ဒီရာသီမှာ ဂန်းနားတို့ မနှစ်ကလို ဘာလို့မဖြစ်နိုင်တော့တာလဲဆိုတာ ရှင်းပြခဲ့တဲ့ ကာရေဂါ
လီဗာပူးလ်ဂန္တဝင် ဂျေမီ ကာရေဂါက ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ ကြောက်မက်ဖွယ် ဂိုးသွင်းခြေစွမ်းပြသနေတဲ့ အာဆင်နယ်ကို အထင်ကြီးခဲ့ပြီး ပြီးခဲ့တဲ့နှစ်တုန်းကလိုမျိုး ထပ်ပြီး မဖြစ်နိုင်တော့တဲ့ အသိသာအထင်ရှားဆုံးကြောင်းအရင်းဖြစ်တဲ့ ဒီကလန် ရိုက်ကို ပိုင်ဆိုင်ထားပြီလို့ ပြောဆိုခဲ့ပါတယ်။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဝက်စ်ဟမ်းကနေ ဒီကလန် ရိုက်ကို ပေါင် ၁၀၅ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အင်္ဂလန်ကွင်းလယ်ကစားသမားဟာ အမ်းမရိတ်စ်ကို ရောက်လာခဲ့တဲ့အချိန်ကတည်းက အာတီတာရဲ့အားအထားရဆုံးကစားသမားတစ်ဦး လျင်လျင်မြန်မြန်ဖြစ်လာခဲ့တာဖြစ်ပါတယ်။
လီဗာပူးလ်ဂန္တဝင် ဂျေမီ ကာရေဂါက အာဆင်နယ်ရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ဟာ ပြီးပြည့်စုံတဲ့ ကွင်းလယ်လူလို့ ချီးကျူးခဲ့ပြီး ဒီကလန် ရိုက်ရဲ့ အပြောင်းအရွှေ့ကို ဆောက်သမ်တန်ကနေ ဗန်ဒိုက်ကို လီဗာပူးလ်တို့ ခေါ်ယူခဲ့မှုနဲ့ နှိုင်းယှဉ်ခဲ့တာဖြစ်ပါတယ်။
“အာဆင်နယ်က ဒီကလန် ရိုက်အတွက် ဝက်စ်ဟမ်းကို ပေါင် ၁၀၅ သန်းပေးခဲ့တာက လီဗာပူးလ်က ဗန်ဒိုက်အတွက် ဆောက်သမ်တန်ကို ပေါင် ၇၅ သန်းပေးခဲ့တဲ့ပုံစံမျိုးနဲ့အတူတူပဲလားဆိုတာ စဉ်းစားဖို့ အချိန်မယူရပါဘူး။ ပေးရတဲ့ စျေးနဲ့ တန်ပါတယ်။ အာဆင်နယ်က ဒီရာသီမှာ မနှစ်က ဒီလိုအချိန်ထက်စာရင် ၅မှတ်နည်းနေတယ်။ ဒါပေမယ့်လည်း သူတို့က ပိုပြီး ကောင်းတဲ့အသင်းဖြစ်နေတုန်းပဲ။ ပိုပြီး ပုံစံကျလာပြီး ကြံ့ကြံ့ခံနိုင်လာတယ်။ သူတို့တွေက လွန်ခဲ့တဲ့ ၁၂ လတုန်းကလိုမျိုး လဲပြိုသွားလိမ့်မယ်ဆိုတဲ့ မျှော်မှန်းချက်တွေ ရှိမနေပါဘူး။ ဒီကလန် ရိုက်က အဲဒီအတွက် အသိသာအထင်ရှားဆုံးအကြောင်းအရင်းပဲ။ အသင်းရဲ့ ကျောရိုးထဲကို မာကျောမှု ထပ်ဖြည့်ပေးနိုင်တယ်”
“အာဆင်နယ်က ဒီအပြောင်းအရွှေ့ကို လုပ်ခဲ့သင့်ပါတယ်။ ရိုက်ကို ခေါ်ယူခဲ့မှုက အသင်းသမိုင်းမှာ အရေးအကြီးဆုံးလုပ်ဆောင်မှုတွေထဲက တစ်ခုအဖြစ် သတ်မှတ်ခံရလိမ့်မယ်။ အသင်းကို ချန်ပီယံဖြစ်လာနိုင်ခြေရှိတဲ့အသင်းအဖြစ် ပြောင်းလဲရာမှာ နောက်ဆုံးလိုအပ်နေတဲ့ အစိတ်အပိုင်းတစ်ခုပဲ။သူက ကွင်းလယ်အထိုင်မဟုတ်ပါဘူး။ သူက ပြီးပြည့်စုံတဲ့ကွင်းလယ်ကစားသမားပါ။ အာဆင်နယ် နောက်လာမယ့် ၂ ပတ်အစ်တီဟတ်ကို သွားကစားရမယ့်အချိန်ကျရင် သူတို့တွေမှာ ကွင်းလယ်တိုက်ပွဲမှာ ရိုဒရီ လွှမ်းမိုးထားနိုင်စွမ်းရှိသလောက် တူညီတဲ့ လွှမ်းမိုးထားနိုင်မှုရှိတယ်လို့ ခံစားရပါလိမ့်မယ်။”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: လီဗာပူးလ္ဂႏၲဝင္ ေဂ်မီ ကာေရဂါက ၿပီးခဲ့တဲ့ပြဲစဥ္ေတြမွာ ေၾကာက္မက္ဖြယ္ ဂိုးသြင္းေျခစြမ္းျပသေနတဲ့ အာဆင္နယ္ကို အထင္ႀကီးခဲ့ၿပီး ၿပီးခဲ့တဲ့ႏွစ္တုန္းကလိုမ်ိဳး ထပ္ၿပီး မျဖစ္ႏိုင္ေတာ့တဲ့ အသိသာအထင္ရွားဆုံးေၾကာင္းအရင္းျဖစ္တဲ့ ဒီကလန္ ႐ိုက္ကို ပိုင္ဆိုင္ထားၿပီလို႔ ေျပာဆိုခဲ့ပါတယ္။
အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ဝက္စ္ဟမ္းကေန ဒီကလန္ ႐ိုက္ကို ေပါင္ ၁၀၅ သန္းနဲ႔ ေခၚယူခဲ့တာျဖစ္ၿပီး အဂၤလန္ကြင္းလယ္ကစားသမားဟာ အမ္းမရိတ္စ္ကို ေရာက္လာခဲ့တဲ့အခ်ိန္ကတည္းက အာတီတာရဲ႕အားအထားရဆုံးကစားသမားတစ္ဦး လ်င္လ်င္ျမန္ျမန္ျဖစ္လာခဲ့တာျဖစ္ပါတယ္။
လီဗာပူးလ္ဂႏၲဝင္ ေဂ်မီ ကာေရဂါက အာဆင္နယ္ရဲ႕ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးရွင္ဟာ ၿပီးျပည့္စုံတဲ့ ကြင္းလယ္လူလို႔ ခ်ီးက်ဴးခဲ့ၿပီး ဒီကလန္ ႐ိုက္ရဲ႕ အေျပာင္းအေ႐ႊ႕ကို ေဆာက္သမ္တန္ကေန ဗန္ဒိုက္ကို လီဗာပူးလ္တို႔ ေခၚယူခဲ့မႈနဲ႔ ႏႈိင္းယွဥ္ခဲ့တာျဖစ္ပါတယ္။
“အာဆင္နယ္က ဒီကလန္ ႐ိုက္အတြက္ ဝက္စ္ဟမ္းကို ေပါင္ ၁၀၅ သန္းေပးခဲ့တာက လီဗာပူးလ္က ဗန္ဒိုက္အတြက္ ေဆာက္သမ္တန္ကို ေပါင္ ၇၅ သန္းေပးခဲ့တဲ့ပုံစံမ်ိဳးနဲ႔အတူတူပဲလားဆိုတာ စဥ္းစားဖို႔ အခ်ိန္မယူရပါဘူး။ ေပးရတဲ့ ေစ်းနဲ႔ တန္ပါတယ္။ အာဆင္နယ္က ဒီရာသီမွာ မႏွစ္က ဒီလိုအခ်ိန္ထက္စာရင္ ၅မွတ္နည္းေနတယ္။ ဒါေပမယ့္လည္း သူတို႔က ပိုၿပီး ေကာင္းတဲ့အသင္းျဖစ္ေနတုန္းပဲ။ ပိုၿပီး ပုံစံက်လာၿပီး ႀကံ့ႀကံ့ခံႏိုင္လာတယ္။ သူတို႔ေတြက လြန္ခဲ့တဲ့ ၁၂ လတုန္းကလိုမ်ိဳး လဲၿပိဳသြားလိမ့္မယ္ဆိုတဲ့ ေမွ်ာ္မွန္းခ်က္ေတြ ရွိမေနပါဘူး။ ဒီကလန္ ႐ိုက္က အဲဒီအတြက္ အသိသာအထင္ရွားဆုံးအေၾကာင္းအရင္းပဲ။ အသင္းရဲ႕ ေက်ာ႐ိုးထဲကို မာေက်ာမႈ ထပ္ျဖည့္ေပးႏိုင္တယ္”
“အာဆင္နယ္က ဒီအေျပာင္းအေ႐ႊ႕ကို လုပ္ခဲ့သင့္ပါတယ္။ ႐ိုက္ကို ေခၚယူခဲ့မႈက အသင္းသမိုင္းမွာ အေရးအႀကီးဆုံးလုပ္ေဆာင္မႈေတြထဲက တစ္ခုအျဖစ္ သတ္မွတ္ခံရလိမ့္မယ္။ အသင္းကို ခ်န္ပီယံျဖစ္လာႏိုင္ေျခရွိတဲ့အသင္းအျဖစ္ ေျပာင္းလဲရာမွာ ေနာက္ဆုံးလိုအပ္ေနတဲ့ အစိတ္အပိုင္းတစ္ခုပဲ။သူက ကြင္းလယ္အထိုင္မဟုတ္ပါဘူး။ သူက ၿပီးျပည့္စုံတဲ့ကြင္းလယ္ကစားသမားပါ။ အာဆင္နယ္ ေနာက္လာမယ့္ ၂ ပတ္အစ္တီဟတ္ကို သြားကစားရမယ့္အခ်ိန္က်ရင္ သူတို႔ေတြမွာ ကြင္းလယ္တိုက္ပြဲမွာ ႐ိုဒရီ လႊမ္းမိုးထားႏိုင္စြမ္းရွိသေလာက္ တူညီတဲ့ လႊမ္းမိုးထားႏိုင္မႈရွိတယ္လို႔ ခံစားရပါလိမ့္မယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Rivals' Talk