တိုနီအစား ချဲလ်ဆီးပစ်မှတ်ကိုခေါ်ဖို့ တိုက်တွန်းခံခဲ့ရတဲ့ အာဆင်နယ်
အလန် ရှီးယားနဲ့ မီကာ ရစ်ချက်တို့ဟာ အာဆင်နယ်အနေနဲ့ ရာသီဒုတိယပိုင်းမှာ ဆုဖလားရရှိဖို့ အမှန်တကယ် တွန်းအားပေးလုပ်ဆောင်သွားချင်တယ်ဆိုရင် နာပိုလီတိုက်စစ်မှူး ဗစ်တာ အိုဆီမန်ကို ဦးစားပေးခေါ်ယူသွားသင့်တယ်လို့ သဘောတူညီခဲ့ကြပါတယ်။
ဂန်းနားတွေဟာ ပြီးခဲ့တဲ့ရာသီမှာ မန်ချက်စတာစီးတီးရဲ့နောက် ဒုတိယနေရာနဲ့ ရာသီပြီးဆုံးခဲ့ပြီးနောက် ယခုရာသီမှာ အပေါင်းလက္ခဏာဆောင်တဲ့ စတင်မှု ပြုလုပ်နိုင်ခဲ့တာဖြစ်ပေမယ့်လည်း ဒီဇင်ဘာလအစမှာ ခြေစွမ်းပိုင်း မတည်မငြိမ်ဖြစ်မှုတွေကြောင့် အဆင့် ၄ နေရာထိ ကျဆင်းခဲ့တာဖြစ်ပါတယ်။
မြောက်လန်ဒန်ကလပ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၇ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရယူနိုင်ခဲ့ပြီး လီဗာပူးလ်ကို အပြတ်အသတ် ရှုံးနိမ့်ပြီး အက်ဖ်အေဖလား ပြိုင်ပွဲကနေလည်း ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။
အာတီတာရဲ့ ပထမအသင်း တိုက်စစ်မှူးအဖြစ် အသိအမှတ်ပြုခံထားရတဲ့ ဂါဘရီယဲလ် ဂျေးဇုနဲ့ အန်ကီးတီးယားတို့ဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ ၂ ယောက်ပေါင်း ၈ ဂိုးသာ သွင်းယူထားနိုင်တာကြောင့် ဂန်းနားတို့ရဲ့ အားနည်းချက်ဟာ တိုက်စစ်ဆိုတာ သိသာနေပြီး ပရိသတ်တွေက ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မပိတ်ခင် တိုက်စစ်မှူးသစ်ခေါ်ဖို့ တောင်းဆိုနေတာဖြစ်ပါတယ်။
အာဆင်နယ်နည်းပြဟာ ပရိသတ်တွေမျှော်မှန်းထားတဲ့ အထောင်တိုက်စစ်မှူး ခေါ်ယူဖို့ ဇန်နဝါရီမှာ မဖြစ်နိုင်လောက်သေးဘူးဆိုတဲ့သဘောမျိုး ပြောဆိုခဲ့ပေမယ့်လည်း အလန် ရှီးယားက ဂန်းနားတွေအနေနဲ့ သူတို့ရဲ့ ရည်မှန်းချက်အတိုင်း ရရှိချင်တယ်ဆိုရင် ဒီဆောင်းရာသီမှာပဲ အသင်းအတွက် လိုအပ်တဲ့ကစားသမားကို စျေးကြီးပေးဝယ်သင့်ရင် ဝယ်ရမယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
အာဆင်နယ်ပစ်မှတ် ဗစ်တာ အိုဆီမန်ဟာ နာပိုလီနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်လျော်ကြေးက ပေါင် ၁၁၂ သန်းရှိပြီး ပြီးခဲ့တဲ့ရာသီ စီးရီးအေမှာ ၂၆ ဂိုးသွင်းယူခဲ့တဲ့ နိုင်ဂျီးရီးယားတိုက်စစ်မှူးဟာ အမှန်တကယ် သွင်းဂိုးတွေအတွက် အားထားရတဲ့ ကစားသမားဖြစ်လာနိုင်တာဖြစ်ပါတယ်။
လိုင်နီကာက “သူတို့တွေက တိုက်စစ်မှူးတစ်ယောက် အလိုအပ်ဆုံးဖြစ်နေတဲ့ပုံပဲ။ ”လို့ ပြောကြားခဲ့ချိန်မှာ အလန် ရှီးယားက “အိုဆီမန်လေ။”လို့ ပြန်ပြောခဲ့တာဖြစ်ပါတယ်။
လိုင်နီကာဟာ ၂၀၂၁-၂၀၂၂ ယူရိုပါလိဂ်ပြိုင်ပွဲတုန်းက လက်စတာစီးတီးနဲ့ပွဲမှာ အိုဆီမန်ရဲ့ ဂိုးသွင်းစွမ်းရည်ကို အထင်ကြီးခဲ့တာဖြစ်ပြီး နိုင်ဂျီးရီးယားကြယ်ပွင့် ပြီးခဲ့တဲ့လမှာ နာပိုလီနဲ့ စာချုပ်ချုပ်ဆိုဖို့ ရွေးချယ်ခဲ့တာကို အံ့အားသင့်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။
“ကျွန်တော်သူတို့တွေ ဒီရာသီမှာ ရုန်းကန်နေရတာကြောင့် တကယ်ကို အံ့အားသင့်ခဲ့ရပါတယ်။ သူတို့တွေက လိဂ်မှာ အဆင့် ၇ လား၊ ၈ လားမသိဘူး။ ”လို့ လိုင်နီကာက ပြောဆိုခဲ့ပြီး ရှီးယားက “အဲဒါက သူ့ရဲ့ စာချုပ်လျော်ကြေးအချက်ကို ဖြုတ်ပစ်ဖို့လား”လို့ မေးခွန်းထုတ်ခဲ့ပါတယ်။
မန်စီးတီးနောက်ခံလူဟောင်း မီကာ ရစ်ချက်က “အိုဆီမန်က အာဆင်နယ်အတွက် ကျွန်တော် ခေါ်ချင်တဲ့ ကစားသမားတစ်ယောက်ပဲ။”လို့ ထပ်လောင်း ပြောဆိုခဲ့ပါတယ်။
အာဆင်နယ်နဲ့ နောက်ထပ် သတင်းတွေ အခိုင်အမာထွက်ပေါ်နေတဲ့ တိုက်စစ်မှူးကတော့ ဘရန့်တ်ဖို့ဒ် တိုက်စစ်မှူး အိုင်ဗန် တိုနီဖြစ်ပြီး အင်္ဂလန်တိုက်စစ်မှူးဟာ လောင်းကစားပြစ်မှုကြောင့် ၈ လပွဲပယ်ကျခံနေရမှုကနေ မကြာခင် လွတ်မြောက်လာတော့မှာဖြစ်ပါတယ်။
ဒါပေမယ့်လည်း တိုနီဟာ အမ်းမရိတ်စ်ကို ပြောင်းရွှေ့နိုင်ခြေရှိနေပေမယ့်လည်း ဘရန့်တ်ဖို့ဒ်ရဲ့ ယုံကြည်မှုပေးခဲ့မှုကို ပြန်လည်ပေးဆပ်ဖို့ အပြည့်အဝ အာရုံစိုက်ထားဆဲဖြစ်တယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အလန္ ရွီးယားနဲ႔ မီကာ ရစ္ခ်က္တို႔ဟာ အာဆင္နယ္အေနနဲ႔ ရာသီဒုတိယပိုင္းမွာ ဆုဖလားရရွိဖို႔ အမွန္တကယ္ တြန္းအားေပးလုပ္ေဆာင္သြားခ်င္တယ္ဆိုရင္ နာပိုလီတိုက္စစ္မႉး ဗစ္တာ အိုဆီမန္ကို ဦးစားေပးေခၚယူသြားသင့္တယ္လို႔ သေဘာတူညီခဲ့ၾကပါတယ္။
ဂန္းနားေတြဟာ ၿပီးခဲ့တဲ့ရာသီမွာ မန္ခ်က္စတာစီးတီးရဲ႕ေနာက္ ဒုတိယေနရာနဲ႔ ရာသီၿပီးဆုံးခဲ့ၿပီးေနာက္ ယခုရာသီမွာ အေပါင္းလကၡဏာေဆာင္တဲ့ စတင္မႈ ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ေပမယ့္လည္း ဒီဇင္ဘာလအစမွာ ေျခစြမ္းပိုင္း မတည္မၿငိမ္ျဖစ္မႈေတြေၾကာင့္ အဆင့္ ၄ ေနရာထိ က်ဆင္းခဲ့တာျဖစ္ပါတယ္။
ေျမာက္လန္ဒန္ကလပ္ဟာ ေနာက္ဆုံးကစားခဲ့တဲ့ ၿပိဳင္ပြဲစုံ ၇ ပြဲမွာ ႏိုင္ပြဲ ၁ ပြဲသာ ရယူႏိုင္ခဲ့ၿပီး လီဗာပူးလ္ကို အျပတ္အသတ္ ရႈံးနိမ့္ၿပီး အက္ဖ္ေအဖလား ၿပိဳင္ပြဲကေနလည္း ထြက္ခြာခဲ့ရတာ ျဖစ္ပါတယ္။
အာတီတာရဲ႕ ပထမအသင္း တိုက္စစ္မႉးအျဖစ္ အသိအမွတ္ျပဳခံထားရတဲ့ ဂါဘရီယဲလ္ ေဂ်းဇုနဲ႔ အန္ကီးတီးယားတို႔ဟာ ယခုရာသီ ပရီးမီးယားလိဂ္မွာ ၂ ေယာက္ေပါင္း ၈ ဂိုးသာ သြင္းယူထားႏိုင္တာေၾကာင့္ ဂန္းနားတို႔ရဲ႕ အားနည္းခ်က္ဟာ တိုက္စစ္ဆိုတာ သိသာေနၿပီး ပရိသတ္ေတြက ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေစ်းကြက္မပိတ္ခင္ တိုက္စစ္မႉးသစ္ေခၚဖို႔ ေတာင္းဆိုေနတာျဖစ္ပါတယ္။
အာဆင္နယ္နည္းျပဟာ ပရိသတ္ေတြေမွ်ာ္မွန္းထားတဲ့ အေထာင္တိုက္စစ္မႉး ေခၚယူဖို႔ ဇန္နဝါရီမွာ မျဖစ္ႏိုင္ေလာက္ေသးဘူးဆိုတဲ့သေဘာမ်ိဳး ေျပာဆိုခဲ့ေပမယ့္လည္း အလန္ ရွီးယားက ဂန္းနားေတြအေနနဲ႔ သူတို႔ရဲ႕ ရည္မွန္းခ်က္အတိုင္း ရရွိခ်င္တယ္ဆိုရင္ ဒီေဆာင္းရာသီမွာပဲ အသင္းအတြက္ လိုအပ္တဲ့ကစားသမားကို ေစ်းႀကီးေပးဝယ္သင့္ရင္ ဝယ္ရမယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။
အာဆင္နယ္ပစ္မွတ္ ဗစ္တာ အိုဆီမန္ဟာ နာပိုလီနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ေလ်ာ္ေၾကးက ေပါင္ ၁၁၂ သန္းရွိၿပီး ၿပီးခဲ့တဲ့ရာသီ စီးရီးေအမွာ ၂၆ ဂိုးသြင္းယူခဲ့တဲ့ ႏိုင္ဂ်ီးရီးယားတိုက္စစ္မႉးဟာ အမွန္တကယ္ သြင္းဂိုးေတြအတြက္ အားထားရတဲ့ ကစားသမားျဖစ္လာႏိုင္တာျဖစ္ပါတယ္။
လိုင္နီကာက “သူတို႔ေတြက တိုက္စစ္မႉးတစ္ေယာက္ အလိုအပ္ဆုံးျဖစ္ေနတဲ့ပုံပဲ။ ”လို႔ ေျပာၾကားခဲ့ခ်ိန္မွာ အလန္ ရွီးယားက “အိုဆီမန္ေလ။”လို႔ ျပန္ေျပာခဲ့တာျဖစ္ပါတယ္။
လိုင္နီကာဟာ ၂၀၂၁-၂၀၂၂ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲတုန္းက လက္စတာစီးတီးနဲ႔ပြဲမွာ အိုဆီမန္ရဲ႕ ဂိုးသြင္းစြမ္းရည္ကို အထင္ႀကီးခဲ့တာျဖစ္ၿပီး ႏိုင္ဂ်ီးရီးယားၾကယ္ပြင့္ ၿပီးခဲ့တဲ့လမွာ နာပိုလီနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ ေ႐ြးခ်ယ္ခဲ့တာကို အံ့အားသင့္ခဲ့တယ္လို႔ ဝန္ခံခဲ့ပါတယ္။
“ကြၽန္ေတာ္သူတို႔ေတြ ဒီရာသီမွာ ႐ုန္းကန္ေနရတာေၾကာင့္ တကယ္ကို အံ့အားသင့္ခဲ့ရပါတယ္။ သူတို႔ေတြက လိဂ္မွာ အဆင့္ ၇ လား၊ ၈ လားမသိဘူး။ ”လို႔ လိုင္နီကာက ေျပာဆိုခဲ့ၿပီး ရွီးယားက “အဲဒါက သူ႔ရဲ႕ စာခ်ဳပ္ေလ်ာ္ေၾကးအခ်က္ကို ျဖဳတ္ပစ္ဖို႔လား”လို႔ ေမးခြန္းထုတ္ခဲ့ပါတယ္။
မန္စီးတီးေနာက္ခံလူေဟာင္း မီကာ ရစ္ခ်က္က “အိုဆီမန္က အာဆင္နယ္အတြက္ ကြၽန္ေတာ္ ေခၚခ်င္တဲ့ ကစားသမားတစ္ေယာက္ပဲ။”လို႔ ထပ္ေလာင္း ေျပာဆိုခဲ့ပါတယ္။
အာဆင္နယ္နဲ႔ ေနာက္ထပ္ သတင္းေတြ အခိုင္အမာထြက္ေပၚေနတဲ့ တိုက္စစ္မႉးကေတာ့ ဘရန႔္တ္ဖို႔ဒ္ တိုက္စစ္မႉး အိုင္ဗန္ တိုနီျဖစ္ၿပီး အဂၤလန္တိုက္စစ္မႉးဟာ ေလာင္းကစားျပစ္မႈေၾကာင့္ ၈ လပြဲပယ္က်ခံေနရမႈကေန မၾကာခင္ လြတ္ေျမာက္လာေတာ့မွာျဖစ္ပါတယ္။
ဒါေပမယ့္လည္း တိုနီဟာ အမ္းမရိတ္စ္ကို ေျပာင္းေ႐ႊ႕ႏိုင္ေျခရွိေနေပမယ့္လည္း ဘရန႔္တ္ဖို႔ဒ္ရဲ႕ ယုံၾကည္မႈေပးခဲ့မႈကို ျပန္လည္ေပးဆပ္ဖို႔ အျပည့္အဝ အာ႐ုံစိုက္ထားဆဲျဖစ္တယ္လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News
- Transfer News