ဂန်းနားဂန္တဝင်လက်သစ် ဖြစ်လာချင်လို့ အင်္ဂလန်ပြောင်းလာချင်နေတဲ့ အမ်ဘာပေ 644 417 coyg

ဂန်းနားဂန္တဝင်လက်သစ် ဖြစ်လာချင်လို့ အင်္ဂလန်ပြောင်းလာချင်နေတဲ့ အမ်ဘာပေ

ခီလီယန် အမ်ဘာပေဟာ သူ့ရဲ့ သူရဲကောင်းဖြစ်တဲ့ သီယာရီ အွန်နရီရဲ့ ခြေရာအတိုင်း လိုက်နင်းနိုင်ဖို့ အာဆင်နယ်ကို ပြောင်းရွှေ့ချင်တဲ့ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

အာဆင်နယ်ဟာ ပီအက်စ်ဂျီကနေ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ ကြီးမားတဲ့ အတားအဆီးကြီးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အသက် ၂၅ နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူးအတွက် သဘောတူညီမှုရရှိဖို့ နည်းလမ်းကို ရှာဖွေခဲ့ပါတယ်။

အမ်ဘာပေဟာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ယူဆခြင်းခံခဲ့ရသူဖြစ်ပြီး စိန်ခေါ်မှုအသစ်တွေ ရှာဖွေချင်နေပြီး စပိန်လာလီဂါထိပ်သီးအသင်းကြီးကို ပြောင်းဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာကြာခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကစားသမားနဲ့ သူ့ရဲ့ အေးဂျင့်က ရီးရဲလ်မက်ဒရစ်ရဲ့ လက်ရှိ ကမ်းလှမ်းမှုကို စိတ်ကျေနပ်မှုမရှိဘဲ ယခုနွေရာသီမှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် အမ်ဘာပေအတွက် အချိန်က နည်းပါးနေပြီဖြစ်ပါတယ်။

လာလီဂါထိပ်သီးအသင်းကြီးဟာ အမ်ဘာပေအတွက် ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်လက်လုပ်ဆောင်နေပေမယ့်လည်း လစာကိစ္စနဲ့ပတ်သက်ပြီး သဘောတူညီမှုမရ ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီကလည်း အမ်ဘာပေသာ ပဲရစ်မှာ ဆက်နေချင်တယ်ဆိုရင် ဆက်နေနိုင်တယ်လို့ ကမ်းလှမ်းမှု ပြုလုပ်ထားပေမယ့်လည်း လိုချင်တဲ့လစာရမှ အသင်းမှာ ဆက်နေမှာဖြစ်လို့ အသင်းကနေ ထွက်ခွာလိမ့်မယ်လို့ မျှော်မှန်းထားကြပါတယ်။

အမ်ဘာပေကို စိတ်ဝင်စားမှုက ပိုမိုကျယ်ပြန့်လာချိန်မှာ အာဆင်နယ်ကလည်း ကမ္ဘာ့ဖလားချန်ပီယံနဲ့ သတင်းထွက်နေတဲ့အသင်းတွေထဲက တစ်သင်းဖြစ်ပြီး The Independent သတင်းအရ အမ်ဘာပေဟာ ၎င်းရဲ့အကြီးမားဆုံးသူရဲကောင်းဖြစ်တဲ့ ပြင်သစ်ဂန္တဝင် သီယာရီ အွန်နရီရဲ့ ကစားသမားဘဝအတိုင်း တထပ်တည်းလိုက်ပြီး ခြေရာနင်းနိုင်မယ့်အခွင့်အရေးလို့ မြင်နေတာကြောင့် ဂန်းနားတွေဆီကို ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။

အာဆင်နယ်ပရိသတ်တွေအတွက် သတင်းဆိုးကတော့ အာတီတာနဲ့ အီဒူးတို့ဟာ အမ်ဘာပေကို ခေါ်ယူဖို့အတွက် လစာပေးချေမှုပုံစံကို မချိုးဖောက်ချင်ကြတာဖြစ်ပြီး ပြင်သစ်တိုက်စစ်မှူးအနေနဲ့ ပြောင်းလာချင်သပဆိုရင် လစာတောင်းဆိုမှုကို လျှော့ချပေးရမယ့်အခြေအနေဖြစ်ပါတယ်။

အာဆင်နယ်ဟာ ၂၀၁၆-၂၀၁၇ ရာသီ မိုနာကို ပထမအသင်းအတွက် အမ်ဘာပေ ပွဲဦးထွက်ရာသီမှာ ခြေစွမ်းပြသနိုင်ခဲ့ပြီးကတည်းက ခေါ်ယူဖို့ သတင်းထွက်ခဲ့တဲ့ အသင်းတွေထဲက တစ်သင်းဖြစ်ခဲ့ပြီး ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖို့ ရွေးချယ်သွားခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: ခီလီယန္ အမ္ဘာေပဟာ သူ႔ရဲ႕ သူရဲေကာင္းျဖစ္တဲ့ သီယာရီ အြန္နရီရဲ႕ ေျခရာအတိုင္း လိုက္နင္းႏိုင္ဖို႔ အာဆင္နယ္ကို ေျပာင္းေ႐ႊ႕ခ်င္တဲ့ဆႏၵရွိေနတယ္လို႔ သိရပါတယ္။

အာဆင္နယ္ဟာ ပီအက္စ္ဂ်ီကေန ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေ႐ႊ႕ဖို႔ ႀကီးမားတဲ့ အတားအဆီးႀကီးနဲ႔ ရင္ဆိုင္ခဲ့ရတဲ့ အသက္ ၂၅ ႏွစ္အ႐ြယ္ ျပင္သစ္တိုက္စစ္မႉးအတြက္ သေဘာတူညီမႈရရွိဖို႔ နည္းလမ္းကို ရွာေဖြခဲ့ပါတယ္။

အမ္ဘာေပဟာ ကမာၻ႔အေကာင္းဆုံးတိုက္စစ္မႉးေတြထဲက တစ္ဦးအျဖစ္ က်ယ္က်ယ္ျပန႔္ျပန႔္ ယူဆျခင္းခံခဲ့ရသူျဖစ္ၿပီး စိန္ေခၚမႈအသစ္ေတြ ရွာေဖြခ်င္ေနၿပီး စပိန္လာလီဂါထိပ္သီးအသင္းႀကီးကို ေျပာင္းဖို႔ သတင္းေတြ ထြက္ေပၚေနခဲ့တာၾကာခဲ့ၿပီ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ကစားသမားနဲ႔ သူ႔ရဲ႕ ေအးဂ်င့္က ရီးရဲလ္မက္ဒရစ္ရဲ႕ လက္ရွိ ကမ္းလွမ္းမႈကို စိတ္ေက်နပ္မႈမရွိဘဲ ယခုေႏြရာသီမွာ ပီအက္စ္ဂ်ီနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္ အမ္ဘာေပအတြက္ အခ်ိန္က နည္းပါးေနၿပီျဖစ္ပါတယ္။

လာလီဂါထိပ္သီးအသင္းႀကီးဟာ အမ္ဘာေပအတြက္ ေဆြးေႏြးညႇိႏႈိင္းမႈေတြ ဆက္လက္လုပ္ေဆာင္ေနေပမယ့္လည္း လစာကိစၥနဲ႔ပတ္သက္ၿပီး သေဘာတူညီမႈမရ ျဖစ္ေနခဲ့တာ ျဖစ္ပါတယ္။

ပီအက္စ္ဂ်ီကလည္း အမ္ဘာေပသာ ပဲရစ္မွာ ဆက္ေနခ်င္တယ္ဆိုရင္ ဆက္ေနႏိုင္တယ္လို႔ ကမ္းလွမ္းမႈ ျပဳလုပ္ထားေပမယ့္လည္း လိုခ်င္တဲ့လစာရမွ အသင္းမွာ ဆက္ေနမွာျဖစ္လို႔ အသင္းကေန ထြက္ခြာလိမ့္မယ္လို႔ ေမွ်ာ္မွန္းထားၾကပါတယ္။

အမ္ဘာေပကို စိတ္ဝင္စားမႈက ပိုမိုက်ယ္ျပန႔္လာခ်ိန္မွာ အာဆင္နယ္ကလည္း ကမာၻ႔ဖလားခ်န္ပီယံနဲ႔ သတင္းထြက္ေနတဲ့အသင္းေတြထဲက တစ္သင္းျဖစ္ၿပီး The Independent သတင္းအရ အမ္ဘာေပဟာ ၎ရဲ႕အႀကီးမားဆုံးသူရဲေကာင္းျဖစ္တဲ့ ျပင္သစ္ဂႏၲဝင္ သီယာရီ အြန္နရီရဲ႕ ကစားသမားဘဝအတိုင္း တထပ္တည္းလိုက္ၿပီး ေျခရာနင္းႏိုင္မယ့္အခြင့္အေရးလို႔ ျမင္ေနတာေၾကာင့္ ဂန္းနားေတြဆီကို ေျပာင္းေ႐ႊ႕ခ်င္ေနတယ္လို႔ သိရပါတယ္။

အာဆင္နယ္ပရိသတ္ေတြအတြက္ သတင္းဆိုးကေတာ့ အာတီတာနဲ႔ အီဒူးတို႔ဟာ အမ္ဘာေပကို ေခၚယူဖို႔အတြက္ လစာေပးေခ်မႈပုံစံကို မခ်ိဳးေဖာက္ခ်င္ၾကတာျဖစ္ၿပီး ျပင္သစ္တိုက္စစ္မႉးအေနနဲ႔ ေျပာင္းလာခ်င္သပဆိုရင္ လစာေတာင္းဆိုမႈကို ေလွ်ာ့ခ်ေပးရမယ့္အေျခအေနျဖစ္ပါတယ္။

အာဆင္နယ္ဟာ ၂၀၁၆-၂၀၁၇ ရာသီ မိုနာကို ပထမအသင္းအတြက္ အမ္ဘာေပ ပြဲဦးထြက္ရာသီမွာ ေျခစြမ္းျပသႏိုင္ခဲ့ၿပီးကတည္းက ေခၚယူဖို႔ သတင္းထြက္ခဲ့တဲ့ အသင္းေတြထဲက တစ္သင္းျဖစ္ခဲ့ၿပီး ပီအက္စ္ဂ်ီကို ေျပာင္းေ႐ႊ႕ဖို႔ ေ႐ြးခ်ယ္သြားခဲ့တာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet