ဂန်းနားတွေ ဖလားရနိုင်ခြေ ဘယ်လောက်ရှိသေးလဲ ပြောပြလိုက်တဲ့ နဗီး 634 419 coyg

ဂန်းနားတွေ ဖလားရနိုင်ခြေ ဘယ်လောက်ရှိသေးလဲ ပြောပြလိုက်တဲ့ နဗီး

ဂယ်ရီ နဗိးက အာဆင်နယ်ဟာ ဒီဇင်ဘာ ပွဲကြပ်ကာလအတွင်းမှာ အခွင့်အရေးအများအပြားကို လွဲချော်ခဲ့ပေမယ့်လည်း ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားကို အရယူနိုင်စွမ်းရှိနေဆဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့တာကြောင့် အာတီတာရဲ့အသင်းဟာ နှစ်သစ်ကို အဆင့် ၄ နေရာကနေ ကူးပြောင်းခဲ့ရတာဖြစ်ပြီး ဂန်းနားတွေဟာ ဆုဖလားပြိုင်ဘက်တွေဖြစ်တဲ့ လီဗာပူးလ်အိမ်ကွင်းမှာ အထင်ကြီးဖွယ်သရေ ၁ မှတ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဝက်စ်ဟမ်း၊ ဖူလ်ဟမ်တို့ကို ၂ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့မှုက အာဆင်နယ်ကို ဆုဖလားပြိုင်ပွဲမှာ ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်လာစေခဲ့ပြီး မန်ယူနိုက်တက်နောက်ခံလူဟောင်း ဂယ်ရီ နဗီးက ဂန်းနားတွေဟာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နိုင်မယ့် အခွင့်အရေးကို လွဲချော်ခဲ့တဲ့အတွက် နောင်တရနေလိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

သရဲနီဂန္တဝင်က အာဆင်နယ်ဟာ မကြာသေးမီက စိတ်ပျက်စရာ ရလဒ်တွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း ယခုရာသီကုန်မှာ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးသွားနိုင်လိမ့်မယ်လို့ အံ့အားသင့်ဖွယ် ဟောကိန်းထုတ်လိုက်တာဖြစ်ပါတယ်။

“ကျွန်တော့်ရဲ့ ခန့်မှန်းချက်ကို ပြောင်းလဲသွားမှာမဟုတ်ပါဘူး။ ရာသီအလယ်လောက်မှာ မမျှော်လင့်ထားတဲ့ အလှည့်အပြောင်းတွေဖြစ်လာနိုင်တယ်လို့ ကျွန်တော် မထင်ဘူး။ အဲဒီရှုံးပွဲတွေက အာဆင်နယ်ကို ဆုဖလားပြိုင်ပွဲကနေ လုံးဝကြီး ထွက်သွားစေမှာမဟုတ်ပါဘူး။ သူတို့နဲ့ပတ်သက်ပြီး ကျွန်တော် စိတ်ပျက်ခဲ့တယ်။ သူတို့လည်း သူတို့ဘာသာ စိတ်ပျက်ခဲ့မှာပါ။ အာဆင်နယ်ပရိသတ်တွေကလည်း ပြီးခဲ့တဲ့ ၂ ပတ်၊ ၃ ပတ်အတွင်းမှာ စိတ်ပျက်ခဲ့ကြမှာပါ။ ဘာလို့လဲဆိုတော့ သူတို့တွေက သူတို့ကို အရမ်းကောင်းတဲ့နေရာကို ရောက်ရှိစေနိုင်မယ့် အခွင့်အလမ်းတွေကို လွဲချော်ခဲ့ကြလို့ပါ။ သူတို့တွေ ရှိရမယ့်နေရာမှာမရှိနေလို့ လိဂ်ကို အနိုင်ရသွားလိမ့်မယ်လို့ ပြောလို့ရတဲ့ အနေအထားမှာမဟုတ်ပေမယ့် ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်တုန်းက သူတို့တွေ ကစားခဲ့တဲ့ပွဲစဉ်တွေနဲ့တူ ၄၊ ၅ မှတ် ကွာဟချက်ရှိနေတယ်။ သူတို့တွေက ခက်ခဲတဲ့လမ်းပေါ်မှာ ရှိနေပေမယ့်လည်း သူတို့တွေ ပြန်လာနိုင်မှာပါ။ သူတို့တွေ လိဂ်ဖလားကို အနိုင်ရနိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဂယ်ရီ နဗီးက မကြာသေးမီက အာဆင်နယ်ဟာ ဆုဖလားပြိုင်ဘက်တွေနဲ့ နှိုင်းယှဉ်ရင် အဆုံးသတ်ကောင်းတဲ့ တိုက်စစ်မှူး ကင်းမဲ့နေတာနဲ့ပတ်သက်ပြီး စိုးရိမ်မှုကို ထုတ်ဖော်ပြောကြားခဲ့ပြီး ဂန်းနားတွေဟာ ထိပ်ဆုံး ၅ သင်းထဲမှာ ဂိုးသွင်းယူသူအနည်းဆုံး အသင်းဖြစ်နေတာဖြစ်ပါတယ်။

ဒါကြောင့် မန်ချက်စတာယူနိုက်တက်ဂန္တဝင်က နံပါတ် ၁ တိုက်စစ်မှူး ခေါ်ယူနိုင်မယ်ဆိုရင် အာဆင်နယ်တို့ရဲ့ ဆုဖလားမျှော်လင့်ချက်အတွက် အကူအညီဖြစ်စေလိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ပြဿနာဖြစ်နေတာက တိုက်စစ်မှာပါ။ သူတို့တွေ ဘောလုံးကို ဂိုးပိုက်ထဲကို ထည့်တဲ့နေရာမှာ ပြဿနာရှိနေတယ်။ သူတို့တွေမှာ တိုက်စစ်မှူးကောင်းတွေဖြစ်တဲ့ အန်ကီးတီးယား၊ ဂျေးဇုတို့ရှိပါတယ်။ ဒါပေမယ့် သူတို့ ၂ ယောက်စလုံးက နံပါတ် ၂၊ နံပါတ် ၃ တိုက်စစ်မှူးတွေပါ။ နံပါတ် ၁ တိုက်စစ်မှူးတွေမဟုတ်ပါဘူး။ သူတို့တွေမှာ နံပါတ် ၁ တိုက်စစ်မှူးတစ်ယောက် လိုအပ်နေတာပါ။”လို့ ပြောဆိုခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: ဂယ္ရီ နဗိးက အာဆင္နယ္ဟာ ဒီဇင္ဘာ ပြဲၾကပ္ကာလအတြင္းမွာ အခြင့္အေရးအမ်ားအျပားကို လြဲေခ်ာ္ခဲ့ေပမယ့္လည္း ဒီရာသီမွာ ပရီးမီးယားလိဂ္ဖလားကို အရယူႏိုင္စြမ္းရွိေနဆဲျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္ဟာ ေနာက္ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ၅ ပြဲမွာ ၁ ပြဲသာ အႏိုင္ရခဲ့တာေၾကာင့္ အာတီတာရဲ႕အသင္းဟာ ႏွစ္သစ္ကို အဆင့္ ၄ ေနရာကေန ကူးေျပာင္းခဲ့ရတာျဖစ္ၿပီး ဂန္းနားေတြဟာ ဆုဖလားၿပိဳင္ဘက္ေတြျဖစ္တဲ့ လီဗာပူးလ္အိမ္ကြင္းမွာ အထင္ႀကီးဖြယ္သေရ ၁ မွတ္ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဝက္စ္ဟမ္း၊ ဖူလ္ဟမ္တို႔ကို ၂ ပြဲဆက္တိုက္ ရႈံးနိမ့္ခဲ့မႈက အာဆင္နယ္ကို ဆုဖလားၿပိဳင္ပြဲမွာ ႀကီးမားတဲ့ ထိုးႏွက္ခ်က္ျဖစ္လာေစခဲ့ၿပီး မန္ယူႏိုက္တက္ေနာက္ခံလူေဟာင္း ဂယ္ရီ နဗီးက ဂန္းနားေတြဟာ အမွတ္ေပးဇယားထိပ္ဆုံးမွာ ဦးေဆာင္ႏိုင္မယ့္ အခြင့္အေရးကို လြဲေခ်ာ္ခဲ့တဲ့အတြက္ ေနာင္တရေနလိမ့္မယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

သရဲနီဂႏၲဝင္က အာဆင္နယ္ဟာ မၾကာေသးမီက စိတ္ပ်က္စရာ ရလဒ္ေတြနဲ႔ ရင္ဆိုင္ခဲ့ရေပမယ့္လည္း ယခုရာသီကုန္မွာ ပရီးမီးယားလိဂ္ဖလားကို ဆြတ္ခူးသြားႏိုင္လိမ့္မယ္လို႔ အံ့အားသင့္ဖြယ္ ေဟာကိန္းထုတ္လိုက္တာျဖစ္ပါတယ္။

“ကြၽန္ေတာ့္ရဲ႕ ခန႔္မွန္းခ်က္ကို ေျပာင္းလဲသြားမွာမဟုတ္ပါဘူး။ ရာသီအလယ္ေလာက္မွာ မေမွ်ာ္လင့္ထားတဲ့ အလွည့္အေျပာင္းေတြျဖစ္လာႏိုင္တယ္လို႔ ကြၽန္ေတာ္ မထင္ဘူး။ အဲဒီရႈံးပြဲေတြက အာဆင္နယ္ကို ဆုဖလားၿပိဳင္ပြဲကေန လုံးဝႀကီး ထြက္သြားေစမွာမဟုတ္ပါဘူး။ သူတို႔နဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္ စိတ္ပ်က္ခဲ့တယ္။ သူတို႔လည္း သူတို႔ဘာသာ စိတ္ပ်က္ခဲ့မွာပါ။ အာဆင္နယ္ပရိသတ္ေတြကလည္း ၿပီးခဲ့တဲ့ ၂ ပတ္၊ ၃ ပတ္အတြင္းမွာ စိတ္ပ်က္ခဲ့ၾကမွာပါ။ ဘာလို႔လဲဆိုေတာ့ သူတို႔ေတြက သူတို႔ကို အရမ္းေကာင္းတဲ့ေနရာကို ေရာက္ရွိေစႏိုင္မယ့္ အခြင့္အလမ္းေတြကို လြဲေခ်ာ္ခဲ့ၾကလို႔ပါ။ သူတို႔ေတြ ရွိရမယ့္ေနရာမွာမရွိေနလို႔ လိဂ္ကို အႏိုင္ရသြားလိမ့္မယ္လို႔ ေျပာလို႔ရတဲ့ အေနအထားမွာမဟုတ္ေပမယ့္ ၿပီးခဲ့တဲ့ရက္သတၱပတ္အနည္းငယ္တုန္းက သူတို႔ေတြ ကစားခဲ့တဲ့ပြဲစဥ္ေတြနဲ႔တူ ၄၊ ၅ မွတ္ ကြာဟခ်က္ရွိေနတယ္။ သူတို႔ေတြက ခက္ခဲတဲ့လမ္းေပၚမွာ ရွိေနေပမယ့္လည္း သူတို႔ေတြ ျပန္လာႏိုင္မွာပါ။ သူတို႔ေတြ လိဂ္ဖလားကို အႏိုင္ရႏိုင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ဂယ္ရီ နဗီးက မၾကာေသးမီက အာဆင္နယ္ဟာ ဆုဖလားၿပိဳင္ဘက္ေတြနဲ႔ ႏႈိင္းယွဥ္ရင္ အဆုံးသတ္ေကာင္းတဲ့ တိုက္စစ္မႉး ကင္းမဲ့ေနတာနဲ႔ပတ္သက္ၿပီး စိုးရိမ္မႈကို ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး ဂန္းနားေတြဟာ ထိပ္ဆုံး ၅ သင္းထဲမွာ ဂိုးသြင္းယူသူအနည္းဆုံး အသင္းျဖစ္ေနတာျဖစ္ပါတယ္။

ဒါေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္က နံပါတ္ ၁ တိုက္စစ္မႉး ေခၚယူႏိုင္မယ္ဆိုရင္ အာဆင္နယ္တို႔ရဲ႕ ဆုဖလားေမွ်ာ္လင့္ခ်က္အတြက္ အကူအညီျဖစ္ေစလိမ့္မယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“ျပႆနာျဖစ္ေနတာက တိုက္စစ္မွာပါ။ သူတို႔ေတြ ေဘာလုံးကို ဂိုးပိုက္ထဲကို ထည့္တဲ့ေနရာမွာ ျပႆနာရွိေနတယ္။ သူတို႔ေတြမွာ တိုက္စစ္မႉးေကာင္းေတြျဖစ္တဲ့ အန္ကီးတီးယား၊ ေဂ်းဇုတို႔ရွိပါတယ္။ ဒါေပမယ့္ သူတို႔ ၂ ေယာက္စလုံးက နံပါတ္ ၂၊ နံပါတ္ ၃ တိုက္စစ္မႉးေတြပါ။ နံပါတ္ ၁ တိုက္စစ္မႉးေတြမဟုတ္ပါဘူး။ သူတို႔ေတြမွာ နံပါတ္ ၁ တိုက္စစ္မႉးတစ္ေယာက္ လိုအပ္ေနတာပါ။”လို႔ ေျပာဆိုခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet