အာဆင်နယ်နဲ့ စာချုပ်သစ် ချုပ်ဆိုရတဲ့အဓိကအကြောင်းအရင်းကို ပြောပြခဲ့တဲ့ ဘန် ဝှိုက် 1024 576 coyg

အာဆင်နယ်နဲ့ စာချုပ်သစ် ချုပ်ဆိုရတဲ့အဓိကအကြောင်းအရင်းကို ပြောပြခဲ့တဲ့ ဘန် ဝှိုက်

အာဆင်နယ်ဟာ သူတို့ရဲ့ ကစားသမားတွေကို ဘန် ဝှိုက်နဲ့ပတ်သက်ပြီး စကားလုံးတစ်လုံးတည်းနဲ့ ဖော်ပြဖို့ လိုက်မေးခဲ့တဲ့အချိန်မှာ စစ်သည်တော်ဆိုတဲ့ စကားလုံးက တော်တော်လေး လူသိများထင်ရှားခဲ့ပါတယ်။

‘အသင်းတိုင်းက ဘန် ဝှိုက်ကို အသင်းထဲမှာ ရှိနေစေချင်ကြပါလိမ့်မယ်’ဆိုတဲ့ ဂါဘရီယဲလ် မာတီနယ်လီကလည်း မှတ်ချက်ပေးခဲ့တာဖြစ်ပြီး ဒီကနေ့မှာတော့ အာဆင်နယ်ဟာ အသင်းတိုင်းလိုချင်ကြမယ့် စစ်သည်တော်ကြီးကို ကာလရှည်စာချုပ်သစ် ချုပ်ဆိုနိုင်လိုက်ပါပြီ။

ဘန် ဝှိုက်ရဲ့ စာချုပ်သစ်ဟာ တစ်နှစ်သက်တမ်းတိုးခွင့်ပါဝင်တဲ့ ၂၀၂၈ ခုနှစ်အထိ ၄ နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး ညာနောက်ခံလူရဲ့အသင်းဖော်တွေဖြစ်တဲ့ ဆာလီဘာနဲ့ ဂါဘရီယဲလ်တို့ကလည်း ၂၀၂၇ ခုနှစ်အထိ စာချုပ်သစ် ချုပ်ဆိုထားသလို ဂျပန်ကြီးကလည်း မကြာမီ ရက်ပိုင်းအတွင်း စာချုပ်သစ် ချုပ်ဆိုတဲ့သတင်းကြေညာမယ်လို့ မျှော်လင့်ရပါတယ်။

ဂန်းနားတွေအတွက် လာမယ့်နှစ်တွေမှာ မြင်တွေ့ခံစားရတော့မယ့် အောင်မြင်မှု အသီးအပွင့်တွေအတွက် အီဒူးနဲ့ အာတီတာတို့က အုတ်မြစ်အခိုင်အမာ ချနေကြတာဖြစ်ပြီး အခုဆိုရင် အဓိကကစားသမားအကုန်နီးပါးလောက်ကို စာချုပ်သစ်တွေ ချုပ်ဆိုနိုင်ခဲ့ပြီးဖြစ်ပါတယ်။

“ကျွန်တော် ၃ ကြိမ်အထိ အငှားချခံခဲ့ရတယ်။ ကျွန်တော် နှစ်အတော်ကြာ နေရာစုံမှာ ကစားခဲ့ရဖူးတယ်။ ဒါက ကျွန်တော် တကယ်ကို အထိုင်ကျနေတယ်လို့ ခံစားရတဲ့ ပထမဆုံးအကြိမ်ဖြစ်ပြီး ကျွန်တော် ဒီနွေရာသီမှာ ဘယ်ကိုမှ သွားစရာမလိုတော့ဘူးဆိုတာကို သိခဲ့တယ်။ ဒီမှာရှိနေရတာက မယုံနိုင်စရာကောင်းပြီး ကျွန်တော် နှစ်တွေအများကြီး ဆက်နေချင်ပါတယ်။ အသင်းသားတွေရဲ့ အသက်အရွယ်တွေကို ကြည့်လိုက်မယ်ဆိုရင်လည်း ပိုပြီးကောင်းမွန်လာလိမ့်မယ်လို့ ထင်ပါတယ်”

ဘူကာယို ဆာကာ၊ မာတင် အော်ဒီဂွါဒ်တို့လို အဓိကကစားသမားတွေ ကာလရှည် စာချုပ်သစ် ချုပ်ဆိုတာကို မြင်တွေ့ခဲ့ရတာကလည်း ဘန် ဝှိုက်အတွက် အမ်းမရိတ်စ်မှာ ဆက်ရှိနေဖို့ ဆုံးဖြတ်ချက်ချရာမှာ တစိတ်တဒေသအဖြစ် ပါဝင်ခဲ့ပါတယ်။

“ဟုတ်တာပေ့ါ။ ကျိန်းသေပေါက်ပဲ။ ဒီလိုကစားသမားမျိုးတွေက စာချုပ်သစ် ချုပ်ဆိုတဲ့အခါမှာ အသင်းနဲ့ပတ်သက်ပြီး စစ်မှန်တဲ့ ရည်မှန်းချက်ရှိနေကြတယ်ဆိုတာကို ပြသလိုက်တာလို့ ကျွန်တော်ထင်တယ်။ ဒီလိုအသင်းမျိုးမှာ ကျွန်တော်တစိတ်တပိုင်းအဖြစ် ရှိနေချင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ဟာ သူတို႔ရဲ႕ ကစားသမားေတြကို ဘန္ ဝႈိက္နဲ႔ပတ္သက္ၿပီး စကားလုံးတစ္လုံးတည္းနဲ႔ ေဖာ္ျပဖို႔ လိုက္ေမးခဲ့တဲ့အခ်ိန္မွာ စစ္သည္ေတာ္ဆိုတဲ့ စကားလုံးက ေတာ္ေတာ္ေလး လူသိမ်ားထင္ရွားခဲ့ပါတယ္။

‘အသင္းတိုင္းက ဘန္ ဝႈိက္ကို အသင္းထဲမွာ ရွိေနေစခ်င္ၾကပါလိမ့္မယ္’ဆိုတဲ့ ဂါဘရီယဲလ္ မာတီနယ္လီကလည္း မွတ္ခ်က္ေပးခဲ့တာျဖစ္ၿပီး ဒီကေန႔မွာေတာ့ အာဆင္နယ္ဟာ အသင္းတိုင္းလိုခ်င္ၾကမယ့္ စစ္သည္ေတာ္ႀကီးကို ကာလရွည္စာခ်ဳပ္သစ္ ခ်ဳပ္ဆိုႏိုင္လိုက္ပါၿပီ။

ဘန္ ဝႈိက္ရဲ႕ စာခ်ဳပ္သစ္ဟာ တစ္ႏွစ္သက္တမ္းတိုးခြင့္ပါဝင္တဲ့ ၂၀၂၈ ခုႏွစ္အထိ ၄ ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီး ညာေနာက္ခံလူရဲ႕အသင္းေဖာ္ေတြျဖစ္တဲ့ ဆာလီဘာနဲ႔ ဂါဘရီယဲလ္တို႔ကလည္း ၂၀၂၇ ခုႏွစ္အထိ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုထားသလို ဂ်ပန္ႀကီးကလည္း မၾကာမီ ရက္ပိုင္းအတြင္း စာခ်ဳပ္သစ္ ခ်ဳပ္ဆိုတဲ့သတင္းေၾကညာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

ဂန္းနားေတြအတြက္ လာမယ့္ႏွစ္ေတြမွာ ျမင္ေတြ႕ခံစားရေတာ့မယ့္ ေအာင္ျမင္မႈ အသီးအပြင့္ေတြအတြက္ အီဒူးနဲ႔ အာတီတာတို႔က အုတ္ျမစ္အခိုင္အမာ ခ်ေနၾကတာျဖစ္ၿပီး အခုဆိုရင္ အဓိကကစားသမားအကုန္နီးပါးေလာက္ကို စာခ်ဳပ္သစ္ေတြ ခ်ဳပ္ဆိုႏိုင္ခဲ့ၿပီးျဖစ္ပါတယ္။

“ကြၽန္ေတာ္ ၃ ႀကိမ္အထိ အငွားခ်ခံခဲ့ရတယ္။ ကြၽန္ေတာ္ ႏွစ္အေတာ္ၾကာ ေနရာစုံမွာ ကစားခဲ့ရဖူးတယ္။ ဒါက ကြၽန္ေတာ္ တကယ္ကို အထိုင္က်ေနတယ္လို႔ ခံစားရတဲ့ ပထမဆုံးအႀကိမ္ျဖစ္ၿပီး ကြၽန္ေတာ္ ဒီေႏြရာသီမွာ ဘယ္ကိုမွ သြားစရာမလိုေတာ့ဘူးဆိုတာကို သိခဲ့တယ္။ ဒီမွာရွိေနရတာက မယုံႏိုင္စရာေကာင္းၿပီး ကြၽန္ေတာ္ ႏွစ္ေတြအမ်ားႀကီး ဆက္ေနခ်င္ပါတယ္။ အသင္းသားေတြရဲ႕ အသက္အ႐ြယ္ေတြကို ၾကည့္လိုက္မယ္ဆိုရင္လည္း ပိုၿပီးေကာင္းမြန္လာလိမ့္မယ္လို႔ ထင္ပါတယ္”

ဘူကာယို ဆာကာ၊ မာတင္ ေအာ္ဒီဂြါဒ္တို႔လို အဓိကကစားသမားေတြ ကာလရွည္ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုတာကို ျမင္ေတြ႕ခဲ့ရတာကလည္း ဘန္ ဝႈိက္အတြက္ အမ္းမရိတ္စ္မွာ ဆက္ရွိေနဖို႔ ဆုံးျဖတ္ခ်က္ခ်ရာမွာ တစိတ္တေဒသအျဖစ္ ပါဝင္ခဲ့ပါတယ္။

“ဟုတ္တာေပ့ါ။ က်ိန္းေသေပါက္ပဲ။ ဒီလိုကစားသမားမ်ိဳးေတြက စာခ်ဳပ္သစ္ ခ်ဳပ္ဆိုတဲ့အခါမွာ အသင္းနဲ႔ပတ္သက္ၿပီး စစ္မွန္တဲ့ ရည္မွန္းခ်က္ရွိေနၾကတယ္ဆိုတာကို ျပသလိုက္တာလို႔ ကြၽန္ေတာ္ထင္တယ္။ ဒီလိုအသင္းမ်ိဳးမွာ ကြၽန္ေတာ္တစိတ္တပိုင္းအျဖစ္ ရွိေနခ်င္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet