ခံစစ်တံတိုင်း အထပ်ထပ်ပြင်လာပြီး အလည်လာမယ့် ဧည့်သည်ချယ်ရီတွေကို အမ်းမရိတ်မှာ ဆွတ်ယူစားသုံးမယ့် ဂန်းနားများ admin

ခံစစ်တံတိုင်း အထပ်ထပ်ပြင်လာပြီး အလည်လာမယ့် ဧည့်သည်ချယ်ရီတွေကို အမ်းမရိတ်မှာ ဆွတ်ယူစားသုံးမယ့် ဂန်းနားများ

ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ဦးဆောင်နေသူ အာဆင်နယ်အနေနဲ့ အမှတ်ပေးဇယားတန်းဆင်းဇုံ အဆင့် ၁၉ က ဘုန်းမောက်အသင်းနဲ့ ယခုလာမယ့် စနေနေ့ ည ၉ နာရီခွဲမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ၃ ပွဲ နိုင်ပွဲမရှိ မှတ်တမ်းကို ရပ်တန့်ပစ်ပြီး ပြီးခဲ့တဲ့ ကြာသပတေးနေ့ မနက် ၂ နာရီ ၁၅ က အမ်းမရိတ်မှာ အဲဗာတန်အသင်းကို ၄ ဂိုး ဂိုးမရှိဖြင့် လက်စားချေပြီး နိုင်ပွဲထပ်မံရရှိခဲ့တဲ့အတွက် ၃ ပွဲဆက်နိုင်ပွဲကို ရရှိခဲ့ပါတယ်။

ဘုန်းမောက်အသင်းအနေနဲ့ နောက်ဆုံး ၃ ပွဲမှာ နယူးကာလ်ဆယ်ကို အိမ်ကွင်းမှာ တစ်ဖက်တစ်ဂိုးစီ သရေ၊ ဝုလ်ဗ်စ်အသင်းရဲ့ကွင်းကို သွားရောက်ခဲ့ပြီး ဝံပုလွေတွေကို ၁ ဂိုး ဂိုးမရှိဖြင့် နိုင်ခဲ့ပြီး ပြီးခဲ့တဲ့ အပတ်ပွဲစဉ်မှာတော့ အိမ်ကွင်းမှာ မန်စီးတီးအသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ ဘုန်းမောက်အသင်းရဲ့ ခြေစွမ်းက အဝေးကွင်း အိမ်ကွင်း ခွဲခြားမှုမရှိပဲ ခန့်မှန်းရခက်တဲ့ အသင်းထဲ ပါဝင်နေပါတယ်။

ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ဦးဆောင်နေသူ အာဆင်နယ်အနေနဲ့ အမှတ်ပေးဇယားတန်းဆင်းဇုံ အဆင့် ၁၉ က ဘုန်းမောက်အသင်းနဲ့ ယခုလာမယ့် စနေနေ့ ည ၉ နာရီခွဲမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ ကြာသပတေးနေ့ မနက် ၂ နာရီ ၁၅ က အမ်းမရိတ်မှာ အဲဗာတန်အသင်းကို ၄ ဂိုး ဂိုးမရှိဖြင့် လက်စားချေပြီး နိုင်ပွဲထပ်မံရရှိခဲ့တဲ့အတွက် ၃ ပွဲဆက် နိုင်ပွဲကို ရရှိခဲ့ပါတယ်။ အက်စတန်ဗီလာကို အကောင်းဆုံး come back နဲ့ အနိုင်ရရှိခဲ့ချိန်ကစပြီး ဂန်းနားတွေရဲ့ ပရီးမီးယားလိဂ် ချန်ပီယံရုပ်လုံးဟာ ပိုမို ပေါ်လွင်လာပြီး ဘုန်းမောက်လို အသင်းရဲ့ တန်းဆင်းဇုန် ရုန်းအားကို လျော့မတွက်ပဲ ဒုတိယနေရာက မန်စီးတီးအသင်းကို ၅ မှတ်အသာရထားပေမယ့် ဂိုးကွာခြားချက်မှာတော့ ၆ ဂိုးလျော့နည်းနေတာကို လျော့ချနိုင်ဖို့ ဂိုးရသလောက်သွင်းကာအနိုင် ၃ မှတ်အတွက် ကြိုးစားကစားသွားဖို့ရှိနေပါတယ်။

ဘုန်းမောက်အသင်းအနေနဲ့ နောက်ဆုံး ၃ ပွဲမှာ နယူးကာလ်ဆယ်ကို အိမ်ကွင်းမှာ တစ်ဖက်တစ်ဂိုးစီ သရေ၊ ဝုလ်ဗ်စ်အသင်းရဲ့ကွင်းကို သွားရောက်ခဲ့ပြီး ဝံပုလွေတွေကို ၁ ဂိုး ဂိုးမရှိဖြင့် နိုင်ခဲ့ပြီး အိမ်ကွင်းမှာတော့ မန်စီးတီးအသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ ကမ္ဘာ့ဖလား ၂၀၂၂ အပြီး ပရီးမီးယားလိဂ် ပွဲစဉ်တွေ ပြန်စအပြီးမှာ ဘုန်းမောက်အသင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ က ဝုလ်ဗ်စ်အသင်း အိမ်ကွင်းမှာ တစ်ဂိုးဂိုးမရှိဖြင့် အနိုင်ရရှိခဲ့တဲ့ နိုင်ပွဲ တစ်ပွဲသာ ရှိခဲ့ပါတယ်။ မန်စီးတီးပြီးနောက် ယခု အာဆင်နယ် ဒီနောက် လီဗာပူးလ် အသင်းကြီး ၃ သင်းနဲ့ ဆက်တိုက် ကစားရမယ့် ဘုန်းမောက်အသင်းအနေနဲ့ တန်းဆင်းဇုန်ထဲကလည်း လွတ်မြောက်ဖို့ ခက်နေပြီး အမ်းမရိတ်ကိုတော့ သရေတစ်မှတ် အမြင့်ဆုံးမျှော်လင့်ချက်နဲ့သာ လာရောက်ကစားရမှာ ဖြစ်ပါတယ်။

ဒဏ်ရာရ ပွဲပယ်စာရင်း
အာဆင်နယ်
အာဆင်နယ်အသင်းရဲ့ ဒဏ်ရာရလူစာရင်းမှာ ဂျေးဇုနဲ့ အယ်နယ်လ်နီတို့သာ ကျန်ရစ်တော့ပြီး လန်ဒန် ကိုနေးလ်မှာ လာရောက်လေ့ကျင့်နိုင်ပြီဖြစ်တဲ့ ဘရာဇီးလ်တိုက်စစ်မှူးကတော့ ယခုလ တတိယပတ်လောက်မှာ ပြန်လည်ကစားနိုင်တော့မှာ ဖြစ်ပါတယ်။ အီဂျစ်ကွင်းလယ်လူကတော့ ဒဏ်ရာကြောင့် ရာသီကုန် နားရဖွယ်ရှိနေပါတယ်။ အဲဗာတန်အသင်းနဲ့ပွဲမှာ လူစားဝင်ကစားတဲ့ အန်ကီးတီးယားအနေနဲ့ အနည်းငယ် နာကျင်သွားဖွယ်ရှိပြီး အာတီတာကတော့ မစိုးရိမ်ရတဲ့ ဒဏ်ရာလို့ ပြောခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကြွက်သားဒဏ်ရာက ပြန်ကောင်းလာတဲ့ သောမတ်စ် ပါတေးနဲ့ လူစားလဲခဲ့ရတဲ့ ဂျော်ဂျင်ဟိုအနေနဲ့ ပွဲမစခင်ကတည်းက အဖျားရောဂါ အနည်းငယ်ခံစားထားရတယ်လို့ သိရပြီး ယခုပွဲအတွက်တော့ နည်းပြအာတီတာက အနားပေးသွားဖွယ်ရှိနေပါတယ်။

ဘုန်းမောက်
ဝုလ်ဗ်စ်ကို တစ်ဂိုးဂိုးမရှိနိုင်သည့် နိုင်ပွဲမှာ ဂိုးသွင်းပေးပြီး နာသွားတဲ့ တာဗားနီးယားနဲ့ ဇာဘရာညီ၊ ဘရုခ်၊ ကွတ်ခ် စတဲ့ ကွင်းလယ်ကစားသမားတွေ ယခုပွဲကို လွဲချော်ဖို့ သေချာနေပြီး နောက်တန်းက ကယ်လ်လီလည်း သေချာပေါက်လွဲချော်မှာ ဖြစ်ပါတယ်။ ဒဏ်ရာကြောင့် မန်စီးတီးပွဲကို လွဲချော်ခဲ့တဲ့ စတန်းစ်လက်စ်နဲ့ ဗီနာတို့လည်း ယခုပွဲကို ပါဝင်နိုင် မပါဝင်နိုင် မသေချာသေးဘူးလို့ သိရပါတယ်။

ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း
အာဆင်နယ်- ဂိုးသမား ရမ်းစ်ဒေးလ်၊ ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယဲလ်၊ တီယာနီ၊ ကွင်းလယ်- အော်ဒီဂွါဒ်၊ ပါတေး၊ ချာကာ၊ ရှေ့တန်း ဆာကာ၊ ထရော့စ်ဆာ့ဒ်၊ မာတီနယ်လီ

ဘုန်းမောက်- ဂိုးသမား- နီတို၊ နောက်တန်း-အဒမ် စမစ်၊ ဆီနက်ဆီ၊ မက်ဖမ်၊ စတီဖင်စ်၊ ၊ ဇီမူရာ၊ ကွင်းလယ်- လားမား၊ ဘီလင်း၊ ဟာမက် ထရာအိုရေး၊ အူယက်တာရာ၊ ရှေ့တန်း – ဆိုလန်ကီ

ပွဲကြို သုံးသပ်ခန့်မှန်းချက်
အမ်းမရိတ်စ်ကို အလည်လာမယ့် ဧည်သည့်ချယ်ရီတွေအနေနဲ့ မန်စီးတီးကို ၄ ဂိုး ၁ ဂိုး ရှုံးခဲ့သော်လည် နောက်ဆုံးမိနစ်ထိ မကြောက်မရွံ့ ပြန်လည်တိုက်စစ်ဆင်ပြီး လက်ရှိချန်ပီယံတွေရဲ့ ခံစစ်ကြောင်း ကလင်းရှစ်ရမယ့်အခွင့်အရေးကို ရိုက်ချိုးခဲ့ပါတယ်။ ယခုပွဲမှာလည်း အမ်းမရိတ်စ်ကို လာရသည့်တိုင် လိဂ်အမှတ်ပေးဇယားဦးဆောင်နေသူ အာဆင်နယ်နည်းပြ အာတီတာရဲ့ ငယ်ရွယ်နုပျိုပြီး အစွမ်းထက်လွန်းတဲ့ ဂန်းနားတို့ရဲ့တိုက်စစ်ကို ခုခံဖို့ ဘုန်းမောက်နည်းပြ အိုနေးလ်အနေနဲ့ တံတိုင်းအထပ်ထပ်နဲ့ ခံစစ်ကို ပြင်ဆင်လာဖို့ရှိနေပါတယ်။

ရက်သတ္တတပတ်တိုင်း ၂ ပွဲခန့် ဆက်တိုက်ကစားနေရလို့ ပင်ပန်းနွမ်းနယ်နေသည့်တိုင် ဂန်းနားတွေဟာ နိုင်ပွဲတွေ ဆက်တိုက်ရယူနိုင်ပြီး ယခုပွဲမှာလည်း အထပ်ထပ် ပိတ်ဆို့ခုခံလာဖို့ သေချာနေတဲ့ ဘုန်းမောက်အသင်းကို စိတ်ရှည်ရှည်နဲ့ တရစပ် တိုက်စစ်ဆင်ပြီး ဂိုးများများမသွင်းနိုင်ခဲ့ရင်တောင်
အနိုင် ၃ မှတ်တော့ ရအောင် ယူဖို့ကြိုးစားနိုင်မှာ ဖြစ်ပါတယ်။
low block အသင်းတွေရဲ့ Dead Lock ကို ဘယ်လိုရိုက်ချိုးရမလဲ အဖြေရှာတွေ့သွားခဲ့တဲ့ ချန်ပီယံဖြစ်ချင်ရင် ယခုလိုပွဲလိုမျိုးက အနိုင် ၃ မှတ်ကိုအပြည့်ယူကိုယူရမယ် သိမြင်နေတဲ့ နည်းပြအာတီတာနဲ့ ဂန်းနားတွေဟာ ယခုပွဲရဲ့ ပွဲသိမ်း ခရာမှုတ်ချိန်မှာ အမ်းမရိတ်မြေမှာ ချယ်ရီတွေကို အမြောက်နဲ့ ပစ်ချပြီး ဆွတ်ယူစားသုံးနိုင်မှာ ဖြစ်ပြီး ပွဲပြီးရလဒ်အနေနဲ့တော့ အာဆင်နယ် ၂-၀ ဘုန်းမောက်လို့ ခန့်မှန်းလိုက်ပါတယ်။

ပေါလ် မာဆန် ခန့်မှန်းချက်
“အာဆင်နယ်အသင်းအနေနဲ့ ဘုန်းမောက်အသင်းနဲ့ ပထမအကျော့တွေ့ဆုံမှုမှာ အနိုင်ရထားတဲ့ ဘုန်းမောက်ကို နိုင်ပွဲဆက်ဖို့ လုပ်ဆောင်လာမှာဖြစ်ပြီး ပိတ်ဆို့ကစားတဲ့ အဲဗာတန်အသင်းကို အိမ်ကွင်းမှာ ၄ ဂိုးပြတ်သွင်းထားနိုင်တာက ယခုပွဲအတွက် တွန်းအားဖြစ်စေမှာ ဖြစ်ပြီး ပွဲကျပ်တွေ မတွေ့ခင် အာဆင်နယ်တို့ ဂိုးပြတ်နိုင်ပွဲတွေ ရသလောက်ယူဖို့ ကြိုးစားမှာ မလို့ အာဆင်နယ်အသင်းက ဘုန်းမောက်အသင်းကို ၃ ဂိုး ဂိုးမရှိ အနိုင်ရသွားမယ်” လို့ ပေါလ် မာဆန်က ခန့်မှန်းချက် ထုတ်ခဲ့ပါတယ်။

#AM
PHOTOS CREDIT

ZAWGYI:





ဒဏ်ရာရ ပွဲပယ်စာရင်း
အာဆင်နယ်

ဘုန်းမောက်






#AM
PHOTOS CREDIT