ဝက်စ်ဟမ်းနဲ့ပွဲအပြီး နောက်ထပ်ကြီးမားတဲ့နိုင်ပွဲရခဲ့တဲ့ ဘန်လေနဲ့ပွဲက မှတ်မှတ်ရရ ပြန်ပြောစရာများ 1024 504 coyg

ဝက်စ်ဟမ်းနဲ့ပွဲအပြီး နောက်ထပ်ကြီးမားတဲ့နိုင်ပွဲရခဲ့တဲ့ ဘန်လေနဲ့ပွဲက မှတ်မှတ်ရရ ပြန်ပြောစရာများ

အာဆင်နယ်ဟာ ဘန်လေရဲ့ တာ့ဖ်မိုးကွင်းမှာ ၅-၀ နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး နောက်ထပ် ကြီးမားတဲ့ အဝေးကွင်းနိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဝက်စ်ဟမ်းအိမ်ကွင်းမှာ ၆ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီးနောက် ဆာကာရဲ့ သွင်းဂိုး ၂ ဂိုး၊ မာတင် အော်ဒီဂွါဒ်၊ ထရော့ဆာ့ဒ်နဲ့ ဟာဗတ်ဇ်တို့က ကွန်ပနီရဲ့ ရုန်းကန်နေရတဲ့ ဘန်လေကို နောက်ထပ် ဂိုးပြတ်အနိုင်ရရှိစေမယ့် သွင်းဂိုးတွေ သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။

၁။ ဂိုးပြတ်နိုင်ပွဲဆက်ခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ဝက်စ်ဟမ်းကို ၆-၀ နဲ့ သက်တောင့်သက်သာအနိုင်ရခဲ့ပြီးနောက် အဝေးကွင်းပရိသတ်တွေဟာ အရှေ့လန်ကက်ရှိုင်းယားက နှေးကွေးတဲ့စတင်မှုအတွက် ခွင့်လွှတ်မှု ပေးနိုင်ခဲ့မှာပါ။ အသင်းခေါင်းဆောင် အော်ဒီဂွါဒ်က ပထမပိုင်း ၄ မိနစ်မှာပဲ အစောပိုင်းပွဲမှာ ဘရန့်တ်ဖို့ဒ်ကို ၄-၁ နဲ့ အနိုင်ရခဲ့တဲ့ လီဗာပူးလ်ကို တုံ့ပြန်နိုင်မယ့် အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာပါ။ အာဆင်နယ်အသင်းခေါင်းဆောင်ဟာ ဘောလုံးကို ကောင်းကောင်းထိန်းသိမ်းပြီး ဂိုးညာဘက်အောက်ထောင့်ထဲကို ကန်သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် အော်ဒီဂွါဒ်ဟာ သွင်းဂိုး ၂၀ နဲ့ ဂိုးဖန်တီးမှု ၁၃ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပြီဖြစ်ပြီး ပြီးခဲ့တဲ့ရာသီကနေ ဒီနေ့အထိ ပရီးမီးယားလိဂ်မှာ ကစားသမား ၆ ဦးကသာ ဂန်းနားအသင်းခေါင်းဆောင်ထက် ဂိုးပါဝင်ပတ်သက်မှု ပိုမို ပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

၂။ ခြေစွမ်းကောင်း ရလာတဲ့ ခီဗီယော

ခီဗီယောရဲ့ အာဆင်နယ်ကစားသမားဘဝ ပထမဆုံး ၁၂ လက မလွယ်ကူခဲ့ဘဲ ပွဲကစားချိန်မရှိမှုနဲ့ ပုံမှန်ကစားနေကျနေရာမဟုတ်တဲ့ ဘယ်နောက်ခံနေရာမှာ ကစားခဲ့ရမှုကြောင့် ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့်လည်း အာတီတာက ဇင်ချန်ကိုနဲ့ တိုမိယဆုတို့ မပါဝင်နိုင်မှုကြောင့် ဘယ်နောက်ခံနေရာမှာ မဖြစ်မနေ အသုံးပြုခဲ့ရပြီးနောက် ခီဗီယောဟာ အရင်တုန်းကနဲ့ မတူညီတဲ့ကစားသမားတစ်ယောက်ပုံစံပေါ်ခဲ့ပါတယ်။ ဘယ်နောက်ခံနေရာမှာ အသားကျသွားခဲ့ပြီး လီဗာပူးလ်၊ ဝက်စ်ဟမ်းတို့နဲ့ ကစားခဲ့တဲ့ ပြီးခဲ့တဲ့ပွဲတွေမှာ စတင်တောက်ပခဲ့ပါတယ်။ တာ့ဖ်မိုးမှာလည်း ခီဗီယောဟာ နောက်ထပ်တစ်ကြိမ် စိတ်ချယုံကြည်ရတဲ့ကစားသမားပုံစံပေါ်ခဲ့ပြီး ထရော့ဆာ့ဒ်ရဲ့ သွင်းဂိုးကို လက်ပစ်ဘောကနေတဆင့် ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ခံစစ်ပိုင်းမှာလည်း ဘန်လေတိုက်စစ်မှူး ဖိုဖာနာကို ကောင်းကောင်း ထိန်းနိုင်ခဲ့ပြီး ကြားဝင်ဖျက်ထုတ်မှုတွေက အာဆင်နယ်ကို တိုက်စစ် ပြန်လည်စတင်နိုင်စေခဲ့တာဖြစ်ပါတယ်။

၃။ ပြန်လည်အသက်ဝင်လာတဲ့ ဆာကာ

အာဆင်နယ်ကြယ်ပွင့် ဘူကာယို ဆာကာဟာ ဒူဘိုင်းကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အပြီးကတည်းက အာဆင်နယ်ရဲ့ ပွဲ ၅ ပွဲမှာ အနည်းဆုံး သွင်းဂိုး ၁ ဂိုး သို့မဟုတ် ဂိုးဖန်တီးမှု ၁ ကြိမ်လောက် ပြုလုပ်ပေးထားနိုင်ခဲ့သူဖြစ်ပြီး ဒဏ်ရာတွေကြောင့် ရာသီကို ခက်ခက်ခဲခဲ စတင်ခဲ့ရပြီးနောက် ပြန်လည်လန်းဆန်းနေပုံပေါ်ပါတယ်။ ဆာကာရဲ့ ပထမဆုံးသွင်းဂိုးက ပင်နယ်တီကနေ ကန်သွင်းယူခဲ့တာဖြစ်ပြီး ဒုတိယဂိုးကိုတော့ ဒုတိယပိုင်းပြန်စပြီး ၈၈ စက္ကန့်အကြာမှာပဲ ညာခြေနဲ့ အဆုံးသတ် ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

၄။ စိုးရိမ်စရာကောင်းခဲ့တဲ့ ရမ်ဆေးရဲ့ဒဏ်ရာ

အာဆင်နယ်ရဲ့ စတုတ္ထမြောက်ဂိုးမတိုင်ခင် ဘန်လေတောင်ပံကစားသမား အာရွန် ရမ်ဆေးက ပြင်းထန်တဲ့ ဒူးဒဏ်ရာကြောင့် လဲကျသွားခဲ့ပြီးနောက် ၅ မိနစ်အချိန်နှောင့်နှေးခဲ့ပါတယ်။ အသက် ၂၁ နှစ်အရွယ်ကစားသမားဟာ ကွင်းထဲမှာ အောက်ဆီဂျင်ပေးခဲ့ရပြီး ထမ်းစင်နဲ့ သယ်ထုတ်သွားရတာကြောင့် အိမ်ရှင်တွေအတွက် နောက်ထပ် စိုးရိမ်စရာဒဏ်ရာသတင်းဖြစ်လာခဲ့ပါတယ်။ ဘန်လေရဲ့ ခံစစ်ပြဿနာဟာ အာဆင်နယ်နဲ့ပွဲမှာ ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရပြီး ဟာဗတ်ဇ်ရဲ့ဂိုးအပြီး ပွဲကြည့်စင်က ပရိသတ်တွေ အစုလိုက်အပြုံလိုက် ထပြန်သွားခဲ့ကြပါတယ်။

၅။ ကွန်ပနီရဲ့အသင်းအတွက် အရေးကြီးတဲ့အချိန်

ဘန်လေဟာ အာဆင်နယ်နဲ့ပွဲမှာ နိုင်ပွဲရယူပြီး ၇ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်မယ်လို့ မျှော်လင့်ခဲ့ပေမယ့်လည်း အခုဆိုရင် ကွန်ပနီတစ်ယောက် ပြုတ်စော်တော်တော်လေး နံလာခဲ့ပါပြီ။ ဘန်လေဟာ လာမယ့်အပတ်မှာ ခရစ္စတယ် ပဲလေ့စ်အိမ်ကွင်းကို သွားကစားရမှာဖြစ်ပြီး အဲ့ဒီပွဲမှာမှ အနိုင်မရခဲ့ရင် ကွန်ပနီပြုတ်ဖို့ သေချာသွားတော့မှာဖြစ်ပါတယ်။ အဲဒီပွဲအပြီးမှာတော့ ဝက်စ်ဟမ်းအိမ်ကွင်းကို သွားမကစားခင် အိမ်ကွင်းမှာ ဘုန်းမောက်နဲ့ကစားသွားရမှာဖြစ်ပြီး ကွန်ပနီရဲ့အသင်းသားတွေဟာ နည်းပြအတွက် တိုက်ပွဲဝင်နေပေမယ့်လည်း နည်းဗျူဟာအတိုင်း လိုက်ကစားဖို့ ငြင်းဆန်နေသလို ရလဒ်တွေကလည်း မကောင်းမွန်ခဲ့တာကြောင့် နည်းပြအပြောင်းအလဲလုပ်ဖို့ အကြံအစည်က ပိုပြီး ဖြစ်လာနိုင်ခြေရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘန်လေဥက္ကဌ အလန် ပေ့စ်က ရေရှည်ကို တွေးနေမှာဖြစ်ပြီး လူအချို့ကတော့ ဘန်လေရဲ့ စွမ်းဆောင်ရည် ပြန်တက်လာနိုင်ခြေကို သံသယရှိနေကြပါတယ်။

၆။ သမိုင်းဝင် ရှုံးပွဲမရှိစံချိန် ဆက်လက်ပိုင်ဆိုင်ခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်ရဲ့ ရာသီလယ်အားလပ်ရက် ခြေစွမ်းဟာ စိတ်ကျေနပ်စရာကိန်းဂဏန်းတွေကို ယူဆောင်ပေးခဲ့တဲ့ အစဖြစ်ခဲ့ပေမယ့် ဘန်လေအိမ်ကွင်းမှာ ရှုံးပွဲမရှိစံချိန်ဟာ ၁၉၇၃ ခုနှစ်ကတည်းက စတင်ခဲ့တာပါ။ အာဆင်နယ်ဟာ အခုဆိုရင် တာ့ဖ်မိုးမှာ နောက်ဆုံးသွားကစားခဲ့တဲ့ ၁၁ ပွဲအထိ ရှုံးပွဲမရှိခဲ့ဘဲ ၆ ပွဲနိုင် ၅ ပွဲသရေကျခဲ့ပါတယ်။ အဲဒီပွဲစဉ်တွေထဲက ၈ ပွဲက ပရီးမီးယားလိဂ်မှာ ရရှိခဲ့တာဖြစ်ပြီး ချဲလ်ဆီးတစ်သင်းတည်းကပဲ အသင်းတစ်သင်းကိုအဝေးကွင်းမှာ ၉ ပွဲအထိ မရှုံးအောင် ကစားထားနိုင်ခဲ့တာဖြစ်ပါတယ်။

၇။ မဆုတ်မနစ်ဇွဲနဲ့ ကစားခဲ့တဲ့ ဂန်းနားများ

မိုးတွေသည်းထန်စွာ ရွာသွန်းနေတဲ့ တာ့ဖ်မိုးကွင်းမှာ အပြောင်းအလဲတွေက ရပ်တန့်သွားခြင်းမရှိခဲ့ဘဲ တစ်ညနေလုံး အသည်းအသန်လိုက်ကစားနေတဲ့ ဟာဗတ်ဇ်ဟာ ဂိုးသွင်းရှင်စာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။ ဂျာမန်ကွင်းလယ်ကြယ်ပွင့်ဆီက အလွန်ကောင်းမွန်တဲ့ ကစားပုံဖြစ်ခဲ့ပြီး ပင်နယ်တီဧရိယာအပြင်ဘက်ကနေ ဘောလုံးရယူပြီးနောက် ဘန်လေနောက်ခံလူကို ကျော်ဖြတ်ပြီး ဂိုးသမား ဘယ်လိုမှ မကာကွယ်နိုင်အောင် အေးအေးဆေးဆေးကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ဟာဗတ်ဇ်ရဲ့သွင်းဂိုးကြောင့် အာဆင်နယ်အသင်းဟာ သမိုင်းတလျှောက် အဝေးကွင်းမှာ ၂ ပွဲဆက်တိုက် ၅ ဂိုးအနည်းဆုံးသွင်းယူနိုင်ခဲ့ပြီဖြစ်ပြီး ပိုပြီးအရေးကြီးတာက အနိုင် ၃ မှတ်ရယူနိုင်ခဲ့လို့ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးလ်ကို ဖိအားဆက်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ဟာ ဘန္ေလရဲ႕ တာ့ဖ္မိုးကြင္းမွာ ၅-၀ နဲ႔ ဂိုးျပတ္အႏိုင္ရရွိခဲ့ၿပီး ေနာက္ထပ္ ႀကီးမားတဲ့ အေဝးကြင္းႏိုင္ပြဲကို ရယူႏိုင္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က ဝက္စ္ဟမ္းအိမ္ကြင္းမွာ ၆ ဂိုးျပတ္အႏိုင္ရရွိခဲ့ၿပီးေနာက္ ဆာကာရဲ႕ သြင္းဂိုး ၂ ဂိုး၊ မာတင္ ေအာ္ဒီဂြါဒ္၊ ထေရာ့ဆာ့ဒ္နဲ႔ ဟာဗတ္ဇ္တို႔က ကြန္ပနီရဲ႕ ႐ုန္းကန္ေနရတဲ့ ဘန္ေလကို ေနာက္ထပ္ ဂိုးျပတ္အႏိုင္ရရွိေစမယ့္ သြင္းဂိုးေတြ သြင္းယူေပးခဲ့ၾကတာျဖစ္ပါတယ္။

၁။ ဂိုးျပတ္ႏိုင္ပြဲဆက္ခဲ့တဲ့ အာဆင္နယ္

အာဆင္နယ္ဟာ ဝက္စ္ဟမ္းကို ၆-၀ နဲ႔ သက္ေတာင့္သက္သာအႏိုင္ရခဲ့ၿပီးေနာက္ အေဝးကြင္းပရိသတ္ေတြဟာ အေရွ႕လန္ကက္ရႈိင္းယားက ေႏွးေကြးတဲ့စတင္မႈအတြက္ ခြင့္လႊတ္မႈ ေပးႏိုင္ခဲ့မွာပါ။ အသင္းေခါင္းေဆာင္ ေအာ္ဒီဂြါဒ္က ပထမပိုင္း ၄ မိနစ္မွာပဲ အေစာပိုင္းပြဲမွာ ဘရန႔္တ္ဖို႔ဒ္ကို ၄-၁ နဲ႔ အႏိုင္ရခဲ့တဲ့ လီဗာပူးလ္ကို တုံ႔ျပန္ႏိုင္မယ့္ အဖြင့္ဂိုးကို သြင္းယူေပးခဲ့တာပါ။ အာဆင္နယ္အသင္းေခါင္းေဆာင္ဟာ ေဘာလုံးကို ေကာင္းေကာင္းထိန္းသိမ္းၿပီး ဂိုးညာဘက္ေအာက္ေထာင့္ထဲကို ကန္သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။ အခုဆိုရင္ ေအာ္ဒီဂြါဒ္ဟာ သြင္းဂိုး ၂၀ နဲ႔ ဂိုးဖန္တီးမႈ ၁၃ ႀကိမ္အထိ ျပဳလုပ္ထားႏိုင္ခဲ့ၿပီျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီကေန ဒီေန႔အထိ ပရီးမီးယားလိဂ္မွာ ကစားသမား ၆ ဦးကသာ ဂန္းနားအသင္းေခါင္းေဆာင္ထက္ ဂိုးပါဝင္ပတ္သက္မႈ ပိုမို ျပဳလုပ္ထားႏိုင္ခဲ့တာျဖစ္ပါတယ္။

၂။ ေျခစြမ္းေကာင္း ရလာတဲ့ ခီဗီေယာ

ခီဗီေယာရဲ႕ အာဆင္နယ္ကစားသမားဘဝ ပထမဆုံး ၁၂ လက မလြယ္ကူခဲ့ဘဲ ပြဲကစားခ်ိန္မရွိမႈနဲ႔ ပုံမွန္ကစားေနက်ေနရာမဟုတ္တဲ့ ဘယ္ေနာက္ခံေနရာမွာ ကစားခဲ့ရမႈေၾကာင့္ ခက္ခဲခဲ့ပါတယ္။ ဒါေပမယ့္လည္း အာတီတာက ဇင္ခ်န္ကိုနဲ႔ တိုမိယဆုတို႔ မပါဝင္ႏိုင္မႈေၾကာင့္ ဘယ္ေနာက္ခံေနရာမွာ မျဖစ္မေန အသုံးျပဳခဲ့ရၿပီးေနာက္ ခီဗီေယာဟာ အရင္တုန္းကနဲ႔ မတူညီတဲ့ကစားသမားတစ္ေယာက္ပုံစံေပၚခဲ့ပါတယ္။ ဘယ္ေနာက္ခံေနရာမွာ အသားက်သြားခဲ့ၿပီး လီဗာပူးလ္၊ ဝက္စ္ဟမ္းတို႔နဲ႔ ကစားခဲ့တဲ့ ၿပီးခဲ့တဲ့ပြဲေတြမွာ စတင္ေတာက္ပခဲ့ပါတယ္။ တာ့ဖ္မိုးမွာလည္း ခီဗီေယာဟာ ေနာက္ထပ္တစ္ႀကိမ္ စိတ္ခ်ယုံၾကည္ရတဲ့ကစားသမားပုံစံေပၚခဲ့ၿပီး ထေရာ့ဆာ့ဒ္ရဲ႕ သြင္းဂိုးကို လက္ပစ္ေဘာကေနတဆင့္ ဖန္တီးေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ ခံစစ္ပိုင္းမွာလည္း ဘန္ေလတိုက္စစ္မႉး ဖိုဖာနာကို ေကာင္းေကာင္း ထိန္းႏိုင္ခဲ့ၿပီး ၾကားဝင္ဖ်က္ထုတ္မႈေတြက အာဆင္နယ္ကို တိုက္စစ္ ျပန္လည္စတင္ႏိုင္ေစခဲ့တာျဖစ္ပါတယ္။

၃။ ျပန္လည္အသက္ဝင္လာတဲ့ ဆာကာ

အာဆင္နယ္ၾကယ္ပြင့္ ဘူကာယို ဆာကာဟာ ဒူဘိုင္းကို သြားေရာက္ခဲ့တဲ့ ခရီးစဥ္အၿပီးကတည္းက အာဆင္နယ္ရဲ႕ ပြဲ ၅ ပြဲမွာ အနည္းဆုံး သြင္းဂိုး ၁ ဂိုး သို႔မဟုတ္ ဂိုးဖန္တီးမႈ ၁ ႀကိမ္ေလာက္ ျပဳလုပ္ေပးထားႏိုင္ခဲ့သူျဖစ္ၿပီး ဒဏ္ရာေတြေၾကာင့္ ရာသီကို ခက္ခက္ခဲခဲ စတင္ခဲ့ရၿပီးေနာက္ ျပန္လည္လန္းဆန္းေနပုံေပၚပါတယ္။ ဆာကာရဲ႕ ပထမဆုံးသြင္းဂိုးက ပင္နယ္တီကေန ကန္သြင္းယူခဲ့တာျဖစ္ၿပီး ဒုတိယဂိုးကိုေတာ့ ဒုတိယပိုင္းျပန္စၿပီး ၈၈ စကၠန႔္အၾကာမွာပဲ ညာေျခနဲ႔ အဆုံးသတ္ ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

၄။ စိုးရိမ္စရာေကာင္းခဲ့တဲ့ ရမ္ေဆးရဲ႕ဒဏ္ရာ

အာဆင္နယ္ရဲ႕ စတုတၳေျမာက္ဂိုးမတိုင္ခင္ ဘန္ေလေတာင္ပံကစားသမား အာ႐ြန္ ရမ္ေဆးက ျပင္းထန္တဲ့ ဒူးဒဏ္ရာေၾကာင့္ လဲက်သြားခဲ့ၿပီးေနာက္ ၅ မိနစ္အခ်ိန္ေႏွာင့္ေႏွးခဲ့ပါတယ္။ အသက္ ၂၁ ႏွစ္အ႐ြယ္ကစားသမားဟာ ကြင္းထဲမွာ ေအာက္ဆီဂ်င္ေပးခဲ့ရၿပီး ထမ္းစင္နဲ႔ သယ္ထုတ္သြားရတာေၾကာင့္ အိမ္ရွင္ေတြအတြက္ ေနာက္ထပ္ စိုးရိမ္စရာဒဏ္ရာသတင္းျဖစ္လာခဲ့ပါတယ္။ ဘန္ေလရဲ႕ ခံစစ္ျပႆနာဟာ အာဆင္နယ္နဲ႔ပြဲမွာ ရွင္းရွင္းလင္းလင္း ျမင္ေတြ႕ခဲ့ရၿပီး ဟာဗတ္ဇ္ရဲ႕ဂိုးအၿပီး ပြဲၾကည့္စင္က ပရိသတ္ေတြ အစုလိုက္အၿပဳံလိုက္ ထျပန္သြားခဲ့ၾကပါတယ္။

၅။ ကြန္ပနီရဲ႕အသင္းအတြက္ အေရးႀကီးတဲ့အခ်ိန္

ဘန္ေလဟာ အာဆင္နယ္နဲ႔ပြဲမွာ ႏိုင္ပြဲရယူၿပီး ၇ ပြဲဆက္ ႏိုင္ပြဲေပ်ာက္ဆုံးေနမႈကို အဆုံးသတ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ခဲ့ေပမယ့္လည္း အခုဆိုရင္ ကြန္ပနီတစ္ေယာက္ ျပဳတ္ေစာ္ေတာ္ေတာ္ေလး နံလာခဲ့ပါၿပီ။ ဘန္ေလဟာ လာမယ့္အပတ္မွာ ခရစၥတယ္ ပဲေလ့စ္အိမ္ကြင္းကို သြားကစားရမွာျဖစ္ၿပီး အဲ့ဒီပြဲမွာမွ အႏိုင္မရခဲ့ရင္ ကြန္ပနီျပဳတ္ဖို႔ ေသခ်ာသြားေတာ့မွာျဖစ္ပါတယ္။ အဲဒီပြဲအၿပီးမွာေတာ့ ဝက္စ္ဟမ္းအိမ္ကြင္းကို သြားမကစားခင္ အိမ္ကြင္းမွာ ဘုန္းေမာက္နဲ႔ကစားသြားရမွာျဖစ္ၿပီး ကြန္ပနီရဲ႕အသင္းသားေတြဟာ နည္းျပအတြက္ တိုက္ပြဲဝင္ေနေပမယ့္လည္း နည္းဗ်ဴဟာအတိုင္း လိုက္ကစားဖို႔ ျငင္းဆန္ေနသလို ရလဒ္ေတြကလည္း မေကာင္းမြန္ခဲ့တာေၾကာင့္ နည္းျပအေျပာင္းအလဲလုပ္ဖို႔ အႀကံအစည္က ပိုၿပီး ျဖစ္လာႏိုင္ေျခရွိေနတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဘန္ေလဥကၠဌ အလန္ ေပ့စ္က ေရရွည္ကို ေတြးေနမွာျဖစ္ၿပီး လူအခ်ိဳ႕ကေတာ့ ဘန္ေလရဲ႕ စြမ္းေဆာင္ရည္ ျပန္တက္လာႏိုင္ေျခကို သံသယရွိေနၾကပါတယ္။

၆။ သမိုင္းဝင္ ရႈံးပြဲမရွိစံခ်ိန္ ဆက္လက္ပိုင္ဆိုင္ခဲ့တဲ့ အာဆင္နယ္

အာဆင္နယ္ရဲ႕ ရာသီလယ္အားလပ္ရက္ ေျခစြမ္းဟာ စိတ္ေက်နပ္စရာကိန္းဂဏန္းေတြကို ယူေဆာင္ေပးခဲ့တဲ့ အစျဖစ္ခဲ့ေပမယ့္ ဘန္ေလအိမ္ကြင္းမွာ ရႈံးပြဲမရွိစံခ်ိန္ဟာ ၁၉၇၃ ခုႏွစ္ကတည္းက စတင္ခဲ့တာပါ။ အာဆင္နယ္ဟာ အခုဆိုရင္ တာ့ဖ္မိုးမွာ ေနာက္ဆုံးသြားကစားခဲ့တဲ့ ၁၁ ပြဲအထိ ရႈံးပြဲမရွိခဲ့ဘဲ ၆ ပြဲႏိုင္ ၅ ပြဲသေရက်ခဲ့ပါတယ္။ အဲဒီပြဲစဥ္ေတြထဲက ၈ ပြဲက ပရီးမီးယားလိဂ္မွာ ရရွိခဲ့တာျဖစ္ၿပီး ခ်ဲလ္ဆီးတစ္သင္းတည္းကပဲ အသင္းတစ္သင္းကိုအေဝးကြင္းမွာ ၉ ပြဲအထိ မရႈံးေအာင္ ကစားထားႏိုင္ခဲ့တာျဖစ္ပါတယ္။

၇။ မဆုတ္မနစ္ဇြဲနဲ႔ ကစားခဲ့တဲ့ ဂန္းနားမ်ား

မိုးေတြသည္းထန္စြာ ႐ြာသြန္းေနတဲ့ တာ့ဖ္မိုးကြင္းမွာ အေျပာင္းအလဲေတြက ရပ္တန႔္သြားျခင္းမရွိခဲ့ဘဲ တစ္ညေနလုံး အသည္းအသန္လိုက္ကစားေနတဲ့ ဟာဗတ္ဇ္ဟာ ဂိုးသြင္းရွင္စာရင္းထဲမွာ ပါဝင္ခဲ့ပါတယ္။ ဂ်ာမန္ကြင္းလယ္ၾကယ္ပြင့္ဆီက အလြန္ေကာင္းမြန္တဲ့ ကစားပုံျဖစ္ခဲ့ၿပီး ပင္နယ္တီဧရိယာအျပင္ဘက္ကေန ေဘာလုံးရယူၿပီးေနာက္ ဘန္ေလေနာက္ခံလူကို ေက်ာ္ျဖတ္ၿပီး ဂိုးသမား ဘယ္လိုမွ မကာကြယ္ႏိုင္ေအာင္ ေအးေအးေဆးေဆးကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ ဟာဗတ္ဇ္ရဲ႕သြင္းဂိုးေၾကာင့္ အာဆင္နယ္အသင္းဟာ သမိုင္းတေလွ်ာက္ အေဝးကြင္းမွာ ၂ ပြဲဆက္တိုက္ ၅ ဂိုးအနည္းဆုံးသြင္းယူႏိုင္ခဲ့ၿပီျဖစ္ၿပီး ပိုၿပီးအေရးႀကီးတာက အႏိုင္ ၃ မွတ္ရယူႏိုင္ခဲ့လို႔ အမွတ္ေပးဇယားထိပ္ဆုံးက လီဗာပူးလ္ကို ဖိအားဆက္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet