စူပါအသင်းဖြစ်လာချင်နေတဲ့ အာတီတာအတွက် ဗီယာရာလက်သစ်ကို ခေါ်ပေးမယ့် အီဒူး
မီခေးလ် အာတီတာနဲ့ အီဒူးတို့ဟာ ပရီးမီးယားလိဂ်မှာ မန်ချက်စတာစီးတီးနဲ့ ယှဉ်ပြိုင်ရမယ့် တိုက်ပွဲထဲမှာ အသာစီး ရရှိနိုင်စေမယ့် အပြောင်းအရွှေ့တစ်ခုကို ပြုလုပ်ဖို့ ပစ်မှတ်ထားနေကြပါတယ်။
နွေရာသီကစားသမားခေါ်ယူမှုဖြစ်တဲ့ ဒီကလန် ရိုက်ဟာ အစ်တီဟတ်မှာ ဂွါဒီယိုလာ လိုချင်ခဲ့တဲ့ ကစားသမားဖြစ်ခဲ့ပြီး ဂန်းနားတွေဟာ အင်္ဂလန်ကြယ်ပွင့်နဲ့အတူ ကိုင် ဟာဗတ်ဇ်၊ တင်းဘား၊ ရာယာတို့ကိုပါ အင်အားဖြည့်ခဲ့တာဖြစ်ပါတယ်။
ဒီကလန် ရိုက်ဟာ ဝက်စ်ဟမ်းကနေ ပြောင်းရွှေ့လာခဲ့တဲ့အချိန်ကတည်းက အလွန်ကောင်းမွန်တဲ့ခြေစွမ်းပိုင်း တည်ငြိမ်မှုကို ပြသနေခဲ့ပြီး ခံစစ်ပိုင်းအကျိုးသက်ရောက်မှုရှိတဲ့အပြင် မန်ယူနိုက်တက်၊ ချဲလ်ဆီး၊ လူတန်တောင်းတို့နဲ့ပွဲစဉ်တွေမှာ အရေးကြီးတဲ့ သွင်းဂိုးတွေကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ရဲ့ ကွင်းလယ်ကစားသမား ၃ ဦးဖြစ်တဲ့ ပါတေး၊ ချာကာနဲ့ အော်ဒီဂွါဒ်တို့ဟာ ပြီးခဲ့တဲ့ရာသီအောင်မြင်မှုမှာ အရေးကြီးခဲ့ပေမယ့်လည်း ဂန်းနားအသင်းခေါင်းဆောင်တစ်ဦးသာ အာတီတာလက်အောက်မှာ ပုံမှန်ပါဝင်ကစားပေးနေသေးတဲ့ တစ်ဦးတည်းသောကစားသမားဖြစ်ပါတယ်။
ချာကာက ပြီးခဲ့တဲ့နွေရာသီမှာ လေဗာကူဆင်ကို အပြီးသတ် ပြောင်းရွှေ့သွားခဲ့သလို ပါတေးကလည်း ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတာကြောင့် ရိုက်နဲ့ ဟာဗတ်ဇ်တို့က ကွင်းလယ် ၃ ဦးအတွဲထဲမှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။
အော်ဒီဂွါဒ်နဲ့ ဟာဗတ်ဇ်တို့ ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်ခဲ့ရတာကြောင့် ဒီကွင်းလယ်ကစားသမား ၃ ဦးကြားမှာ နားလည်မှု တည်ဆောက်ဖို့ အချိန်အနည်းငယ် ယူခဲ့ရပေမယ့်လည်း အခုဆိုရင် ဂန်းနားကြယ်ပွင့် ၂ ဦးစလုံးက အထင်ကြီးစရာ ခြေစွမ်း ပြသနေခဲ့ပြီဖြစ်ပါတယ်။
ယခုအပတ်အစောပိုင်းမှာ ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ နောက်ဆုံးရသတင်း ကြားခဲ့ရပေမယ့်လည်း ပါတေးရဲ့ နေရာမှာ အစားထိုးခေါ်ယူမယ့်ကစားသမားကို လာမယ့် အပြောင်းအရွှေ့ကာလမှာ ရှာတွေ့ဖို့က အဓိက ဦးစားပေးအဖြစ် ရှိနေဆဲဖြစ်ပါတယ်။
ပါတေးဟာ ဒဏ်ရာမရခင်မှာ ညာနောက်ခံအဖြစ်နဲ့ များသောအားဖြင့် ကစားပေးခဲ့ရတာကြောင့် ဘယ်နေရာအတွက် အဓိကထားပြီး ခေါ်ယူမလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
တင်းဘားနဲ့ တိုမိယဆုတို့လည်း ဒဏ်ရာကြောင့် လွဲချော်နေပေမယ့်လည်း ဂျပန်နောက်ခံလူဟာ ဂျပန်အတွက် အာရှဖလားကစားပေးဖို့ အချိန်မီ ပြန်လည်သက်သာလာလိမ့်မယ်လို့ မျှော်မှန်းခြင်းခံထားရပြီး နောက်ခံကစားသမားတစ်ဦးခေါ်ယူဖို့ကလည်း ဦးစားပေးဖြစ်လာနိုင်ပါတယ်။
အာဆင်နယ်ဟာ ကွင်းလယ်ပစ်မှတ်စာရင်းထဲမှာ အမာဒူ အိုနာနာ၊ ဂျာအို ပယ်လ်ဟင်ညာ၊ မာတင် ဇူဘီမန်ဒီတို့ကို ထည့်သွင်းထားပုံပေါ်ပြီး အဲဒီကစားသမားတွေထဲက တစ်ဦးကို သူ့ရဲ့နည်းပြဟောင်းက ဂန်းနားဂန္တဝင် ပက်ထရစ် ဗီယာရာနဲ့ နှိုင်းယှဉ်ခဲ့ဖူးပါတယ်။
“ဘယ်လ်ဂျီယမ်မှာဆိုရင် ကျွန်တော်တို့က စိတ်အားအရမ်းထက်သန်ကြတယ်။ အမာဒူက ဂျာမနီနဲ့ ပြင်သစ်တို့မှာ ကစားခဲ့ဖူးပြီးသားပါ။ လိုင်လီကလည်း သူ့အတွက် ကြီးမားတဲ့ ငွေကြေးပမာဏပေးခဲ့တယ်။ အဲဒီတော့ ဖိအားတွေနဲ့ သူ ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကို သိပါတယ်။ သူ့ရဲ့ တိုးတိုးတိုက်တိုက်ကစားနိုင်စွမ်း၊ ဖိအားပေးနိုင်တဲ့ပုံစံ၊ ပင်နယ်တီဧရိယာထဲကို အလွယ်တကူဝင်သွားနိုင်တဲ့ပုံစံက ဘောလုံးကို ဘယ်လိုမျောလွင့်နေအောင်လုပ်ရမလဲဆိုတာကို သိတဲ့ ပက်ထရစ်ဗီယာရာငယ်ငယ်တုန်းကနဲ့ တူပါတယ်။ ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
အမာဒူ အိုနာနာဟာ အရပ်အမောင်းကလည်း ၆ ပေ ၃ လက်မရှိတာကြောင့် ဂါဘရီယဲလ် မာဂါလိုင်စ်၊ ဆာလီဘာ၊ ဒီကလန် ရိုက်တို့လို ကစားသမားတွေ ရှိထားပြီးဖြစ်တဲ့ ဂန်းနားတွေဟာ တည်ကန်ဘောတွေမှာ ဂိုးပေးရတာ ရှားပါးတဲ့အသင်းဖြစ်ပြီး နီကိုးလတ်စ် ဂျိုဗာကလည်း တည်ကန်ဘောတွေကို နောက်ထပ် တိုက်စစ်လက်နက်တစ်ခုအဖြစ် အဆင့်မြှင့်ပေးနေတာဖြစ်ပါတယ်။
အသက် ၂၂ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ခြေသလုံးဒဏ်ရာကြောင့် ရုန်းကန်ခဲ့ရပေမယ့်လည်း ပြီးခဲ့တဲ့ စနေနေ့က ဘန်လေနဲ့ပွဲမှာ ပွဲထွက်လူစာရင်းထဲ ပြန်ပါနိုင်ခဲ့ပါတယ်။
အိုနာနာဟာ နိုဝင်ဘာလအစောပိုင်းနောက်ပိုင်း ပထမဆုံး ပွဲထွက်ပါဝင်ကစားပေးခဲ့တဲ့ပွဲစဉ်မှာ ဒွိုက် မက်နေးလ်ရဲ့ ဂိုးအပေါ်ထောင့်ထဲကို အမြင့်ခုန် ခေါင်းတိုက်သွင်းယူပြီး ၎င်းရဲ့ အကောင်းဆုံးအရည်အချင်းတွေထဲက တစ်ခုက ဘာလဲဆိုတာကို မီးမောင်းထိုးပြခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: မီေခးလ္ အာတီတာနဲ႔ အီဒူးတို႔ဟာ ပရီးမီးယားလိဂ္မွာ မန္ခ်က္စတာစီးတီးနဲ႔ ယွဥ္ၿပိဳင္ရမယ့္ တိုက္ပြဲထဲမွာ အသာစီး ရရွိႏိုင္ေစမယ့္ အေျပာင္းအေ႐ႊ႕တစ္ခုကို ျပဳလုပ္ဖို႔ ပစ္မွတ္ထားေနၾကပါတယ္။
ေႏြရာသီကစားသမားေခၚယူမႈျဖစ္တဲ့ ဒီကလန္ ႐ိုက္ဟာ အစ္တီဟတ္မွာ ဂြါဒီယိုလာ လိုခ်င္ခဲ့တဲ့ ကစားသမားျဖစ္ခဲ့ၿပီး ဂန္းနားေတြဟာ အဂၤလန္ၾကယ္ပြင့္နဲ႔အတူ ကိုင္ ဟာဗတ္ဇ္၊ တင္းဘား၊ ရာယာတို႔ကိုပါ အင္အားျဖည့္ခဲ့တာျဖစ္ပါတယ္။
ဒီကလန္ ႐ိုက္ဟာ ဝက္စ္ဟမ္းကေန ေျပာင္းေ႐ႊ႕လာခဲ့တဲ့အခ်ိန္ကတည္းက အလြန္ေကာင္းမြန္တဲ့ေျခစြမ္းပိုင္း တည္ၿငိမ္မႈကို ျပသေနခဲ့ၿပီး ခံစစ္ပိုင္းအက်ိဳးသက္ေရာက္မႈရွိတဲ့အျပင္ မန္ယူႏိုက္တက္၊ ခ်ဲလ္ဆီး၊ လူတန္ေတာင္းတို႔နဲ႔ပြဲစဥ္ေတြမွာ အေရးႀကီးတဲ့ သြင္းဂိုးေတြကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။
အာဆင္နယ္ရဲ႕ ကြင္းလယ္ကစားသမား ၃ ဦးျဖစ္တဲ့ ပါေတး၊ ခ်ာကာနဲ႔ ေအာ္ဒီဂြါဒ္တို႔ဟာ ၿပီးခဲ့တဲ့ရာသီေအာင္ျမင္မႈမွာ အေရးႀကီးခဲ့ေပမယ့္လည္း ဂန္းနားအသင္းေခါင္းေဆာင္တစ္ဦးသာ အာတီတာလက္ေအာက္မွာ ပုံမွန္ပါဝင္ကစားေပးေနေသးတဲ့ တစ္ဦးတည္းေသာကစားသမားျဖစ္ပါတယ္။
ခ်ာကာက ၿပီးခဲ့တဲ့ေႏြရာသီမွာ ေလဗာကူဆင္ကို အၿပီးသတ္ ေျပာင္းေ႐ႊ႕သြားခဲ့သလို ပါေတးကလည္း ဒဏ္ရာျပႆနာေတြနဲ႔ ႐ုန္းကန္ေနရတာေၾကာင့္ ႐ိုက္နဲ႔ ဟာဗတ္ဇ္တို႔က ကြင္းလယ္ ၃ ဦးအတြဲထဲမွာ ပါဝင္လာခဲ့တာျဖစ္ပါတယ္။
ေအာ္ဒီဂြါဒ္နဲ႔ ဟာဗတ္ဇ္တို႔ ပုံမွန္ေျခစြမ္းရဖို႔ ႐ုန္းကန္ခဲ့ရတာေၾကာင့္ ဒီကြင္းလယ္ကစားသမား ၃ ဦးၾကားမွာ နားလည္မႈ တည္ေဆာက္ဖို႔ အခ်ိန္အနည္းငယ္ ယူခဲ့ရေပမယ့္လည္း အခုဆိုရင္ ဂန္းနားၾကယ္ပြင့္ ၂ ဦးစလုံးက အထင္ႀကီးစရာ ေျခစြမ္း ျပသေနခဲ့ၿပီျဖစ္ပါတယ္။
ယခုအပတ္အေစာပိုင္းမွာ ဒဏ္ရာအေျခအေနနဲ႔ပတ္သက္ၿပီး အျပဳသေဘာေဆာင္တဲ့ ေနာက္ဆုံးရသတင္း ၾကားခဲ့ရေပမယ့္လည္း ပါေတးရဲ႕ ေနရာမွာ အစားထိုးေခၚယူမယ့္ကစားသမားကို လာမယ့္ အေျပာင္းအေ႐ႊ႕ကာလမွာ ရွာေတြ႕ဖို႔က အဓိက ဦးစားေပးအျဖစ္ ရွိေနဆဲျဖစ္ပါတယ္။
ပါေတးဟာ ဒဏ္ရာမရခင္မွာ ညာေနာက္ခံအျဖစ္နဲ႔ မ်ားေသာအားျဖင့္ ကစားေပးခဲ့ရတာေၾကာင့္ ဘယ္ေနရာအတြက္ အဓိကထားၿပီး ေခၚယူမလဲဆိုတာကို ရွင္းရွင္းလင္းလင္း သိဖို႔ လိုအပ္မွာ ျဖစ္ပါတယ္။
တင္းဘားနဲ႔ တိုမိယဆုတို႔လည္း ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ေနေပမယ့္လည္း ဂ်ပန္ေနာက္ခံလူဟာ ဂ်ပန္အတြက္ အာရွဖလားကစားေပးဖို႔ အခ်ိန္မီ ျပန္လည္သက္သာလာလိမ့္မယ္လို႔ ေမွ်ာ္မွန္းျခင္းခံထားရၿပီး ေနာက္ခံကစားသမားတစ္ဦးေခၚယူဖို႔ကလည္း ဦးစားေပးျဖစ္လာႏိုင္ပါတယ္။
အာဆင္နယ္ဟာ ကြင္းလယ္ပစ္မွတ္စာရင္းထဲမွာ အမာဒူ အိုနာနာ၊ ဂ်ာအို ပယ္လ္ဟင္ညာ၊ မာတင္ ဇူဘီမန္ဒီတို႔ကို ထည့္သြင္းထားပုံေပၚၿပီး အဲဒီကစားသမားေတြထဲက တစ္ဦးကို သူ႔ရဲ႕နည္းျပေဟာင္းက ဂန္းနားဂႏၲဝင္ ပက္ထရစ္ ဗီယာရာနဲ႔ ႏႈိင္းယွဥ္ခဲ့ဖူးပါတယ္။
“ဘယ္လ္ဂ်ီယမ္မွာဆိုရင္ ကြၽန္ေတာ္တို႔က စိတ္အားအရမ္းထက္သန္ၾကတယ္။ အမာဒူက ဂ်ာမနီနဲ႔ ျပင္သစ္တို႔မွာ ကစားခဲ့ဖူးၿပီးသားပါ။ လိုင္လီကလည္း သူ႔အတြက္ ႀကီးမားတဲ့ ေငြေၾကးပမာဏေပးခဲ့တယ္။ အဲဒီေတာ့ ဖိအားေတြနဲ႔ သူ ဘယ္လိုရင္ဆိုင္ေျဖရွင္းမလဲဆိုတာကို သိပါတယ္။ သူ႔ရဲ႕ တိုးတိုးတိုက္တိုက္ကစားႏိုင္စြမ္း၊ ဖိအားေပးႏိုင္တဲ့ပုံစံ၊ ပင္နယ္တီဧရိယာထဲကို အလြယ္တကူဝင္သြားႏိုင္တဲ့ပုံစံက ေဘာလုံးကို ဘယ္လိုေမ်ာလြင့္ေနေအာင္လုပ္ရမလဲဆိုတာကို သိတဲ့ ပက္ထရစ္ဗီယာရာငယ္ငယ္တုန္းကနဲ႔ တူပါတယ္။ ”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။
အမာဒူ အိုနာနာဟာ အရပ္အေမာင္းကလည္း ၆ ေပ ၃ လက္မရွိတာေၾကာင့္ ဂါဘရီယဲလ္ မာဂါလိုင္စ္၊ ဆာလီဘာ၊ ဒီကလန္ ႐ိုက္တို႔လို ကစားသမားေတြ ရွိထားၿပီးျဖစ္တဲ့ ဂန္းနားေတြဟာ တည္ကန္ေဘာေတြမွာ ဂိုးေပးရတာ ရွားပါးတဲ့အသင္းျဖစ္ၿပီး နီကိုးလတ္စ္ ဂ်ိဳဗာကလည္း တည္ကန္ေဘာေတြကို ေနာက္ထပ္ တိုက္စစ္လက္နက္တစ္ခုအျဖစ္ အဆင့္ျမႇင့္ေပးေနတာျဖစ္ပါတယ္။
အသက္ ၂၂ ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမားဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြမွာ ေျခသလုံးဒဏ္ရာေၾကာင့္ ႐ုန္းကန္ခဲ့ရေပမယ့္လည္း ၿပီးခဲ့တဲ့ စေနေန႔က ဘန္ေလနဲ႔ပြဲမွာ ပြဲထြက္လူစာရင္းထဲ ျပန္ပါႏိုင္ခဲ့ပါတယ္။
အိုနာနာဟာ ႏိုဝင္ဘာလအေစာပိုင္းေနာက္ပိုင္း ပထမဆုံး ပြဲထြက္ပါဝင္ကစားေပးခဲ့တဲ့ပြဲစဥ္မွာ ဒြိဳက္ မက္ေနးလ္ရဲ႕ ဂိုးအေပၚေထာင့္ထဲကို အျမင့္ခုန္ ေခါင္းတိုက္သြင္းယူၿပီး ၎ရဲ႕ အေကာင္းဆုံးအရည္အခ်င္းေတြထဲက တစ္ခုက ဘာလဲဆိုတာကို မီးေမာင္းထိုးျပခဲ့တာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News
- Transfer News