ပီအက်စ်ဗွီဆီက ဘာမှယူစရာမရှိတော့လို့ အတွေ့အကြုံပဲ ယူတော့မယ့် ဂန်းနားများ
ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ကို ဒုတိယအဖြစ်နဲ့ တက်ရောက်နိုင်ပြီးသားဖြစ်တဲ့ ပီအက်စ်ဗွီဟာ အင်္ဂါနေ့ညနေ ဖိလစ်ပ်စ်ကွင်းမှာ အုပ်စုဗိုလ် အာဆင်နယ်ကို လက်ခံယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။
အိမ်ရှင်တွေဟာ အုပ်စု ဘီမှာ ၅ ပွဲကစားပြီးချိန်မှာ ရမှတ် ၈ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပြီး ဒီပွဲကို ရှုံးနိမ့်ပြီး တတိယနေရာက လန်းစ်က အနိုင်ရခဲ့တယ်ဆိုရင်တောင်မှ ထိပ်တိုက်တွေ့ဆုံမှုအရ ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်မှာဖြစ်ပါတယ်။
အာဆင်နယ်ကတော့ အုပ်စု ဘီမှာ လန်းစ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲနောက်ပိုင်း ဆက်တိုက် နိုင်ပွဲနဲ့ ၁၂ မှတ်အထိ ရရှိထားပြီး စနေနေ့က အက်စတန် ဗီလာကို အငြင်းပွားဖွယ် ဆုံးဖြတ်ချက်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဒီဇင်ဘာပွဲကြပ်ကာလလည်း လာတော့မှာဖြစ်လို့ အာတီတာအနေနဲ့ အနိုင်၊ အရှုံးစိတ်ဝင်စားစရာမလိုတော့တဲ့ပွဲမှာ အဓိကကစားသမားအများစုကို အနားပေးသွားဖွယ်ရှိပါတယ်။
နှစ်ဖက်အသင်းသတင်းများ
ပီအက်စ်ဗွီဘက်မှာ လိုဇာနို ပွဲပယ်ခံထားရပြီး နိုအာ လန်း၊ တီဇီနဲ့ ဘယ်လာ-ကော့ချက်ပ်တို့ ဒဏ်ရာကြောင့် ပါဝင်ကစားပေးဖို့ မသေချာပါဘူး။ ပီအက်စ်ဗွီ နည်းပြ ဘော့ဇ်အနေနဲ့ ကြာသပတေးနေ့ညက ဟီရန်ဗင်းကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲက လူစာရင်းအတိုင်း ပွဲထုတ်လာဖို့များပါတယ်။
အာဆင်နယ်ဘက်မှာလည်း ပါတေး၊ တိုမိယဆု၊ တင်းဘား၊ ဗီယာရာ၊ စမစ် ရိုးတို့ ဆက်လက် လွဲချော်ဦးမှာ ဖြစ်ပြီး အာတီတာအနေနဲ့ ဒီပွဲမှာ ဘာအတွက်နဲ့မှ တိုက်ပွဲဝင်စရာမရှိတော့တာကြောင့် အပြောင်းအလဲအများအပြားပြုလုပ်သွားဖွယ်ရှိလို့ ခီဗီယော၊ ဂျော်ဂျင်ညို၊ ထရော့ဆာ့ဒ်၊ အန်ကီးတီးယားတို့ ပွဲထွက်ခွင့်ရမှာ သေချာပါတယ်။
ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း
ပီအက်စ်ဗွီ-ဘင်နီတက်ဇ်၊ ဒက်စ်တ်၊ ရာမယ်လ်ဟို၊ ဘော့စ်ကာဂလီ၊ ဗန်အန်ဟော့တ်၊ ဆိုင်ဘာရီ၊ ဗီယာမန်း၊ တေးလ်၊ ဘာကာယိုကို၊ ဒီဂျောင်၊ တီးလ်မန်း။
အာဆင်နယ်-ရမ်းစ်ဒေးလ်၊ ဝေါ်တာစ်၊ ဝှိုက်၊ ခီဗီယော၊ ဂါဘရီယဲလ်၊ အော်ဒီဂွါဒ်၊ ဂျော်ဂျင်ညို၊ ဟာဗတ်ဇ်၊ နယ်လ်ဆင်၊ အန်ကီးတီးယား၊ ထရော့ဆာ့ဒ်။
ပွဲကြို သုံးသပ်ချက်
အာတီတာဟာ ပုံမှန်အခြေအနေမှာဆိုရင်တော့ စနေနေ့က ရှုံးပွဲအတွက် အင်္ဂါနေ့မှာ အသင်းသားတွေဆီကနေ တုံ့ပြန်မှုကို တောင်းဆိုမှာဖြစ်ပေမယ့်လည်း ဂန်းနားတွေအတွက် ရလဒ်က အရေးမပါတော့ဘဲ အိမ်ရှင်တွေကတော့ ပထမအကျော့က ၄-၀ နဲ့ အရှက်ရဖွယ် ရှုံးနိမ့်ခဲ့မှုကို လက်စားပြန်ချေချင်နေမှာဖြစ်ပါတယ်။ ပီအက်စ်ဗွီဟာ ပြီးခဲ့တဲ့ ဆီဗီလာနဲ့ပွဲမှာ ၃-၂ နဲ့ အနိုင်ရခဲ့သလို ပြည်တွင်းမှာ နိုင်ပွဲတွေ ဆက်နေတာကြောင့် ပွဲထွက် ၁၁ ဦးစာရင်း အားလုံးနီးပါး အပြောင်းအလဲ လုပ်ထားတဲ့ ဂန်းနားတွေကို အိမ်ကွင်းနိုင်ပွဲ ရယူသွားဖို့ များပါတယ်။
AM ခန့်မှန်းပွဲပြီးရလဒ်(ပီအက်စ်ဗွီ ၂-၁ အာဆင်နယ်)
Arsenal Myanmar
Ref: Internet
ZAWGYI: ခ်န္ပီယံလိဂ္ရႈံးထြက္အဆင့္ကို ဒုတိယအျဖစ္နဲ႔ တက္ေရာက္ႏိုင္ၿပီးသားျဖစ္တဲ့ ပီအက္စ္ဗြီဟာ အဂၤါေန႔ညေန ဖိလစ္ပ္စ္ကြင္းမွာ အုပ္စုဗိုလ္ အာဆင္နယ္ကို လက္ခံယွဥ္ၿပိဳင္ကစားသြားရမွာ ျဖစ္ပါတယ္။
အိမ္ရွင္ေတြဟာ အုပ္စု ဘီမွာ ၅ ပြဲကစားၿပီးခ်ိန္မွာ ရမွတ္ ၈ မွတ္နဲ႔ ဒုတိယေနရာမွာ ရပ္တည္ေနတာျဖစ္ၿပီး ဒီပြဲကို ရႈံးနိမ့္ၿပီး တတိယေနရာက လန္းစ္က အႏိုင္ရခဲ့တယ္ဆိုရင္ေတာင္မွ ထိပ္တိုက္ေတြ႕ဆုံမႈအရ ရႈံးထြက္အဆင့္ကို တက္လွမ္းႏိုင္မွာျဖစ္ပါတယ္။
အာဆင္နယ္ကေတာ့ အုပ္စု ဘီမွာ လန္းစ္ကို ရႈံးနိမ့္ခဲ့တဲ့ပြဲေနာက္ပိုင္း ဆက္တိုက္ ႏိုင္ပြဲနဲ႔ ၁၂ မွတ္အထိ ရရွိထားၿပီး စေနေန႔က အက္စတန္ ဗီလာကို အျငင္းပြားဖြယ္ ဆုံးျဖတ္ခ်က္နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ဒီဇင္ဘာပြဲၾကပ္ကာလလည္း လာေတာ့မွာျဖစ္လို႔ အာတီတာအေနနဲ႔ အႏိုင္၊ အရႈံးစိတ္ဝင္စားစရာမလိုေတာ့တဲ့ပြဲမွာ အဓိကကစားသမားအမ်ားစုကို အနားေပးသြားဖြယ္ရွိပါတယ္။
ႏွစ္ဖက္အသင္းသတင္းမ်ား
ပီအက္စ္ဗြီဘက္မွာ လိုဇာႏို ပြဲပယ္ခံထားရၿပီး ႏိုအာ လန္း၊ တီဇီနဲ႔ ဘယ္လာ-ေကာ့ခ်က္ပ္တို႔ ဒဏ္ရာေၾကာင့္ ပါဝင္ကစားေပးဖို႔ မေသခ်ာပါဘူး။ ပီအက္စ္ဗြီ နည္းျပ ေဘာ့ဇ္အေနနဲ႔ ၾကာသပေတးေန႔ညက ဟီရန္ဗင္းကို ၂-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲက လူစာရင္းအတိုင္း ပြဲထုတ္လာဖို႔မ်ားပါတယ္။
အာဆင္နယ္ဘက္မွာလည္း ပါေတး၊ တိုမိယဆု၊ တင္းဘား၊ ဗီယာရာ၊ စမစ္ ႐ိုးတို႔ ဆက္လက္ လြဲေခ်ာ္ဦးမွာ ျဖစ္ၿပီး အာတီတာအေနနဲ႔ ဒီပြဲမွာ ဘာအတြက္နဲ႔မွ တိုက္ပြဲဝင္စရာမရွိေတာ့တာေၾကာင့္ အေျပာင္းအလဲအမ်ားအျပားျပဳလုပ္သြားဖြယ္ရွိလို႔ ခီဗီေယာ၊ ေဂ်ာ္ဂ်င္ညိဳ၊ ထေရာ့ဆာ့ဒ္၊ အန္ကီးတီးယားတို႔ ပြဲထြက္ခြင့္ရမွာ ေသခ်ာပါတယ္။
ျဖစ္ႏိုင္ဖြယ္ ပြဲထြက္လူစာရင္း
ပီအက္စ္ဗြီ-ဘင္နီတက္ဇ္၊ ဒက္စ္တ္၊ ရာမယ္လ္ဟို၊ ေဘာ့စ္ကာဂလီ၊ ဗန္အန္ေဟာ့တ္၊ ဆိုင္ဘာရီ၊ ဗီယာမန္း၊ ေတးလ္၊ ဘာကာယိုကို၊ ဒီေဂ်ာင္၊ တီးလ္မန္း။
အာဆင္နယ္-ရမ္းစ္ေဒးလ္၊ ေဝၚတာစ္၊ ဝႈိက္၊ ခီဗီေယာ၊ ဂါဘရီယဲလ္၊ ေအာ္ဒီဂြါဒ္၊ ေဂ်ာ္ဂ်င္ညိဳ၊ ဟာဗတ္ဇ္၊ နယ္လ္ဆင္၊ အန္ကီးတီးယား၊ ထေရာ့ဆာ့ဒ္။
ပြဲႀကိဳ သုံးသပ္ခ်က္
အာတီတာဟာ ပုံမွန္အေျခအေနမွာဆိုရင္ေတာ့ စေနေန႔က ရႈံးပြဲအတြက္ အဂၤါေန႔မွာ အသင္းသားေတြဆီကေန တုံ႔ျပန္မႈကို ေတာင္းဆိုမွာျဖစ္ေပမယ့္လည္း ဂန္းနားေတြအတြက္ ရလဒ္က အေရးမပါေတာ့ဘဲ အိမ္ရွင္ေတြကေတာ့ ပထမအေက်ာ့က ၄-၀ နဲ႔ အရွက္ရဖြယ္ ရႈံးနိမ့္ခဲ့မႈကို လက္စားျပန္ေခ်ခ်င္ေနမွာျဖစ္ပါတယ္။ ပီအက္စ္ဗြီဟာ ၿပီးခဲ့တဲ့ ဆီဗီလာနဲ႔ပြဲမွာ ၃-၂ နဲ႔ အႏိုင္ရခဲ့သလို ျပည္တြင္းမွာ ႏိုင္ပြဲေတြ ဆက္ေနတာေၾကာင့္ ပြဲထြက္ ၁၁ ဦးစာရင္း အားလုံးနီးပါး အေျပာင္းအလဲ လုပ္ထားတဲ့ ဂန္းနားေတြကို အိမ္ကြင္းႏိုင္ပြဲ ရယူသြားဖို႔ မ်ားပါတယ္။
AM ခန႔္မွန္းပြဲၿပီးရလဒ္(ပီအက္စ္ဗြီ ၂-၁ အာဆင္နယ္)
Arsenal Myanmar
Ref: Internet
- Posted In:
- Team News