စျေးကွက်နောက်ဆုံးနေ့မှာ သဘောတူညီမှု ၃ ခုအပြီးသတ်ဖို့ လုပ်ဆောင်နေတဲ့ အာဆင်နယ်
အာဆင်နယ်နောက်ခံလူ လီနို ဆူဆာဟာ အပြောင်းအရွှေ့စျေးကွက် နောက်ဆုံးနေ့မှာ အက်စတန် ဗီလာကို ပြောင်းရွှေ့လိမ့်မယ်လို့ မျှော်မှန်းခြင်း ခံထားရပါတယ်။
အသက် ၁၉ နှစ်အရွယ်ကစားသမားဟာ ချန်ပီယံရှစ်ကလပ် ပလိုင်းမောက် အာဂျိုင်းကို အငှားနဲ့ သွားမကစားမီ အက်စတန် ဗီလာနဲ့ ၄ နှစ်ခွဲ စာချုပ် ချုပ်ဆိုဖို့ စီစဉ်ထားတာဖြစ်ပြီး ဆူဆာဟာ စျေးကွက်နောက်ဆုံးနေ့မှာ ဂန်းနားတွေကို အပြီးသတ်ရော အငှားနဲ့ပါ စွန့်ခွာမယ့် အကယ်ဒမီကစားသမားတွေထဲ့ တစ်ဦးဖြစ်ပါတယ်။
တောင်ပံကစားသမား ချားလ်စ် ဆာဂိုးဂျူနီယာကလည်း ဆွမ်ဆီးစီးတီးက အငှားနဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားခံနေရပြီး အသက် ၁၉ နှစ်အရွယကစားသမားဟာ ယခုရာသီမှာ အာဆင်နယ်အတွက် ပထမအသင်းပွဲဦးထွက်ခွင့်ရခဲ့သူဖြစ်ပြီး စက်တင်ဘာလက ဘရန့်တ်ဖို့ဒ်နဲ့ ကစားခဲ့တဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာ လူစားဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။
ဆာဂိုးဟာ ချာလီ ပါတီနိုနဲ့ ဝေးလ်စ်တောင်ပိုင်းမှာ ပြန်လည်ဆုံတွေ့သွားမှာဖြစ်ပြီး တစ်ဆက်တည်းမှာပဲ ပြီးခဲ့တဲ့ရာသီ အက်ဖ်အေလူငယ်ဖလားဗိုလ်လုပွဲမှာ အာဆင်နယ်ကို အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ခဲ့တဲ့ ကွင်းလယ်လူ ဘရက်ဒ်လီ အီဘရာဟင်ကလည်း ယနေ့မှာ ဟာသာဘာလင်ကို ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။
အင်္ဂလန်လူငယ်ကွင်းလယ်ကစားသမားဟာ ယခုရာသီမှာ အာဆင်နယ်ပထမအသင်းအတွက် အရန်ခုံကနေ လူစားဝင်ကစားပေးခဲ့ပြီး နိုဝင်ဘာလက ဘန်လေကို အိမ်ကွင်းမှာ ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဖြစ်ပါတယ်။
ယနေ့မှာ အာဆင်နယ်ကို စွန့်ခွာနိုင်မှာမဟုတ်တဲ့ အကယ်ဒမီကစားသမား ၂ ဦးကတော့ ကိုဇီယာ-ဒူးဘယ်ရီနဲ့ ရူရယ် ဝယ်လ်တာစ်တို့ ဖြစ်ပြီး ဆူဆာလိုပဲ စာချုပ်သက်တမ်း ၆ လသာ ကျန်တော့ပေမယ့် အာဆင်နယ်က အသင်းမှာ ဆက်လက်ထိန်းသိမ်းထားချင်နေတာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ဒီလူငယ်ကြယ်ပွင့်တွေ အသင်းမှာ ဆက်နေမယ်လို့ မျှော်လင့်ထားပြီး စာချုပ်သစ်အတွက် ပြောဆိုဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်သွားဖို့ စီစဉ်ထားပေမယ့်လည်း ဝယ်လ်တာစ်ကတော့ ဆုံးဖြတ်ချက်မချမီ မေလအထိ စောင့်ဆိုင်းသွားချင်နေတာ ဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္ေနာက္ခံလူ လီႏို ဆူဆာဟာ အေျပာင္းအေ႐ႊ႕ေစ်းကြက္ ေနာက္ဆုံးေန႔မွာ အက္စတန္ ဗီလာကို ေျပာင္းေ႐ႊ႕လိမ့္မယ္လို႔ ေမွ်ာ္မွန္းျခင္း ခံထားရပါတယ္။
အသက္ ၁၉ ႏွစ္အ႐ြယ္ကစားသမားဟာ ခ်န္ပီယံရွစ္ကလပ္ ပလိုင္းေမာက္ အာဂ်ိဳင္းကို အငွားနဲ႔ သြားမကစားမီ အက္စတန္ ဗီလာနဲ႔ ၄ ႏွစ္ခြဲ စာခ်ဳပ္ ခ်ဳပ္ဆိုဖို႔ စီစဥ္ထားတာျဖစ္ၿပီး ဆူဆာဟာ ေစ်းကြက္ေနာက္ဆုံးေန႔မွာ ဂန္းနားေတြကို အၿပီးသတ္ေရာ အငွားနဲ႔ပါ စြန႔္ခြာမယ့္ အကယ္ဒမီကစားသမားေတြထဲ့ တစ္ဦးျဖစ္ပါတယ္။
ေတာင္ပံကစားသမား ခ်ားလ္စ္ ဆာဂိုးဂ်ဴနီယာကလည္း ဆြမ္ဆီးစီးတီးက အငွားနဲ႔ ေခၚယူဖို႔ ပစ္မွတ္ထားခံေနရၿပီး အသက္ ၁၉ ႏွစ္အ႐ြယကစားသမားဟာ ယခုရာသီမွာ အာဆင္နယ္အတြက္ ပထမအသင္းပြဲဦးထြက္ခြင့္ရခဲ့သူျဖစ္ၿပီး စက္တင္ဘာလက ဘရန႔္တ္ဖို႔ဒ္နဲ႔ ကစားခဲ့တဲ့ ကာရာေဘာင္းဖလားပြဲစဥ္မွာ လူစားဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။
ဆာဂိုးဟာ ခ်ာလီ ပါတီႏိုနဲ႔ ေဝးလ္စ္ေတာင္ပိုင္းမွာ ျပန္လည္ဆုံေတြ႕သြားမွာျဖစ္ၿပီး တစ္ဆက္တည္းမွာပဲ ၿပီးခဲ့တဲ့ရာသီ အက္ဖ္ေအလူငယ္ဖလားဗိုလ္လုပြဲမွာ အာဆင္နယ္ကို အသင္းေခါင္းေဆာင္အျဖစ္ ဦးေဆာင္ခဲ့တဲ့ ကြင္းလယ္လူ ဘရက္ဒ္လီ အီဘရာဟင္ကလည္း ယေန႔မွာ ဟာသာဘာလင္ကို ေျပာင္းေ႐ႊ႕သြားခဲ့ၿပီျဖစ္ပါတယ္။
အဂၤလန္လူငယ္ကြင္းလယ္ကစားသမားဟာ ယခုရာသီမွာ အာဆင္နယ္ပထမအသင္းအတြက္ အရန္ခုံကေန လူစားဝင္ကစားေပးခဲ့ၿပီး ႏိုဝင္ဘာလက ဘန္ေလကို အိမ္ကြင္းမွာ ၃-၁ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ ျဖစ္ပါတယ္။
ယေန႔မွာ အာဆင္နယ္ကို စြန႔္ခြာႏိုင္မွာမဟုတ္တဲ့ အကယ္ဒမီကစားသမား ၂ ဦးကေတာ့ ကိုဇီယာ-ဒူးဘယ္ရီနဲ႔ ႐ူရယ္ ဝယ္လ္တာစ္တို႔ ျဖစ္ၿပီး ဆူဆာလိုပဲ စာခ်ဳပ္သက္တမ္း ၆ လသာ က်န္ေတာ့ေပမယ့္ အာဆင္နယ္က အသင္းမွာ ဆက္လက္ထိန္းသိမ္းထားခ်င္ေနတာ ျဖစ္ပါတယ္။
အာဆင္နယ္ဟာ ဒီလူငယ္ၾကယ္ပြင့္ေတြ အသင္းမွာ ဆက္ေနမယ္လို႔ ေမွ်ာ္လင့္ထားၿပီး စာခ်ဳပ္သစ္အတြက္ ေျပာဆိုေဆြးေႏြးမႈေတြ ဆက္လက္ ျပဳလုပ္သြားဖို႔ စီစဥ္ထားေပမယ့္လည္း ဝယ္လ္တာစ္ကေတာ့ ဆုံးျဖတ္ခ်က္မခ်မီ ေမလအထိ ေစာင့္ဆိုင္းသြားခ်င္ေနတာ ျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News