အာတီတာရဲ့အနာဂတ်အပေါ် အာဆင်နယ်ရဲ့သဘောထားကို အသိပေးလိုက်တဲ့ ရိုမာနို 1024 536 coyg

အာတီတာရဲ့အနာဂတ်အပေါ် အာဆင်နယ်ရဲ့သဘောထားကို အသိပေးလိုက်တဲ့ ရိုမာနို

ဖက်ဘရီဇီယို ရိုမာနိုက အာဆင်နယ်ဟာ မီခေးလ် အာတီတာနဲ့ စာချုပ်သစ်အတွက် စတင် ပြောဆိုဆွေးနွေးဖို့အတွက် အလောတကြီးဖြစ်မနေဘူးလို့ ပြောကြားခဲ့ပါတယ်။

အာတီတာဟာ ဂန်းနားတွေနဲ့ စာချုပ်သက်တမ်း ၁၈ လ ကျန်ရှိနေသေးသူဖြစ်ပြီး စပိန်လူမျိုးနည်းပြဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပြီးနောက် အသင်းကို အထင်ကြီးဖွယ် ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ်မှာ မန်ချက်စတာစီးတီးနဲ့ ၅ မှတ်အကွာ ဒုတိယနေရာမှာ ရာသီပြီးဆုံးခဲ့ပြီး အာဆင်ဝင်းဂါး လက်ထက်နောက်ပိုင်း အမှတ်ပေးဖလား ရရှိဖို့ အနီးစပ်ဆုံးအခြေအနေဖြစ်ခဲ့တာ ဖြစ်ပါတယ်။

အာတီတာဟာ အာဆင်နယ်ကို နည်းပြအဖြစ် တာဝန်ယူခဲ့ပြီးနောက် ၂၀၉ ပွဲမှာ ၁၂၃ ပွဲ အနိုင်ရအောင် စွမ်းဆောင်ပေးနိုင်ခဲပြီး ပထမဆုံးရာသီမှာပဲ အက်ဖ်အေဖလား ကိုင်မြှောက်နိုင်အောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဂန်းနားတွေဟာ ယခုရာသီမှာလည်း ကောင်းမွန်တဲ့ စတင်မှု ပြုလုပ်နိုင်ခဲ့ပေမယ့်လည်း ဒီဇင်ဘာလအတွင်းမှာ ရှုံးပွဲဆက်ခဲ့ပြီးနောက် အဆင့် ၄ နေရာကို ကျဆင်းသွားခဲ့ပြီး ကာရာဘောင်းနဲ့ အက်ဖ်အေဖလားပြိုင်ပွဲတို့ကနေလည်း ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

“အခုအချိန်မှာ အာဆင်နယ်ရဲ့ ပထမဦးစားပေးက ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်အပေါ်မှာနဲ့ တတ်နိုင်သမျှ မြန်မြန် ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ပါ။ အာတီတာနဲ့ပတ်သက်ပြီး ဘာသတင်းသစ်မှ မရှိဘူး။ ဒါပေမယ့် သူတို့တွေ အလျင်စလိုတော့ ဖြစ်မနေပါဘူး။ သူတို့တွေအားလုံး ပျော်ရွှင်နေကြပါတယ်။ အာတီတာက အာဆင်နယ်ကို ချစ်ပြီး အသင်းကလည်း သူနဲ့ပတ်သက်ပြီး ပျော်ရွှင်နေပါတယ်။ အဲဒီတော့ ဘာမှ အလျင်စလို မရှိဘူး။ နှစ်ဖက်စလုံးက အေးဆေးပါပဲ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အာတီတာဟာ ခက်ခဲတဲ့အချိန်ကာလကို ဖြတ်သန်းခဲ့ရတဲ့ အာဆင်နယ်ကို ရလဒ်ပိုင်းမှာ ချက်ချင်း အပြောင်းအလဲတွေ ပြုလုပ်နိုင်မယ်လို့ မျှော်လင့်နေမှာဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ လိဂ် ၅ ပွဲမှာ ၁ ပွဲသာ နိုင်ပွဲရယူနိုင်ခဲ့သလို အက်ဖ်အေဖလားတတိယအဆင့်မှာလည်း လီဗာပူးလ်ကို ၂-၀ နဲ့ အိမ်ကွင်းမှာ ရှုံးနိမ့်ပြီးနောက် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: ဖက္ဘရီဇီယို ႐ိုမာႏိုက အာဆင္နယ္ဟာ မီေခးလ္ အာတီတာနဲ႔ စာခ်ဳပ္သစ္အတြက္ စတင္ ေျပာဆိုေဆြးေႏြးဖို႔အတြက္ အေလာတႀကီးျဖစ္မေနဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

အာတီတာဟာ ဂန္းနားေတြနဲ႔ စာခ်ဳပ္သက္တမ္း ၁၈ လ က်န္ရွိေနေသးသူျဖစ္ၿပီး စပိန္လူမ်ိဳးနည္းျပဟာ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလမွာ နည္းျပအျဖစ္ ခန႔္အပ္ခံခဲ့ရၿပီးေနာက္ အသင္းကို အထင္ႀကီးဖြယ္ ျပဳျပင္ေျပာင္းလဲမႈေတြ ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ရာသီတုန္းက ပရီးမီးယားလိဂ္မွာ မန္ခ်က္စတာစီးတီးနဲ႔ ၅ မွတ္အကြာ ဒုတိယေနရာမွာ ရာသီၿပီးဆုံးခဲ့ၿပီး အာဆင္ဝင္းဂါး လက္ထက္ေနာက္ပိုင္း အမွတ္ေပးဖလား ရရွိဖို႔ အနီးစပ္ဆုံးအေျခအေနျဖစ္ခဲ့တာ ျဖစ္ပါတယ္။

အာတီတာဟာ အာဆင္နယ္ကို နည္းျပအျဖစ္ တာဝန္ယူခဲ့ၿပီးေနာက္ ၂၀၉ ပြဲမွာ ၁၂၃ ပြဲ အႏိုင္ရေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲၿပီး ပထမဆုံးရာသီမွာပဲ အက္ဖ္ေအဖလား ကိုင္ေျမႇာက္ႏိုင္ေအာင္ ကူညီေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ဂန္းနားေတြဟာ ယခုရာသီမွာလည္း ေကာင္းမြန္တဲ့ စတင္မႈ ျပဳလုပ္ႏိုင္ခဲ့ေပမယ့္လည္း ဒီဇင္ဘာလအတြင္းမွာ ရႈံးပြဲဆက္ခဲ့ၿပီးေနာက္ အဆင့္ ၄ ေနရာကို က်ဆင္းသြားခဲ့ၿပီး ကာရာေဘာင္းနဲ႔ အက္ဖ္ေအဖလားၿပိဳင္ပြဲတို႔ကေနလည္း ထြက္ခြာခဲ့ရတာ ျဖစ္ပါတယ္။

“အခုအခ်ိန္မွာ အာဆင္နယ္ရဲ႕ ပထမဦးစားေပးက ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေစ်းကြက္အေပၚမွာနဲ႔ တတ္ႏိုင္သမွ် ျမန္ျမန္ ရလဒ္ေကာင္းေတြ ရယူႏိုင္ဖို႔ပါ။ အာတီတာနဲ႔ပတ္သက္ၿပီး ဘာသတင္းသစ္မွ မရွိဘူး။ ဒါေပမယ့္ သူတို႔ေတြ အလ်င္စလိုေတာ့ ျဖစ္မေနပါဘူး။ သူတို႔ေတြအားလုံး ေပ်ာ္႐ႊင္ေနၾကပါတယ္။ အာတီတာက အာဆင္နယ္ကို ခ်စ္ၿပီး အသင္းကလည္း သူနဲ႔ပတ္သက္ၿပီး ေပ်ာ္႐ႊင္ေနပါတယ္။ အဲဒီေတာ့ ဘာမွ အလ်င္စလို မရွိဘူး။ ႏွစ္ဖက္စလုံးက ေအးေဆးပါပဲ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အာတီတာဟာ ခက္ခဲတဲ့အခ်ိန္ကာလကို ျဖတ္သန္းခဲ့ရတဲ့ အာဆင္နယ္ကို ရလဒ္ပိုင္းမွာ ခ်က္ခ်င္း အေျပာင္းအလဲေတြ ျပဳလုပ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနမွာျဖစ္ၿပီး ေနာက္ဆုံးကစားခဲ့တဲ့ လိဂ္ ၅ ပြဲမွာ ၁ ပြဲသာ ႏိုင္ပြဲရယူႏိုင္ခဲ့သလို အက္ဖ္ေအဖလားတတိယအဆင့္မွာလည္း လီဗာပူးလ္ကို ၂-၀ နဲ႔ အိမ္ကြင္းမွာ ရႈံးနိမ့္ၿပီးေနာက္ ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရတာ ျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet