အမ်ဘာပေကြောင့် ပေါင်သန်း ၆၀ တန်ပစ်မှတ်နဲ့ ပြန်ဆုံစည်းနိုင်ဖွယ်ရှိနေတဲ့ အာဆင်နယ် 901 507 coyg

အမ်ဘာပေကြောင့် ပေါင်သန်း ၆၀ တန်ပစ်မှတ်နဲ့ ပြန်ဆုံစည်းနိုင်ဖွယ်ရှိနေတဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ဘရာဟင် ဒီယက်ဇ်ကို ပေါင်သန်း ၆၀ နဲ့ ကမ်းလှမ်းခဲ့ပြီး ခီလီယန် အမ်ဘာပေရဲ့ ဆန်တီယာဂို ဘာနေဗျူးကို ပြောင်းရွှေ့ဖို့ နီးစပ်နေမှုကြောင့် အာတီတာအနေနဲ့ ပစ်မှတ်ကစားသမားကို ခေါ်ယူနိုင်ဖို့ အကူအညီဖြစ်လာဖွယ်ရှိပါတယ်။

ပြင်သစ်လက်ရွေးစင်အသင်းခေါင်းဆောင် အမ်ဘာပေဟာ ဒီနွေရာသီမှာ ပီအက်စ်ဂျီကို စွန့်ခွာတော့မှာဖြစ်ပြီး စပိန်လာလီဂါထိပ်သီးအသင်းကြီးဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းကိုပဲ ပြောင်းရွှေ့မှာ သေချာသလောက်ရှိနေပြီဖြစ်ပါတယ်။

ဒါကြောင့် ရီးရဲလ်မက်ဒရစ်ဟာ သူတို့ရဲ့ တိုက်စစ်ရွေးချယ်စရာတွေထဲက တစ်ဦးကို အမ်ဘာပေအတွက် နေရာလွတ်ရအောင် ရောင်းထုတ်သွားရမှာဖြစ်ပြီး ဘရာဟင် ဒီယက်ဇ်ဟာ မန်စီးတီးမှာကတည်းက အာတီတာရဲ့ ရင်းနှီးပြီးသားဖြစ်ပါတယ်။

ဒီယက်ဇ်ဟာ မန်စီးတီးကနေ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့သွားခဲ့ပြီး အေစီမီလန်မှာ အငှားကစားသမားအဖြစ်နဲ့ ၃ နှစ်ကြာ အချိန်ကုန်ဆုံးခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်ပထမအသင်းထဲမှာ နေရာရလာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အသက် ၂၄ နှစ်အရွယ်ကစားသမားဟာ ဒီနွေရာသီမှာ ပရီးမီးယားလိဂ်ကို ပြန်လာလိမ့်မယ်လို့ တစ်ကြိုပေးခြင်းခံခဲ့ရပြီး စပိန်သတင်းစာ Nacional ရဲ့သတင်းအရ တိုက်စစ်မှူးသစ် လိုချင်နေတဲ့ အာဆင်နယ်ဟာ ဒီယက်ဇ်ကို ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။

ဂန်းနားတွေဟာ ပြီးခဲ့တဲ့နွေရာသီမှာ ယူရီယန် တင်းဘား၊ ဒီကလန် ရိုက်၊ ကိုင် ဟာဗတ်ဇ်တို့လို ကစားသမားတွေကို ပေါင်သန်း ၂၀၀ ကျော် သုံးစွဲပြီး ခေါ်ယူခဲ့တာဖြစ်ပေမယ့်လည်း ကျောနံပါတ် ၉ ကစားသမားကောင်းကောင်းတစ်ယောက်လိုအပ်နေတာ သိသာထင်ရှားနေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာတီတာက ကျောနံပါတ် ၉ ပဲမဟုတ်ဘဲ တိုက်စစ်နေရာစုံ ကစားနိုင်စွမ်းရှိတဲ့ ကစားသမားကို ခေါ်ယူပြီး တိုက်စစ်အတွက် ပွဲထွက်ခွင့်ကို ယှဉ်ပြိုင်စေချင်တယ်လို့ ပြောဆိုခဲ့တာကြောင့် ဒီယက်ဇ်ဟာ ကျောနံပါတ် ၁၀ နေရာရော တိုက်စစ်တောင်ပံနေရာပါ ကစားနိုင်တဲ့ ကစားသမားဖြစ်နေတာက အံကိုက်ပဲဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ စာချုပ်သက်တမ်း ၃ နှစ်ကျန်ရှိနေသေးတဲ့ ဘရာဟင် ဒီယက်ဇ်အတွက် အနည်းဆုံး ပေါင်သန်း ၆၀ ကနေ ၆၅ သန်းဝန်းကျင် သတ်မှတ်ထားပြီး အသက် ၂၄ နှစ်အရွယ်တိုက်စစ်ကစားသမားအတွက် နောက်ဆုံးဆုံးဖြတ်ချက်အပြီးအပြတ်ကို ဥက္ကဌ ဖလော်ရန်တီနို ပီးရက်ဇ်က ချမှတ်သွားမယ်လို့ သိရပါတယ်။

ဒီယက်ဇ်ဟာ ဒီရာသီမှာ ရီးရဲလ်မက်ဒရစ်အတွက် ပုံမှန်ပါဝင်ကစားပေးနေရပြီး ၃၂ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်ထားပေမယ့် အမ်ဘာပေ ရောက်လာရင်တော့ ပွဲထွက်ခွင့်အတွက် မျှော်လင့်လို့ မရနိုင်တော့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI:
အာဆင္နယ္ဟာ ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ ဘရာဟင္ ဒီယက္ဇ္ကို ေပါင္သန္း ၆၀ နဲ႔ ကမ္းလွမ္းခဲ့ၿပီး ခီလီယန္ အမ္ဘာေပရဲ႕ ဆန္တီယာဂို ဘာေနဗ်ဴးကို ေျပာင္းေ႐ႊ႕ဖို႔ နီးစပ္ေနမႈေၾကာင့္ အာတီတာအေနနဲ႔ ပစ္မွတ္ကစားသမားကို ေခၚယူႏိုင္ဖို႔ အကူအညီျဖစ္လာဖြယ္ရွိပါတယ္။

ျပင္သစ္လက္ေ႐ြးစင္အသင္းေခါင္းေဆာင္ အမ္ဘာေပဟာ ဒီေႏြရာသီမွာ ပီအက္စ္ဂ်ီကို စြန႔္ခြာေတာ့မွာျဖစ္ၿပီး စပိန္လာလီဂါထိပ္သီးအသင္းႀကီးျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္အသင္းကိုပဲ ေျပာင္းေ႐ႊ႕မွာ ေသခ်ာသေလာက္ရွိေနၿပီျဖစ္ပါတယ္။

ဒါေၾကာင့္ ရီးရဲလ္မက္ဒရစ္ဟာ သူတို႔ရဲ႕ တိုက္စစ္ေ႐ြးခ်ယ္စရာေတြထဲက တစ္ဦးကို အမ္ဘာေပအတြက္ ေနရာလြတ္ရေအာင္ ေရာင္းထုတ္သြားရမွာျဖစ္ၿပီး ဘရာဟင္ ဒီယက္ဇ္ဟာ မန္စီးတီးမွာကတည္းက အာတီတာရဲ႕ ရင္းႏွီးၿပီးသားျဖစ္ပါတယ္။

ဒီယက္ဇ္ဟာ မန္စီးတီးကေန ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေ႐ႊ႕သြားခဲ့ၿပီး ေအစီမီလန္မွာ အငွားကစားသမားအျဖစ္နဲ႔ ၃ ႏွစ္ၾကာ အခ်ိန္ကုန္ဆုံးခဲ့ၿပီးေနာက္ ရီးရဲလ္မက္ဒရစ္ပထမအသင္းထဲမွာ ေနရာရလာခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အသက္ ၂၄ ႏွစ္အ႐ြယ္ကစားသမားဟာ ဒီေႏြရာသီမွာ ပရီးမီးယားလိဂ္ကို ျပန္လာလိမ့္မယ္လို႔ တစ္ႀကိဳေပးျခင္းခံခဲ့ရၿပီး စပိန္သတင္းစာ Nacional ရဲ႕သတင္းအရ တိုက္စစ္မႉးသစ္ လိုခ်င္ေနတဲ့ အာဆင္နယ္ဟာ ဒီယက္ဇ္ကို ေခၚယူခ်င္ေနတယ္လို႔ သိရပါတယ္။

ဂန္းနားေတြဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ယူရီယန္ တင္းဘား၊ ဒီကလန္ ႐ိုက္၊ ကိုင္ ဟာဗတ္ဇ္တို႔လို ကစားသမားေတြကို ေပါင္သန္း ၂၀၀ ေက်ာ္ သုံးစြဲၿပီး ေခၚယူခဲ့တာျဖစ္ေပမယ့္လည္း ေက်ာနံပါတ္ ၉ ကစားသမားေကာင္းေကာင္းတစ္ေယာက္လိုအပ္ေနတာ သိသာထင္ရွားေနခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အာတီတာက ေက်ာနံပါတ္ ၉ ပဲမဟုတ္ဘဲ တိုက္စစ္ေနရာစုံ ကစားႏိုင္စြမ္းရွိတဲ့ ကစားသမားကို ေခၚယူၿပီး တိုက္စစ္အတြက္ ပြဲထြက္ခြင့္ကို ယွဥ္ၿပိဳင္ေစခ်င္တယ္လို႔ ေျပာဆိုခဲ့တာေၾကာင့္ ဒီယက္ဇ္ဟာ ေက်ာနံပါတ္ ၁၀ ေနရာေရာ တိုက္စစ္ေတာင္ပံေနရာပါ ကစားႏိုင္တဲ့ ကစားသမားျဖစ္ေနတာက အံကိုက္ပဲျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ စာခ်ဳပ္သက္တမ္း ၃ ႏွစ္က်န္ရွိေနေသးတဲ့ ဘရာဟင္ ဒီယက္ဇ္အတြက္ အနည္းဆုံး ေပါင္သန္း ၆၀ ကေန ၆၅ သန္းဝန္းက်င္ သတ္မွတ္ထားၿပီး အသက္ ၂၄ ႏွစ္အ႐ြယ္တိုက္စစ္ကစားသမားအတြက္ ေနာက္ဆုံးဆုံးျဖတ္ခ်က္အၿပီးအျပတ္ကို ဥကၠဌ ဖေလာ္ရန္တီႏို ပီးရက္ဇ္က ခ်မွတ္သြားမယ္လို႔ သိရပါတယ္။

ဒီယက္ဇ္ဟာ ဒီရာသီမွာ ရီးရဲလ္မက္ဒရစ္အတြက္ ပုံမွန္ပါဝင္ကစားေပးေနရၿပီး ၃၂ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၈ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၄ ႀကိမ္ ျပဳလုပ္ထားေပမယ့္ အမ္ဘာေပ ေရာက္လာရင္ေတာ့ ပြဲထြက္ခြင့္အတြက္ ေမွ်ာ္လင့္လို႔ မရႏိုင္ေတာ့တာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet