နောက်ကျချေပဂိုးပေးခဲ့ရပြီး ရင်တထိတ်ထိတ်နဲ့အနိုင်ရခဲ့တဲ့ပွဲက ပြန်ပြောရမယ့်အချက်များ
အာဆင်နယ်ဟာ အင်္ဂါနေ့ညက နော်တင်ဟမ် ဖောရက်စ်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ၂ ပွဲဆက်နိုင်ပွဲနဲ့အတူ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးလ်နဲ့ ၂ မှတ်အကွာကို တက်လှမ်းနိုင်ခဲ့ပါတယ်။
အာတီတာရဲ့အသင်းဟာ ဖောရက်စ်ခံစစ်ကို ထိုးဖောက်ဖို့အတွက် ရုန်းကန်ခဲ့ရပေမယ့်လည်း ၆၅ မိနစ်မှာတော့ ဂါဘရီယဲလ် ဂျေးဇုရဲ့ ဂိုးအောက်ထောင့်ထဲကို အနိမ့်ဘောကန်ချက်နဲ့ ဂိုးစတင်ရရှိခဲ့တာဖြစ်ပါတယ်။
နောက်ထပ် ၇ မိနစ်အကြာမှာ ဂန်းနားတွေဟာ နောက်ထပ် ဦးဆောင်ဂိုးကို ထပ်မံ ရရှိခဲ့ပြီး ဘူကာယို ဆာကာက ကောင်းမွန်တဲ့ တန်ပြန်တိုက်စစ်ဆင်မှုကနေ အဆုံးသတ်သါင်းယူပေးခဲ့တာဖြစ်ပါတယ်။ အိမ်ရှင်တွေဟာ ပွဲကစားချိန်ပြီးဆုံးဖို့ ၁ မိနစ်အလိုမှာ လူစားဝင်ကစားသမား တိုင်ဝို အဝိုနီယီရဲ့ သွင်းဂိုးနဲ့ ချေပဂိုး သွင်းယူနိုင်ခဲ့ပေမယ့်လည်း ဂန်းနားတွေဆီကနေ သရေ ၁ မှတ်ရယူဖို့အတွက် အရမ်းနောက်ကျသွားခဲ့တာဖြစ်ပါတယ်။
၁။ အဖွင့်ဂိုးရှင် ဂျေးဇု
အင်္ဂါနေ့ ဖောရက်စ်နဲ့ပွဲမတိုင်ခင် ဂျေးဇုဟာ နောက်ဆုံး ၅ ပွဲစလုံးမှာ ဂိုးမသွင်းနိုင်ခဲ့ဘဲ ဒီဇင်ဘာလက ဘရိုက်တန်ကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲက နောက်ဆုံး ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘရာဇီးလ်တိုက်စစ်မှူးဟာ ဖောရက်စ်နဲ့ပွဲမှာ အသေးစား ဂိုးပေါက်ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဂျေးဇုဟာ ဒုတိယပိုင်း အစောပိုင်းမှာ အခွင့်အရေးကောင်းကို ဖြုန်းတီးပစ်ခဲ့ပြီး အော်ဒီဂွါဒ်ရဲ့ ပေးပို့မှုကနေတဆင့် ရရှိခဲ့တဲ့ဘောလုံးကို ကန်သွင်းမှုက ဂိုးတိုင်ကို ထိမှန်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂျေးဇုဟာ ပင်နယ်တီဧရိယာထဲမှာ မတ် တန်နာနဲ့ တစ်ဦးချင်း တွေ့ဆုံခဲ့ချိန်မှာတော့ ပေါင်ကြားထဲက ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
၂။ တောက်ပဖို့ အခွင့်အရေးရခဲ့တဲ့ စမစ် ရိုး
ခရစ္စတယ် ပဲလေ့စ်ကို ၅-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဂန်းနားတွေအတွက် အရန်ခုံကနေ ဝင်ကစားပြီး အထင်ကြီးဖွယ်ခြေစွမ်းပြသနိုင်ခဲ့ပြီးနောက် စမစ် ရိုးဟာ ဖောရက်စ်နဲ့ပွဲမှာ ဒုတိယမြောက် ပရီးမီးယားလိဂ်ပွဲထွက်ပါဝင်ကစားခွင့်ပေးခံခဲ့ရပါတယ်။ အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ ဒဏ်ရာတွေနဲ့ ကြံ့ခိုင်မှုပြဿနာတွေကြောင့် ရုန်းကန်ခဲ့ရတာကြောင့် ပုံမှန်ပွဲထွက်ခွင့်နေရာပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာတီတာက စမစ် ရိုးကို ရှားရှားပါးပါး ပွဲထွက်ခွင့်ပေးခဲ့ပြီး အင်္ဂလန်ကွင်းလယ်လူက အထင်ကြီးဖွယ်ခြေစွမ်းပြသခဲ့တာဖြစ်ပါတယ်။ ၁၄ မိနစ်မှာ စမစ် ရိုးဟာ ပင်နယ်တီဧရိယာထဲကို ပြေးဝင်ပြီး ဂိုးကန်သွင်းခဲ့ပေမယ့်လည်း ဖောရက်စ်နောက်ခံလူတွေနဲ့ထိပြီး ဂိုးတိုင်ဘေးကနေ ဝိုက်ထွက်သွားခဲ့တာဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာ စမစ် ရိုးဟာ အဝေးကန်ချက်နဲ့ ကန်သွင်းခဲ့ပေမယ့်လည်း တန်နာက လက်စွမ်းပြနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာတော့ ပွဲအပေါ် လွှမ်းမိုးနိုင်စွမ်းသိပ်မရှိခဲ့တာကြောင့် ၇၁ မိနစ်မှာ ဟာဗတ်ဇ်နဲ့ လူစားလဲခံခဲ့ရပါတယ်။
၃။ ပွဲထွက်လူစာရင်းထဲ ပြန်ပါလာတဲ့ မာတီနယ်လီ
ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ လူစားဝင်ကစားသမားအဖြစ် ၂ ဂိုးသွင်းယူခဲ့တဲ့ မာတီနယ်လီကို အာတီတာက ထရော့ဆာ့ဒ်ကို အရန်ခုံပို့ပြီး ပွဲထွက်လူစာရင်းထဲ ပြန်ထည့်ခဲ့ပါတယ်။ ပထမပိုင်းအတွင်း မာတီနယ်လီဟာ ပွဲအပေါ် အကျိုးသက်ရောက်မှု ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပေမယ့်လည်း ကောင်းမွန်တဲ့ ဘောလုံးထိန်းသိမ်းမှုအချို့ ပြုလုပ်နိုင်ခဲ့ပြီး ဂွန်ဇာလို မွန်တီရယ်ရဲ့ မျက်စိဒေါက်ထောက်ကြည့်ခြင်းခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း မာတီနယ်လီဟာ ဒုတိယပိုင်းပွဲကစားချိန် ကြာလာတာနဲ့အမျှ ကစားပုံပိုမိုကောင်းမွန်လာခဲ့ပြီး အသက် ၂၂ နှစ်အရွယ်ကစားသမားဟာ အန္တရာယ်ရှိတဲ့ ဖြတ်တင်ပေးပို့မှုအများအပြား ပြုလုပ်နိုင်ခဲ့ပါတယ်။ မာတီနယ်လီဟာ ဒီပွဲမှာ ဂိုးမသွင်းနိုင်သလို ဂိုးဖန်တီးမှုလည်းမပြုလုပ်နိုင်ခဲ့ပေမယ့်လည်း ထရော့ဆာ့ဒ်နဲ့ လူစားလဲမခံရခင်အထိ အပြုသဘောဆောင်တဲ့ စွမ်းဆောင်ရည်ပြသနိုင်ခဲ့တာဖြစ်ပါတယ်။
၄။ အထင်ကြီးဖွယ် စံချိန်ကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ ဆာကာ
ဘူကာယို ဆာကာဟာ အလွန်ကောင်းမွန်တဲ့ပွဲတစ်ပွဲကို ပိုင်ဆိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ တည်ငြိမ်တဲ့ အဆုံးသတ်နဲ့ ဂိုးတောင် သွင်းယူနိုင်ခဲ့သေးတာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ကွင်းလယ်ကနေ တိုက်စစ်ကို အကူးအပြောင်းမှာ ဂါဘရီယဲလ် ဂျေးဇုက ဘယ်တောင်ပံကနေ ဖြတ်တင်ပေးပို့လိုက်တဲ့ ဘောလုံးကို ဆာကာက ဂိုးညာဘက်အောက်ထောင့်ကို အလွန်ကောင်းမွန်တဲ့ကန်ချက်နဲ့ အဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။ ဒီသွင်းဂိုးကြောင့် ဆာကာဟာ အလက်ဆစ် ဆန်းချက်ဇ်နောက်ပိုင်း ၂ ရာသီဆက်တိုက် ပြိုင်ပွဲစုံမှာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု ၁၀ ကြိမ်နဲ့အထက် ပြုလုပ်နိုင်ခဲ့တဲ့ ပထမဆုံးဂန်းနားကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။
၅။ စီးတီးဂရောင်း ကျိန်စာဆိုးကို ချေဖျက်နိုင်ခဲ့တဲ့ အာဆင်နယ်
အာဆင်နယ်ဟာ အင်္ဂါနေ့ညပွဲစဉ်မကစားမီ စီးတီးဂရောင်းမှာ အကောင်းဆုံး မှတ်တမ်းတွေ ပိုင်ဆိုင်ခဲ့ခြင်းမရှိတာဖြစ်ပြီး နောက်ဆုံး လာရောက်ကစားခဲ့တဲ့ ၃ ပွဲစလုံးမှာ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းကလည်း ပရီးမီးယားလိဂ်ဖလားကို ရယူဖို့ ကြိုးပမ်းနေချိန်မှာ စီးတီးဂရောင်းက ၁-၀ နဲ့ ရှုံးပွဲကြောင့် ဆုဖလားမျှော်လင့်ချက် အဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂန်းနားတွေဟာ အင်္ဂါနေ့ညက ဖောရက်စ်အိမ်ကွင်းက ကျိန်စာဆိုးကို ချေဖျက်နိုင်ခဲ့ပြီး အဖိုးတန်အနိုင် ၃ မှတ်နဲ့အတူ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးလ်နဲ့ ၂ မှတ်အကွာကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္ဟာ အဂၤါေန႔ညက ေနာ္တင္ဟမ္ ေဖာရက္စ္ကို ၂-၁ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ ၂ ပြဲဆက္ႏိုင္ပြဲနဲ႔အတူ အမွတ္ေပးဇယားထိပ္ဆုံးက လီဗာပူးလ္နဲ႔ ၂ မွတ္အကြာကို တက္လွမ္းႏိုင္ခဲ့ပါတယ္။
အာတီတာရဲ႕အသင္းဟာ ေဖာရက္စ္ခံစစ္ကို ထိုးေဖာက္ဖို႔အတြက္ ႐ုန္းကန္ခဲ့ရေပမယ့္လည္း ၆၅ မိနစ္မွာေတာ့ ဂါဘရီယဲလ္ ေဂ်းဇုရဲ႕ ဂိုးေအာက္ေထာင့္ထဲကို အနိမ့္ေဘာကန္ခ်က္နဲ႔ ဂိုးစတင္ရရွိခဲ့တာျဖစ္ပါတယ္။
ေနာက္ထပ္ ၇ မိနစ္အၾကာမွာ ဂန္းနားေတြဟာ ေနာက္ထပ္ ဦးေဆာင္ဂိုးကို ထပ္မံ ရရွိခဲ့ၿပီး ဘူကာယို ဆာကာက ေကာင္းမြန္တဲ့ တန္ျပန္တိုက္စစ္ဆင္မႈကေန အဆုံးသတ္သါင္းယူေပးခဲ့တာျဖစ္ပါတယ္။ အိမ္ရွင္ေတြဟာ ပြဲကစားခ်ိန္ၿပီးဆုံးဖို႔ ၁ မိနစ္အလိုမွာ လူစားဝင္ကစားသမား တိုင္ဝို အဝိုနီယီရဲ႕ သြင္းဂိုးနဲ႔ ေခ်ပဂိုး သြင္းယူႏိုင္ခဲ့ေပမယ့္လည္း ဂန္းနားေတြဆီကေန သေရ ၁ မွတ္ရယူဖို႔အတြက္ အရမ္းေနာက္က်သြားခဲ့တာျဖစ္ပါတယ္။
၁။ အဖြင့္ဂိုးရွင္ ေဂ်းဇု
အဂၤါေန႔ ေဖာရက္စ္နဲ႔ပြဲမတိုင္ခင္ ေဂ်းဇုဟာ ေနာက္ဆုံး ၅ ပြဲစလုံးမွာ ဂိုးမသြင္းႏိုင္ခဲ့ဘဲ ဒီဇင္ဘာလက ဘ႐ိုက္တန္ကို ၂-၁ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲက ေနာက္ဆုံး ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဘရာဇီးလ္တိုက္စစ္မႉးဟာ ေဖာရက္စ္နဲ႔ပြဲမွာ အေသးစား ဂိုးေပါက္ေပ်ာက္ဆုံးေနမႈကို အဆုံးသတ္ႏိုင္ခဲ့ပါတယ္။ ေဂ်းဇုဟာ ဒုတိယပိုင္း အေစာပိုင္းမွာ အခြင့္အေရးေကာင္းကို ျဖဳန္းတီးပစ္ခဲ့ၿပီး ေအာ္ဒီဂြါဒ္ရဲ႕ ေပးပို႔မႈကေနတဆင့္ ရရွိခဲ့တဲ့ေဘာလုံးကို ကန္သြင္းမႈက ဂိုးတိုင္ကို ထိမွန္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေဂ်းဇုဟာ ပင္နယ္တီဧရိယာထဲမွာ မတ္ တန္နာနဲ႔ တစ္ဦးခ်င္း ေတြ႕ဆုံခဲ့ခ်ိန္မွာေတာ့ ေပါင္ၾကားထဲက ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။
၂။ ေတာက္ပဖို႔ အခြင့္အေရးရခဲ့တဲ့ စမစ္ ႐ိုး
ခရစၥတယ္ ပဲေလ့စ္ကို ၅-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ဂန္းနားေတြအတြက္ အရန္ခုံကေန ဝင္ကစားၿပီး အထင္ႀကီးဖြယ္ေျခစြမ္းျပသႏိုင္ခဲ့ၿပီးေနာက္ စမစ္ ႐ိုးဟာ ေဖာရက္စ္နဲ႔ပြဲမွာ ဒုတိယေျမာက္ ပရီးမီးယားလိဂ္ပြဲထြက္ပါဝင္ကစားခြင့္ေပးခံခဲ့ရပါတယ္။ အသက္ ၂၃ ႏွစ္အ႐ြယ္ကစားသမားဟာ ဒဏ္ရာေတြနဲ႔ ႀကံ့ခိုင္မႈျပႆနာေတြေၾကာင့္ ႐ုန္းကန္ခဲ့ရတာေၾကာင့္ ပုံမွန္ပြဲထြက္ခြင့္ေနရာေပ်ာက္ဆုံးခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အာတီတာက စမစ္ ႐ိုးကို ရွားရွားပါးပါး ပြဲထြက္ခြင့္ေပးခဲ့ၿပီး အဂၤလန္ကြင္းလယ္လူက အထင္ႀကီးဖြယ္ေျခစြမ္းျပသခဲ့တာျဖစ္ပါတယ္။ ၁၄ မိနစ္မွာ စမစ္ ႐ိုးဟာ ပင္နယ္တီဧရိယာထဲကို ေျပးဝင္ၿပီး ဂိုးကန္သြင္းခဲ့ေပမယ့္လည္း ေဖာရက္စ္ေနာက္ခံလူေတြနဲ႔ထိၿပီး ဂိုးတိုင္ေဘးကေန ဝိုက္ထြက္သြားခဲ့တာျဖစ္ပါတယ္။ ၿပီးတဲ့ေနာက္မွာ စမစ္ ႐ိုးဟာ အေဝးကန္ခ်က္နဲ႔ ကန္သြင္းခဲ့ေပမယ့္လည္း တန္နာက လက္စြမ္းျပႏိုင္ခဲ့ၿပီး ဒုတိယပိုင္းမွာေတာ့ ပြဲအေပၚ လႊမ္းမိုးႏိုင္စြမ္းသိပ္မရွိခဲ့တာေၾကာင့္ ၇၁ မိနစ္မွာ ဟာဗတ္ဇ္နဲ႔ လူစားလဲခံခဲ့ရပါတယ္။
၃။ ပြဲထြက္လူစာရင္းထဲ ျပန္ပါလာတဲ့ မာတီနယ္လီ
ခရစၥတယ္ပဲေလ့စ္နဲ႔ပြဲမွာ လူစားဝင္ကစားသမားအျဖစ္ ၂ ဂိုးသြင္းယူခဲ့တဲ့ မာတီနယ္လီကို အာတီတာက ထေရာ့ဆာ့ဒ္ကို အရန္ခုံပို႔ၿပီး ပြဲထြက္လူစာရင္းထဲ ျပန္ထည့္ခဲ့ပါတယ္။ ပထမပိုင္းအတြင္း မာတီနယ္လီဟာ ပြဲအေပၚ အက်ိဳးသက္ေရာက္မႈ ျပသႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရေပမယ့္လည္း ေကာင္းမြန္တဲ့ ေဘာလုံးထိန္းသိမ္းမႈအခ်ိဳ႕ ျပဳလုပ္ႏိုင္ခဲ့ၿပီး ဂြန္ဇာလို မြန္တီရယ္ရဲ႕ မ်က္စိေဒါက္ေထာက္ၾကည့္ျခင္းခံခဲ့ရပါတယ္။ ဒါေပမယ့္လည္း မာတီနယ္လီဟာ ဒုတိယပိုင္းပြဲကစားခ်ိန္ ၾကာလာတာနဲ႔အမွ် ကစားပုံပိုမိုေကာင္းမြန္လာခဲ့ၿပီး အသက္ ၂၂ ႏွစ္အ႐ြယ္ကစားသမားဟာ အႏၲရာယ္ရွိတဲ့ ျဖတ္တင္ေပးပို႔မႈအမ်ားအျပား ျပဳလုပ္ႏိုင္ခဲ့ပါတယ္။ မာတီနယ္လီဟာ ဒီပြဲမွာ ဂိုးမသြင္းႏိုင္သလို ဂိုးဖန္တီးမႈလည္းမျပဳလုပ္ႏိုင္ခဲ့ေပမယ့္လည္း ထေရာ့ဆာ့ဒ္နဲ႔ လူစားလဲမခံရခင္အထိ အျပဳသေဘာေဆာင္တဲ့ စြမ္းေဆာင္ရည္ျပသႏိုင္ခဲ့တာျဖစ္ပါတယ္။
၄။ အထင္ႀကီးဖြယ္ စံခ်ိန္ကို ပိုင္ဆိုင္ႏိုင္ခဲ့တဲ့ ဆာကာ
ဘူကာယို ဆာကာဟာ အလြန္ေကာင္းမြန္တဲ့ပြဲတစ္ပြဲကို ပိုင္ဆိုင္ခဲ့ၿပီး ဒုတိယပိုင္းမွာ တည္ၿငိမ္တဲ့ အဆုံးသတ္နဲ႔ ဂိုးေတာင္ သြင္းယူႏိုင္ခဲ့ေသးတာျဖစ္ပါတယ္။ အာဆင္နယ္ဟာ ကြင္းလယ္ကေန တိုက္စစ္ကို အကူးအေျပာင္းမွာ ဂါဘရီယဲလ္ ေဂ်းဇုက ဘယ္ေတာင္ပံကေန ျဖတ္တင္ေပးပို႔လိုက္တဲ့ ေဘာလုံးကို ဆာကာက ဂိုးညာဘက္ေအာက္ေထာင့္ကို အလြန္ေကာင္းမြန္တဲ့ကန္ခ်က္နဲ႔ အဆုံးသတ္သြားခဲ့တာျဖစ္ပါတယ္။ ဒီသြင္းဂိုးေၾကာင့္ ဆာကာဟာ အလက္ဆစ္ ဆန္းခ်က္ဇ္ေနာက္ပိုင္း ၂ ရာသီဆက္တိုက္ ၿပိဳင္ပြဲစုံမွာ သြင္းဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၀ ႀကိမ္နဲ႔အထက္ ျပဳလုပ္ႏိုင္ခဲ့တဲ့ ပထမဆုံးဂန္းနားကစားသမားျဖစ္လာခဲ့တာျဖစ္ပါတယ္။
၅။ စီးတီးဂေရာင္း က်ိန္စာဆိုးကို ေခ်ဖ်က္ႏိုင္ခဲ့တဲ့ အာဆင္နယ္
အာဆင္နယ္ဟာ အဂၤါေန႔ညပြဲစဥ္မကစားမီ စီးတီးဂေရာင္းမွာ အေကာင္းဆုံး မွတ္တမ္းေတြ ပိုင္ဆိုင္ခဲ့ျခင္းမရွိတာျဖစ္ၿပီး ေနာက္ဆုံး လာေရာက္ကစားခဲ့တဲ့ ၃ ပြဲစလုံးမွာ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီတုန္းကလည္း ပရီးမီးယားလိဂ္ဖလားကို ရယူဖို႔ ႀကိဳးပမ္းေနခ်ိန္မွာ စီးတီးဂေရာင္းက ၁-၀ နဲ႔ ရႈံးပြဲေၾကာင့္ ဆုဖလားေမွ်ာ္လင့္ခ်က္ အဆုံးသတ္ခဲ့ရတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဂန္းနားေတြဟာ အဂၤါေန႔ညက ေဖာရက္စ္အိမ္ကြင္းက က်ိန္စာဆိုးကို ေခ်ဖ်က္ႏိုင္ခဲ့ၿပီး အဖိုးတန္အႏိုင္ ၃ မွတ္နဲ႔အတူ အမွတ္ေပးဇယားထိပ္ဆုံးက လီဗာပူးလ္နဲ႔ ၂ မွတ္အကြာကို တက္လွမ္းႏိုင္ခဲ့ၿပီျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Post Match Review