ဒီရာသီမှာ အထင်ကြီးစရာအကောင်းဆုံးဂန်းနားကြယ်ပွင့်ကို သတ်မှတ်ခဲ့တဲ့ ရစ်ချက်
မန်ချက်စတာစီးတီးနောက်ခံကစားသမားဟောင်း မီကာ ရစ်ချက်က အာဆင်နယ်ကြယ်ပွင့် ဘူကာယို ဆာကာကို ဒီရာသီ စွမ်းဆောင်ရည်အတွက် ချီးကျူး ပြောဆိုလိုက်ပါတယ်။
ဘောလုံးဝေဖန်သုံးသပ်သူဟာ ဖိအားတွေအောက်မှာ ပြသခဲ့တဲ့ အင်္ဂလန်လက်ရွေးစင်တောင်ပံကစားသမားရဲ့ တိုက်စစ်စွမ်းရည်ကြောင့် အထင်ကြီးမိခဲ့တာဖြစ်ပါတယ်။
“ဆာကာက ကျွန်တော့်ကို အထင်ကြီးအောင် အလုပ်နိုင်ဆုံးပါပဲ။ ဘာလို့လဲဆိုရင် ခင်ဗျားက လူကပ်ကစားခံရတဲ့ကစားသမားဖြစ်နေတဲ့အခါမှာ ခင်ဗျား သိလား။ ခင်ဗျားပထမအသင်းထဲကို ရောက်လာတဲ့အခါမှာ လူတွေက ခင်ဗျား ဘယ်လိုကစားမလဲဆိုတာကို တကယ်မသိပါဘူး။ ခင်ဗျားက အသင်းထဲကို ရောက်လာတဲ့ ငယ်ရွယ်တဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး ခင်ဗျားမှာ အစွမ်းအစနည်းနည်းရှိပြီး ဂိုးတွေသွင်းယူနေတယ်။ ဒါပေမယ့် အားလုံးက ခင်ဗျားက ကောင်းတယ်ဆိုတာ သိသွားတဲ့အခါမှာ ခင်ဗျားနားမှာ ၂ ယောက်၊ ၃ ယောက်လောက်က ဝိုင်းနေမှာဖြစ်ပေမယ့် ခင်ဗျားက စွမ်းဆောင်ပေးနိုင်စွမ်းရှိနေတုန်းပါပဲ။ ဒါက ပုံမှန် ဆာကာလုပ်နေတာကို မြင်ခဲ့ရတဲ့ အထင်ကြီးစရာအကောင်းဆုံးအရာလို့ ကျွန်တော် ထင်တယ်။”လို့ ပြောဆိုခဲ့ပါတယ်။
ဆာကာဟာ ဒီရာသီမှာ အာဆင်နယ်အတွက် အလွန်ကောင်းမွန်တဲ့ ခြေစွမ်းပြသနေခဲ့သူဖြစ်ပြီး လီဗာပူးလ်နဲ့ မန်ချက်စတာစီးတီးတို့ကို ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ အမီလိုက်နိုင်ဖို့ သွင်းဂိုးတွေနဲ့ ကူညီပေးနေတာဖြစ်ပါတယ်။ အင်္ဂလန်တောင်ပံကြယ်ပွင့်ဟာ ဒီရာသီ ပရီးမီးယားလိဂ် ၂၅ ပွဲ ပါဝင်ကစားပေးထားရာမှာ အာဆင်နယ်အတွက် သွင်းဂိုး ၁၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၈ ကြိမ်အထိ ပြုလုပ်ပေးထားတဲ့ ကစားသမားဖြစ်ပါတယ်။
ဘူကာယို ဆာကာဟာ ပရီးမီးယားလိဂ်မှာ အာဆင်နယ်ရဲ့ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ပြီး ဒီရာသီ ချန်ပီယံလိဂ် ၆ ပွဲမှာလည်း သွင်းဂိုး ၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၄ ကြိမ်အထိလည်း ပြုလုပ်ပေးထားသေးတာ ဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: မန္ခ်က္စတာစီးတီးေနာက္ခံကစားသမားေဟာင္း မီကာ ရစ္ခ်က္က အာဆင္နယ္ၾကယ္ပြင့္ ဘူကာယို ဆာကာကို ဒီရာသီ စြမ္းေဆာင္ရည္အတြက္ ခ်ီးက်ဴး ေျပာဆိုလိုက္ပါတယ္။
ေဘာလုံးေဝဖန္သုံးသပ္သူဟာ ဖိအားေတြေအာက္မွာ ျပသခဲ့တဲ့ အဂၤလန္လက္ေ႐ြးစင္ေတာင္ပံကစားသမားရဲ႕ တိုက္စစ္စြမ္းရည္ေၾကာင့္ အထင္ႀကီးမိခဲ့တာျဖစ္ပါတယ္။
“ဆာကာက ကြၽန္ေတာ့္ကို အထင္ႀကီးေအာင္ အလုပ္ႏိုင္ဆုံးပါပဲ။ ဘာလို႔လဲဆိုရင္ ခင္ဗ်ားက လူကပ္ကစားခံရတဲ့ကစားသမားျဖစ္ေနတဲ့အခါမွာ ခင္ဗ်ား သိလား။ ခင္ဗ်ားပထမအသင္းထဲကို ေရာက္လာတဲ့အခါမွာ လူေတြက ခင္ဗ်ား ဘယ္လိုကစားမလဲဆိုတာကို တကယ္မသိပါဘူး။ ခင္ဗ်ားက အသင္းထဲကို ေရာက္လာတဲ့ ငယ္႐ြယ္တဲ့ေကာင္ေလးတစ္ေယာက္ျဖစ္ၿပီး ခင္ဗ်ားမွာ အစြမ္းအစနည္းနည္းရွိၿပီး ဂိုးေတြသြင္းယူေနတယ္။ ဒါေပမယ့္ အားလုံးက ခင္ဗ်ားက ေကာင္းတယ္ဆိုတာ သိသြားတဲ့အခါမွာ ခင္ဗ်ားနားမွာ ၂ ေယာက္၊ ၃ ေယာက္ေလာက္က ဝိုင္းေနမွာျဖစ္ေပမယ့္ ခင္ဗ်ားက စြမ္းေဆာင္ေပးႏိုင္စြမ္းရွိေနတုန္းပါပဲ။ ဒါက ပုံမွန္ ဆာကာလုပ္ေနတာကို ျမင္ခဲ့ရတဲ့ အထင္ႀကီးစရာအေကာင္းဆုံးအရာလို႔ ကြၽန္ေတာ္ ထင္တယ္။”လို႔ ေျပာဆိုခဲ့ပါတယ္။
ဆာကာဟာ ဒီရာသီမွာ အာဆင္နယ္အတြက္ အလြန္ေကာင္းမြန္တဲ့ ေျခစြမ္းျပသေနခဲ့သူျဖစ္ၿပီး လီဗာပူးလ္နဲ႔ မန္ခ်က္စတာစီးတီးတို႔ကို ပရီးမီးယားလိဂ္ဖလားၿပိဳင္ပြဲမွာ အမီလိုက္ႏိုင္ဖို႔ သြင္းဂိုးေတြနဲ႔ ကူညီေပးေနတာျဖစ္ပါတယ္။ အဂၤလန္ေတာင္ပံၾကယ္ပြင့္ဟာ ဒီရာသီ ပရီးမီးယားလိဂ္ ၂၅ ပြဲ ပါဝင္ကစားေပးထားရာမွာ အာဆင္နယ္အတြက္ သြင္းဂိုး ၁၃ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၈ ႀကိမ္အထိ ျပဳလုပ္ေပးထားတဲ့ ကစားသမားျဖစ္ပါတယ္။
ဘူကာယို ဆာကာဟာ ပရီးမီးယားလိဂ္မွာ အာဆင္နယ္ရဲ႕ ထိပ္တန္းဂိုးသြင္းရွင္ျဖစ္ၿပီး ဒီရာသီ ခ်န္ပီယံလိဂ္ ၆ ပြဲမွာလည္း သြင္းဂိုး ၃ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၄ ႀကိမ္အထိလည္း ျပဳလုပ္ေပးထားေသးတာ ျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News