ပေါ်တိုရဲ့ပွဲပြီးခါနီး အနူလက်သီးကြောင့် ချန်ပီယံလိဂ်မျှော်လင့်ချက် မှေးမှိန်ခဲ့ရတဲ့ပွဲက ပြန်ပြောရမယ့်အချက်များ 1024 504 coyg

ပေါ်တိုရဲ့ပွဲပြီးခါနီး အနူလက်သီးကြောင့် ချန်ပီယံလိဂ်မျှော်လင့်ချက် မှေးမှိန်ခဲ့ရတဲ့ပွဲက ပြန်ပြောရမယ့်အချက်များ

အာဆင်နယ်ဟာ ပေါ်တိုနဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက် ပထမအကျော့ပွဲစဉ်မှာ ပွဲပြီးခါနီးမှ နောက်ကျ အနိုင်ဂိုးကို ခွင့်ပြုခဲ့ရပြီး အသည်းကွဲခဲ့ရပါတယ်။

ဂန်းနားတွေဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ပွဲစဉ်ကို ကစားခဲ့တာဖြစ်ပြီး ဒီကလန် ရိုက်က စောစောစီးစီး အဝါကတ်ထိသွားလို့ တစ်ပွဲလုံး သိပ်မဝင်ရဲတော့ဘဲ သတိနဲ့ ကစားနေခဲ့ရပါတယ်။ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်တွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အတိုင်းပဲ အစောပိုင်း ပွဲချိန်တွေဟာ တစ်ဖက်နဲ့တစ်ဖက် ပိတ်ကစားခဲ့ကြပြီး ဘယ်အသင်းကမှ ပထမပိုင်း မိနစ် ၂၀ အတွင်း ဘာမှ မလုပ်နိုင်ခဲ့ကြပါဘူး။

ဂန်းနားတွေကို အသည်းခွဲခဲ့တဲ့ ဂယ်လီယိုဟာ အာဆင်နယ်ရဲ့ ပင်နယ်တီဧရိယာထဲမှာ ဂိုးကန်သွင်းမှု ၂ ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး ပထမဆုံးတစ်ကြိမ်က ဂိုးမရခဲ့ပေမယ့် ဒုတိယအကြိမ်မှာတော့ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာပါ။

၁။ ဘာမှ လုပ်မရတဲ့ အာဆင်နယ်တိုက်စစ်

နောက်ဆုံးကစားခဲ့တဲ့ ၂ ပွဲမှာ ၁၁ ဂိုးအထိ သွင်းနိုင်ခဲ့တဲ့ အာဆင်နယ် တိုက်စစ်ကြောင့် ပေါ်တိုတို့ဟာ တော်တော်လေး သတိကြီးကြီးထားပြီး ပြင်ဆင်ခဲ့ပုံပေါ်ပါတယ်။ ပေါ်တူဂီကလပ်ဟာ မြောက်လန်ဒန်သားတွေကို ဝက်စ်ဟမ်းနဲ့ ဘန်လေတို့နဲ့ပွဲတုန်းကလို ကစားချင်တိုင်း ကစားခွင့်မပေးခဲ့ဘဲ ပထမပိုင်းတစ်ပိုင်းလုံး ဂန်းနားတွေရဲ့ တိုက်စစ်က ပေါ်တိုခံစစ်ကို တစ်ကြိမ်တောင် မဖြတ်ကျော်နိုင်ခဲ့ပါဘူး။ ပေါ်တိုက အာဆင်နယ်ရဲ့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက်တွေ မလုပ်နိုင်ခဲ့တာကို လုပ်ခဲ့ပြီး စုဖွဲ့မှုကောင်းကောင်းနဲ့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ မာတင် အော်ဒီဂွါဒ်နဲ့ ဆာကာတို့လို ကစားသမားတွေဟာ မှော်ဆန်တဲ့ အခိုက်အတန့်တွေ ဖန်တီးနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ဂန်းနားတွေရဲ့ အားသာချက်ဖြစ်တဲ့ တည်ကန်ဘောတွေတောင် ကြံ့ကြံ့ခံနေတဲ့ ပေါ်တိုခံစစ်ထက် ပိုကောင်းအောင် မစွမ်းဆောင်နိုင်ခဲ့တာပါ။

၂။ ပေါ်တိုရဲ့ ဇီးရိုးကနေ ဟီးရိုးဖြစ်ခဲ့တဲ့ ဂယ်လီနို

၂ ကျော့ကစားရမှာဖြစ်တာကြောင့် ဂယ်လီနိုရဲ့ ပထမပိုင်း လွဲချော်မှုက ဘယ်လောက်အထိ ပေါ်တိုကို ပေးဆပ်သွားရစေမလဲဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ပေမယ့် ပေါ်တိုဟာ ဧည့်သည်တွေကို မထင်မှတ်ထားတဲ့အချိန်မှာ အလဲထိုးခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ တစ်ပွဲလုံး ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့်လည်း တိုက်စစ်ပိုင်း ခြိမ်းခြောက်မှုကတော့ အနည်းငယ်သာ လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဂယ်လီနိုဟာ ဒုတိယပိုင်းပွဲကစားချိန်ပြည့်လို့ နာကျင်အချိန်ပိုမှာ ပင်နယ်တီဧရိယာအပြင်ဘက်ကနေ အမှတ်မထင် ဂိုးညာဖက်အပေါ်ထောင့်ထဲကို ဝိုက်ကန်သွင်းသွားပြီး ပေါ်တိုရဲ့ သူရဲကောင်း ဖြစ်ခဲ့တာဖြစ်ပါတယ်။

၃။ ပွဲအရှိန်ကို ဖျက်ဆီးခဲ့တဲ့ ဒိုင်လူကြီး

ဘယ်အသင်းကမှ စည်းချက်ညီမှုမျိုး မရခဲ့ဘဲ အဲဒါက ဒိုင်လူကြီးရဲ့ ပွဲကိုင်တွယ်ပုံကြောင့်ဖြစ်ပါတယ်။ ဒိုင်လူကြီး ဆာဒါ ဂူဇူဗျုက ပထမပိုင်း ၂ မိနစ်မှာပဲ ဒီကလန် ရိုက်ကို အဝါကတ်ပြပြီး ပွဲအရှိန်ကို သတ်မှတ်ခဲ့ပြီး ဒုတိယပိုင်းအလယ်မှာ ကိုင် ဟာဗတ်ဇ်ကို အဝါကတ်ပြခဲ့တာကတော့ အံ့အားသင့်စရာအကောင်းဆုံးဆုံးဖြတ်ချက်ဖြစ်ခဲ့ပါတယ်။ ဂျာမန်ကြယ်ပွင့်ဟာ ပေါ်တိုကွင်းလယ်လူကို ခန္ဓာကိုယ်သုံးပြီး တားဆီးဖို့ ကြိုးပမ်းခဲ့တာဖြစ်ပေမယ့်လည်း ဒိုင်လူကြီးက ရည်ရွယ်ချက်ရှိရှိ တံတောင်နဲ့တွတ်တယ်ဆိုပြီး အဝါကတ်ပြခဲ့တာပါ။ အာဆင်နယ်ရဲ့ ထောင့်ကန်ဘောတိုင်းကလည်း ဂူဇူဗျုကြောင့် တော်တော်လေး အချိန်ကြာခဲ့ရပြီး ပေါ်တိုနောက်ခံလူတွေက ပင်နယ်တီဧရိယာထဲမှာ လူတွေ ပြည့်ကြပ်ညပ်နေအောင် လုပ်ဖို့ အချိန်ရခဲ့ကြပါတယ်။

၄။ သမိုင်းမှတ်တမ်းရေးထိုးနိုင်ခဲ့တဲ့ ပီပီ

ပေါ်တိုနောက်ခံလူ ပီပီဟာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်မှာ ပါဝင်ကစားပေးခဲ့တဲ့ အသက်အကြီးဆုံးကစားသမားအဖြစ် အသက် ၄၀ အရွယ်နဲ့ မှတ်တမ်းဝင်ခဲ့ပါပြီ။ လာမယ့်အပတ်မှာ ပီပီဟာ အသက် ၄၁ နှစ်ပြည့်မြောက်တော့မှာဖြစ်ပေမယ့်လည်း အာဆင်နယ်ရဲ့ ငယ်ရွယ်ပြီး လျင်မြန်တဲ့ တိုက်စစ်ကစားသမားတွေကို တိတ်ဆိတ်အောင် လုပ်ရာမှာ ပြဿနာမရှိခဲ့တာဖြစ်ပါတယ်။ ပီပီဟာ ၂၀၀၄ ခုနှစ် ဆောင်းဦးမှာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ပါဝင်ကစားပေးခဲ့ပြီး အဲဒီအချိန်တုန်းက ဂန်းနားကြယ်ပွင့် ဆာကာဆိုရင် ၃ နှစ်သားပဲ ရှိသေးတာဖြစ်ပါတယ်။ အကောင်းဆုံးအချိန်ကို ကျော်လွန်ခဲ့ပြီဖြစ်တဲ့ ပေါ်တူဂီဝါရင့်နောက်ခံကစားသမားကြီးဟာ ခံစစ်ကို ဦးဆောင်ပြီး ညွှန်ကြားမှုတွေ ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ ပွဲမတိုင်ခင် ကိန်းဂဏန်းအချက်အလက်တွေအရ ပီပီဟာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်မှာ ၄၇ ကြိမ်အထိ ပါဝင်ကစားပေးခဲ့ပြီး အာဆင်နယ် ပွဲထွက်လူစာရင်းအားလုံးပေါင်းထက် ၃၁ ကြိမ် ပိုမိုပါဝင်ကစားပေးထားတာဖြစ်ပါတယ်။ ပီပီဟာ ပွဲကစားချိန်အလယ်လောက်မှာ သူ့ထက် ၁ နှစ်သာ ကြီးတဲ့ အာဆင်နယ်နည်းပြ အာတီတာနဲ့တောင် လျင်လျင်မြန်မြန် လက်ဆွဲနှုတ်ဆက်ခဲ့သေးတာဖြစ်ပါတယ်။

၅။ ဒုတိယအကျော့မှာ ပြန်လာရမယ့် အာဆင်နယ်

ပေါ်တိုနည်းပြ ဆာဂျီယို ကွန်ဆေးဆာအိုအနေနဲ့ အသင်းရဲ့ စွမ်းဆောင်ရည်ကို စိတ်ကျေနပ်နေမှာဖြစ်ပြီး ပေါ်တိုခံစစ်က အာဆင်နယ်တိုက်စစ်ကို တိတ်ဆိတ်စေခဲ့ရုံသာမက ပထမအကျော့မှာ အရေးကြီးတဲ့ နိုင်ပွဲကိုပါ ရယူနိုင်ခဲ့တာကြောင့်ဖြစ်ပါတယ်။ ဂယ်လီနိုရဲ့ သွင်းဂိုးကြောင့် အာဆင်နယ်ဟာ ဒုတိယအကျော့အဖြစ် မတ်လလယ် အမ်းမရိတ်စ်မှာ ကစားရမယ်ာ့ပွဲမှာ မဖြစ်မနေ ဂိုးပြတ်နိုင်ပွဲရယူသွားရမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ခဲ့ပါတယ်။ ပေါ်တိုကတော့ ဒုတိယအကျော့ အဝေးကွင်းမှာ ပထမအကျော့တုန်းကလိုပဲ နောက်ထပ် အထင်ကြီးဖွယ် ခံစစ်စွမ်းဆောင်ရည်ပြသပြီး သရေ ခံကစားသွားမှာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ဟာ ေပၚတိုနဲ႔ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္ ပထမအေက်ာ့ပြဲစဥ္မွာ ပြဲၿပီးခါနီးမွ ေနာက္က် အႏိုင္ဂိုးကို ခြင့္ျပဳခဲ့ရၿပီး အသည္းကြဲခဲ့ရပါတယ္။

ဂန္းနားေတြဟာ ၂၀၁၇ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ခ်န္ပီယံလိဂ္ရႈံးထြက္အဆင့္ပြဲစဥ္ကို ကစားခဲ့တာျဖစ္ၿပီး ဒီကလန္ ႐ိုက္က ေစာေစာစီးစီး အဝါကတ္ထိသြားလို႔ တစ္ပြဲလုံး သိပ္မဝင္ရဲေတာ့ဘဲ သတိနဲ႔ ကစားေနခဲ့ရပါတယ္။ ခ်န္ပီယံလိဂ္ရႈံးထြက္အဆင့္ေတြမွာ ျဖစ္ေလ့ျဖစ္ထရွိတဲ့အတိုင္းပဲ အေစာပိုင္း ပြဲခ်ိန္ေတြဟာ တစ္ဖက္နဲ႔တစ္ဖက္ ပိတ္ကစားခဲ့ၾကၿပီး ဘယ္အသင္းကမွ ပထမပိုင္း မိနစ္ ၂၀ အတြင္း ဘာမွ မလုပ္ႏိုင္ခဲ့ၾကပါဘူး။

ဂန္းနားေတြကို အသည္းခြဲခဲ့တဲ့ ဂယ္လီယိုဟာ အာဆင္နယ္ရဲ႕ ပင္နယ္တီဧရိယာထဲမွာ ဂိုးကန္သြင္းမႈ ၂ ႀကိမ္ျပဳလုပ္ႏိုင္ခဲ့ၿပီး ပထမဆုံးတစ္ႀကိမ္က ဂိုးမရခဲ့ေပမယ့္ ဒုတိယအႀကိမ္မွာေတာ့ ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့တာပါ။

၁။ ဘာမွ လုပ္မရတဲ့ အာဆင္နယ္တိုက္စစ္

ေနာက္ဆုံးကစားခဲ့တဲ့ ၂ ပြဲမွာ ၁၁ ဂိုးအထိ သြင္းႏိုင္ခဲ့တဲ့ အာဆင္နယ္ တိုက္စစ္ေၾကာင့္ ေပၚတိုတို႔ဟာ ေတာ္ေတာ္ေလး သတိႀကီးႀကီးထားၿပီး ျပင္ဆင္ခဲ့ပုံေပၚပါတယ္။ ေပၚတူဂီကလပ္ဟာ ေျမာက္လန္ဒန္သားေတြကို ဝက္စ္ဟမ္းနဲ႔ ဘန္ေလတို႔နဲ႔ပြဲတုန္းကလို ကစားခ်င္တိုင္း ကစားခြင့္မေပးခဲ့ဘဲ ပထမပိုင္းတစ္ပိုင္းလုံး ဂန္းနားေတြရဲ႕ တိုက္စစ္က ေပၚတိုခံစစ္ကို တစ္ႀကိမ္ေတာင္ မျဖတ္ေက်ာ္ႏိုင္ခဲ့ပါဘူး။ ေပၚတိုက အာဆင္နယ္ရဲ႕ ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္ၿပိဳင္ဘက္ေတြ မလုပ္ႏိုင္ခဲ့တာကို လုပ္ခဲ့ၿပီး စုဖြဲ႕မႈေကာင္းေကာင္းနဲ႔ တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။ မာတင္ ေအာ္ဒီဂြါဒ္နဲ႔ ဆာကာတို႔လို ကစားသမားေတြဟာ ေမွာ္ဆန္တဲ့ အခိုက္အတန႔္ေတြ ဖန္တီးႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရၿပီး ဂန္းနားေတြရဲ႕ အားသာခ်က္ျဖစ္တဲ့ တည္ကန္ေဘာေတြေတာင္ ႀကံ့ႀကံ့ခံေနတဲ့ ေပၚတိုခံစစ္ထက္ ပိုေကာင္းေအာင္ မစြမ္းေဆာင္ႏိုင္ခဲ့တာပါ။

၂။ ေပၚတိုရဲ႕ ဇီး႐ိုးကေန ဟီး႐ိုးျဖစ္ခဲ့တဲ့ ဂယ္လီႏို

၂ ေက်ာ့ကစားရမွာျဖစ္တာေၾကာင့္ ဂယ္လီႏိုရဲ႕ ပထမပိုင္း လြဲေခ်ာ္မႈက ဘယ္ေလာက္အထိ ေပၚတိုကို ေပးဆပ္သြားရေစမလဲဆိုတာ ေစာင့္ၾကည့္သြားရမွာျဖစ္ေပမယ့္ ေပၚတိုဟာ ဧည့္သည္ေတြကို မထင္မွတ္ထားတဲ့အခ်ိန္မွာ အလဲထိုးခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္ဟာ တစ္ပြဲလုံး ေဘာလုံးပိုင္ဆိုင္မႈ အသာစီးနဲ႔ ကစားႏိုင္ခဲ့ေပမယ့္လည္း တိုက္စစ္ပိုင္း ၿခိမ္းေျခာက္မႈကေတာ့ အနည္းငယ္သာ လုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဂယ္လီႏိုဟာ ဒုတိယပိုင္းပြဲကစားခ်ိန္ျပည့္လို႔ နာက်င္အခ်ိန္ပိုမွာ ပင္နယ္တီဧရိယာအျပင္ဘက္ကေန အမွတ္မထင္ ဂိုးညာဖက္အေပၚေထာင့္ထဲကို ဝိုက္ကန္သြင္းသြားၿပီး ေပၚတိုရဲ႕ သူရဲေကာင္း ျဖစ္ခဲ့တာျဖစ္ပါတယ္။

၃။ ပြဲအရွိန္ကို ဖ်က္ဆီးခဲ့တဲ့ ဒိုင္လူႀကီး

ဘယ္အသင္းကမွ စည္းခ်က္ညီမႈမ်ိဳး မရခဲ့ဘဲ အဲဒါက ဒိုင္လူႀကီးရဲ႕ ပြဲကိုင္တြယ္ပုံေၾကာင့္ျဖစ္ပါတယ္။ ဒိုင္လူႀကီး ဆာဒါ ဂူဇူဗ်ဳက ပထမပိုင္း ၂ မိနစ္မွာပဲ ဒီကလန္ ႐ိုက္ကို အဝါကတ္ျပၿပီး ပြဲအရွိန္ကို သတ္မွတ္ခဲ့ၿပီး ဒုတိယပိုင္းအလယ္မွာ ကိုင္ ဟာဗတ္ဇ္ကို အဝါကတ္ျပခဲ့တာကေတာ့ အံ့အားသင့္စရာအေကာင္းဆုံးဆုံးျဖတ္ခ်က္ျဖစ္ခဲ့ပါတယ္။ ဂ်ာမန္ၾကယ္ပြင့္ဟာ ေပၚတိုကြင္းလယ္လူကို ခႏၶာကိုယ္သုံးၿပီး တားဆီးဖို႔ ႀကိဳးပမ္းခဲ့တာျဖစ္ေပမယ့္လည္း ဒိုင္လူႀကီးက ရည္႐ြယ္ခ်က္ရွိရွိ တံေတာင္နဲ႔တြတ္တယ္ဆိုၿပီး အဝါကတ္ျပခဲ့တာပါ။ အာဆင္နယ္ရဲ႕ ေထာင့္ကန္ေဘာတိုင္းကလည္း ဂူဇူဗ်ဳေၾကာင့္ ေတာ္ေတာ္ေလး အခ်ိန္ၾကာခဲ့ရၿပီး ေပၚတိုေနာက္ခံလူေတြက ပင္နယ္တီဧရိယာထဲမွာ လူေတြ ျပည့္ၾကပ္ညပ္ေနေအာင္ လုပ္ဖို႔ အခ်ိန္ရခဲ့ၾကပါတယ္။

၄။ သမိုင္းမွတ္တမ္းေရးထိုးႏိုင္ခဲ့တဲ့ ပီပီ

ေပၚတိုေနာက္ခံလူ ပီပီဟာ ခ်န္ပီယံလိဂ္ရႈံးထြက္အဆင့္မွာ ပါဝင္ကစားေပးခဲ့တဲ့ အသက္အႀကီးဆုံးကစားသမားအျဖစ္ အသက္ ၄၀ အ႐ြယ္နဲ႔ မွတ္တမ္းဝင္ခဲ့ပါၿပီ။ လာမယ့္အပတ္မွာ ပီပီဟာ အသက္ ၄၁ ႏွစ္ျပည့္ေျမာက္ေတာ့မွာျဖစ္ေပမယ့္လည္း အာဆင္နယ္ရဲ႕ ငယ္႐ြယ္ၿပီး လ်င္ျမန္တဲ့ တိုက္စစ္ကစားသမားေတြကို တိတ္ဆိတ္ေအာင္ လုပ္ရာမွာ ျပႆနာမရွိခဲ့တာျဖစ္ပါတယ္။ ပီပီဟာ ၂၀၀၄ ခုႏွစ္ ေဆာင္းဦးမွာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ပထမဆုံးအႀကိမ္ ပါဝင္ကစားေပးခဲ့ၿပီး အဲဒီအခ်ိန္တုန္းက ဂန္းနားၾကယ္ပြင့္ ဆာကာဆိုရင္ ၃ ႏွစ္သားပဲ ရွိေသးတာျဖစ္ပါတယ္။ အေကာင္းဆုံးအခ်ိန္ကို ေက်ာ္လြန္ခဲ့ၿပီျဖစ္တဲ့ ေပၚတူဂီဝါရင့္ေနာက္ခံကစားသမားႀကီးဟာ ခံစစ္ကို ဦးေဆာင္ၿပီး ၫႊန္ၾကားမႈေတြ ျပဳလုပ္ေပးခဲ့တာျဖစ္ပါတယ္။ ပြဲမတိုင္ခင္ ကိန္းဂဏန္းအခ်က္အလက္ေတြအရ ပီပီဟာ ခ်န္ပီယံလိဂ္ရႈံးထြက္အဆင့္မွာ ၄၇ ႀကိမ္အထိ ပါဝင္ကစားေပးခဲ့ၿပီး အာဆင္နယ္ ပြဲထြက္လူစာရင္းအားလုံးေပါင္းထက္ ၃၁ ႀကိမ္ ပိုမိုပါဝင္ကစားေပးထားတာျဖစ္ပါတယ္။ ပီပီဟာ ပြဲကစားခ်ိန္အလယ္ေလာက္မွာ သူ႔ထက္ ၁ ႏွစ္သာ ႀကီးတဲ့ အာဆင္နယ္နည္းျပ အာတီတာနဲ႔ေတာင္ လ်င္လ်င္ျမန္ျမန္ လက္ဆြဲႏႈတ္ဆက္ခဲ့ေသးတာျဖစ္ပါတယ္။

၅။ ဒုတိယအေက်ာ့မွာ ျပန္လာရမယ့္ အာဆင္နယ္

ေပၚတိုနည္းျပ ဆာဂ်ီယို ကြန္ေဆးဆာအိုအေနနဲ႔ အသင္းရဲ႕ စြမ္းေဆာင္ရည္ကို စိတ္ေက်နပ္ေနမွာျဖစ္ၿပီး ေပၚတိုခံစစ္က အာဆင္နယ္တိုက္စစ္ကို တိတ္ဆိတ္ေစခဲ့႐ုံသာမက ပထမအေက်ာ့မွာ အေရးႀကီးတဲ့ ႏိုင္ပြဲကိုပါ ရယူႏိုင္ခဲ့တာေၾကာင့္ျဖစ္ပါတယ္။ ဂယ္လီႏိုရဲ႕ သြင္းဂိုးေၾကာင့္ အာဆင္နယ္ဟာ ဒုတိယအေက်ာ့အျဖစ္ မတ္လလယ္ အမ္းမရိတ္စ္မွာ ကစားရမယ္ာ့ပြဲမွာ မျဖစ္မေန ဂိုးျပတ္ႏိုင္ပြဲရယူသြားရမယ္ဆိုတဲ့အဓိပၸာယ္ျဖစ္ခဲ့ပါတယ္။ ေပၚတိုကေတာ့ ဒုတိယအေက်ာ့ အေဝးကြင္းမွာ ပထမအေက်ာ့တုန္းကလိုပဲ ေနာက္ထပ္ အထင္ႀကီးဖြယ္ ခံစစ္စြမ္းေဆာင္ရည္ျပသၿပီး သေရ ခံကစားသြားမွာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet