ဝက်စ်ဟမ်းနဲ့ပွဲမှာ ပရီးမီးယားလိဂ်စံချိန်ချိုးခဲ့တဲ့ အော်ဒီဂွါဒ် 640 480 coyg

ဝက်စ်ဟမ်းနဲ့ပွဲမှာ ပရီးမီးယားလိဂ်စံချိန်ချိုးခဲ့တဲ့ အော်ဒီဂွါဒ်

အာဆင်နယ်အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်ဟာ တနင်္ဂနွေနေ့ညက လန်ဒန်ကွင်းမှာ ဝက်စ်ဟမ်းကို ၆-၀ နဲ့ အနိုင်ရအောင် ကူညီပေးနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။

အမှတ်ပေးဇယားဦးဆောင်သူ လီဗာပူးလ်ကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ အာတီတာရဲ့အသင်းဟာ ဝက်စ်ဟမ်းနဲ့ပွဲမှာ ပထမပိုင်းအပြီးမှာပဲ ၄-၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပြီး အော်ဒီဂွါဒ်က ထရော့ဆာ့ဒ်ရဲ့ စတုတ္ထမြောက်ဂိုးကို ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။

အော်ဒီဂွါဒ်ဟာ ပြီးတဲ့နောက် ဘူကာယို ဆာကာရဲ့ ဒုတိယမြောက် သွင်းဂိုးကို ဖန်တီးပေးခဲ့တာဖြစ်ပြီး ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ဟောင်း ဒီကလန် ရိုက်က အလွန်ကောင်းမွန်တဲ့ ကန်ချက်နဲ့အတူ ဆဌမမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဆာကာဟာ ပွဲစဉ်တလျှောက် အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပေမယ့်လည်း အော်ဒီဂွါဒ်က ဂန်းနားတွေရဲ့ အကြီးမားဆုံး ပရီးမီးယားလိဂ်အဝေးကွင်းနိုင်ပွဲမှာ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့တာဖြစ်ပါတယ်။

အော်ဒီဂွါဒ်ဟာ ပရီးမီးယားလိဂ်မှာ ၂၀၀၃-၂၀၀၄ ခုနစ်နောက်ပိုင်း တစ်ပွဲအတွင်းမှာ ဘောလုံးပေးပို့မှု ၁၀၀ ကျော်(၁၀၇ ကြိမ်)၊ အနည်းဆုံး ဂိုးဖန်တီးမှု ၅ ကြိမ်(၇ ကြိမ်)၊ ဂိုးဖန်တီးမှု ၂ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။

အော်ဒီဂွါဒ်ဟာ အသင်းရဲ့ အထင်ကြီးဖွယ်စွမ်းဆောင်ရည်ကို အပြည့်အဝ ချီးကျူးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီရာသီ ပွဲ ၃၀ မှာ သွင်းဂိုး ၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္အသင္းေခါင္းေဆာင္ မာတင္ ေအာ္ဒီဂြါဒ္ဟာ တနဂၤေႏြေန႔ညက လန္ဒန္ကြင္းမွာ ဝက္စ္ဟမ္းကို ၆-၀ နဲ႔ အႏိုင္ရေအာင္ ကူညီေပးႏိုင္ခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့ပါတယ္။

အမွတ္ေပးဇယားဦးေဆာင္သူ လီဗာပူးလ္ကို ၃-၁ နဲ႔ အႏိုင္ရခဲ့တဲ့ ပြဲစဥ္အၿပီးမွာ အာတီတာရဲ႕အသင္းဟာ ဝက္စ္ဟမ္းနဲ႔ပြဲမွာ ပထမပိုင္းအၿပီးမွာပဲ ၄-၀ နဲ႔ ဦးေဆာင္ထားႏိုင္ခဲ့တာျဖစ္ၿပီး ေအာ္ဒီဂြါဒ္က ထေရာ့ဆာ့ဒ္ရဲ႕ စတုတၳေျမာက္ဂိုးကို ဖန္တီးေပးခဲ့တာ ျဖစ္ပါတယ္။

ေအာ္ဒီဂြါဒ္ဟာ ၿပီးတဲ့ေနာက္ ဘူကာယို ဆာကာရဲ႕ ဒုတိယေျမာက္ သြင္းဂိုးကို ဖန္တီးေပးခဲ့တာျဖစ္ၿပီး ဝက္စ္ဟမ္းအသင္းေခါင္းေဆာင္ေဟာင္း ဒီကလန္ ႐ိုက္က အလြန္ေကာင္းမြန္တဲ့ ကန္ခ်က္နဲ႔အတူ ဆဌမေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ဆာကာဟာ ပြဲစဥ္တေလွ်ာက္ အေကာင္းဆုံးကစားသမားအျဖစ္ သတ္မွတ္ျခင္းခံခဲ့ရေပမယ့္လည္း ေအာ္ဒီဂြါဒ္က ဂန္းနားေတြရဲ႕ အႀကီးမားဆုံး ပရီးမီးယားလိဂ္အေဝးကြင္းႏိုင္ပြဲမွာ အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္ခဲ့တာျဖစ္ပါတယ္။

ေအာ္ဒီဂြါဒ္ဟာ ပရီးမီးယားလိဂ္မွာ ၂၀၀၃-၂၀၀၄ ခုနစ္ေနာက္ပိုင္း တစ္ပြဲအတြင္းမွာ ေဘာလုံးေပးပို႔မႈ ၁၀၀ ေက်ာ္(၁၀၇ ႀကိမ္)၊ အနည္းဆုံး ဂိုးဖန္တီးမႈ ၅ ႀကိမ္(၇ ႀကိမ္)၊ ဂိုးဖန္တီးမႈ ၂ ႀကိမ္အထိ ျပဳလုပ္ေပးႏိုင္ခဲ့တဲ့ ပထမဆုံး ကစားသမားျဖစ္လာခဲ့တာျဖစ္ပါတယ္။

ေအာ္ဒီဂြါဒ္ဟာ အသင္းရဲ႕ အထင္ႀကီးဖြယ္စြမ္းေဆာင္ရည္ကို အျပည့္အဝ ခ်ီးက်ဴးမႈေတြ ျပဳလုပ္ခဲ့တာျဖစ္ၿပီး ဒီရာသီ ပြဲ ၃၀ မွာ သြင္းဂိုး ၇ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၆ ႀကိမ္အထိ ျပဳလုပ္ထားႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet