အာဆင်နယ်-ဝက်စ်ဟမ်း ပရီးမီးယားလိဂ်ပွဲစဉ် သုံးသပ်ချက် 1024 504 coyg

အာဆင်နယ်-ဝက်စ်ဟမ်း ပရီးမီးယားလိဂ်ပွဲစဉ် သုံးသပ်ချက်

အမှတ်ပေးဇယား ဦးဆောင်သူတွေအဖြစ် ခရစ္စမတ်နေ့ကို ဖြတ်သန်းခဲ့တဲ့ အာဆင်နယ်ဟာ ကြာသပတေးနေ့ညမှာ ဝက်စ်ဟမ်းကို အမ်းမရိတ်စ်မှာ လက်ခံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ စနေနေ့ညက လစ်ဗာပူးလ်အိမ်ကွင်းမှာ သရေ ၁ မှတ် ရယူနိုင်ခဲ့ပြီးနောက် ရမှတ် ၄၀ နဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နိုင်ခဲ့ပေမယ့် အင်္ဂါနေ့ညက ဘန်လေကို လီဗာပူးလ်က၂-၀ နဲ့ အနိုင်ရခဲ့တာကြောင့် ဇယားထိပ်ကနေ ယာယီဆင်းပေးခဲ့ရပါတယ်။

ဝက်စ်ဟမ်းကလည်း စနေနေ့ညက မန်ချက်စတာယူနိုက်တက်ကို အိမ်ကွင်းမှာ ၂-၀ နဲ့ အနိုင်ရခဲ့ပြီးနောက် ရမှတ် ၃၀ နဲ့ အဆင့် ၇ နေရာမှာ ရပ်တည်နေပါတယ်။

နှစ်ဖက်အသင်း သတင်းများ

အာဆင်နယ်ဟာ အန်းဖီးတုန်းက မာတီနယ်လီရော ဇင်ချန်ကိုပါ ရုန်းကန်ခဲ့ရတာကြောင့် ကြာသပတေးနေ့မှာ ဘယ်တောင်ပံကို အပြောင်းအလဲအချို့ ပြုလုပ်ဖွယ်ရှိပြီး ခီဗီယောနဲ့ ထရော့ဆာ့ဒ်တို့ ပွဲထွက်ခွင့်ရရှိဖွယ်ရှိပါတယ်။ တိုက်စစ်ပိုင်း ဒဏ်ရာပြဿနာသတင်းကတော့ သတင်းသစ်မရှိဘဲ ဂျော်ဂျင်ညို ပါဝင်ကစားပေးနိုင်တဲ့ အခြေအနေ ရှိနေပါတယ်။ ကိုင် ဟာဗတ်ဇ်ကတော့ အဝါ ၅ ကတ်ပြည့်သွားလို့ ပွဲပယ်ပြစ်ဒဏ်ကျခံရမှာဖြစ်တာကြောင့် စမစ်ရိုးကို အာတီတာ ပွဲထွက်ခွင့်မပေးချင်ဘူးဆိုရင် အီတလီကွင်းလယ်လူ ပွဲထွက်ခွင့်ရနိုင်ပါတယ်။ တင်းဘား၊ တိုမိယဆု၊ ပါတေးနဲ့ ဗီယာရာတို့ကတော့ ဆက်ပြီး လွဲချော်ဦးမှာပါ။

ဝက်စ်ဟမ်းဘက်မှာတော့ အန်တိုနီယို တစ်ဦးတည်းသာ ဒူးဒဏ်ရာကြောင့် ပါဝင်ကစားပေးနိုင်ခြင်းမရှိမှာဖြစ်ပြီး ဒေးဗစ် မိုရက်စ်အနေနဲ့ မန်ချက်စတာယူနိုက်တက်ကို အနိုင်ရခဲ့တဲ့ပွဲက လူစာရင်းအတိုင်း အပြောင်းအလဲမလုပ်ဘဲ ပွဲထွက်လာနိုင်ပါတယ်။

ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်း

အာဆင်နယ်-ရာယာ၊ ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယဲလ်၊ ခီဗီယော၊ ရိုက်၊ ဂျော်ဂျင်ညို၊ အော်ဒီဂွါဒ်၊ ထရော့ဆာ့ဒ်၊ ဆာကာ၊ ဂျေးဇု။
ဝက်စ်ဟမ်း-အာရီယိုလာ၊ အီမာဆန်၊ ဇူးမား၊ မက်ဗရိုပါးနော့စ်၊ ကူဖယ်၊ ဆူးချက်၊ အယ်လ်ဗာရက်ဇ်၊ ပါကယ်တာ၊ ဝ့ါဒ်-ပရောက်စ်၊ ကူးဒက်စ်၊ ဘိုဝင်။

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံးပွဲရလဒ်များ

ဒီနှစ်သင်းကြား ၂၆ ကြိမ်တွေ့ဆုံခဲ့ရာမှာ အာဆင်နယ်က ၁၉ ကြိမ်နိုင် ၄ ကြိမ်သရေ ဝက်စ်ဟမ်းက ၃ ကြိမ်အနိုင်ရခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ အာဆင်နယ်က ၂ ပွဲနိုင် ၂ ပွဲသရေ ၁ ပွဲရှုံး၊ ဝက်စ်ဟမ်းက ၃ ပွဲနိုင် ၂ ပွဲရှုံးခဲ့ပါတယ်။

ပွဲကြိုသုံးသပ်ချက်

ဝက်စ်ဟမ်းရဲ့ မကြာသေးမီက အောင်မြင်မှုတွေဟာ ယေဘုယျအားဖြင့် အိမ်ကွင်းမှာ ရခဲ့တာဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ အဝေးကွင်း ၂ ပွဲစလုံးမှာ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဧည့်သည်တွေဟာစနေနေ့က မန်ချက်စတာယူနိုက်တက်အိမ်ကွင်းမှာ နိုင်ပွဲရခဲ့လို့ စိတ်အားတက်ကြွနေမှာဖြစ်ပြီး အိမ်ရှင်တွေကို အန္တရာယ်ပေးနိုင်စွမ်းရှိနေတာဖြစ်ပါတယ်။ ဒေးဗစ် မိုရက်စ်ရဲ့အသင်းဟာ ခံစစ်ထိဆင်းပိတ်ပြီး ကစားသွားမှာဖြစ်လို့ အာဆင်နယ်အနေနဲ့ စိတ်ရှည်ရမှာဖြစ်ပြီး တည်ကန်ဘောတွေက ကြီးမားတဲ့အခန်းကဏ္ဍကနေ ပါဝင်သွားဖွယ်ရှိပေမယ့် ဟာဗတ်ဇ် မပါဝင်မှုက အိမ်ရှင်တွေအတွက် နစ်နာစေမှာပါ။ ဒါပေမယ့်လည်း အိမ်ရှင်တွေက ဒီပွဲမှာ ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ အနိုင်ကစားပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ပြန်လည်သိမ်းပိုက်သွားဦးမှာပါ။

AM ခန့်မှန်းပွဲပြီးရလဒ်(အာဆင်နယ် ၂-၁ ဝက်စ်ဟမ်း)
ခရစ္စ ဆပ်တန်ရဲ့ ခန့်မှန်းပွဲပြီးရလဒ်(အာဆင်နယ် ၃-၀ ဝက်စ်ဟမ်း)

Arsenal Myanmar

Ref: Internet

ZAWGYI: အမွတ္ေပးဇယား ဦးေဆာင္သူေတြအျဖစ္ ခရစၥမတ္ေန႔ကို ျဖတ္သန္းခဲ့တဲ့ အာဆင္နယ္ဟာ ၾကာသပေတးေန႔ညမွာ ဝက္စ္ဟမ္းကို အမ္းမရိတ္စ္မွာ လက္ခံယွဥ္ၿပိဳင္သြားရမွာ ျဖစ္ပါတယ္။

အာဆင္နယ္ဟာ စေနေန႔ညက လစ္ဗာပူးလ္အိမ္ကြင္းမွာ သေရ ၁ မွတ္ ရယူႏိုင္ခဲ့ၿပီးေနာက္ ရမွတ္ ၄၀ နဲ႔ အမွတ္ေပးဇယားထိပ္ဆုံးမွာ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ အဂၤါေန႔ညက ဘန္ေလကို လီဗာပူးလ္က၂-၀ နဲ႔ အႏိုင္ရခဲ့တာေၾကာင့္ ဇယားထိပ္ကေန ယာယီဆင္းေပးခဲ့ရပါတယ္။

ဝက္စ္ဟမ္းကလည္း စေနေန႔ညက မန္ခ်က္စတာယူႏိုက္တက္ကို အိမ္ကြင္းမွာ ၂-၀ နဲ႔ အႏိုင္ရခဲ့ၿပီးေနာက္ ရမွတ္ ၃၀ နဲ႔ အဆင့္ ၇ ေနရာမွာ ရပ္တည္ေနပါတယ္။

ႏွစ္ဖက္အသင္း သတင္းမ်ား

အာဆင္နယ္ဟာ အန္းဖီးတုန္းက မာတီနယ္လီေရာ ဇင္ခ်န္ကိုပါ ႐ုန္းကန္ခဲ့ရတာေၾကာင့္ ၾကာသပေတးေန႔မွာ ဘယ္ေတာင္ပံကို အေျပာင္းအလဲအခ်ိဳ႕ ျပဳလုပ္ဖြယ္ရွိၿပီး ခီဗီေယာနဲ႔ ထေရာ့ဆာ့ဒ္တို႔ ပြဲထြက္ခြင့္ရရွိဖြယ္ရွိပါတယ္။ တိုက္စစ္ပိုင္း ဒဏ္ရာျပႆနာသတင္းကေတာ့ သတင္းသစ္မရွိဘဲ ေဂ်ာ္ဂ်င္ညိဳ ပါဝင္ကစားေပးႏိုင္တဲ့ အေျခအေန ရွိေနပါတယ္။ ကိုင္ ဟာဗတ္ဇ္ကေတာ့ အဝါ ၅ ကတ္ျပည့္သြားလို႔ ပြဲပယ္ျပစ္ဒဏ္က်ခံရမွာျဖစ္တာေၾကာင့္ စမစ္႐ိုးကို အာတီတာ ပြဲထြက္ခြင့္မေပးခ်င္ဘူးဆိုရင္ အီတလီကြင္းလယ္လူ ပြဲထြက္ခြင့္ရႏိုင္ပါတယ္။ တင္းဘား၊ တိုမိယဆု၊ ပါေတးနဲ႔ ဗီယာရာတို႔ကေတာ့ ဆက္ၿပီး လြဲေခ်ာ္ဦးမွာပါ။

ဝက္စ္ဟမ္းဘက္မွာေတာ့ အန္တိုနီယို တစ္ဦးတည္းသာ ဒူးဒဏ္ရာေၾကာင့္ ပါဝင္ကစားေပးႏိုင္ျခင္းမရွိမွာျဖစ္ၿပီး ေဒးဗစ္ မိုရက္စ္အေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္ကို အႏိုင္ရခဲ့တဲ့ပြဲက လူစာရင္းအတိုင္း အေျပာင္းအလဲမလုပ္ဘဲ ပြဲထြက္လာႏိုင္ပါတယ္။

ျဖစ္ႏိုင္ဖြယ္ပြဲထြက္လူစာရင္း

အာဆင္နယ္-ရာယာ၊ ဝႈိက္၊ ဆာလီဘာ၊ ဂါဘရီယဲလ္၊ ခီဗီေယာ၊ ႐ိုက္၊ ေဂ်ာ္ဂ်င္ညိဳ၊ ေအာ္ဒီဂြါဒ္၊ ထေရာ့ဆာ့ဒ္၊ ဆာကာ၊ ေဂ်းဇု။
ဝက္စ္ဟမ္း-အာရီယိုလာ၊ အီမာဆန္၊ ဇူးမား၊ မက္ဗ႐ိုပါးေနာ့စ္၊ ကူဖယ္၊ ဆူးခ်က္၊ အယ္လ္ဗာရက္ဇ္၊ ပါကယ္တာ၊ ဝ့ါဒ္-ပေရာက္စ္၊ ကူးဒက္စ္၊ ဘိုဝင္။

ထိပ္တိုက္ေတြ႕ဆုံမႈနဲ႔ ေနာက္ဆုံးပြဲရလဒ္မ်ား

ဒီႏွစ္သင္းၾကား ၂၆ ႀကိမ္ေတြ႕ဆုံခဲ့ရာမွာ အာဆင္နယ္က ၁၉ ႀကိမ္ႏိုင္ ၄ ႀကိမ္သေရ ဝက္စ္ဟမ္းက ၃ ႀကိမ္အႏိုင္ရခဲ့ပါတယ္။ ေနာက္ဆုံးကစားခဲ့တဲ့ ၅ ပြဲမွာ အာဆင္နယ္က ၂ ပြဲႏိုင္ ၂ ပြဲသေရ ၁ ပြဲရႈံး၊ ဝက္စ္ဟမ္းက ၃ ပြဲႏိုင္ ၂ ပြဲရႈံးခဲ့ပါတယ္။

ပြဲႀကိဳသုံးသပ္ခ်က္

ဝက္စ္ဟမ္းရဲ႕ မၾကာေသးမီက ေအာင္ျမင္မႈေတြဟာ ေယဘုယ်အားျဖင့္ အိမ္ကြင္းမွာ ရခဲ့တာျဖစ္ၿပီး ေနာက္ဆုံးကစားခဲ့တဲ့ အေဝးကြင္း ၂ ပြဲစလုံးမွာ ရႈံးနိမ့္ခဲ့ပါတယ္။ ဒါေပမယ့္လည္း ဧည့္သည္ေတြဟာစေနေန႔က မန္ခ်က္စတာယူႏိုက္တက္အိမ္ကြင္းမွာ ႏိုင္ပြဲရခဲ့လို႔ စိတ္အားတက္ႂကြေနမွာျဖစ္ၿပီး အိမ္ရွင္ေတြကို အႏၲရာယ္ေပးႏိုင္စြမ္းရွိေနတာျဖစ္ပါတယ္။ ေဒးဗစ္ မိုရက္စ္ရဲ႕အသင္းဟာ ခံစစ္ထိဆင္းပိတ္ၿပီး ကစားသြားမွာျဖစ္လို႔ အာဆင္နယ္အေနနဲ႔ စိတ္ရွည္ရမွာျဖစ္ၿပီး တည္ကန္ေဘာေတြက ႀကီးမားတဲ့အခန္းက႑ကေန ပါဝင္သြားဖြယ္ရွိေပမယ့္ ဟာဗတ္ဇ္ မပါဝင္မႈက အိမ္ရွင္ေတြအတြက္ နစ္နာေစမွာပါ။ ဒါေပမယ့္လည္း အိမ္ရွင္ေတြက ဒီပြဲမွာ က်ဥ္းေျမာင္းတဲ့ရလဒ္နဲ႔ အႏိုင္ကစားၿပီး အမွတ္ေပးဇယားထိပ္ဆုံးေနရာကို ျပန္လည္သိမ္းပိုက္သြားဦးမွာပါ။

AM ခန႔္မွန္းပြဲၿပီးရလဒ္(အာဆင္နယ္ ၂-၁ ဝက္စ္ဟမ္း)
ခရစၥ ဆပ္တန္ရဲ႕ ခန႔္မွန္းပြဲၿပီးရလဒ္(အာဆင္နယ္ ၃-၀ ဝက္စ္ဟမ္း)

Arsenal Myanmar

Ref: Internet