သရေ ၁ မှတ်စီခွဲယူခဲ့ရတဲ့ အန်းဖီးဆုဖလားတိုက်ပွဲကနေ မှတ်မှတ်ရရ ပြန်ပြောရမယ့်အချက်များ 1024 512 coyg

သရေ ၁ မှတ်စီခွဲယူခဲ့ရတဲ့ အန်းဖီးဆုဖလားတိုက်ပွဲကနေ မှတ်မှတ်ရရ ပြန်ပြောရမယ့်အချက်များ

စနေနေ့ညက အန်းဖီးမှာ ကစားခဲ့တဲ့ပွဲစဉ်မှာ အာဆင်နယ်ရော လီဗာပူးလ်ပါ နိုင်ပွဲ ရှာမတွေ့ခဲ့ကြဘဲ သရေ ၁ မှတ်စီနဲ့ ကျေနပ်ခဲ့ရပါတယ်။

ဂန်းနားတွေက အထင်ကြီးဖွယ်ခြေစွမ်းနဲ့ ပွဲကို စတင်နိုင်ခဲ့ပြီး ၄ မိနစ်မှာ မာတင် အော်ဒီဂွါဒ်ရဲ့ အလွတ်တည်ကန်ဘောကနေ ဖြတ်တင်ပေးပို့မှုကို နောက်ခံလူ ဂါဘရီယဲလ်က ခေါင်းတိုက်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လီဗာပူးလ်က ပြန်လည် လွှမ်းမိုးနိုင်ခဲ့ပြီး ပွဲကစားချိန် ၂၉ မိနစ်မှာ မိုဟာမက် ဆာလားရဲ့ တကိုယ်တော် ထိုးဖောက်မှုကနေတဆင့် ဂိုးညာဘက်အပေါ်ထောင့်ထဲကို ကန်သွင်းမှုကို ဒေးဗစ် ရာယာ မကာကွယ်နိုင်ခဲ့ဘဲ ချေပဂိုး ပေးခဲ့ရတာဖြစ်ပါတယ်။

ဂိုးမရှိသရေနဲ့သာ ပွဲပြီးဆုံးသွားခဲ့ပေမယ့်လည်း ထရင့် အလက်ဇန်းဒါး အာနိုးရဲ့ ကန်ချက်သာ ဂိုးဘားတန်းမထိသွားခဲ့ဘူးဆိုရင် အိမ်ရှင်တွေ နိုင်ပွဲရခဲ့မှာဖြစ်ပြီး အခုတော့ သရေ ၁ မှတ်စီနဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

၁။ ပါးနပ်တဲ့စတင်မှုအတွက် အာဆင်နယ်ရဲ့ဆုလာဘ်

ဒီပွဲစဉ်ဟာ ဂန်းနားတွေစိတ်ထဲမှာ အရင်တုန်းက အတွေ့အကြုံအချို့ကြောင့် ကြီးကြီးမားမား နေရာယူထားတဲ့ပွဲဖြစ်ပြီး အာတီတာကိုယ်တိုင် ပထမပိုင်း မိနစ် ၂၀ အတွင်းမှာ ၄ ဂိုးခွင့်ပြုခဲ့ရပြီးနောက် ၅-၁ နဲ့ ရှုံးနိမ့်ခဲ့ရတဲ့ အာဆင်နယ်အသင်းမှာ ပါဝင်ကစားပေးခဲ့ဖူးတာဖြစ်ပါတယ်။ ဒီလို ပွဲမျိုးမှာ လျင်လျင်မြန်မြန် စတင်နိုင်ဖို့လိုအပ်တယ်ဆိုတာ မကြာခဏ ပြောခဲ့ပေမယ့်လည်း ပါးနပ်တဲ့ စတင်မှုဖြစ်ဖို့က ပိုအရေးကြီးပါတယ်။ အာဆင်နယ်ဟာ ဒီပွဲမှာ ပါးနပ်ခဲ့ပြီး လီဗာပူးလ်ရဲ့ ဖန်တီးမှုအားကောင်းတဲ့ ကစားသမားတွေကို ချုပ်ထားနိုင်ခဲ့တာကြောင့် ဘောလုံးပေးပို့မှုအနည်းငယ်သာ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဂန်းနားတွေဟာ အိမ်ရှင်တွေကို စောစောစီးစီး ပြစ်ဒဏ်ဘောပေးရအောင် လုပ်နိုင်ခဲ့ပြီး တည်ကန်ဘောကနေ လူကပ်ကစားပုံ မှားယွင်းနေတဲ့ လီဗာပူးလ်ကို အပြစ်ပေးခဲ့တာဖြစ်ပါတယ်။

၂။ အားလုံးခံစားမိခဲ့တဲ့ မြန်နှုန်း

ဒီပွဲစဉ်တလျှောက်လုံး ထူးထူးခြားခြား မြန်နှုန်းကို အားလုံးသတိပြုမိခဲ့ကြပေမယ့်လည်း အထူးသဖြင့် မိုဟာမက် ဆာလားရဲ့ သွင်းဂိုးအပြီးမှာ နှစ်ဖက်စလုံးဆီကနေ လျင်မြန်တဲ့ ထိုးဖောက်မှုတွေကို ကာကွယ်ဖို့အတွက် မကြာခဏ ကြားဝင်ဖျက်ထုတ်မှုတွေ လိုအပ်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်တောင်ပံကစားသမားတွေဟာ အလွန်အန္တရာယ်ရှိတဲ့ပုံပေါ်ခဲ့ပြီး ဆာကာဟာ ဆီမီကတ်စ်နဲ့ ကလော့ပ်အတွက်ပါ အန္တရာယ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဂန်းနားတောင်ပံကြယ်ပွင့်ဟာ ဆီမီကတ်စ်နဲ့ ဘောလုံးယှဉ်လုရာမှာ ဂရိနောက်ခံလူကို ကွင်းဘေးစည်းနားရပ်နေတဲ့ ကလော့ပ်ဆီ ဒလိမ့်ကောက်ကွေး ဝင်သွားတဲ့အထိ ဖျက်ထုတ်ခဲ့ပြီး လီဗာပူးလ်နောက်ခံလူဟာ နောက်ထပ်ပုခုံးဒဏ်ရာ ရှိသွားခဲ့ပုံပေါ်ပါတယ်။ ပွဲမြန်နှုန်းဟာ တော်တော်လေး ထူးခြားခဲ့ပြီး အော်ဒီဂွါဒ် ပင်နယ်တီဧရိယာထဲမှာ ဘောလုံးကို လက်နဲ့ထိခဲ့ပေမယ့်လည်း VAR က ပြန်မကြည့်ဖို့ ဆုံးဖြတ်ခဲ့တာကလည်း အဲဒီမြန်နှုန်းကြောင့်ဖြစ်နိုင်ပါတယ်။

၃။ ထိပ်တန်းအဆင့် ခေတ်သစ်ခံစစ်ကစားပုံ

ထိပ်တန်းအဆင့်ဘောလုံးအသင်းတွေမှာ ဗဟိုခံစစ်ကစားသမားဖြစ်ရဖို့ဆိုတာ ဒီနေ့မှာ ပြင်းပြင်းထန်ထန် အလုပ်လုပ်မှ ရမှာဖြစ်ပြီး လူကောင်ကြီးရုံနဲ့မရဘဲ လျင်လျင်မြန်မြန် လှုပ်ရှားနိုင်ဖို့လည်း လိုအပ်ပါတယ်။ အီဘရာဟီမာ ကိုနာတီဟာ အဲဒီလိုကစားသမားမျိုးဖြစ်ပြီး အာဆင်နယ်နဲ့ပွဲစဉ်မှာ ကြောက်မက်ဖွယ် ခံစစ်စွမ်းရည်ကို ပြသပြီး ဂန်းနားတွေရဲ့ တိုက်စစ်ဆင်မှု အများအပြားနဲ့ အရေးကြီးတဲ့အချိန်မှာ ဘောလုံးကို ရှင်းထုတ်မှုတွေ မကြာခဏ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်နောက်ခံကစားသမား ဂါဘရီယဲလ်ကလည်း အထင်ကြီးစရာ ကစားပုံနဲ့ ပရိသတ်တွေအတွက် ခေတ်သစ်ခံစစ်ကစားပုံဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို ပရိသတ်ကို ပြသခဲ့ပါတယ်။

၄။ အသက်မဲ့ခဲ့တဲ့ ဘယ်တောင်ပံ

အာဆင်နယ်ရဲ့ ဘယ်တောင်ပံတိုက်စစ်မှာ မာတီနယ်လီတစ်ယောက်တည်း ရုန်းကန်ခဲ့ရပြီး ဇင်ချန်ကိုဆီက ပံ့ပိုးမှု မရခဲ့တာကလည်း အဓိကအချက်ဖြစ်ခဲ့ပါတယ်။ ဘရာဇီးလ်တိုက်စစ်မှူးဟာ မကြာခဏဆိုသလို ဘောလုံးမရှိတဲ့အချိန်မှာတောင် အနိုင်ကျင့်ခံခဲ့ရပြီး လူကပ်ထားတဲ့ လီဗာပူးလ်ကစားသမားတွေကို ကျော်ဖြတ်နိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါကြောင့် ဒုတိယပိုင်းပွဲကစားချိန်အလယ်လောက်မှာ ထရော့ဆာ့ဒ်နဲ့ လူစားလဲလှယ်ခြင်းခံခဲ့ရပြီး ဘယ်လ်ဂျီယမ်ကြယ်ပွင့်လည်း မာတီနယ်လီလိုမျိုး ရုန်းကန်ခဲ့ရပါတယ်။

၅။ သရေ ၁ မှတ်စီခွဲဝေယူခဲ့ကြတဲ့ ဆုဖလားစိန်ခေါ်သူ ၂ ဦး

ဒီသရေပွဲကြောင့် ဘယ်သူ အကျိုးအရှိဆုံးလဲဆိုရင် မန်စီးတီး ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ လီဗာပူးလ်က အာနိုးရဲ့ ကန်ချက် ဂိုးဘားတန်းမထိခဲ့ရင် အနိုင်ရခဲ့မှာလို့ ညည်းတွားနေမှာဖြစ်ပေမယ့်လည်း အာဆင်နယ်က ပိုမိုကောင်းမွန်တဲ့အသင်းဖြစ်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ပွဲကစားချိန်ပြီးခါနီးအချိန်တွေမှာ ကောင်းကောင်း ခြေကုပ်ယူနိုင်ခဲ့ပြီး သရေကျခဲ့တာကို ဂန်းနားတွေလည်း နောင်တရခဲ့မှာပါ။ ဒါပေမယ့် အားလုံးခြုံပြောရရင် ဒီရာသီမှာ ဘာတွေပဲဖြစ်ဖြစ် မန်စီးတီးနဲ့ ယှဉ်ပြိုင်သွားမယ့် ၂ သင်းဆီကနေ အလွန်ကောင်းမွန်တဲ့ ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပြီး ဒီတစ်ကြိမ်ဆုဖလားပြိုင်ပွဲက တော်တော်လေး ယှဉ်ပြိုင်သူများပြီး ပြင်းထန်မှာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: စေနေန႔ညက အန္းဖီးမွာ ကစားခဲ့တဲ့ပြဲစဥ္မွာ အာဆင္နယ္ေရာ လီဗာပူးလ္ပါ ႏိုင္ပြဲ ရွာမေတြ႕ခဲ့ၾကဘဲ သေရ ၁ မွတ္စီနဲ႔ ေက်နပ္ခဲ့ရပါတယ္။

ဂန္းနားေတြက အထင္ႀကီးဖြယ္ေျခစြမ္းနဲ႔ ပြဲကို စတင္ႏိုင္ခဲ့ၿပီး ၄ မိနစ္မွာ မာတင္ ေအာ္ဒီဂြါဒ္ရဲ႕ အလြတ္တည္ကန္ေဘာကေန ျဖတ္တင္ေပးပို႔မႈကို ေနာက္ခံလူ ဂါဘရီယဲလ္က ေခါင္းတိုက္သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း လီဗာပူးလ္က ျပန္လည္ လႊမ္းမိုးႏိုင္ခဲ့ၿပီး ပြဲကစားခ်ိန္ ၂၉ မိနစ္မွာ မိုဟာမက္ ဆာလားရဲ႕ တကိုယ္ေတာ္ ထိုးေဖာက္မႈကေနတဆင့္ ဂိုးညာဘက္အေပၚေထာင့္ထဲကို ကန္သြင္းမႈကို ေဒးဗစ္ ရာယာ မကာကြယ္ႏိုင္ခဲ့ဘဲ ေခ်ပဂိုး ေပးခဲ့ရတာျဖစ္ပါတယ္။

ဂိုးမရွိသေရနဲ႔သာ ပြဲၿပီးဆုံးသြားခဲ့ေပမယ့္လည္း ထရင့္ အလက္ဇန္းဒါး အာႏိုးရဲ႕ ကန္ခ်က္သာ ဂိုးဘားတန္းမထိသြားခဲ့ဘူးဆိုရင္ အိမ္ရွင္ေတြ ႏိုင္ပြဲရခဲ့မွာျဖစ္ၿပီး အခုေတာ့ သေရ ၁ မွတ္စီနဲ႔သာ ေက်နပ္ခဲ့ရတာျဖစ္ပါတယ္။

၁။ ပါးနပ္တဲ့စတင္မႈအတြက္ အာဆင္နယ္ရဲ႕ဆုလာဘ္

ဒီပြဲစဥ္ဟာ ဂန္းနားေတြစိတ္ထဲမွာ အရင္တုန္းက အေတြ႕အႀကဳံအခ်ိဳ႕ေၾကာင့္ ႀကီးႀကီးမားမား ေနရာယူထားတဲ့ပြဲျဖစ္ၿပီး အာတီတာကိုယ္တိုင္ ပထမပိုင္း မိနစ္ ၂၀ အတြင္းမွာ ၄ ဂိုးခြင့္ျပဳခဲ့ရၿပီးေနာက္ ၅-၁ နဲ႔ ရႈံးနိမ့္ခဲ့ရတဲ့ အာဆင္နယ္အသင္းမွာ ပါဝင္ကစားေပးခဲ့ဖူးတာျဖစ္ပါတယ္။ ဒီလို ပြဲမ်ိဳးမွာ လ်င္လ်င္ျမန္ျမန္ စတင္ႏိုင္ဖို႔လိုအပ္တယ္ဆိုတာ မၾကာခဏ ေျပာခဲ့ေပမယ့္လည္း ပါးနပ္တဲ့ စတင္မႈျဖစ္ဖို႔က ပိုအေရးႀကီးပါတယ္။ အာဆင္နယ္ဟာ ဒီပြဲမွာ ပါးနပ္ခဲ့ၿပီး လီဗာပူးလ္ရဲ႕ ဖန္တီးမႈအားေကာင္းတဲ့ ကစားသမားေတြကို ခ်ဳပ္ထားႏိုင္ခဲ့တာေၾကာင့္ ေဘာလုံးေပးပို႔မႈအနည္းငယ္သာ ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဂန္းနားေတြဟာ အိမ္ရွင္ေတြကို ေစာေစာစီးစီး ျပစ္ဒဏ္ေဘာေပးရေအာင္ လုပ္ႏိုင္ခဲ့ၿပီး တည္ကန္ေဘာကေန လူကပ္ကစားပုံ မွားယြင္းေနတဲ့ လီဗာပူးလ္ကို အျပစ္ေပးခဲ့တာျဖစ္ပါတယ္။

၂။ အားလုံးခံစားမိခဲ့တဲ့ ျမန္ႏႈန္း

ဒီပြဲစဥ္တေလွ်ာက္လုံး ထူးထူးျခားျခား ျမန္ႏႈန္းကို အားလုံးသတိျပဳမိခဲ့ၾကေပမယ့္လည္း အထူးသျဖင့္ မိုဟာမက္ ဆာလားရဲ႕ သြင္းဂိုးအၿပီးမွာ ႏွစ္ဖက္စလုံးဆီကေန လ်င္ျမန္တဲ့ ထိုးေဖာက္မႈေတြကို ကာကြယ္ဖို႔အတြက္ မၾကာခဏ ၾကားဝင္ဖ်က္ထုတ္မႈေတြ လိုအပ္ခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္ေတာင္ပံကစားသမားေတြဟာ အလြန္အႏၲရာယ္ရွိတဲ့ပုံေပၚခဲ့ၿပီး ဆာကာဟာ ဆီမီကတ္စ္နဲ႔ ကေလာ့ပ္အတြက္ပါ အႏၲရာယ္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ ဂန္းနားေတာင္ပံၾကယ္ပြင့္ဟာ ဆီမီကတ္စ္နဲ႔ ေဘာလုံးယွဥ္လုရာမွာ ဂရိေနာက္ခံလူကို ကြင္းေဘးစည္းနားရပ္ေနတဲ့ ကေလာ့ပ္ဆီ ဒလိမ့္ေကာက္ေကြး ဝင္သြားတဲ့အထိ ဖ်က္ထုတ္ခဲ့ၿပီး လီဗာပူးလ္ေနာက္ခံလူဟာ ေနာက္ထပ္ပုခုံးဒဏ္ရာ ရွိသြားခဲ့ပုံေပၚပါတယ္။ ပြဲျမန္ႏႈန္းဟာ ေတာ္ေတာ္ေလး ထူးျခားခဲ့ၿပီး ေအာ္ဒီဂြါဒ္ ပင္နယ္တီဧရိယာထဲမွာ ေဘာလုံးကို လက္နဲ႔ထိခဲ့ေပမယ့္လည္း VAR က ျပန္မၾကည့္ဖို႔ ဆုံးျဖတ္ခဲ့တာကလည္း အဲဒီျမန္ႏႈန္းေၾကာင့္ျဖစ္ႏိုင္ပါတယ္။

၃။ ထိပ္တန္းအဆင့္ ေခတ္သစ္ခံစစ္ကစားပုံ

ထိပ္တန္းအဆင့္ေဘာလုံးအသင္းေတြမွာ ဗဟိုခံစစ္ကစားသမားျဖစ္ရဖို႔ဆိုတာ ဒီေန႔မွာ ျပင္းျပင္းထန္ထန္ အလုပ္လုပ္မွ ရမွာျဖစ္ၿပီး လူေကာင္ႀကီး႐ုံနဲ႔မရဘဲ လ်င္လ်င္ျမန္ျမန္ လႈပ္ရွားႏိုင္ဖို႔လည္း လိုအပ္ပါတယ္။ အီဘရာဟီမာ ကိုနာတီဟာ အဲဒီလိုကစားသမားမ်ိဳးျဖစ္ၿပီး အာဆင္နယ္နဲ႔ပြဲစဥ္မွာ ေၾကာက္မက္ဖြယ္ ခံစစ္စြမ္းရည္ကို ျပသၿပီး ဂန္းနားေတြရဲ႕ တိုက္စစ္ဆင္မႈ အမ်ားအျပားနဲ႔ အေရးႀကီးတဲ့အခ်ိန္မွာ ေဘာလုံးကို ရွင္းထုတ္မႈေတြ မၾကာခဏ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္ေနာက္ခံကစားသမား ဂါဘရီယဲလ္ကလည္း အထင္ႀကီးစရာ ကစားပုံနဲ႔ ပရိသတ္ေတြအတြက္ ေခတ္သစ္ခံစစ္ကစားပုံဆိုတာ ဘယ္လိုမ်ိဳးလဲဆိုတာကို ပရိသတ္ကို ျပသခဲ့ပါတယ္။

၄။ အသက္မဲ့ခဲ့တဲ့ ဘယ္ေတာင္ပံ

အာဆင္နယ္ရဲ႕ ဘယ္ေတာင္ပံတိုက္စစ္မွာ မာတီနယ္လီတစ္ေယာက္တည္း ႐ုန္းကန္ခဲ့ရၿပီး ဇင္ခ်န္ကိုဆီက ပံ့ပိုးမႈ မရခဲ့တာကလည္း အဓိကအခ်က္ျဖစ္ခဲ့ပါတယ္။ ဘရာဇီးလ္တိုက္စစ္မႉးဟာ မၾကာခဏဆိုသလို ေဘာလုံးမရွိတဲ့အခ်ိန္မွာေတာင္ အႏိုင္က်င့္ခံခဲ့ရၿပီး လူကပ္ထားတဲ့ လီဗာပူးလ္ကစားသမားေတြကို ေက်ာ္ျဖတ္ႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရပါတယ္။ ဒါေၾကာင့္ ဒုတိယပိုင္းပြဲကစားခ်ိန္အလယ္ေလာက္မွာ ထေရာ့ဆာ့ဒ္နဲ႔ လူစားလဲလွယ္ျခင္းခံခဲ့ရၿပီး ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္လည္း မာတီနယ္လီလိုမ်ိဳး ႐ုန္းကန္ခဲ့ရပါတယ္။

၅။ သေရ ၁ မွတ္စီခြဲေဝယူခဲ့ၾကတဲ့ ဆုဖလားစိန္ေခၚသူ ၂ ဦး

ဒီသေရပြဲေၾကာင့္ ဘယ္သူ အက်ိဳးအရွိဆုံးလဲဆိုရင္ မန္စီးတီး ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။ လီဗာပူးလ္က အာႏိုးရဲ႕ ကန္ခ်က္ ဂိုးဘားတန္းမထိခဲ့ရင္ အႏိုင္ရခဲ့မွာလို႔ ညည္းတြားေနမွာျဖစ္ေပမယ့္လည္း အာဆင္နယ္က ပိုမိုေကာင္းမြန္တဲ့အသင္းျဖစ္ခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္ဟာ ပြဲကစားခ်ိန္ၿပီးခါနီးအခ်ိန္ေတြမွာ ေကာင္းေကာင္း ေျခကုပ္ယူႏိုင္ခဲ့ၿပီး သေရက်ခဲ့တာကို ဂန္းနားေတြလည္း ေနာင္တရခဲ့မွာပါ။ ဒါေပမယ့္ အားလုံးၿခဳံေျပာရရင္ ဒီရာသီမွာ ဘာေတြပဲျဖစ္ျဖစ္ မန္စီးတီးနဲ႔ ယွဥ္ၿပိဳင္သြားမယ့္ ၂ သင္းဆီကေန အလြန္ေကာင္းမြန္တဲ့ ပြဲစဥ္တစ္ပြဲျဖစ္ခဲ့ၿပီး ဒီတစ္ႀကိမ္ဆုဖလားၿပိဳင္ပြဲက ေတာ္ေတာ္ေလး ယွဥ္ၿပိဳင္သူမ်ားၿပီး ျပင္းထန္မွာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet