ပိုစတီကိုဂလူမလုပ်မယ့်အရာကို အာတီတာလုပ်ခဲ့တာဆိုတဲ့ ဆပ်တန် 1024 683 coyg

ပိုစတီကိုဂလူမလုပ်မယ့်အရာကို အာတီတာလုပ်ခဲ့တာဆိုတဲ့ ဆပ်တန်

အာဆင်နယ်ဟာ တနင်္ဂနွေနေ့ညက အမ်းမရိတ်စ်မှာ လီဗာပူးလ်ကို ၃-၁ နဲ့ အနိုင်ရရှိခဲ့ပေမယ့်လည်း ပွဲအပြီးမှာ စွမ်းဆောင်ရည်ကြောင့်မဟုတ်ဘဲ အခြားကိစ္စကြောင့် သတင်းခေါင်းစည်းတွေမှာ နေရာယူခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ အာဆင်နယ်ရဲ့ လီဗာပူးလ်နဲ့ ပွဲက ထူးခြားဆန်းကြယ်တဲ့ စွမ်းဆောင်ရည်အကြောင်းကို လူပြောမများခဲ့ကြဘဲ အာတီတာနဲ့ ဂန်းနားတွေ အလွန်အကျွံ အောင်ပွဲခံခဲ့တဲ့အကြောင်းကိုသာ ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။

ခရစ္စ ဆပ်တန်က အာတီတာရဲ့ အောင်ပွဲခံပုံနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ရာမှာ စပါးစ်နည်းပြ အန်ဂီ ပိုစတီကိုဂလူဆိုရင် ဆုဖလားရရင်တောင် ဒီလိုပုံစံမျိုးနဲ့ အောင်ပွဲခံမှာမဟုတ်ဘူးလို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“စပါးစ်သာ အာဆင်နယ်နေရာမှာဆိုရင် ခင်ဗျား ဘာလုပ်မလဲ ခရစ္စ။ သူတို့နဲ့အတူ ခင်ဗျား အောင်ပွဲခံမှာလား။”လို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာ ဆပ်တန်က “အောင်မလေးဗျာ ခင်ဗျား ဒီလိုမျိုး ပိုစတီကိုဂလူအောင်ပွဲခံတာ မြင်ဖူးသလား။ သူက တော်တော်လေးကို ထိန်းချုပ်နိုင်စွမ်းရှိတယ်။ လက်သီးထိုးချက် တစ်ချက်၊ ၂ ချက်လောက်ပဲ အောင်ပွဲခံရင် အရမ်းကောင်းမှာပါ။ ဒီလိုအောင်ပွဲခံတာမျိုးကတော့ အရမ်းလွန်လွန်းတယ်။ အဲဒါက အလွန်အကျွံ အောင်ပွဲခံတာလို့ ကျွန်တော် ထင်တယ်။ ခင်ဗျားက မသိရင် ဖလားရသွားသလိုမျိုးကို အောင်ပွဲခံနေတာပါ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

မီခေးလ် အာတီတာဟာ လီဗာပူးလ်ကို အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ စိတ်အားထက်သန်စွာ အောင်ပွဲခံခဲ့လို့ ဝေဖန်ပြစ်တင်မှုတွေ အများအပြား ခံခဲ့ရပြီး ဘာကြောင့် အောင်ပွဲခံတဲ့ကိစ္စကို ပုံကြီးချဲ့ပြီး အားလုံးက မေးခွန်းထုတ်နေကြတာလဲဆိုတာ မတွေးတတ်ပါဘူး။

ဘောလုံးဆိုတာဟာ ဒီလိုအခိုက်အတန့်တွေအတွက်ပဲ ရှိနေတာဖြစ်ပြီး ဒီလို ကြီးမားတဲ့ နိုင်ပွဲဟာ ပရိသတ်တွေအတွက်သာမကဘဲ ကစားသမားတွေနဲ့ နည်းပြတွေအတွက်ပါ ပျော်ရွှင်မြူးတူးသင့်တဲ့ အခိုက်အတန့်ဖြစ်ပါတယ်။

အာတီတာက အလွန်အကျွံအောင်ပွဲခံခဲ့တယ်ဆိုရင်လည်း မှားတယ်လို့ ပြောလို့မရဘဲ ဆုဖလားမရခဲ့ဘူးဆိုတာမှန်ပေမယ့်လည်း ဆုဖလားပြိုင်ပွဲအတွက် ကြီးမားတဲ့ အောင်ပွဲဖြစ်ခဲ့တာကြောင့် ဒီလိုမျိုး အောင်ပွဲခံမှုဟာ ပရိသတ်တွေနဲ့ ကစားသမားတွေကြား ပိုပြီး နီးကပ်သလို ခံစားခဲ့ရစေတာတော့ အမှန်ပဲ ဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ဟာ တနဂၤေႏြေန႔ညက အမ္းမရိတ္စ္မွာ လီဗာပူးလ္ကို ၃-၁ နဲ႔ အႏိုင္ရရွိခဲ့ေပမယ့္လည္း ပြဲအၿပီးမွာ စြမ္းေဆာင္ရည္ေၾကာင့္မဟုတ္ဘဲ အျခားကိစၥေၾကာင့္ သတင္းေခါင္းစည္းေတြမွာ ေနရာယူခဲ့တာျဖစ္ပါတယ္။

ပြဲအၿပီးမွာ အာဆင္နယ္ရဲ႕ လီဗာပူးလ္နဲ႔ ပြဲက ထူးျခားဆန္းၾကယ္တဲ့ စြမ္းေဆာင္ရည္အေၾကာင္းကို လူေျပာမမ်ားခဲ့ၾကဘဲ အာတီတာနဲ႔ ဂန္းနားေတြ အလြန္အကြၽံ ေအာင္ပြဲခံခဲ့တဲ့အေၾကာင္းကိုသာ ေျပာဆိုခဲ့ၾကတာျဖစ္ပါတယ္။

ခရစၥ ဆပ္တန္က အာတီတာရဲ႕ ေအာင္ပြဲခံပုံနဲ႔ပတ္သက္ၿပီး ေဆြးေႏြးခဲ့ရာမွာ စပါးစ္နည္းျပ အန္ဂီ ပိုစတီကိုဂလူဆိုရင္ ဆုဖလားရရင္ေတာင္ ဒီလိုပုံစံမ်ိဳးနဲ႔ ေအာင္ပြဲခံမွာမဟုတ္ဘူးလို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

“စပါးစ္သာ အာဆင္နယ္ေနရာမွာဆိုရင္ ခင္ဗ်ား ဘာလုပ္မလဲ ခရစၥ။ သူတို႔နဲ႔အတူ ခင္ဗ်ား ေအာင္ပြဲခံမွာလား။”လို႔ ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာ ဆပ္တန္က “ေအာင္မေလးဗ်ာ ခင္ဗ်ား ဒီလိုမ်ိဳး ပိုစတီကိုဂလူေအာင္ပြဲခံတာ ျမင္ဖူးသလား။ သူက ေတာ္ေတာ္ေလးကို ထိန္းခ်ဳပ္ႏိုင္စြမ္းရွိတယ္။ လက္သီးထိုးခ်က္ တစ္ခ်က္၊ ၂ ခ်က္ေလာက္ပဲ ေအာင္ပြဲခံရင္ အရမ္းေကာင္းမွာပါ။ ဒီလိုေအာင္ပြဲခံတာမ်ိဳးကေတာ့ အရမ္းလြန္လြန္းတယ္။ အဲဒါက အလြန္အကြၽံ ေအာင္ပြဲခံတာလို႔ ကြၽန္ေတာ္ ထင္တယ္။ ခင္ဗ်ားက မသိရင္ ဖလားရသြားသလိုမ်ိဳးကို ေအာင္ပြဲခံေနတာပါ”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

မီေခးလ္ အာတီတာဟာ လီဗာပူးလ္ကို အႏိုင္ရခဲ့တဲ့ပြဲအၿပီးမွာ စိတ္အားထက္သန္စြာ ေအာင္ပြဲခံခဲ့လို႔ ေဝဖန္ျပစ္တင္မႈေတြ အမ်ားအျပား ခံခဲ့ရၿပီး ဘာေၾကာင့္ ေအာင္ပြဲခံတဲ့ကိစၥကို ပုံႀကီးခ်ဲ႕ၿပီး အားလုံးက ေမးခြန္းထုတ္ေနၾကတာလဲဆိုတာ မေတြးတတ္ပါဘူး။

ေဘာလုံးဆိုတာဟာ ဒီလိုအခိုက္အတန႔္ေတြအတြက္ပဲ ရွိေနတာျဖစ္ၿပီး ဒီလို ႀကီးမားတဲ့ ႏိုင္ပြဲဟာ ပရိသတ္ေတြအတြက္သာမကဘဲ ကစားသမားေတြနဲ႔ နည္းျပေတြအတြက္ပါ ေပ်ာ္႐ႊင္ျမဴးတူးသင့္တဲ့ အခိုက္အတန႔္ျဖစ္ပါတယ္။

အာတီတာက အလြန္အကြၽံေအာင္ပြဲခံခဲ့တယ္ဆိုရင္လည္း မွားတယ္လို႔ ေျပာလို႔မရဘဲ ဆုဖလားမရခဲ့ဘူးဆိုတာမွန္ေပမယ့္လည္း ဆုဖလားၿပိဳင္ပြဲအတြက္ ႀကီးမားတဲ့ ေအာင္ပြဲျဖစ္ခဲ့တာေၾကာင့္ ဒီလိုမ်ိဳး ေအာင္ပြဲခံမႈဟာ ပရိသတ္ေတြနဲ႔ ကစားသမားေတြၾကား ပိုၿပီး နီးကပ္သလို ခံစားခဲ့ရေစတာေတာ့ အမွန္ပဲ ျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet