အမ်းမရိတ်စ်ကို ပြန်ဖို့ အိပ်မက်မက်နေတဲ့ ဂန်းနားကြယ်ပွင့်ဟောင်း
ဒေ့ါမွန်ကြယ်ပွင့်တိုက်စစ်မှူး ဒွန်ရဲလ် မာလန်က အသက် ၁၈ နှစ်အရွယ်မှာ အာဆင်နယ်ကို စွန့်ခွာခဲ့ပြီးနောက် ၇ နှစ်အကြာမှာတော့ ပရီးမီးယားလိဂ်မှာ ကစားဖို့အတွက် အိပ်မက်မက်နေတုန်းပဲလို့ ဝန်ခံ ပြောဆိုခဲ့ပါတယ်။
နယ်သာလန်ကြယ်ပွင့်ဟာ ၂၀၂၁ ခုနှစ်မှာ ဒေါ့မွန်ကို မပြောင်းရွှေ့ခင် လီဗာပူးလ်နဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ အိုင်းယက်စ်ကနေ ဂန်းနားအကယ်ဒမီကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
ဒွန်ရဲလ် မာလန်ဟာ မြောက်လန်ဒန်မှာ ၂ နှစ်ကြာ အချိန်ကုန်ဆုံးခဲ့ပြီးနောက် မွေးရပ်မြေဖြစ်တဲ့ နယ်သာလန်က ပီအက်စ်ဗွီဆီ ပြောင်းရွှေ့သွားခဲ့ပြီး အဲဒီကနေတစ်ဆင့် ဘွန်ဒက်စ်လီဂါကို ပြောင်းလာခဲ့ပြီးကတည်းက တောက်ပတဲ့ခြေစွမ်းပြသနေခဲ့တာဖြစ်ပါတယ်။
ဘွန်ဒက်စ်လီဂါကလပ်နဲ့ တတိယမြောက် ရာသီကို ဖြတ်သန်းနေတဲ့ မာလန်က “ကျွန်တော် ထင်တယ်။ ကျွန်တော် အင်္ဂလန်မှာ လူငယ်ကစားသမားအဖြစ်နဲ့ ကစားခဲ့ရလို့ ပရီးမီးယားလိဂ်မှာ ကစားရဖို့က အိပ်မက်ဖြစ်နေတာပါ။ လှပတဲ့အိပ်မက်လို့ ကျွန်တော် ထင်တယ်။ ကျွန်တော် အာဆင်နယ်ကို သွားခဲ့တယ်။ ဟုတ်ပါတယ်။ သူတို့ပါ။ ကျွန်တော် အာဆင်နယ်မှာ ကစားချင်တယ်။ ကျွန်တော် အနှစ်သက်ရဆုံး အသင်းပါ။ ကျွန်တော် အဲဒီမှာ လူငယ်ဘဝတုန်းက ကစားခဲ့တယ်။ ကျွန်တော် အဲဒီမှာ ပထမအသင်းထဲ အဆင့်ဆင့်တက်ခွင့်ရချင်ခဲ့ပါတယ်။ အခုရော အရင်တုန်းကပါ ဘောလုံးကစားသမားဘဝမှာ ခင်ဗျား ဆုံးဖြတ်ချက် ချမှတ်ရမယ့် အချိန်တွေ ရှိပါတယ်”
“ဟုတ်ပါတယ်။ ကျွန်တော် ပထမအသင်းနဲ့ လေ့ကျင့်ရေးအတူတူဆင်းခဲ့တယ်။ အဲဒီတုန်းက ကျွန်တော့်ရဲ့အသက်က ၁၇ နှစ်၊ ၁၈ နှစ်ပေါ့။ ကျွန်တော် မှန်ကန်တဲ့ ဦးတည်ချက်အတိုင်း ခြေလှမ်းခဲ့တာပါ။ ဒါပေမယ့် ကျွန်တော် ပရော်ဖက်ရှင်နယ်ဘောလုံး ကစားရမယ်လို့ တွေးခဲ့တယ်။ ကျွန်တော့် အသင်းဖော်တွေလည်း ကျွန်တော် လူငယ်အသင်းမှာ ကစားနေတုန်းမှာ ပရော်ဖက်ရှင်နယ်ဘောလုံး ကစားနေကြတာကို တွေ့ခဲ့တယ်။ ကျွန်တော် အသင်းကို စွန့်ခွာတာက လုပ်သင့်တဲ့ အရာဆိုတာ သိခဲ့တယ်”လို့ ပြောဆိုခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: ေဒ့ါမြန္ၾကယ္ပြင့္တိုက္စစ္မႉး ဒြန္ရဲလ္ မာလန္က အသက္ ၁၈ ႏွစ္အ႐ြယ္မွာ အာဆင္နယ္ကို စြန႔္ခြာခဲ့ၿပီးေနာက္ ၇ ႏွစ္အၾကာမွာေတာ့ ပရီးမီးယားလိဂ္မွာ ကစားဖို႔အတြက္ အိပ္မက္မက္ေနတုန္းပဲလို႔ ဝန္ခံ ေျပာဆိုခဲ့ပါတယ္။
နယ္သာလန္ၾကယ္ပြင့္ဟာ ၂၀၂၁ ခုႏွစ္မွာ ေဒါ့မြန္ကို မေျပာင္းေ႐ႊ႕ခင္ လီဗာပူးလ္နဲ႔ သတင္းေတြ ထြက္ေပၚခဲ့တာျဖစ္ၿပီး ၂၀၁၅ ခုႏွစ္မွာ အိုင္းယက္စ္ကေန ဂန္းနားအကယ္ဒမီကို ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။
ဒြန္ရဲလ္ မာလန္ဟာ ေျမာက္လန္ဒန္မွာ ၂ ႏွစ္ၾကာ အခ်ိန္ကုန္ဆုံးခဲ့ၿပီးေနာက္ ေမြးရပ္ေျမျဖစ္တဲ့ နယ္သာလန္က ပီအက္စ္ဗြီဆီ ေျပာင္းေ႐ႊ႕သြားခဲ့ၿပီး အဲဒီကေနတစ္ဆင့္ ဘြန္ဒက္စ္လီဂါကို ေျပာင္းလာခဲ့ၿပီးကတည္းက ေတာက္ပတဲ့ေျခစြမ္းျပသေနခဲ့တာျဖစ္ပါတယ္။
ဘြန္ဒက္စ္လီဂါကလပ္နဲ႔ တတိယေျမာက္ ရာသီကို ျဖတ္သန္းေနတဲ့ မာလန္က “ကြၽန္ေတာ္ ထင္တယ္။ ကြၽန္ေတာ္ အဂၤလန္မွာ လူငယ္ကစားသမားအျဖစ္နဲ႔ ကစားခဲ့ရလို႔ ပရီးမီးယားလိဂ္မွာ ကစားရဖို႔က အိပ္မက္ျဖစ္ေနတာပါ။ လွပတဲ့အိပ္မက္လို႔ ကြၽန္ေတာ္ ထင္တယ္။ ကြၽန္ေတာ္ အာဆင္နယ္ကို သြားခဲ့တယ္။ ဟုတ္ပါတယ္။ သူတို႔ပါ။ ကြၽန္ေတာ္ အာဆင္နယ္မွာ ကစားခ်င္တယ္။ ကြၽန္ေတာ္ အႏွစ္သက္ရဆုံး အသင္းပါ။ ကြၽန္ေတာ္ အဲဒီမွာ လူငယ္ဘဝတုန္းက ကစားခဲ့တယ္။ ကြၽန္ေတာ္ အဲဒီမွာ ပထမအသင္းထဲ အဆင့္ဆင့္တက္ခြင့္ရခ်င္ခဲ့ပါတယ္။ အခုေရာ အရင္တုန္းကပါ ေဘာလုံးကစားသမားဘဝမွာ ခင္ဗ်ား ဆုံးျဖတ္ခ်က္ ခ်မွတ္ရမယ့္ အခ်ိန္ေတြ ရွိပါတယ္”
“ဟုတ္ပါတယ္။ ကြၽန္ေတာ္ ပထမအသင္းနဲ႔ ေလ့က်င့္ေရးအတူတူဆင္းခဲ့တယ္။ အဲဒီတုန္းက ကြၽန္ေတာ့္ရဲ႕အသက္က ၁၇ ႏွစ္၊ ၁၈ ႏွစ္ေပါ့။ ကြၽန္ေတာ္ မွန္ကန္တဲ့ ဦးတည္ခ်က္အတိုင္း ေျခလွမ္းခဲ့တာပါ။ ဒါေပမယ့္ ကြၽန္ေတာ္ ပေရာ္ဖက္ရွင္နယ္ေဘာလုံး ကစားရမယ္လို႔ ေတြးခဲ့တယ္။ ကြၽန္ေတာ့္ အသင္းေဖာ္ေတြလည္း ကြၽန္ေတာ္ လူငယ္အသင္းမွာ ကစားေနတုန္းမွာ ပေရာ္ဖက္ရွင္နယ္ေဘာလုံး ကစားေနၾကတာကို ေတြ႕ခဲ့တယ္။ ကြၽန္ေတာ္ အသင္းကို စြန႔္ခြာတာက လုပ္သင့္တဲ့ အရာဆိုတာ သိခဲ့တယ္”လို႔ ေျပာဆိုခဲ့ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News