အာဆင်နယ်နည်းပြအဖွဲ့ဝင်တွေနဲ့ လက်ဆွဲမနှုတ်ဆက်တဲ့အကြောင်း ရှင်းပြခဲ့တဲ့ အမ်မရီ 615 409 coyg

အာဆင်နယ်နည်းပြအဖွဲ့ဝင်တွေနဲ့ လက်ဆွဲမနှုတ်ဆက်တဲ့အကြောင်း ရှင်းပြခဲ့တဲ့ အမ်မရီ

အက်စတန် ဗီလာနည်းပြ အူနိုင်း အမ်မရီက စနေနေ့ညက ဗီလာပါ့ခ်မှာ အာဆင်နယ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အာတီတာ မပါဝင်မှုကြောင့် အာဆင်နယ်နည်းပြအဖွဲ့ဝင်တွေကို လက်ဆွဲမနှုတ်ဆက်ခဲ့တာဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။

အက်စတန် ဗီလာဟာ ဂန်းနားတွေကို စနေနေ့ညနေက ဗီလာပါ့ခ်မှာ ဂျွန်မက်ဂင်းရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ပထမပိုင်း၇ မိနစ်မှာ ရရှိခဲ့တဲ့သွင်းဂိုးကြောင့် အမ်မရီရဲ့အသင်းဟာ လက်ရှိမှာ အမှတ်ပေးဇယားဒုတိယနေရာက အာဆင်နယ်နဲ့ ၁ မှတ်အကွာကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာဟာ ဒီရာသီမှာ အဝါကတ် ၃ ကတ်အထိ ပြသခြင်းခံခဲ့ရပြီးနောက် အက်စတန် ဗီလာနဲ့ပွဲကို ကိုင်တွယ်ခွင့် ပိတ်ပင်ခံခဲ့ရတာကြောင့် ပွဲကြည့်စင်ကနေသာ ကြည့်ရှုခဲ့ရတာ ဖြစ်ပါတယ်။ ပွဲအပြီးမှာ အမ်မရီက ဧည့်သည်အသင်း နည်းပြအဖွဲ့ဝင်တစ်ဦးကိုမှ လက်ဆွဲနှုတ်ဆက်ခဲ့ခြင်းမရှိဘဲ ကစားသမားတွေနဲ့အတူ အောင်ပွဲခံခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ အဲဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ရှင်းပြခဲ့တာဖြစ်ပါတယ်။

“လက်ဆွဲမနှုတ်ဆက်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ အာတီတာက နည်းပြခုံတန်းမှာ ရှိမနေခဲ့လို့ပါ။ ကျွန်တော် ဥမင်ထဲမှာ နည်းပြအဖွဲ့ဝင်တွေနဲ့ လက်ဆွဲနှုတ်ဆက်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် အဲဒီမှာ ရှိခဲ့တုန်းက သူတို့တွေ ရှိခဲ့လို့ပါ။ ဒါပေမယ့် ကျွန်တော် နည်းပြပေးခဲ့တဲ့၊ ကျွန်တော်နဲ့အတူတူ အလုပ်လုပ်ခဲ့တဲ့လူတွေနဲ့ပဲ လက်ဆွဲနှုတ်ဆက်ခဲ့တာပါ။ ဘာမှ ကိုယ်ရေးကိုယ်တာကိစ္စတွေ မပါပါဘူး။ အာတီတာမရှိလို့ နှုတ်မဆက်ခဲ့တာပါ။ ကျွန်တော် အာဆင်နယ်နဲ့ အာတီတာကို အများကြီး လေးစားမှုရှိပါတယ်။ ကျွန်တော် အဲဒီမှာ အလုပ်လုပ်နေတဲ့ နည်းပြအဖွဲ့ဝင်တွေကိုလည်း အများကြီး လေးစားပါတယ်။ ကျွန်တော် သူတို့နဲ့ပတ်သက်ပြီး ဘာမှ အဆိုးမြင်နေတာမရှိပါဘူး”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

အူနိုင်း အမ်မရီဟာ အာဆင်နယ်ဂန္တဝင် နည်းပြကြီး အာဆင်ဝင်းဂါး ထွက်ခွာသွားပြီးနောက်ပိုင်း ၂၀၁၈ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ အာဆင်နယ်နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ခဲ့ပြီး အမ်းမရိတ်စ်မှာ ရှိခဲ့တဲ့ကာလအတွင်း ၄၃ ပွဲနိုင်၊ ၁၅ ပွဲသရေ၊ ၂၀ ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အက္စတန္ ဗီလာနည္းျပ အူႏိုင္း အမ္မရီက စေနေန႔ညက ဗီလာပါ့ခ္မွာ အာဆင္နယ္ကို အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ အာတီတာ မပါဝင္မႈေၾကာင့္ အာဆင္နယ္နည္းျပအဖြဲ႕ဝင္ေတြကို လက္ဆြဲမႏႈတ္ဆက္ခဲ့တာျဖစ္တယ္လို႔ ရွင္းျပခဲ့ပါတယ္။

အက္စတန္ ဗီလာဟာ ဂန္းနားေတြကို စေနေန႔ညေနက ဗီလာပါ့ခ္မွာ ဂြၽန္မက္ဂင္းရဲ႕ တစ္လုံးတည္းေသာ သြင္းဂိုးနဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ၿပီး ပထမပိုင္း၇ မိနစ္မွာ ရရွိခဲ့တဲ့သြင္းဂိုးေၾကာင့္ အမ္မရီရဲ႕အသင္းဟာ လက္ရွိမွာ အမွတ္ေပးဇယားဒုတိယေနရာက အာဆင္နယ္နဲ႔ ၁ မွတ္အကြာကို တက္လွမ္းႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

အာဆင္နယ္နည္းျပ အာတီတာဟာ ဒီရာသီမွာ အဝါကတ္ ၃ ကတ္အထိ ျပသျခင္းခံခဲ့ရၿပီးေနာက္ အက္စတန္ ဗီလာနဲ႔ပြဲကို ကိုင္တြယ္ခြင့္ ပိတ္ပင္ခံခဲ့ရတာေၾကာင့္ ပြဲၾကည့္စင္ကေနသာ ၾကည့္ရႈခဲ့ရတာ ျဖစ္ပါတယ္။ ပြဲအၿပီးမွာ အမ္မရီက ဧည့္သည္အသင္း နည္းျပအဖြဲ႕ဝင္တစ္ဦးကိုမွ လက္ဆြဲႏႈတ္ဆက္ခဲ့ျခင္းမရွိဘဲ ကစားသမားေတြနဲ႔အတူ ေအာင္ပြဲခံခဲ့တာျဖစ္ၿပီး ပြဲအၿပီးမွာ အဲဒီဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး ရွင္းျပခဲ့တာျဖစ္ပါတယ္။

“လက္ဆြဲမႏႈတ္ဆက္ခဲ့ဘူး။ ဘာလို႔လဲဆိုေတာ့ အာတီတာက နည္းျပခုံတန္းမွာ ရွိမေနခဲ့လို႔ပါ။ ကြၽန္ေတာ္ ဥမင္ထဲမွာ နည္းျပအဖြဲ႕ဝင္ေတြနဲ႔ လက္ဆြဲႏႈတ္ဆက္ခဲ့ပါတယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္ အဲဒီမွာ ရွိခဲ့တုန္းက သူတို႔ေတြ ရွိခဲ့လို႔ပါ။ ဒါေပမယ့္ ကြၽန္ေတာ္ နည္းျပေပးခဲ့တဲ့၊ ကြၽန္ေတာ္နဲ႔အတူတူ အလုပ္လုပ္ခဲ့တဲ့လူေတြနဲ႔ပဲ လက္ဆြဲႏႈတ္ဆက္ခဲ့တာပါ။ ဘာမွ ကိုယ္ေရးကိုယ္တာကိစၥေတြ မပါပါဘူး။ အာတီတာမရွိလို႔ ႏႈတ္မဆက္ခဲ့တာပါ။ ကြၽန္ေတာ္ အာဆင္နယ္နဲ႔ အာတီတာကို အမ်ားႀကီး ေလးစားမႈရွိပါတယ္။ ကြၽန္ေတာ္ အဲဒီမွာ အလုပ္လုပ္ေနတဲ့ နည္းျပအဖြဲ႕ဝင္ေတြကိုလည္း အမ်ားႀကီး ေလးစားပါတယ္။ ကြၽန္ေတာ္ သူတို႔နဲ႔ပတ္သက္ၿပီး ဘာမွ အဆိုးျမင္ေနတာမရွိပါဘူး”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

အူႏိုင္း အမ္မရီဟာ အာဆင္နယ္ဂႏၲဝင္ နည္းျပႀကီး အာဆင္ဝင္းဂါး ထြက္ခြာသြားၿပီးေနာက္ပိုင္း ၂၀၁၈ ခုႏွစ္ကေန ၂၀၁၉ ခုႏွစ္အထိ အာဆင္နယ္နည္းျပအျဖစ္ တာဝန္ယူကိုင္တြယ္ခဲ့ၿပီး အမ္းမရိတ္စ္မွာ ရွိခဲ့တဲ့ကာလအတြင္း ၄၃ ပြဲႏိုင္၊ ၁၅ ပြဲသေရ၊ ၂၀ ပြဲရႈံး ရလဒ္ကို ပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet