾကာင့္ ဒီယိုမန္ဒီအေနနဲ႔ ဂန္းနားေတြကို ေ႐ြးခ်ယ္ခဲ့မယ္ဆိုရင္ ပြဲထြက္ကစားေပးဖို႔ အခြင့္အေရး အမ်ားအျပား ရွိေနမွာျဖစ္ပါတယ္။
ဒါေပမယ့္လည္း ဒီယိုမန္ဒီရဲ႕ ေျပာင္းေ႐ႊ႕ေၾကးပမာဏကေတာ့ ေမးခြန္းထုတ္စရာျဖစ္ေနသလို ဂန္းနားေတြဟာ ကြင္းလယ္နဲ႔ တိုက္စစ္မွာ လူအင္အားျဖည့္ဖို႔ ပိုမိုလိုအပ္ေနတာ ျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News