ဘရန့်တ်ဖို့ဒ်နဲ့ ဂန်းနားတို့ရဲ့ပွဲရလဒ်နဲ့ပတ်သက်ပြီး နဗီးဟောကိန်းကို သဘောမတူတဲ့ ရွိုင် ကီးန်
ဂယ်ရီ နဗီးနဲ့ ရွိုင် ကီးန်တို့ဟာ စနေနေ့ ဘရန့်တ်ဖို့ဒ်အိမ်ကွင်းကို သွားကစားရမယ့် အာဆင်နယ်ရဲ့ ပွဲစဉ်အတွက် ဟောကိန်းထုတ်ခဲ့ကြပါတယ်။
အာဆင်နယ်ဟာ နိုဝင်ဘာလ နိုင်ငံတကာပွဲစဉ် အားလပ်ရက်မတိုင်ခင် ဘန်လေကို အမ်းမရိတ်စ်မှာ ၃-၁ နဲ့ အနိုင်ယူပြီး နယူးကာဆယ်နဲ့ပွဲစဉ်က စိတ်ပျက်ခဲ့ရမှုကို အကောင်းဆုံး တုံ့ပြန်ပြီး ၂၀၂၃ ခုနှစ်ရဲ့ နောက်ဆုံး နိုင်ငံတကာပွဲအားလပ်ရက်ကို ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။
နဗီးနဲ့ ရွိုင် ကီးန်တို့က အာဆင်နယ်အနေနဲ့ ဆက်လက်ပြီး အောင်မြင်မှု ရရှိနိုင်ခြေ ရှိလားဆိုတာကို Stick to Football Podcast မှာ ဆွေးနွေးခဲ့ကြတာဖြစ်ပြီး နှစ်ဦးစလုံးက ဂန်းနားတွေဟာ ဘရန့်တ်ဖို့ဒ်ကို အနိုင်ယူနိုင်လိမ့်မယ်လို့ သဘောတူခဲ့ပေမယ့် ရမ်းစ်ဒေးလ် ကလင်းရှစ်တ်ရ၊ မရအပေါ် အငြင်းအခုံဖြစ်ခဲ့တာ ဖြစ်ပါတယ်။
ဂယ်ရီ နဗီးက “အာဆင်နယ်က အနိုင်ရမယ်။ ၁-၀ အာဆင်နယ်။”လို့ ပြောဆိုခဲ့ရာမှာ ရွိုင် ကီးန်က “၁-၀ တော့ ဖြစ်မှာမဟုတ်လောက်ဘူး။ ၂-၁ အာဆင်နယ်”လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။
အာရွန် ရမ်းစ်ဒေးလ်ဟာ ဒေးဗစ် ရာယာက အငှားနဲ့ လာရောက်ကစားနေတာသာ ဖြစ်တာကြောင့် မိခင်အသင်း ဘရန့်တ်ဖို့ဒ်နဲ့ ရင်ဆိုင်ကစားလို့ မရတဲ့အတွက် ပွဲထွက်ကစားခွင့် ရရှိမှာဖြစ်ပြီး အာတီတာက အပြောင်းအလဲ ၃ ခုလောက်အထိ ပြုလုပ်သွားမယ်လို့ မျှော်မှန်းခြင်းခံထားရပါတယ်။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဘရန့်တ်ဖို့ဒ်အိမ်ကွင်းမှာ ပေးဂိုးမရှိအောင် ထိန်းသိမ်းနိုင်ခဲ့ပြီး အီသန် နွာနယ်ရီကိုပါ ပွဲဦးထွက် ပါဝင်ကစားခွင့် ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဘရန့်တ်ဖို့ဒ်ဘက်မှာ အဓိက တိုက်စစ်မှူးဖြစ်တဲ့ အိုင်ဗန် တိုနီ မပါဝင်နိုင်ပေမယ့်လည်း ဂန်းနားတွေအတွက် လွယ်ကူတဲ့ပွဲတစ်ပွဲတော့ ဖြစ်လာမယ့်ပုံမပေါ်ပါဘူး။
Arsenal Myanmar
Ref: Internet
ZAWGYI: ဂယ္ရီ နဗီးနဲ႔ ႐ြိဳင္ ကီးန္တို႔ဟာ စေနေန႔ ဘရန႔္တ္ဖို႔ဒ္အိမ္ကြင္းကို သြားကစားရမယ့္ အာဆင္နယ္ရဲ႕ ပြဲစဥ္အတြက္ ေဟာကိန္းထုတ္ခဲ့ၾကပါတယ္။
အာဆင္နယ္ဟာ ႏိုဝင္ဘာလ ႏိုင္ငံတကာပြဲစဥ္ အားလပ္ရက္မတိုင္ခင္ ဘန္ေလကို အမ္းမရိတ္စ္မွာ ၃-၁ နဲ႔ အႏိုင္ယူၿပီး နယူးကာဆယ္နဲ႔ပြဲစဥ္က စိတ္ပ်က္ခဲ့ရမႈကို အေကာင္းဆုံး တုံ႔ျပန္ၿပီး ၂၀၂၃ ခုႏွစ္ရဲ႕ ေနာက္ဆုံး ႏိုင္ငံတကာပြဲအားလပ္ရက္ကို ျဖတ္သန္းခဲ့တာျဖစ္ပါတယ္။
နဗီးနဲ႔ ႐ြိဳင္ ကီးန္တို႔က အာဆင္နယ္အေနနဲ႔ ဆက္လက္ၿပီး ေအာင္ျမင္မႈ ရရွိႏိုင္ေျခ ရွိလားဆိုတာကို Stick to Football Podcast မွာ ေဆြးေႏြးခဲ့ၾကတာျဖစ္ၿပီး ႏွစ္ဦးစလုံးက ဂန္းနားေတြဟာ ဘရန႔္တ္ဖို႔ဒ္ကို အႏိုင္ယူႏိုင္လိမ့္မယ္လို႔ သေဘာတူခဲ့ေပမယ့္ ရမ္းစ္ေဒးလ္ ကလင္းရွစ္တ္ရ၊ မရအေပၚ အျငင္းအခုံျဖစ္ခဲ့တာ ျဖစ္ပါတယ္။
ဂယ္ရီ နဗီးက “အာဆင္နယ္က အႏိုင္ရမယ္။ ၁-၀ အာဆင္နယ္။”လို႔ ေျပာဆိုခဲ့ရာမွာ ႐ြိဳင္ ကီးန္က “၁-၀ ေတာ့ ျဖစ္မွာမဟုတ္ေလာက္ဘူး။ ၂-၁ အာဆင္နယ္”လို႔ တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။
အာ႐ြန္ ရမ္းစ္ေဒးလ္ဟာ ေဒးဗစ္ ရာယာက အငွားနဲ႔ လာေရာက္ကစားေနတာသာ ျဖစ္တာေၾကာင့္ မိခင္အသင္း ဘရန႔္တ္ဖို႔ဒ္နဲ႔ ရင္ဆိုင္ကစားလို႔ မရတဲ့အတြက္ ပြဲထြက္ကစားခြင့္ ရရွိမွာျဖစ္ၿပီး အာတီတာက အေျပာင္းအလဲ ၃ ခုေလာက္အထိ ျပဳလုပ္သြားမယ္လို႔ ေမွ်ာ္မွန္းျခင္းခံထားရပါတယ္။
အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ရာသီတုန္းက ဘရန႔္တ္ဖို႔ဒ္အိမ္ကြင္းမွာ ေပးဂိုးမရွိေအာင္ ထိန္းသိမ္းႏိုင္ခဲ့ၿပီး အီသန္ ႏြာနယ္ရီကိုပါ ပြဲဦးထြက္ ပါဝင္ကစားခြင့္ ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ ဘရန႔္တ္ဖို႔ဒ္ဘက္မွာ အဓိက တိုက္စစ္မႉးျဖစ္တဲ့ အိုင္ဗန္ တိုနီ မပါဝင္ႏိုင္ေပမယ့္လည္း ဂန္းနားေတြအတြက္ လြယ္ကူတဲ့ပြဲတစ္ပြဲေတာ့ ျဖစ္လာမယ့္ပုံမေပၚပါဘူး။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News