ဘန်ဇီးမားအတွက် ပေါင် ၃၈.၉ သန်းသုံးပြီး အနာဂတ်အပြောင်းအရွှေ့အစီအစဉ်ကို လောင်းကြေးထပ်မှာလား 810 539 coyg

ဘန်ဇီးမားအတွက် ပေါင် ၃၈.၉ သန်းသုံးပြီး အနာဂတ်အပြောင်းအရွှေ့အစီအစဉ်ကို လောင်းကြေးထပ်မှာလား

ကာရင် ဘန်ဇီးမား အာဆင်နယ်ကို ပြောင်းရွှေ့မယ့်သတင်းတွေဟာ ၁၀ နှစ်ကျော် ကြာခဲ့ပြီဖြစ်ပြီး လက်ရှိ အယ်လ်အစ်တီဟတ်က အခြေအနေတွေကြောင့် ပြင်သစ်တိုက်စစ်မှူးဟာ အသင်းပြောင်းကို ပြောင်းမယ့်အနေအထားဖြစ်နေပါတယ်။

အသက် ၃၆ နှစ်အရွယ်တိုက်စစ်မှူးကို အသင်းအများအပြားက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး အာဆင်နယ်ကလည်း အဲဒီအသင်းတွေထဲက တစ်သင်းဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်အနေနဲ့ ဘန်ဇီးမားကို ခေါ်ယူမယ်ဆိုရင် ဘဏ္ဍာရေးအပိုင်းမှာ တော်တော်လေး အားထုတ်ရဖွယ်ရှိနေပြီး နောက်ဆက်တွဲအကျိုးဆက်တွေရှိလာနိုင်ပေမယ့် ပြင်သစ်တိုက်စစ်မှူးရောက်လာပြီး ပရီးမီးယားလိဂ်ဖလားရသွားမယ်ဆိုရင်တော့ ဂရုစိုက်စရာလိုမှာမဟုတ်ပါဘူး။

အာဆင်နယ်သာ ပရီးမီးယားလိဂ် ဒါမှမဟုတ် ချန်ပီယံလိဂ်ဖလားရမယ်ဆိုရင် ဘန်းဇီးမားအတွက် အငှားနဲ့ ခေါ်ယူခဲ့တဲ့ စရိတ်ကျေရုံတင်မကဘဲ အပြောင်းအရွှေ့ကောင်းကောင်း လုပ်ဆောင်နိုင်မယ့်အခြေအနေဖြစ်လာမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာတီတာရဲ့အသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးနဲ့ ၅ မှတ်ကွာဟနေပြီး စပိန်လူမျိုးနည်းပြရဲ့ ဥရောပမှတ်တမ်းကလည်း အားရစရာမရှိတဲ့အပြင် ဘိုင်ယန်၊ ရီးရဲလ်၊ မန်စီးတီးတို့နဲ့ ယှဉ်ဖို့ကလည်း မလွယ်ကူပါဘူး။

ဘန်ဇီးမားရဲ့လက်ရှိ အယ်လ်အစ်တီဟတ်က လစာက တစ်နှစ်ကို ယူရိုသန်း ၁၀၀ ဖြစ်တယ်လို့ Marca ရဲ့ သတင်းအရ သိရပြီး အာဆင်နယ်သာ ပြင်သစ်တိုက်စစ်မှူးကို လာမယ့် ဇွန်လ ၃၀ ရက်နေ့အထိ အငှားနဲ့ ခေါ်မယ်ဆိုရင် (လစာအပြည့်ပေးခဲ့သည်ရှိသော်)ပေါင် ၃၈.၉ သန်းလောက် ကျသင့်မှာဖြစ်ပါတယ်။

ဒါက အယ်လ်အစ်တီဟတ်က အငှားချကြေးတောင်းတာ မပါသေးသလို ဘန်ဇီးမားဟာ ၂၀၃၀ ကမ္ဘာ့ဖလားအတွက် သံတမန်တစ်ယောက်ဖြစ်လာတဲ့အတွက် ရလာမယ့် ဆုကြေးငွေ ယူရိုသန်း ၂၀ လည်းမပါသေးပါဘူး။

တော်တော်များများကတော့ ဒါဟာ အသင်းရဲ့ ပရီးမီးယားလိဂ်ဖလား ရနိုင်ခြေကို တိုးတက်စေဖို့အတွက် ပေးဖို့ ထိုက်တန်တဲ့ တန်ဖိုးလို့ ဆိုကြမှာဖြစ်ပေမယ့်လည်း ဘန်ဇီးမားက အမှန်တကယ် တိုက်စစ်ရွေးချယ်စရာကို တိုးတက်စေမှာဖြစ်ပြီး အသင်းကို ရှေ့ဆက်သွားနိုင်စေနိုင်မှာဖြစ်ပါတယ်။

တကယ်လို့ အာဆင်နယ်သာ ဘန်ဇီးမားကို အငှားနဲ့ ခေါ်ယူခဲ့မယ်ဆိုရင်တော့ သက်ရောက်မှုတွေ ရှိလာနိုင်ပြီး ပထမတစ်ချက်က ကွင်းပြင်ပပြဿနာဖြစ်ပြီး ပြင်သစ်တိုက်စစ်မှူးက အယ်လ်အစ်တီဟတ် လေ့ကျင့်ရေးကို ပေါ်မလာလို့ နည်းပြနဲ့ ပြဿနာတက်ခဲ့တာဖြစ်လို့ အာတီတာကိုရော ဒီလိုမလုပ်ဘူးလို့ ပြောလို့မရပါဘူး။

ယှဉ်ပြိုင်နိုင်စွမ်းအပိုင်းမှာတော့ ဘန်ဇီးမားက ဒီရာသီ ၁၅ ပွဲမှာ ၉ ဂိုးသွင်းထားပြီး ဒါက ဂိုးသွင်းနှုန်းကောင်းတယ်လို့ ဆိုလို့မရပေမယ့်လည်း လက်ရှိ အာတီတာမှာ ရှိနေတဲ့ တိုက်စစ်မှူးတွေလောက်လည်း မဆိုးဘူးလို့ ပြောရမှာဖြစ်ပါတယ်။

ဒီအပြောင်းအရွှေ့ဟာ လောင်းကစားဆန်ဆန် အရဲစွန့်မှုဖြစ်လာလိမ့်မယ်လို့ ပြောရတဲ့အကြောင်းအရင်းက ဘဏ္ဍာရေးပိုင်းကြောင့်ဖြစ်ပြီး ပုံမှန် အပြောင်းအရွှေ့တွေနဲ့ မတူတာက ဥပမာအားဖြင့် ၅ နှစ်စာချုပ်အတွက် လစာနဲ့ ပြောင်းရွှေ့ကြေး ပေါင် ၃၈.၉ သန်းပေးရမယ်ဆိုရင် လက်ရှိ ဂန်းနားလူစာရင်းပျမ်းမျှလစာနဲ့ နှိုင်းယှဉ်ရင် တော်တော်လေး ကွာခြားနေမှာဖြစ်ပါတယ်။

ပြောင်းရွှေ့ကြေးဟာ စာချုပ်သက်တမ်း ၅ နှစ်အတွင်းသာ ထည့်တွက်ထားတာကြောင့် ၅ နှစ်စာချုပ်အတွက် ပေါင် ၃၈.၉ သန်းပေးခဲ့ရမယ်ဆိုရင် တစ်နှစ်ကို ပေါင် ၇.၇၈ သန်းကျသင့်တဲ့သဘောဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခု အာဆင်နယ် ပေးရမယ့် ပေါင် ၃၈.၉ သန်းဟာ ဒီတစ်နှစ်လောက် အငှားနဲ့ ခေါ်ယူဖို့ လစာပမာဏသာဖြစ်ပြီး ဂန်းနားတွေဟာ FFP မငြိအောင် လုပ်ဆောင်နေတာကြောင့် ဒီလောက် ပမာဏသုံးစွဲဖို့ မဖြစ်နိုင်ပါဘူး။

ဒီဆောင်းရာသီမှာ လူပိုတွေ ရောင်းထုတ်နိုင်မယ်ဆိုရင်တော့ ပိုပြီး လွတ်လွတ်လပ်လပ် ရင်းနှီးမြှုပ်နှံနိုင်မှာဖြစ်ပေမယ့်လည်း အခုလိုအချိန်ကာလမှာ ဒီလို ဖြစ်လာဖို့ကလည်း မဖြစ်နိုင်တဲ့ပုံပေါ်နေပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: ကာရင္ ဘန္ဇီးမား အာဆင္နယ္ကို ေျပာင္းေ႐ႊ႕မယ့္သတင္းေတြဟာ ၁၀ ႏွစ္ေက်ာ္ ၾကာခဲ့ၿပီျဖစ္ၿပီး လက္ရွိ အယ္လ္အစ္တီဟတ္က အေျခအေနေတြေၾကာင့္ ျပင္သစ္တိုက္စစ္မႉးဟာ အသင္းေျပာင္းကို ေျပာင္းမယ့္အေနအထားျဖစ္ေနပါတယ္။

အသက္ ၃၆ ႏွစ္အ႐ြယ္တိုက္စစ္မႉးကို အသင္းအမ်ားအျပားက ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၿပီး အာဆင္နယ္ကလည္း အဲဒီအသင္းေတြထဲက တစ္သင္းျဖစ္တယ္လို႔ သိရပါတယ္။

ဒါေပမယ့္လည္း အာဆင္နယ္အေနနဲ႔ ဘန္ဇီးမားကို ေခၚယူမယ္ဆိုရင္ ဘ႑ာေရးအပိုင္းမွာ ေတာ္ေတာ္ေလး အားထုတ္ရဖြယ္ရွိေနၿပီး ေနာက္ဆက္တြဲအက်ိဳးဆက္ေတြရွိလာႏိုင္ေပမယ့္ ျပင္သစ္တိုက္စစ္မႉးေရာက္လာၿပီး ပရီးမီးယားလိဂ္ဖလားရသြားမယ္ဆိုရင္ေတာ့ ဂ႐ုစိုက္စရာလိုမွာမဟုတ္ပါဘူး။

အာဆင္နယ္သာ ပရီးမီးယားလိဂ္ ဒါမွမဟုတ္ ခ်န္ပီယံလိဂ္ဖလားရမယ္ဆိုရင္ ဘန္းဇီးမားအတြက္ အငွားနဲ႔ ေခၚယူခဲ့တဲ့ စရိတ္ေက်႐ုံတင္မကဘဲ အေျပာင္းအေ႐ႊ႕ေကာင္းေကာင္း လုပ္ေဆာင္ႏိုင္မယ့္အေျခအေနျဖစ္လာမွာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အာတီတာရဲ႕အသင္းဟာ အမွတ္ေပးဇယားထိပ္ဆုံးနဲ႔ ၅ မွတ္ကြာဟေနၿပီး စပိန္လူမ်ိဳးနည္းျပရဲ႕ ဥေရာပမွတ္တမ္းကလည္း အားရစရာမရွိတဲ့အျပင္ ဘိုင္ယန္၊ ရီးရဲလ္၊ မန္စီးတီးတို႔နဲ႔ ယွဥ္ဖို႔ကလည္း မလြယ္ကူပါဘူး။

ဘန္ဇီးမားရဲ႕လက္ရွိ အယ္လ္အစ္တီဟတ္က လစာက တစ္ႏွစ္ကို ယူ႐ိုသန္း ၁၀၀ ျဖစ္တယ္လို႔ Marca ရဲ႕ သတင္းအရ သိရၿပီး အာဆင္နယ္သာ ျပင္သစ္တိုက္စစ္မႉးကို လာမယ့္ ဇြန္လ ၃၀ ရက္ေန႔အထိ အငွားနဲ႔ ေခၚမယ္ဆိုရင္ (လစာအျပည့္ေပးခဲ့သည္ရွိေသာ္)ေပါင္ ၃၈.၉ သန္းေလာက္ က်သင့္မွာျဖစ္ပါတယ္။

ဒါက အယ္လ္အစ္တီဟတ္က အငွားခ်ေၾကးေတာင္းတာ မပါေသးသလို ဘန္ဇီးမားဟာ ၂၀၃၀ ကမာၻ႔ဖလားအတြက္ သံတမန္တစ္ေယာက္ျဖစ္လာတဲ့အတြက္ ရလာမယ့္ ဆုေၾကးေငြ ယူ႐ိုသန္း ၂၀ လည္းမပါေသးပါဘူး။

ေတာ္ေတာ္မ်ားမ်ားကေတာ့ ဒါဟာ အသင္းရဲ႕ ပရီးမီးယားလိဂ္ဖလား ရႏိုင္ေျခကို တိုးတက္ေစဖို႔အတြက္ ေပးဖို႔ ထိုက္တန္တဲ့ တန္ဖိုးလို႔ ဆိုၾကမွာျဖစ္ေပမယ့္လည္း ဘန္ဇီးမားက အမွန္တကယ္ တိုက္စစ္ေ႐ြးခ်ယ္စရာကို တိုးတက္ေစမွာျဖစ္ၿပီး အသင္းကို ေရွ႕ဆက္သြားႏိုင္ေစႏိုင္မွာျဖစ္ပါတယ္။

တကယ္လို႔ အာဆင္နယ္သာ ဘန္ဇီးမားကို အငွားနဲ႔ ေခၚယူခဲ့မယ္ဆိုရင္ေတာ့ သက္ေရာက္မႈေတြ ရွိလာႏိုင္ၿပီး ပထမတစ္ခ်က္က ကြင္းျပင္ပျပႆနာျဖစ္ၿပီး ျပင္သစ္တိုက္စစ္မႉးက အယ္လ္အစ္တီဟတ္ ေလ့က်င့္ေရးကို ေပၚမလာလို႔ နည္းျပနဲ႔ ျပႆနာတက္ခဲ့တာျဖစ္လို႔ အာတီတာကိုေရာ ဒီလိုမလုပ္ဘူးလို႔ ေျပာလို႔မရပါဘူး။

ယွဥ္ၿပိဳင္ႏိုင္စြမ္းအပိုင္းမွာေတာ့ ဘန္ဇီးမားက ဒီရာသီ ၁၅ ပြဲမွာ ၉ ဂိုးသြင္းထားၿပီး ဒါက ဂိုးသြင္းႏႈန္းေကာင္းတယ္လို႔ ဆိုလို႔မရေပမယ့္လည္း လက္ရွိ အာတီတာမွာ ရွိေနတဲ့ တိုက္စစ္မႉးေတြေလာက္လည္း မဆိုးဘူးလို႔ ေျပာရမွာျဖစ္ပါတယ္။

ဒီအေျပာင္းအေ႐ႊ႕ဟာ ေလာင္းကစားဆန္ဆန္ အရဲစြန႔္မႈျဖစ္လာလိမ့္မယ္လို႔ ေျပာရတဲ့အေၾကာင္းအရင္းက ဘ႑ာေရးပိုင္းေၾကာင့္ျဖစ္ၿပီး ပုံမွန္ အေျပာင္းအေ႐ႊ႕ေတြနဲ႔ မတူတာက ဥပမာအားျဖင့္ ၅ ႏွစ္စာခ်ဳပ္အတြက္ လစာနဲ႔ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၃၈.၉ သန္းေပးရမယ္ဆိုရင္ လက္ရွိ ဂန္းနားလူစာရင္းပ်မ္းမွ်လစာနဲ႔ ႏႈိင္းယွဥ္ရင္ ေတာ္ေတာ္ေလး ကြာျခားေနမွာျဖစ္ပါတယ္။

ေျပာင္းေ႐ႊ႕ေၾကးဟာ စာခ်ဳပ္သက္တမ္း ၅ ႏွစ္အတြင္းသာ ထည့္တြက္ထားတာေၾကာင့္ ၅ ႏွစ္စာခ်ဳပ္အတြက္ ေပါင္ ၃၈.၉ သန္းေပးခဲ့ရမယ္ဆိုရင္ တစ္ႏွစ္ကို ေပါင္ ၇.၇၈ သန္းက်သင့္တဲ့သေဘာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အခု အာဆင္နယ္ ေပးရမယ့္ ေပါင္ ၃၈.၉ သန္းဟာ ဒီတစ္ႏွစ္ေလာက္ အငွားနဲ႔ ေခၚယူဖို႔ လစာပမာဏသာျဖစ္ၿပီး ဂန္းနားေတြဟာ FFP မၿငိေအာင္ လုပ္ေဆာင္ေနတာေၾကာင့္ ဒီေလာက္ ပမာဏသုံးစြဲဖို႔ မျဖစ္ႏိုင္ပါဘူး။

ဒီေဆာင္းရာသီမွာ လူပိုေတြ ေရာင္းထုတ္ႏိုင္မယ္ဆိုရင္ေတာ့ ပိုၿပီး လြတ္လြတ္လပ္လပ္ ရင္းႏွီးျမႇဳပ္ႏွံႏိုင္မွာျဖစ္ေပမယ့္လည္း အခုလိုအခ်ိန္ကာလမွာ ဒီလို ျဖစ္လာဖို႔ကလည္း မျဖစ္ႏိုင္တဲ့ပုံေပၚေနပါတယ္။

Arsenal Myanmar

Ref: Internet