ရွှေဖြစ်လာနေတဲ့ ကင်းကိုင်ကို အကြံဉာဏ်ပေးလိုက်တဲ့ ချာကာ 644 361 coyg

ရွှေဖြစ်လာနေတဲ့ ကင်းကိုင်ကို အကြံဉာဏ်ပေးလိုက်တဲ့ ချာကာ

အာဆင်နယ်ကွင်းလယ်ကြယ်ပွင့်ဟောင်း ဂရာနစ် ချာကာဟာ ကိုင် ဟာဗတ်ဇ်ကို အာဆင်နယ်ရဲ့ ကွင်းလယ်မှာ ကျောနံပါတ် ၈ အဖြစ်နဲ့ အသားကျအောင် တည်တည်ငြိမ်ငြိမ်နဲ့ ဆက်ကြိုးစားဖို့ တောင်းဆိုခဲ့ပြီး ဝေဖန်သံတွေကို တိတ်ဆိတ်အောင် လုပ်နိုင်လိမ့်မယ်လို့ယုံကြည်နေတာဖြစ်ပါတယ်။

ဂျာမနီလက်ရွေးစင်ကွင်းလယ်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ ချဲလ်ဆီးကနေ အာဆင်နယ်ကို ပေါင် ၆၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး လေဗာကူဆင်ကို ပြောင်းရွှေ့သွားခဲ့တဲ့ ချာကာရဲ့နေရာမှာ ချက်ချင်း အစားထိုးခံခဲ့ရတာ ဖြစ်ပါတယ်။

အမ်းမရိတ်စ်မှာ ခက်ခဲကြမ်းတမ်းတဲ့ ရာသီပေါင်းများစွာ ဖြတ်သန်းခဲ့ပြီးနောက် ချာကာဟာ နည်းပြ အာတီတာလက်အောက်မှာ ခြေစွမ်းပိုင်း တိုးတက်လာခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီ ဆုဖလားစိန်ခေါ်မှုမှာ တိုက်စစ်ပိုမိုလိုက်ပါတဲ့ ကျောနံပါတ် ၈ အဖြစ်နဲ့ အဓိကကျတဲ့ အခန်းကဏ္ဍကနေပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

ဟာဗတ်ဇ်ဟာ ချဲလ်ဆီးမှာ များသောအားဖြင့် False 9 အဖြစ် ကစားပေးခဲ့တာကြောင့် ဆွစ်ဇာလန်ကွင်းလယ်ကြယ်ပွင့်နေရာအတွက် သင့်တော်တဲ့ အစားထိုးမှုဖြစ်ခဲ့ပုံမပေါ်ခဲ့ပေမယ့်လည်း နေရာစုံကစားနိုင်စွမ်းကြောင့် တဖြည်းဖြည်း အသားကျလာနေတာဖြစ်ပါတယ်။

ဟာဗတ်ဇ်ဟာ ရာသီအစမှာ အခန်းကဏ္ဍသစ်မှာ ကစားရတာကြောင့် ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ပွဲထွက်လူစာရင်းမှာ အချိန်အနည်းငယ် နေရာပျောက်ဆုံးခဲ့ပေမယ့်လည်း မကြာသေးမီက ပုံမှန်ခြေစွမ်း ပြန်လည်ရရှိလာပြီး နောက်ဆုံးကစားခဲ့တဲ့ ၇ ပွဲမှာ ၄ ဂိုးအထိ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အမ်းမရိတ်စ်မှာ အသားကျဖို့ အချိန်ကာလတစ်ခုအထိ လိုအပ်ခဲ့ဖူးတဲ့ ချာကာက ဟာဗတ်ဇ်ရဲ့ အရည်အသွေးနဲ့ပတ်သက်ပြီး သံသယမရှိဘဲ စိတ်ရှည်သည်းခံပြီး ကျောနံပါတ် ၈ အဖြစ်နဲ့ တိုးတက်လာအောင်လုပ်ဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

“ကိုင်အတွက် ဘယ်လိုဖြစ်နေမလဲဆိုတာ ကျွန်တော် သိပါတယ်။ အပြင်ဘက်မှာရှိနေတဲ့ လူတွေက နည်းနည်း စိတ်လှုပ်ရှားနေကြတဲ့အချိန်မှာ ပရိသတ်တွေက အနားမပေးကြပါဘူး။ သူ စိတ်အေးလက်အေးနဲ့ ဆက်ကစားနေဖို့ လိုပါတယ်။ အဲဒါက သူ့အတွက် နေရာအသစ်ဖြစ်ပြီး မီခေးလ်ရဲ့ အယူအဆကို အပြည့်အဝ နားလည်နိုင်ဖို့က အချိန်ယူရပါတယ်။ ဒါပေမယ့် သူ အချိန်တိုင်း ပိုပိုကောင်းလာနေပြီး အခုဆို သူ့ယုံကြည်မှုကလည်း ပြန်ရနေပါပြီ။ အားလုံးက သူ့ရဲ့အလားအလာကို သိကြပေမယ့် ခင်ဗျားရဲ့အသင်းကို၊နည်းပြကို၊ အသင်းဖော်တွေရဲ့ ယုံကြည်ချက် ပေးခံရတာက အရာအားလုံးပဲ။ ခင်ဗျား အမြဲတမ်း အဲဒီအားပေးထောက်ခံမှုကို လိုအပ်တယ်။ အာဆင်နယ်ပရိသတ်တွေက တစ်ခါတလေ သူတို့စိတ်ကို ပြောင်းလဲဖို့ အချိန်နည်းနည်းယူတတ်တယ်။ ဒါပေမယ့် အဆုံးမှာတော့ ကျွန်တော် သူတို့ကို အနိုင်ရခဲ့တယ်။ ကိုင်အတွက်လည်း အဲဒီလိုပဲ လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ဝေဖန်သူတွေ သူတို့ဘာသာ ပါးစပ်တွေ ပိတ်သွားကြပါလိမ့်မယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ကြင္းလယ္ၾကယ္ပြင့္ေဟာင္း ဂရာနစ္ ခ်ာကာဟာ ကိုင္ ဟာဗတ္ဇ္ကို အာဆင္နယ္ရဲ႕ ကြင္းလယ္မွာ ေက်ာနံပါတ္ ၈ အျဖစ္နဲ႔ အသားက်ေအာင္ တည္တည္ၿငိမ္ၿငိမ္နဲ႔ ဆက္ႀကိဳးစားဖို႔ ေတာင္းဆိုခဲ့ၿပီး ေဝဖန္သံေတြကို တိတ္ဆိတ္ေအာင္ လုပ္ႏိုင္လိမ့္မယ္လို႔ယုံၾကည္ေနတာျဖစ္ပါတယ္။

ဂ်ာမနီလက္ေ႐ြးစင္ကြင္းလယ္ၾကယ္ပြင့္ဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ ခ်ဲလ္ဆီးကေန အာဆင္နယ္ကို ေပါင္ ၆၅ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး ေလဗာကူဆင္ကို ေျပာင္းေ႐ႊ႕သြားခဲ့တဲ့ ခ်ာကာရဲ႕ေနရာမွာ ခ်က္ခ်င္း အစားထိုးခံခဲ့ရတာ ျဖစ္ပါတယ္။

အမ္းမရိတ္စ္မွာ ခက္ခဲၾကမ္းတမ္းတဲ့ ရာသီေပါင္းမ်ားစြာ ျဖတ္သန္းခဲ့ၿပီးေနာက္ ခ်ာကာဟာ နည္းျပ အာတီတာလက္ေအာက္မွာ ေျခစြမ္းပိုင္း တိုးတက္လာခဲ့သူျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီ ဆုဖလားစိန္ေခၚမႈမွာ တိုက္စစ္ပိုမိုလိုက္ပါတဲ့ ေက်ာနံပါတ္ ၈ အျဖစ္နဲ႔ အဓိကက်တဲ့ အခန္းက႑ကေနပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။

ဟာဗတ္ဇ္ဟာ ခ်ဲလ္ဆီးမွာ မ်ားေသာအားျဖင့္ False 9 အျဖစ္ ကစားေပးခဲ့တာေၾကာင့္ ဆြစ္ဇာလန္ကြင္းလယ္ၾကယ္ပြင့္ေနရာအတြက္ သင့္ေတာ္တဲ့ အစားထိုးမႈျဖစ္ခဲ့ပုံမေပၚခဲ့ေပမယ့္လည္း ေနရာစုံကစားႏိုင္စြမ္းေၾကာင့္ တျဖည္းျဖည္း အသားက်လာေနတာျဖစ္ပါတယ္။

ဟာဗတ္ဇ္ဟာ ရာသီအစမွာ အခန္းက႑သစ္မွာ ကစားရတာေၾကာင့္ ေျခစြမ္းျပသႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရၿပီး ပြဲထြက္လူစာရင္းမွာ အခ်ိန္အနည္းငယ္ ေနရာေပ်ာက္ဆုံးခဲ့ေပမယ့္လည္း မၾကာေသးမီက ပုံမွန္ေျခစြမ္း ျပန္လည္ရရွိလာၿပီး ေနာက္ဆုံးကစားခဲ့တဲ့ ၇ ပြဲမွာ ၄ ဂိုးအထိ သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

အမ္းမရိတ္စ္မွာ အသားက်ဖို႔ အခ်ိန္ကာလတစ္ခုအထိ လိုအပ္ခဲ့ဖူးတဲ့ ခ်ာကာက ဟာဗတ္ဇ္ရဲ႕ အရည္အေသြးနဲ႔ပတ္သက္ၿပီး သံသယမရွိဘဲ စိတ္ရွည္သည္းခံၿပီး ေက်ာနံပါတ္ ၈ အျဖစ္နဲ႔ တိုးတက္လာေအာင္လုပ္ဖို႔ ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။

“ကိုင္အတြက္ ဘယ္လိုျဖစ္ေနမလဲဆိုတာ ကြၽန္ေတာ္ သိပါတယ္။ အျပင္ဘက္မွာရွိေနတဲ့ လူေတြက နည္းနည္း စိတ္လႈပ္ရွားေနၾကတဲ့အခ်ိန္မွာ ပရိသတ္ေတြက အနားမေပးၾကပါဘူး။ သူ စိတ္ေအးလက္ေအးနဲ႔ ဆက္ကစားေနဖို႔ လိုပါတယ္။ အဲဒါက သူ႔အတြက္ ေနရာအသစ္ျဖစ္ၿပီး မီေခးလ္ရဲ႕ အယူအဆကို အျပည့္အဝ နားလည္ႏိုင္ဖို႔က အခ်ိန္ယူရပါတယ္။ ဒါေပမယ့္ သူ အခ်ိန္တိုင္း ပိုပိုေကာင္းလာေနၿပီး အခုဆို သူ႔ယုံၾကည္မႈကလည္း ျပန္ရေနပါၿပီ။ အားလုံးက သူ႔ရဲ႕အလားအလာကို သိၾကေပမယ့္ ခင္ဗ်ားရဲ႕အသင္းကို၊နည္းျပကို၊ အသင္းေဖာ္ေတြရဲ႕ ယုံၾကည္ခ်က္ ေပးခံရတာက အရာအားလုံးပဲ။ ခင္ဗ်ား အၿမဲတမ္း အဲဒီအားေပးေထာက္ခံမႈကို လိုအပ္တယ္။ အာဆင္နယ္ပရိသတ္ေတြက တစ္ခါတေလ သူတို႔စိတ္ကို ေျပာင္းလဲဖို႔ အခ်ိန္နည္းနည္းယူတတ္တယ္။ ဒါေပမယ့္ အဆုံးမွာေတာ့ ကြၽန္ေတာ္ သူတို႔ကို အႏိုင္ရခဲ့တယ္။ ကိုင္အတြက္လည္း အဲဒီလိုပဲ လုပ္ႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။ ေဝဖန္သူေတြ သူတို႔ဘာသာ ပါးစပ္ေတြ ပိတ္သြားၾကပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet