ဂျေးဇုကြံ့ခိုင်မှု၊ တိုက်စစ်မှူးမဝယ်ရတဲ့အကြောင်း၊ ပါတေးအခြေအနေ အပါအဝင် အာတီတာ ပြောခဲ့သမျှ
အာဆင်နယ်နည်းပြ အာတီတာဟာ လာမယ့် တနင်္ဂနွေနေ့ အမ်းမရိတ်စ်မှာ လီဗာပူးလ်နဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်မတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပရိသတ်တွေ သိလိုသမျှမေးခွန်းတွေကို ဖြေကြားခဲ့ပါတယ်။
မေး-လီဗာပူးလ်လိုမျိုး ပထမအသင်း ပွဲထွက်ခွင့်ပေးဖို့ အကယ်ဒမီမှာ လုံလောက်တဲ့ အရည်အသွေးရှိတဲ့ ကစားသမားတွေရှိလား။
ဖြေ-ဒီနေ့မှာတော့ ကျွန်တော်တို့ဆီမှာ ပထမအသင်း ပွဲထွက်ခွင့်ပေးဖို့ အဆင့်အတန်းမျိုးရှိတဲ့ ကစားသမားက သိပ်မရှိပါဘူး။
မေး-အကယ်ဒမီကစားသမားတွေကို အခွင့်အရေးပေးတာ ပိုပြီးမြင်ချင်လား။
ဖြေ-ကျွန်တော်တို့ အဲဒီလို ကျိန်းသေပေါက်လုပ်ချင်ပါတယ်။ ပထမဆုံးအနေနဲ့ ကျွန်တော်တို့ အဲဒီလို အရည်အချင်းမျိုးရှိတဲ့ကစားသမားတွေ မွေးထုတ်ရမှာဖြစ်ပြီး သူတို့တွေ အဲဒီကျရင် အခွင့်အရေးရမှာပါ။ ပြီးရင် ကျွန်တော်တို့ ဖြည့်ဖို့ လိုအပ်နေတဲ့ နေရာတွေမှာ အရည်အချင်းရှိတဲ့ ကစားသမားတွေ မွေးထုတ်ရမှာပါ။
မေး-ဆူဆာ ထွက်ခွာသွားတဲ့အပေါ်မှာ ဘယ်လိုမှတ်ချက်ပေးချင်လဲ။
ဖြေ- အဲဒါက အသင်းဆုံးဖြတ်ချက်ပါ။ သူက သူ့စာချုပ်နဲ့ပတ်သက်ပြီး တကယ်ကို ထူးခြားတဲ့အခြေအနေမှာ ရှိခဲ့တယ်။ အသင်းက အဲဒါက အကောင်းဆုံးဆုံးဖြတ်ချက်လို့ ဆုံးဖြတ်ခဲ့ပြီး အဲဒီဆုံးဖြတ်ချက်ကို ကျွန်တော် ထောက်ခံခဲ့ပါတယ်။
မေး- ပါတေးရော အခြေအနေဘယ်လိုရှိလဲ။
ဖြေ- ဟုတ်ပါတယ်။ ကြီးမားတဲ့ စိုးရိမ်စရာပါ။ ဘာလို့လဲဆိုတော့ သူက ကျွန်တော်တို့အတွက် အရမ်းအရေးကြီးတဲ့ကစားသမားဖြစ်နေပြီးတော့ သူ့ကို ဆုံးရှုံးခဲ့ရတာ အချိန်အနည်းငယ်ကြာနေပြီမို့လို့ပါ။အခုဆိုရင် သူမရှိဘဲ ကစားခဲ့ရတာ တော်တော်ကြာခဲ့ပါပြီ။ သူရခဲ့တဲ့ ဒဏ်ရာတွေက မတူညီတဲ့ ဒဏ်ရာအမျိုးအစားတွေပါ။ အရာအားလုံးက ကံဆိုးနေတာမဟုတ်ပါဘူး။ ဒါပေမယ့် ထိန်းချုပ်ဖို့ ခက်ခဲတဲ့ အရာတွေ အများကြီးရှိပါတယ်။ သူ အရင်တုန်းကတည်းက ပြဿနာရှိတဲ့ သမိုင်းရှိတဲ့ ကစားသမားပါ။ အဲဒီတော့ သူ့ကို ကျွန်တော်တို့ ကာကွယ်ရပါမယ်။
မေး-အာဆင်နယ်က ဘာလို့ တိုက်စစ်မှူးမခေါ်တာလဲ။
ဖြေ-ကျွန်တော်ကတော့ ဒီလိုပဲလို့ ထင်တယ်။ ကျွန်တော့်ကစားသမားတွေကို ချစ်တယ်။ မနက်ဖြန်မှာ ကျွန်တော်တို့ ဂိုးတွေ သွင်းယူပြီး ထိပ်ဆုံးမှာ ရှိနေမယ်လို့ ထင်တယ်။ သူတို့က ထိပ်ဆုံးမှာ ရှိနေတော့မှာပါ(ဝေ့လည်ကြောင်ပတ်ဖြေ)
မေး-ဝှိုက်နဲ့ ဇင်ချန်ကိုတို့ကိစ္စ ဘာထပ်ထူးသေးလဲ။
ဖြေ- ခင်ဗျား အရမ်းမခင်တဲ့သူနဲ့ စကားမများသင့်ဘူး။ စကားများရင် ဒီလိုဖြစ်မှာပဲ။ ဘာလို့လဲဆိုတော့ အရမ်းခင်တဲ့သူတွေလို ယုံကြည်မှုနဲ့ အပြန်အလှန်နားလည်မှုမရှိရင် ဒီလိုမျိုးပဲ တုံ့ပြန်မှာမို့လို့ပါ။
မေး- အသင်းသတင်းရော ဘာထူးသေးလဲ။
ဖြေ- ဂါဘီ(ဂျေးဇု) ကစားခဲ့ပြီး ကျွန်တော်တို့နဲ့ တစ်ပတ်လုံး လေ့ကျင့်ခဲ့တယ်။ သောမတ်စ်က ကံဆိုးစွာနဲ့ လွန်ခဲ့တဲ့ရက်အနည်းငယ်က ဒဏ်ရာနည်းနည်းရခဲ့တယ်။ သူက လူစာရင်းထဲ ပါနိုင်မှာမဟုတ်ဘူး။ အဲဒါက ရက်အနည်းငယ်လား ဒါမှမဟုတ် ရက်သတ္တပတ်အနည်းငယ်လားဆိုတာ ကျွန်တော်တို့ မသိဘူး။ သူက အရင်ဖြစ်ခဲ့တဲ့ နေရာမှာ တစ်ခုခုကို ခံစားခဲ့ရတယ်။ သူ ပြီးခဲ့တဲ့ရက်အနည်းငယ်ကတည်းက လေ့ကျင့်ရေးမဆင်းနိုင်ခဲ့တာပါ။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္နည္းျပ အာတီတာဟာ လာမယ့္ တနဂၤေႏြေန႔ အမ္းမရိတ္စ္မွာ လီဗာပူးလ္နဲ႔ ရင္ဆိုင္ရမယ့္ပြဲစဥ္မတိုင္ခင္ ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ ပရိသတ္ေတြ သိလိုသမွ်ေမးခြန္းေတြကို ေျဖၾကားခဲ့ပါတယ္။
ေမး-လီဗာပူးလ္လိုမ်ိဳး ပထမအသင္း ပြဲထြက္ခြင့္ေပးဖို႔ အကယ္ဒမီမွာ လုံေလာက္တဲ့ အရည္အေသြးရွိတဲ့ ကစားသမားေတြရွိလား။
ေျဖ-ဒီေန႔မွာေတာ့ ကြၽန္ေတာ္တို႔ဆီမွာ ပထမအသင္း ပြဲထြက္ခြင့္ေပးဖို႔ အဆင့္အတန္းမ်ိဳးရွိတဲ့ ကစားသမားက သိပ္မရွိပါဘူး။
ေမး-အကယ္ဒမီကစားသမားေတြကို အခြင့္အေရးေပးတာ ပိုၿပီးျမင္ခ်င္လား။
ေျဖ-ကြၽန္ေတာ္တို႔ အဲဒီလို က်ိန္းေသေပါက္လုပ္ခ်င္ပါတယ္။ ပထမဆုံးအေနနဲ႔ ကြၽန္ေတာ္တို႔ အဲဒီလို အရည္အခ်င္းမ်ိဳးရွိတဲ့ကစားသမားေတြ ေမြးထုတ္ရမွာျဖစ္ၿပီး သူတို႔ေတြ အဲဒီက်ရင္ အခြင့္အေရးရမွာပါ။ ၿပီးရင္ ကြၽန္ေတာ္တို႔ ျဖည့္ဖို႔ လိုအပ္ေနတဲ့ ေနရာေတြမွာ အရည္အခ်င္းရွိတဲ့ ကစားသမားေတြ ေမြးထုတ္ရမွာပါ။
ေမး-ဆူဆာ ထြက္ခြာသြားတဲ့အေပၚမွာ ဘယ္လိုမွတ္ခ်က္ေပးခ်င္လဲ။
ေျဖ- အဲဒါက အသင္းဆုံးျဖတ္ခ်က္ပါ။ သူက သူ႔စာခ်ဳပ္နဲ႔ပတ္သက္ၿပီး တကယ္ကို ထူးျခားတဲ့အေျခအေနမွာ ရွိခဲ့တယ္။ အသင္းက အဲဒါက အေကာင္းဆုံးဆုံးျဖတ္ခ်က္လို႔ ဆုံးျဖတ္ခဲ့ၿပီး အဲဒီဆုံးျဖတ္ခ်က္ကို ကြၽန္ေတာ္ ေထာက္ခံခဲ့ပါတယ္။
ေမး- ပါေတးေရာ အေျခအေနဘယ္လိုရွိလဲ။
ေျဖ- ဟုတ္ပါတယ္။ ႀကီးမားတဲ့ စိုးရိမ္စရာပါ။ ဘာလို႔လဲဆိုေတာ့ သူက ကြၽန္ေတာ္တို႔အတြက္ အရမ္းအေရးႀကီးတဲ့ကစားသမားျဖစ္ေနၿပီးေတာ့ သူ႔ကို ဆုံးရႈံးခဲ့ရတာ အခ်ိန္အနည္းငယ္ၾကာေနၿပီမို႔လို႔ပါ။အခုဆိုရင္ သူမရွိဘဲ ကစားခဲ့ရတာ ေတာ္ေတာ္ၾကာခဲ့ပါၿပီ။ သူရခဲ့တဲ့ ဒဏ္ရာေတြက မတူညီတဲ့ ဒဏ္ရာအမ်ိဳးအစားေတြပါ။ အရာအားလုံးက ကံဆိုးေနတာမဟုတ္ပါဘူး။ ဒါေပမယ့္ ထိန္းခ်ဳပ္ဖို႔ ခက္ခဲတဲ့ အရာေတြ အမ်ားႀကီးရွိပါတယ္။ သူ အရင္တုန္းကတည္းက ျပႆနာရွိတဲ့ သမိုင္းရွိတဲ့ ကစားသမားပါ။ အဲဒီေတာ့ သူ႔ကို ကြၽန္ေတာ္တို႔ ကာကြယ္ရပါမယ္။
ေမး-အာဆင္နယ္က ဘာလို႔ တိုက္စစ္မႉးမေခၚတာလဲ။
ေျဖ-ကြၽန္ေတာ္ကေတာ့ ဒီလိုပဲလို႔ ထင္တယ္။ ကြၽန္ေတာ့္ကစားသမားေတြကို ခ်စ္တယ္။ မနက္ျဖန္မွာ ကြၽန္ေတာ္တို႔ ဂိုးေတြ သြင္းယူၿပီး ထိပ္ဆုံးမွာ ရွိေနမယ္လို႔ ထင္တယ္။ သူတို႔က ထိပ္ဆုံးမွာ ရွိေနေတာ့မွာပါ(ေဝ့လည္ေၾကာင္ပတ္ေျဖ)
ေမး-ဝႈိက္နဲ႔ ဇင္ခ်န္ကိုတို႔ကိစၥ ဘာထပ္ထူးေသးလဲ။
ေျဖ- ခင္ဗ်ား အရမ္းမခင္တဲ့သူနဲ႔ စကားမမ်ားသင့္ဘူး။ စကားမ်ားရင္ ဒီလိုျဖစ္မွာပဲ။ ဘာလို႔လဲဆိုေတာ့ အရမ္းခင္တဲ့သူေတြလို ယုံၾကည္မႈနဲ႔ အျပန္အလွန္နားလည္မႈမရွိရင္ ဒီလိုမ်ိဳးပဲ တုံ႔ျပန္မွာမို႔လို႔ပါ။
ေမး- အသင္းသတင္းေရာ ဘာထူးေသးလဲ။
ေျဖ- ဂါဘီ(ေဂ်းဇု) ကစားခဲ့ၿပီး ကြၽန္ေတာ္တို႔နဲ႔ တစ္ပတ္လုံး ေလ့က်င့္ခဲ့တယ္။ ေသာမတ္စ္က ကံဆိုးစြာနဲ႔ လြန္ခဲ့တဲ့ရက္အနည္းငယ္က ဒဏ္ရာနည္းနည္းရခဲ့တယ္။ သူက လူစာရင္းထဲ ပါႏိုင္မွာမဟုတ္ဘူး။ အဲဒါက ရက္အနည္းငယ္လား ဒါမွမဟုတ္ ရက္သတၱပတ္အနည္းငယ္လားဆိုတာ ကြၽန္ေတာ္တို႔ မသိဘူး။ သူက အရင္ျဖစ္ခဲ့တဲ့ ေနရာမွာ တစ္ခုခုကို ခံစားခဲ့ရတယ္။ သူ ၿပီးခဲ့တဲ့ရက္အနည္းငယ္ကတည္းက ေလ့က်င့္ေရးမဆင္းႏိုင္ခဲ့တာပါ။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News