လင်းယုန်တွေကို ပညာပေးခန်းကနေ မှတ်မှတ်ရရ ပြန်ပြောရမယ့်အချက်များ
အာဆင်နယ်ဟာ ဂါဘရီယဲလ်ရဲ့ တည်ကန်ဘောအားသာချက်ကြောင့် လမ်းမှန်ပေါ်ပြန်ရောက်ခဲ့ပြီး ခရစ္စတယ် ပဲလေ့စ်ကို ၅-၀ နဲ့ ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးလ်နဲ့ ရမှတ်ကွာဟမှုကို လျှော့ချနိုင်ခဲ့ပြီဖြစ်ပါတယ်။
ဘရာဇီးလ်နောက်ခံလူဟာ ပထမပိုင်း ၁၁ မိနစ်မှာ ထောင့်ကန်ဘောကနေ ခေါင်းတိုက်သွင်းဂိုးနဲ့ ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီး ဒင်း ဟန်ဒါဆန်ကို အမှားပြုလုပ်စေခဲ့ပြီး ဒုတိယဦးဆောင်ဂိုးကို ရယူပေးခဲ့တာ ဖြစ်ပါတယ်။
လီအန်ဒရို ထရော့ဆာ့ဒ်က ၁၀ ပွဲအတွင်း ပထမဆုံးအကြိမ် သွင်းဂိုးသွင်းယူနိုင်ခဲ့ပြီး နာကျင်အချိန်ပိုမှာ လူစားဝင်ကစားသမား ဂါဘရီယဲလ် မာတီနယ်လီက သွင်းဂိုး ၂ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။
၁။ အဆုံးအဖြတ်ပေးနိုင်ခဲ့တဲ့ စတင်မှု
အိမ်ရှင်တွေဟာ သွင်းဂိုး မသွင်းနိုင်မချင်း စိတ်မအေးနိုင်တဲ့အခြေအနေဆိုတာကို တွေးကြည့်ဖို့ လွယ်ကူပြီး ဂါဘရီယဲလ်ရဲ့ အစောပိုင်းအဖွင့်ဂိုးက ပြီးပြည့်စုံတဲ့သွင်းဂိုးဖြစ်ခဲ့ပါတယ်။ ဒီကလန် ရိုက်ရဲ့ ထောင့်ကန်ဘောဖြတ်တင်ပေးမှုကနေတဆင့် ဘရာဇီးလ်နောက်ခံလူက ခေါင်းတိုက်အဆုံးသတ်ခဲ့တာဖြစ်ပြီး နောက်ထပ်တည်ကန်ဘောကနေ ဂန်းနားတို့ ဂိုးရသွားတာက အံ့အားသင့်စရာမဟုတ်တော့ပါဘူး။ ဒီရာသီမှာ ဂန်းနားတွေဟာ တည်ကန်ဘောကနေတဆင့် ဂိုးရခဲ့တာ ၁၂ ဂိုးပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ထောင့်ကန်ဘောကနေ ၉ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဖြတ်တင်ပေးပို့မှု အကြိမ် ၅၀ ထဲက ပထမဆုံးသွင်းဂိုးဟာ အိမ်ကွင်းပွဲစဉ် ၃ ပွဲထဲမှာ ရခဲ့တာဖြစ်ပြီး ဒုတိယဂိုးက ဆန့်ကျင်ဘက်တောင်ပံကနေ ရခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်က နောက်ထပ်သွင်းဂိုးကို ဂါဘရီယဲလ်အစား ဒင်း ဟန်ဒါဆန်ကို ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တဲ့သွင်းဂိုးအဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
၂။ သံချေးတက်နေတဲ့ ဂျေးဇု
ဂါဘရီယဲလ် ဂျေးဇုဟာ ခရစ္စမတ်နောက်ပိုင်း ပထမဆုံး ပွဲထွက်ပါဝင်ကစားပေးခဲ့ပြီး ဂိုးဖန်တီးမှုတစ်ခု ပြုလုပ်နိုင်ခဲ့ပေမယ့် မသုံးတာကြာလို့ သံချေးတက်နေတဲ့ ဓားတစ်ချောင်းလို ဖြစ်နေခဲ့ပါတယ်။ အာဆင်နယ်ဟာ ယခုရာသီ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်ချင်တယ်ဆိုရင် ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူးတစ်ဦး ထပ်ခေါ်ဖို့ လိုအပ်မယ်လို့ ပြောဆိုမှုတွေ ဆက်လက်ရှိနေချိန်မှာ ဘရာဇီးလ်တိုက်စစ်မှူးက ဒီရာသီ သွင်းဂိုး ၃ ဂိုးကို ထပ်မံမြှင့်တင်နိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ ဂျေးဇုဟာ အစောပိုင်းမှာ အခွင့်အရေးရခဲ့ပေမယ့် အဆုံးမသတ်နိုင်ခဲ့ဘဲ နောက်ထပ်တစ်ကြိမ်ကိုလည်း ဂိုးပေါက်မတည့်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ၃ ကြိမ်အထိ လွယ်လွယ်ကူကူနဲ့ လူကျွံဘောဖမ်းခံခဲ့ရပြီး သတိမရှိမှုကို ပြသခဲ့ပါတယ်။ ကလိုင်းရဲ့ ဖိအားပေးမှုအောက်မှာ ပင်နယ်တီရရှိအောင် ကြိုးပမ်းမှု မအောင်မြင်ခဲ့ဘဲ ရုပ်ရှင်ဆန်ဆန် လဲကျခဲ့မှုကြောင့် လူရယ်စရာသာဖြစ်ခဲ့ပါတယ်။ ဂျေးဇုရဲ့ အကောင်းဆုံး ကူညီပေးနိုင်ခဲ့မှုက အသင်းဖော်တွေနဲ့ ချိတ်ဆက်ကစားနိုင်မှုဖြစ်ပြီး ထရော့ဆာ့ဒ်ရဲ့ တတိယမြောက် ဦးဆောင်ဂိုးမှာ အလွန်ကောင်းမွန်တဲ့ ပေးပို့မှု ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
၃။ လူစားဝင်ကစားသမားအဖြစ် တောက်ပခဲ့တဲ့ မာတီနယ်လီ
ဂါဘရီယဲလ် မာတီနယ်လီဟာ ခရစ္စတယ် ပဲလေ့စ်နဲ့ပွဲစဉ်မှာ အရန်ခုံကနေ ပွဲထွက်ခဲ့ရပေမယ့်လည်း ပွဲကစားချိန် ၆၉ မိနစ်မှာ ထရော့ဆာ့ဒ်အစား လူစားဝင်ကစားခွင့်ရရှိခဲ့ပြီး မိနစ် ၃၀ ဝန်းကျင်အတွင်း အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ဘရာဇီးလ်တောင်ပံကစားသမားဟာ ပြိုင်ဘက်ပင်နယ်တီဧရိယာထဲမှာ ဘောလုံးထိတွေ့မှု ၈ ကြိမ်၊ တစ်ဦးချင်းတိုက်ပွဲ ၃ ကြိမ်အနိုင်ရ၊ ဖျက်ထုတ်မှု ၃ ကြိမ်၊ ဂိုးကန်ချက် ၂ ကြိမ်၊ ဂိုးပေါက်တည့်ခဲ့တဲ့ကန်သွင်းမှု ၂ ကြိမ်၊ သွင်းဂိုး ၂ ဂိုးအထိ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
၄။ စိတ်ချယုံကြည်လို့မရတဲ့ ရာယာ
အာဆင်နယ်ဂိုးသမား ဒေးဗစ် ရာယာဟာ ပထမပိုင်းမှာ ရှင်းထုတ်မှုပြုလုပ်ချိန်မှာ တုန်လှုပ်ခြောက်ခြားစရာအခိုက်အတန့်ကို ပေးစွမ်းနိုင်ဆဲဖြစ်ပြီး ဒီပွဲက ပြီးခဲ့တဲ့ လိဂ် ၁၀ ပွဲအတွင်း ၂ ပွဲမြောက် ပေးဂိုးမရှိ ပွဲစဉ်ဖြစ်ပါတယ်။ အာဆင်နယ်ဟာ အထောင်တိုက်စစ်မှူး လိုအပ်နေတဲ့အကြောင်း အငြင်းအခုံတွေ မြင့်တက်နေချိန်မှာ စိတ်ချယုံကြည်ရတဲ့ လက်စွမ်း ပုံမှန်ပြသနိုင်တဲ့ဂိုးသမား မရှိရင်လည်း ဂန်းနားတွေဟာ စစ်မှန်တဲ့ ဆုဖလားစိန်ခေါ်သူဖြစ်လာဖို့ ခက်မှာပါ။ ရာယာဟာ အာဆင်နယ်ရဲ့ တတိယမြောက်ဦးဆောင်ဂိုးမှာ တိုက်စစ်ကို စတင်ခဲ့သူဖြစ်ပြီး စပိန်ဂိုးသမားရဲ့ ဂျေးဇုဆီ ပေးပို့မှုကနေတဆင့် ထရော့ဆာ့ဒ်က ဂိုးသွင်းယူသွားခဲ့တာဖြစ်ပြီး အာဆင်နယ်ဂိုးပေါက်ကနေ ပဲလေ့စ်ဂိုးပေါက်ထဲ ဘောလုံးရောက်ဖို့ စုစုပေါင်း ၁၀ စက္ကန့်သာ ကြာမြင့်ခဲ့တာက ထူးခြားချက်ဖြစ်ပါတယ်။
၅။ ပြန်လည်လန်းဆန်းနေကြတဲ့ ဇင်ချန်ကိုနဲ့ မာတီနယ်လီ
အာဆင်နယ်အသင်းသားတွေဟာ ဆောင်းရာသီ အားလပ်ရက်ကို ဒူဘိုင်းက စခန်းသွင်းလေ့ကျင့်ရေးမှာ အချိန်ကုန်ဆုံးခဲ့ကြပြီး ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ကြပုံပေါ်ပါတယ်။ အာဆင်နယ်ကစားသမားတွေဟာ တည်ကန်ဘောတွေမှာ အာရုံစိုက်ဖို့ အစီအစဉ်တကျ လေ့ကျင့်ခဲ့တယ်လို့ ယူဆရပေမယ့်လည်း နားချိန်တွေလည်း အများကြီး ရခဲ့တယ်ဆိုတာ ခရစ္စတယ် ပဲလေ့စ်နဲ့ပွဲမှာ ပြသခဲ့ပါတယ်။ ဆောင်းရာသီ အားလပ်ရက်မတိုင်ခင် ကစားသမားအများစုဟာ ပွဲပမ်းနေပုံပေါ်ပြီး ပြန်လည်အနားယူဖို့ လိုအပ်ခဲ့ပေမယ့်လည်း ဇင်ချန်ကိုကတော့ အဲဒီလို မဟုတ်ပါဘူး။ ယူကရိန်းနောက်ခံလူဟာ ဒီပွဲမှာ အားနည်းတဲ့ ပြိုင်ဘက်တွေကို ရင်ဆိုင်ချိန်မှာ အများကြီးပိုပြီး အားကောင်းနေခဲ့ပြီး အချိန်တော်တော်များများမှာ ကွင်းလယ်ကို ဝင်ပြီး တိုက်စစ်ကို တက်ချိန်မှာ ဘယ်သူကမှ ဇင်ချန်ကိုကို မထိန်းနိုင်ခဲ့တာဖြစ်ပါတယ်။ နောက်ထပ် လန်းဆန်းနေပုံပေါ်တဲ့ကစားသမားကတော့ အရန်ခုံကနေ ဝင်ကစားခဲ့တဲ့ မာတီနယ်လီဖြစ်ပြီး ပဲလေ့စ်တို့ကို စတုတ္ထမြောက်၊ ပဉ္စမမြောက် ဦးဆောင်ဂိုးတွေနဲ့ အချိန်ပိုမှာ အဆုံးသတ်ပေးခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္ဟာ ဂါဘရီယဲလ္ရဲ႕ တည္ကန္ေဘာအားသာခ်က္ေၾကာင့္ လမ္းမွန္ေပၚျပန္ေရာက္ခဲ့ၿပီး ခရစၥတယ္ ပဲေလ့စ္ကို ၅-၀ နဲ႔ ဂိုးျပတ္ႏိုင္ပြဲရယူႏိုင္ခဲ့တာေၾကာင့္ အမွတ္ေပးဇယားထိပ္ဆုံးက လီဗာပူးလ္နဲ႔ ရမွတ္ကြာဟမႈကို ေလွ်ာ့ခ်ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။
ဘရာဇီးလ္ေနာက္ခံလူဟာ ပထမပိုင္း ၁၁ မိနစ္မွာ ေထာင့္ကန္ေဘာကေန ေခါင္းတိုက္သြင္းဂိုးနဲ႔ ဦးေဆာင္ဂိုး သြင္းယူေပးခဲ့ၿပီး ဒင္း ဟန္ဒါဆန္ကို အမွားျပဳလုပ္ေစခဲ့ၿပီး ဒုတိယဦးေဆာင္ဂိုးကို ရယူေပးခဲ့တာ ျဖစ္ပါတယ္။
လီအန္ဒ႐ို ထေရာ့ဆာ့ဒ္က ၁၀ ပြဲအတြင္း ပထမဆုံးအႀကိမ္ သြင္းဂိုးသြင္းယူႏိုင္ခဲ့ၿပီး နာက်င္အခ်ိန္ပိုမွာ လူစားဝင္ကစားသမား ဂါဘရီယဲလ္ မာတီနယ္လီက သြင္းဂိုး ၂ ဂိုးအထိ သြင္းယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။
၁။ အဆုံးအျဖတ္ေပးႏိုင္ခဲ့တဲ့ စတင္မႈ
အိမ္ရွင္ေတြဟာ သြင္းဂိုး မသြင္းႏိုင္မခ်င္း စိတ္မေအးႏိုင္တဲ့အေျခအေနဆိုတာကို ေတြးၾကည့္ဖို႔ လြယ္ကူၿပီး ဂါဘရီယဲလ္ရဲ႕ အေစာပိုင္းအဖြင့္ဂိုးက ၿပီးျပည့္စုံတဲ့သြင္းဂိုးျဖစ္ခဲ့ပါတယ္။ ဒီကလန္ ႐ိုက္ရဲ႕ ေထာင့္ကန္ေဘာျဖတ္တင္ေပးမႈကေနတဆင့္ ဘရာဇီးလ္ေနာက္ခံလူက ေခါင္းတိုက္အဆုံးသတ္ခဲ့တာျဖစ္ၿပီး ေနာက္ထပ္တည္ကန္ေဘာကေန ဂန္းနားတို႔ ဂိုးရသြားတာက အံ့အားသင့္စရာမဟုတ္ေတာ့ပါဘူး။ ဒီရာသီမွာ ဂန္းနားေတြဟာ တည္ကန္ေဘာကေနတဆင့္ ဂိုးရခဲ့တာ ၁၂ ဂိုးျပည့္ေျမာက္ခဲ့ၿပီျဖစ္ၿပီး ေထာင့္ကန္ေဘာကေန ၉ ဂိုးအထိ သြင္းယူႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ ျဖတ္တင္ေပးပို႔မႈ အႀကိမ္ ၅၀ ထဲက ပထမဆုံးသြင္းဂိုးဟာ အိမ္ကြင္းပြဲစဥ္ ၃ ပြဲထဲမွာ ရခဲ့တာျဖစ္ၿပီး ဒုတိယဂိုးက ဆန႔္က်င္ဘက္ေတာင္ပံကေန ရခဲ့တာျဖစ္ပါတယ္။ ပရီးမီးယားလိဂ္က ေနာက္ထပ္သြင္းဂိုးကို ဂါဘရီယဲလ္အစား ဒင္း ဟန္ဒါဆန္ကို ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့တဲ့သြင္းဂိုးအျဖစ္ သတ္မွတ္ခဲ့တာျဖစ္ပါတယ္။
၂။ သံေခ်းတက္ေနတဲ့ ေဂ်းဇု
ဂါဘရီယဲလ္ ေဂ်းဇုဟာ ခရစၥမတ္ေနာက္ပိုင္း ပထမဆုံး ပြဲထြက္ပါဝင္ကစားေပးခဲ့ၿပီး ဂိုးဖန္တီးမႈတစ္ခု ျပဳလုပ္ႏိုင္ခဲ့ေပမယ့္ မသုံးတာၾကာလို႔ သံေခ်းတက္ေနတဲ့ ဓားတစ္ေခ်ာင္းလို ျဖစ္ေနခဲ့ပါတယ္။ အာဆင္နယ္ဟာ ယခုရာသီ ပရီးမီးယားလိဂ္ဖလားကို စိန္ေခၚခ်င္တယ္ဆိုရင္ ဂိုးသြင္းေကာင္းတဲ့ တိုက္စစ္မႉးတစ္ဦး ထပ္ေခၚဖို႔ လိုအပ္မယ္လို႔ ေျပာဆိုမႈေတြ ဆက္လက္ရွိေနခ်ိန္မွာ ဘရာဇီးလ္တိုက္စစ္မႉးက ဒီရာသီ သြင္းဂိုး ၃ ဂိုးကို ထပ္မံျမႇင့္တင္ႏိုင္ျခင္းမရွိခဲ့တာျဖစ္ပါတယ္။ ေဂ်းဇုဟာ အေစာပိုင္းမွာ အခြင့္အေရးရခဲ့ေပမယ့္ အဆုံးမသတ္ႏိုင္ခဲ့ဘဲ ေနာက္ထပ္တစ္ႀကိမ္ကိုလည္း ဂိုးေပါက္မတည့္ခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ ၃ ႀကိမ္အထိ လြယ္လြယ္ကူကူနဲ႔ လူကြၽံေဘာဖမ္းခံခဲ့ရၿပီး သတိမရွိမႈကို ျပသခဲ့ပါတယ္။ ကလိုင္းရဲ႕ ဖိအားေပးမႈေအာက္မွာ ပင္နယ္တီရရွိေအာင္ ႀကိဳးပမ္းမႈ မေအာင္ျမင္ခဲ့ဘဲ ႐ုပ္ရွင္ဆန္ဆန္ လဲက်ခဲ့မႈေၾကာင့္ လူရယ္စရာသာျဖစ္ခဲ့ပါတယ္။ ေဂ်းဇုရဲ႕ အေကာင္းဆုံး ကူညီေပးႏိုင္ခဲ့မႈက အသင္းေဖာ္ေတြနဲ႔ ခ်ိတ္ဆက္ကစားႏိုင္မႈျဖစ္ၿပီး ထေရာ့ဆာ့ဒ္ရဲ႕ တတိယေျမာက္ ဦးေဆာင္ဂိုးမွာ အလြန္ေကာင္းမြန္တဲ့ ေပးပို႔မႈ ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။
၃။ လူစားဝင္ကစားသမားအျဖစ္ ေတာက္ပခဲ့တဲ့ မာတီနယ္လီ
ဂါဘရီယဲလ္ မာတီနယ္လီဟာ ခရစၥတယ္ ပဲေလ့စ္နဲ႔ပြဲစဥ္မွာ အရန္ခုံကေန ပြဲထြက္ခဲ့ရေပမယ့္လည္း ပြဲကစားခ်ိန္ ၆၉ မိနစ္မွာ ထေရာ့ဆာ့ဒ္အစား လူစားဝင္ကစားခြင့္ရရွိခဲ့ၿပီး မိနစ္ ၃၀ ဝန္းက်င္အတြင္း အေကာင္းဆုံးေျခစြမ္းျပသႏိုင္ခဲ့တာျဖစ္ပါတယ္။ ဘရာဇီးလ္ေတာင္ပံကစားသမားဟာ ၿပိဳင္ဘက္ပင္နယ္တီဧရိယာထဲမွာ ေဘာလုံးထိေတြ႕မႈ ၈ ႀကိမ္၊ တစ္ဦးခ်င္းတိုက္ပြဲ ၃ ႀကိမ္အႏိုင္ရ၊ ဖ်က္ထုတ္မႈ ၃ ႀကိမ္၊ ဂိုးကန္ခ်က္ ၂ ႀကိမ္၊ ဂိုးေပါက္တည့္ခဲ့တဲ့ကန္သြင္းမႈ ၂ ႀကိမ္၊ သြင္းဂိုး ၂ ဂိုးအထိ ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။
၄။ စိတ္ခ်ယုံၾကည္လို႔မရတဲ့ ရာယာ
အာဆင္နယ္ဂိုးသမား ေဒးဗစ္ ရာယာဟာ ပထမပိုင္းမွာ ရွင္းထုတ္မႈျပဳလုပ္ခ်ိန္မွာ တုန္လႈပ္ေျခာက္ျခားစရာအခိုက္အတန႔္ကို ေပးစြမ္းႏိုင္ဆဲျဖစ္ၿပီး ဒီပြဲက ၿပီးခဲ့တဲ့ လိဂ္ ၁၀ ပြဲအတြင္း ၂ ပြဲေျမာက္ ေပးဂိုးမရွိ ပြဲစဥ္ျဖစ္ပါတယ္။ အာဆင္နယ္ဟာ အေထာင္တိုက္စစ္မႉး လိုအပ္ေနတဲ့အေၾကာင္း အျငင္းအခုံေတြ ျမင့္တက္ေနခ်ိန္မွာ စိတ္ခ်ယုံၾကည္ရတဲ့ လက္စြမ္း ပုံမွန္ျပသႏိုင္တဲ့ဂိုးသမား မရွိရင္လည္း ဂန္းနားေတြဟာ စစ္မွန္တဲ့ ဆုဖလားစိန္ေခၚသူျဖစ္လာဖို႔ ခက္မွာပါ။ ရာယာဟာ အာဆင္နယ္ရဲ႕ တတိယေျမာက္ဦးေဆာင္ဂိုးမွာ တိုက္စစ္ကို စတင္ခဲ့သူျဖစ္ၿပီး စပိန္ဂိုးသမားရဲ႕ ေဂ်းဇုဆီ ေပးပို႔မႈကေနတဆင့္ ထေရာ့ဆာ့ဒ္က ဂိုးသြင္းယူသြားခဲ့တာျဖစ္ၿပီး အာဆင္နယ္ဂိုးေပါက္ကေန ပဲေလ့စ္ဂိုးေပါက္ထဲ ေဘာလုံးေရာက္ဖို႔ စုစုေပါင္း ၁၀ စကၠန႔္သာ ၾကာျမင့္ခဲ့တာက ထူးျခားခ်က္ျဖစ္ပါတယ္။
၅။ ျပန္လည္လန္းဆန္းေနၾကတဲ့ ဇင္ခ်န္ကိုနဲ႔ မာတီနယ္လီ
အာဆင္နယ္အသင္းသားေတြဟာ ေဆာင္းရာသီ အားလပ္ရက္ကို ဒူဘိုင္းက စခန္းသြင္းေလ့က်င့္ေရးမွာ အခ်ိန္ကုန္ဆုံးခဲ့ၾကၿပီး ျပင္းျပင္းထန္ထန္ ေလ့က်င့္ခဲ့ၾကပုံေပၚပါတယ္။ အာဆင္နယ္ကစားသမားေတြဟာ တည္ကန္ေဘာေတြမွာ အာ႐ုံစိုက္ဖို႔ အစီအစဥ္တက် ေလ့က်င့္ခဲ့တယ္လို႔ ယူဆရေပမယ့္လည္း နားခ်ိန္ေတြလည္း အမ်ားႀကီး ရခဲ့တယ္ဆိုတာ ခရစၥတယ္ ပဲေလ့စ္နဲ႔ပြဲမွာ ျပသခဲ့ပါတယ္။ ေဆာင္းရာသီ အားလပ္ရက္မတိုင္ခင္ ကစားသမားအမ်ားစုဟာ ပြဲပမ္းေနပုံေပၚၿပီး ျပန္လည္အနားယူဖို႔ လိုအပ္ခဲ့ေပမယ့္လည္း ဇင္ခ်န္ကိုကေတာ့ အဲဒီလို မဟုတ္ပါဘူး။ ယူကရိန္းေနာက္ခံလူဟာ ဒီပြဲမွာ အားနည္းတဲ့ ၿပိဳင္ဘက္ေတြကို ရင္ဆိုင္ခ်ိန္မွာ အမ်ားႀကီးပိုၿပီး အားေကာင္းေနခဲ့ၿပီး အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ ကြင္းလယ္ကို ဝင္ၿပီး တိုက္စစ္ကို တက္ခ်ိန္မွာ ဘယ္သူကမွ ဇင္ခ်န္ကိုကို မထိန္းႏိုင္ခဲ့တာျဖစ္ပါတယ္။ ေနာက္ထပ္ လန္းဆန္းေနပုံေပၚတဲ့ကစားသမားကေတာ့ အရန္ခုံကေန ဝင္ကစားခဲ့တဲ့ မာတီနယ္လီျဖစ္ၿပီး ပဲေလ့စ္တို႔ကို စတုတၳေျမာက္၊ ပၪၥမေျမာက္ ဦးေဆာင္ဂိုးေတြနဲ႔ အခ်ိန္ပိုမွာ အဆုံးသတ္ေပးခဲ့တာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News