ဘိုင်ယန်နဲ့ပွဲမတိုင်ခင် လက်မှတ်မှောင်ခိုပြဿနာနဲ့ ပရိသတ်တုတွေ ကွင်းထဲမဝင်နိုင်အောင် လုပ်ခဲ့တဲ့ အာဆင်နယ် 636 382 coyg

ဘိုင်ယန်နဲ့ပွဲမတိုင်ခင် လက်မှတ်မှောင်ခိုပြဿနာနဲ့ ပရိသတ်တုတွေ ကွင်းထဲမဝင်နိုင်အောင် လုပ်ခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ဘိုင်ယန်မြူးနစ်နဲ့ ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်ပွဲစဉ်မတိုင်ခင် ကြုံတွေ့လာရနိုင်တဲ့ ကြီးမားတဲ့ ပြဿနာတွေကို ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အာဆင်နယ်ပရိသတ်တွေဟာ ကမ္ဘာပေါ်က အခြား ဘောလုံးအသင်းပရိသတ်တွေနဲ့ နှိုင်းယှဉ်ရင် စစ်မှန်တဲ့ အားပေးသူတွေဖြစ်ပြီး ဆယ်စုနှစ် ၂ ခုကျော်ကြာ အောင်မြင်မှု မရခဲ့တဲ့အသင်းအပေါ်မှာ သစ္စာမပျက်ဘဲ အကောင်း၊အဆိုးတွေကို မျှဝေခံစားခဲ့ကြတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ အာဆင်ဝင်းဂါး ခေတ်နှောင်းပိုင်းကနေ ၂၀၂၂ ခုနှစ်အထိ ခြေစွမ်းပိုင်းအရ အားရစရာမရှိခဲ့ဘဲ ပြိုင်ဘက်အသင်းတွေရဲ့ နှိပ်စက်ခြင်းကို ခံခဲ့ရပြီး ပြီးခဲ့တဲ့နှစ်ကနေစပြီး လူလေးစားစရာ ခြေစွမ်းကို စတင်ပိုင်ဆိုင်လာခဲ့တာဖြစ်ပါတယ်။

ဒီရာသီ အာဆင်နယ်ရဲ့ ခြေစွမ်းဟာ ပိုလို့တောင် လေးစားအထင်ကြီးစရာကောင်းလာခဲ့တာကြောင့် ပရိသတ်အသစ်တွေကလည်း တစ်နေ့တခြား ပိုမို တိုးပွားလာနေပြီး ဘိုင်ယန်မြူးနစ်နဲ့ ကစားရမယ့်ပွဲစဉ်ဟာ ပရိသတ်အတုတွေနဲ့ အမာခံပရိသတ်အစစ်တွေကို ခွဲထုတ်နိုင်မယ့် အခင်းအကျင်းတစ်ခုဖြစ်လာတော့မှာဖြစ်ပါတယ်။

အာဆင်နယ်အတွက် ချန်ပီယံလိဂ်ညချမ်းတွေဟာ နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့တာဖြစ်ပြီး အထူးသဖြင့် ဘိုင်ယန်မြူးနစ်လို ကျောင်းတော်က ရန်စရှိခဲ့တဲ့အသင်းနဲ့ ပြန်လည်တွေ့ဆုံရမယ့်ပွဲကို အာဆင်နယ်ပရိသတ်တိုင်း ကြည့်ဖို့ အားခဲနေကြမှာ မလွဲပါဘူး

ဘိုင်ယန်မြူးနစ်ပရိသတ်တွေဟာ အာဆင်နယ်အိမ်ကွင်းကို လိုက်ပါအားပေးခွင့်ပိတ်ပင်ခံထားရတာကြောင့် ကွင်းဝင်ခွင့်ရဖို့ တစ်မျိုး ကြံစည်လာနိုင်ပြီး အာဆင်နယ်က ထုတ်ပြန်ကြေညာချက်ထုတ်ပြီးတော့ အကြံအဖန်တွေကို ပိတ်ဆို့ခဲ့တာဖြစ်ပါတယ်။

စာထဲမှာ အများကြီး ရေးထားပေမယ့် အဓိကဆိုလိုရင်းကတော့ လုံခြုံရေးကြောင့် ၂၀၂၄ ခုနှစ် မတ်လ ၁၁ ရက်နေ့မတိုင်ခင် အာဆင်နယ်ပရိသတ်အဖွဲ့ဝင်အဖြစ် မှတ်ပုံတင်ထားတဲ့ ပရိသတ်စစ်စစ်တွေကိုသာ ရောင်းချသွားမှာဖြစ်ပြီး အဲဒီနောက်ပိုင်းမှ မှတ်ပုံတင်တဲ့သူတွေ ကွင်းဝင်ခွင့်ရမှာမဟုတ်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

ဒါ့အပြင် တစ်ရာသီ လက်မှတ်ကိုင်ဆောင်ထားသူတွေသာ မတ်လ ၁၁ ရက်နေ့မတိုင်ခင် အကောင့်ဖွင့်ထားတဲ့ လက်ခံသူဆီကို လက်မှတ်လွှဲပြောင်းခွင့်ရှိမှာဖြစ်ပြီး ၁၁ ရက်နေ့နောက်ပိုင်းမှ အကောင့်ဖွင့်သူတွေ အကျုံးမဝင်ဘူးလို့ ထုတ်ပြန်ကြေညာခဲ့ပြီး လက်မှတ် လက်သိပ်ထိုးရောင်းချမှုမဖြစ်လာအောင် ကာကွယ်ခဲ့ပါတယ်။

အာဆင်နယ်ဟာ ပွဲလက်မှတ် မှောင်ခိုပြန်ရောင်းချသူတွေကို ထိထိရောက်ရောက်နှိမ်နင်းခဲ့ပြီး မန်ဘာဝင် ၁၆ ဦးကို လက်မှတ် မှောင်ခိုပြန်ရောင်းချမှုကြောင့် ရာသက်ပန် လက်မှတ်ဝယ်ယူခွင့်ပိတ်ပင်မှု မတိုင်ခင် အယောက် ၃၀၀ ကျော်ကို မန်ဘာဝင်အဖြစ်ကနေ ဆိုင်းငံ့ခဲ့ပြီး အချို့ကတော့ မန်ဘာဝင်အဖြစ် ပြန်လည်လက်ခံခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI:
အာဆင္နယ္ဟာ ဘိုင္ယန္ျမဴးနစ္နဲ႔ ကစားရမယ့္ ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္ပြဲစဥ္မတိုင္ခင္ ႀကဳံေတြ႕လာရႏိုင္တဲ့ ႀကီးမားတဲ့ ျပႆနာေတြကို ႀကိဳတင္ကာကြယ္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။

အာဆင္နယ္ပရိသတ္ေတြဟာ ကမာၻေပၚက အျခား ေဘာလုံးအသင္းပရိသတ္ေတြနဲ႔ ႏႈိင္းယွဥ္ရင္ စစ္မွန္တဲ့ အားေပးသူေတြျဖစ္ၿပီး ဆယ္စုႏွစ္ ၂ ခုေက်ာ္ၾကာ ေအာင္ျမင္မႈ မရခဲ့တဲ့အသင္းအေပၚမွာ သစၥာမပ်က္ဘဲ အေကာင္း၊အဆိုးေတြကို မွ်ေဝခံစားခဲ့ၾကတာျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ အာဆင္ဝင္းဂါး ေခတ္ေႏွာင္းပိုင္းကေန ၂၀၂၂ ခုႏွစ္အထိ ေျခစြမ္းပိုင္းအရ အားရစရာမရွိခဲ့ဘဲ ၿပိဳင္ဘက္အသင္းေတြရဲ႕ ႏွိပ္စက္ျခင္းကို ခံခဲ့ရၿပီး ၿပီးခဲ့တဲ့ႏွစ္ကေနစၿပီး လူေလးစားစရာ ေျခစြမ္းကို စတင္ပိုင္ဆိုင္လာခဲ့တာျဖစ္ပါတယ္။

ဒီရာသီ အာဆင္နယ္ရဲ႕ ေျခစြမ္းဟာ ပိုလို႔ေတာင္ ေလးစားအထင္ႀကီးစရာေကာင္းလာခဲ့တာေၾကာင့္ ပရိသတ္အသစ္ေတြကလည္း တစ္ေန႔တျခား ပိုမို တိုးပြားလာေနၿပီး ဘိုင္ယန္ျမဴးနစ္နဲ႔ ကစားရမယ့္ပြဲစဥ္ဟာ ပရိသတ္အတုေတြနဲ႔ အမာခံပရိသတ္အစစ္ေတြကို ခြဲထုတ္ႏိုင္မယ့္ အခင္းအက်င္းတစ္ခုျဖစ္လာေတာ့မွာျဖစ္ပါတယ္။

အာဆင္နယ္အတြက္ ခ်န္ပီယံလိဂ္ညခ်မ္းေတြဟာ ႏွစ္ေပါင္းမ်ားစြာ ေဝးကြာေနခဲ့တာျဖစ္ၿပီး အထူးသျဖင့္ ဘိုင္ယန္ျမဴးနစ္လို ေက်ာင္းေတာ္က ရန္စရွိခဲ့တဲ့အသင္းနဲ႔ ျပန္လည္ေတြ႕ဆုံရမယ့္ပြဲကို အာဆင္နယ္ပရိသတ္တိုင္း ၾကည့္ဖို႔ အားခဲေနၾကမွာ မလြဲပါဘူး

ဘိုင္ယန္ျမဴးနစ္ပရိသတ္ေတြဟာ အာဆင္နယ္အိမ္ကြင္းကို လိုက္ပါအားေပးခြင့္ပိတ္ပင္ခံထားရတာေၾကာင့္ ကြင္းဝင္ခြင့္ရဖို႔ တစ္မ်ိဳး ႀကံစည္လာႏိုင္ၿပီး အာဆင္နယ္က ထုတ္ျပန္ေၾကညာခ်က္ထုတ္ၿပီးေတာ့ အႀကံအဖန္ေတြကို ပိတ္ဆို႔ခဲ့တာျဖစ္ပါတယ္။

စာထဲမွာ အမ်ားႀကီး ေရးထားေပမယ့္ အဓိကဆိုလိုရင္းကေတာ့ လုံၿခဳံေရးေၾကာင့္ ၂၀၂၄ ခုႏွစ္ မတ္လ ၁၁ ရက္ေန႔မတိုင္ခင္ အာဆင္နယ္ပရိသတ္အဖြဲ႕ဝင္အျဖစ္ မွတ္ပုံတင္ထားတဲ့ ပရိသတ္စစ္စစ္ေတြကိုသာ ေရာင္းခ်သြားမွာျဖစ္ၿပီး အဲဒီေနာက္ပိုင္းမွ မွတ္ပုံတင္တဲ့သူေတြ ကြင္းဝင္ခြင့္ရမွာမဟုတ္ေတာ့ဘူးဆိုတဲ့ အဓိပၸာယ္ျဖစ္ပါတယ္။

ဒါ့အျပင္ တစ္ရာသီ လက္မွတ္ကိုင္ေဆာင္ထားသူေတြသာ မတ္လ ၁၁ ရက္ေန႔မတိုင္ခင္ အေကာင့္ဖြင့္ထားတဲ့ လက္ခံသူဆီကို လက္မွတ္လႊဲေျပာင္းခြင့္ရွိမွာျဖစ္ၿပီး ၁၁ ရက္ေန႔ေနာက္ပိုင္းမွ အေကာင့္ဖြင့္သူေတြ အက်ဳံးမဝင္ဘူးလို႔ ထုတ္ျပန္ေၾကညာခဲ့ၿပီး လက္မွတ္ လက္သိပ္ထိုးေရာင္းခ်မႈမျဖစ္လာေအာင္ ကာကြယ္ခဲ့ပါတယ္။

အာဆင္နယ္ဟာ ပြဲလက္မွတ္ ေမွာင္ခိုျပန္ေရာင္းခ်သူေတြကို ထိထိေရာက္ေရာက္ႏွိမ္နင္းခဲ့ၿပီး မန္ဘာဝင္ ၁၆ ဦးကို လက္မွတ္ ေမွာင္ခိုျပန္ေရာင္းခ်မႈေၾကာင့္ ရာသက္ပန္ လက္မွတ္ဝယ္ယူခြင့္ပိတ္ပင္မႈ မတိုင္ခင္ အေယာက္ ၃၀၀ ေက်ာ္ကို မန္ဘာဝင္အျဖစ္ကေန ဆိုင္းငံ့ခဲ့ၿပီး အခ်ိဳ႕ကေတာ့ မန္ဘာဝင္အျဖစ္ ျပန္လည္လက္ခံခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet