ဇယားထိပ် ပြန်မတက်နိုင်ခဲ့တဲ့နောက် အာတီတာကို သွယ်ဝိုက်ဝေဖန်လိုက်တဲ့ ဂွါဒီယိုလာ 1024 504 coyg

ဇယားထိပ် ပြန်မတက်နိုင်ခဲ့တဲ့နောက် အာတီတာကို သွယ်ဝိုက်ဝေဖန်လိုက်တဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးနည်းပြ ပပ် ဂွါဒီယိုလာဟာ တနင်္ဂနွေနေ့ညက တော့တင်ဟမ်ဟော့စပါးနဲ့ သရေကျခဲ့တဲ့ပွဲစဉ်အပြီး အင်တာဗျူးမှာ အာတီတာရဲ့ နယူးကာဆယ်နဲ့ပွဲအပြီးက မှတ်ချက်ကို ကိုးကားခဲ့ပါတယ်။

မန်ချက်စတာစီးတီးဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဆိုးရွားတဲ့ ဒိုင်လူကြီး ဆုံးဖြတ်ချက် အများအပြားကြောင့် အကျိုးခံစားခဲ့ရပေမယ့်လည်း တော့တင်ဟမ်ဟော့စပါးနဲ့ ကစားခဲ့တဲ့ တနင်္ဂနွေနေ့ပွဲစဉ် နောက်ဆုံးအချိန်တွေမှာ မဆိုစလောက်လေး ဒုက္ခပေးခံခဲ့ရတာဖြစ်ပါတယ်။

နှစ်ဖက်သရေကျနေချိန်မှာ ဂျက်ခ် ဂရီးလစ်ရှ်က ဟာလန်း ပေးပို့လိုက်တဲ့ ဘောလုံးကို ဂိုးရှေ့ဆွဲပြေးပြီး ကန်သွင်းဖို့ လုပ်တော့မယ့်အချိန်မှာ ဒိုင်လူကြီး ဆိုင်မွန် ဟူးပါးက အစပိုင်းမှာ ပွဲဆက်ကစားခွင့်ပေးခဲ့ပေမယ့်လည်း အလွတ်တည်ကန်ဘော ကန်ဖို့ ဝီစီမှုတ်ခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေဟာ ဂရီးလစ်ရှ် လူကျွံတာလား၊ ဒါမှမဟုတ် ဘောလုံးက စပါးစ်ကစားသမားတွေ ခြေထောက်ထဲ ရောက်သွားတာလားဆိုပြီး အံ့အားသင့်ခဲ့ကြပေမယ့်လည်း အဲဒီလိုမဟုတ်ခဲ့တာကြောင့် ဒေါသထွက်ခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ ဂွါဒီယိုလာက အဲဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး မေးမြန်းခြင်းခံခဲ့ရချိန်မှာ အာဆင်နယ်နည်းပြ မီခေးလ် အာတီတာကို ကိုးကားပြောဆိုပြီး မေးခွန်းကို ဖြေဆိုဖို့ ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။

“နောက်ထပ် မေးခွန်းမေးပါ။ ကျွန်တော် မီခေးလ် အာတီတာမှတ်ချက်မျိုး ပေးမှာမဟုတ်ပါဘူး။ ခင်ဗျား ပုံတွေကို ပြန်သုံးသပ်တဲ့အခါမှာ အဲဒါက ခက်ခဲပါတယ်။ ဒိုင်လူကြီးက ဆက်ကစားလို့ ပြောပြီးတဲ့နောက်မှာ ဝီစီမှုတ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဘောလုံးပေးပို့မှုအပြီးမှာမှ ဝီစီမှုတ်တာ ကျွန်တော် နားမလည်နိုင်ပါဘူး။ ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဂွါဒီယိုလာဟာ နယူးကာဆယ်ကို အငြင်းပွားဖွယ် ဆုံးဖြတ်ချက်ကြောင့် ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး အာတီတာက ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ဟာ အရှက်ရစရာနဲ့ အရုပ်ဆိုးအကျည်းတန်မှုဖြစ်တယ်လို့ ပြစ်တင်ခဲ့တာကို ရည်ညွှန်းခဲ့တာ ရှင်းပါတယ်။

အက်ဖ်အေက အဲဒီမှတ်ချက်အတွက် အာတီတာကို စွဲချက်တင်ခဲ့ပေမယ့်လည်း အခုအချိန်ထိတော့ အပြစ်ပေးခြင်းမရှိသေးတာဖြစ်ပြီး အာတီတာ ပြောခဲ့တဲ့စကားက မမှန်ဘူးဆိုတာကို သက်သေပြသဖို့ ကြိုးစားနေဆဲမို့လို့ ဖြစ်နိုင်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: မန္ခ်က္စတာစီးတီးနည္းျပ ပပ္ ဂြါဒီယိုလာဟာ တနဂၤေႏြေန႔ညက ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ သေရက်ခဲ့တဲ့ပြဲစဥ္အၿပီး အင္တာဗ်ဴးမွာ အာတီတာရဲ႕ နယူးကာဆယ္နဲ႔ပြဲအၿပီးက မွတ္ခ်က္ကို ကိုးကားခဲ့ပါတယ္။

မန္ခ်က္စတာစီးတီးဟာ ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း ဆိုး႐ြားတဲ့ ဒိုင္လူႀကီး ဆုံးျဖတ္ခ်က္ အမ်ားအျပားေၾကာင့္ အက်ိဳးခံစားခဲ့ရေပမယ့္လည္း ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ ကစားခဲ့တဲ့ တနဂၤေႏြေန႔ပြဲစဥ္ ေနာက္ဆုံးအခ်ိန္ေတြမွာ မဆိုစေလာက္ေလး ဒုကၡေပးခံခဲ့ရတာျဖစ္ပါတယ္။

ႏွစ္ဖက္သေရက်ေနခ်ိန္မွာ ဂ်က္ခ္ ဂရီးလစ္ရွ္က ဟာလန္း ေပးပို႔လိုက္တဲ့ ေဘာလုံးကို ဂိုးေရွ႕ဆြဲေျပးၿပီး ကန္သြင္းဖို႔ လုပ္ေတာ့မယ့္အခ်ိန္မွာ ဒိုင္လူႀကီး ဆိုင္မြန္ ဟူးပါးက အစပိုင္းမွာ ပြဲဆက္ကစားခြင့္ေပးခဲ့ေပမယ့္လည္း အလြတ္တည္ကန္ေဘာ ကန္ဖို႔ ဝီစီမႈတ္ခဲ့တာျဖစ္ပါတယ္။

ပရိသတ္ေတြဟာ ဂရီးလစ္ရွ္ လူကြၽံတာလား၊ ဒါမွမဟုတ္ ေဘာလုံးက စပါးစ္ကစားသမားေတြ ေျခေထာက္ထဲ ေရာက္သြားတာလားဆိုၿပီး အံ့အားသင့္ခဲ့ၾကေပမယ့္လည္း အဲဒီလိုမဟုတ္ခဲ့တာေၾကာင့္ ေဒါသထြက္ခဲ့တာ ျဖစ္ပါတယ္။

ပြဲအၿပီးမွာ ဂြါဒီယိုလာက အဲဒီဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာ အာဆင္နယ္နည္းျပ မီေခးလ္ အာတီတာကို ကိုးကားေျပာဆိုၿပီး ေမးခြန္းကို ေျဖဆိုဖို႔ ျငင္းဆန္ခဲ့တာ ျဖစ္ပါတယ္။

“ေနာက္ထပ္ ေမးခြန္းေမးပါ။ ကြၽန္ေတာ္ မီေခးလ္ အာတီတာမွတ္ခ်က္မ်ိဳး ေပးမွာမဟုတ္ပါဘူး။ ခင္ဗ်ား ပုံေတြကို ျပန္သုံးသပ္တဲ့အခါမွာ အဲဒါက ခက္ခဲပါတယ္။ ဒိုင္လူႀကီးက ဆက္ကစားလို႔ ေျပာၿပီးတဲ့ေနာက္မွာ ဝီစီမႈတ္ဖို႔ ဆုံးျဖတ္ခဲ့တယ္။ ေဘာလုံးေပးပို႔မႈအၿပီးမွာမွ ဝီစီမႈတ္တာ ကြၽန္ေတာ္ နားမလည္ႏိုင္ပါဘူး။ ”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဂြါဒီယိုလာဟာ နယူးကာဆယ္ကို အျငင္းပြားဖြယ္ ဆုံးျဖတ္ခ်က္ေၾကာင့္ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္အၿပီး အာတီတာက ဒိုင္လူႀကီးရဲ႕ ဆုံးျဖတ္ခ်က္ဟာ အရွက္ရစရာနဲ႔ အ႐ုပ္ဆိုးအက်ည္းတန္မႈျဖစ္တယ္လို႔ ျပစ္တင္ခဲ့တာကို ရည္ၫႊန္းခဲ့တာ ရွင္းပါတယ္။

အက္ဖ္ေအက အဲဒီမွတ္ခ်က္အတြက္ အာတီတာကို စြဲခ်က္တင္ခဲ့ေပမယ့္လည္း အခုအခ်ိန္ထိေတာ့ အျပစ္ေပးျခင္းမရွိေသးတာျဖစ္ၿပီး အာတီတာ ေျပာခဲ့တဲ့စကားက မမွန္ဘူးဆိုတာကို သက္ေသျပသဖို႔ ႀကိဳးစားေနဆဲမို႔လို႔ ျဖစ္ႏိုင္ပါတယ္။

Arsenal Myanmar

Ref: Internet