အော်ဒီဂွါဒ်အတွက် အရမ်းကောင်းတဲ့ နည်းပြဖြစ်လာမယ့် ကာဇိုလာ 1024 504 coyg

အော်ဒီဂွါဒ်အတွက် အရမ်းကောင်းတဲ့ နည်းပြဖြစ်လာမယ့် ကာဇိုလာ

ဇန်နဝါရီမှာ ကာဇိုလာ အာဆင်နယ်ကို ပြန်လာနိုင်ခြေရှိနေတယ်လို့ ကောလာဟလတွေ စတင်ထွက်ပေါ်နေပေမယ့်လည်း စပိန်ကွင်းလယ်ကြယ်ပွင့်ဟောင်းကို နည်းပြရာထူး ပေးတာက ထိုက်တန်မှုတစ်ခုဖြစ်ပါတယ်။

ကာဇိုလာဟာ ကျန်တဲ့ကစားသမားတွေအတွက်တော့ မသိပေမယ့် ပါရမီရှင် ကွင်းလယ်ကစားသမားဖြစ်တဲ့ မာတင် အော်ဒီဂွါဒ် လိုအပ်နေတဲ့ အကူအညီမျိုး ပေးနိုင်တဲ့သူဆိုတာတော့ သေချာပါတယ်။

အထူးသဖြင့် အသက် ၃၈ နှစ်အရွယ် ကွင်းလယ်ကစားသမားဟောင်းဟာ ဂိုးဖန်တီးပေးရတဲ့ တောင်ပံကစားသမားအဖြစ်ကနေ ကွင်းလယ် ကစားကွက်ဖန်တီးရှင်၊ ကွင်းလယ်ခံစစ်ကစားသမားအဖြစ်ကို အသားကျအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို သိနေတာဖြ်စပါတယ်။

ကာဇိုလာဟာ မြောက်လန်ဒန်မှာ ရှိနေခဲ့တဲ့ ကာလအတွင်း ဒီ ၃ နေရာစလုံးကို အံဝင်အောင် ကစားနိုင်ခဲ့ပေမယ့်လည်း ဒဏ်ရာပြဿနာကြောင့်သာ အာဆင်နယ်ကစားသမားဘဝကို ကြေကွဲဖွယ် အဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။

မတူညီတဲ့ အခန်းကဏ္ဍတွေမှာ အသင်းအတွက် အကျိုးပြုနိုင်ခြင်းဆိုတာက အော်ဒီဂွါဒ်ကို အခုအချိန်အထိ ရှောင်ပြေးနေတဲ့အရာဖြစ်တာကြောင့် နော်ဝေကြယ်ပွင့်အတွက် ၂၀၂၃-၂၀၂၄ ရာသီအစဟာ စိုးရိမ်စရာဟောကိန်းတစ်ခုဖြစ်လာတာ ဖြစ်ပါတယ်။

တင်ပါးဒဏ်ရာနဲ့ သတိလစ်တဲ့ ပြဿနာကြောင့် မကြာသေးမီက အသင်းလူစာရင်းကနေ နုတ်ထွက်ထားရတဲ့ အော်ဒီဂွါဒ်အတွက် အရင်ကတည်းက ပြဿနာတွေ ရှိနေခဲ့တာသိသာပြီး အဲဒီပြဿနာကလည်း ကာဇိုလာ ဖြေရှင်းပေးနိုင်တဲ့ပြဿနာပါ။

အော်ဒီဂွါဒ်ရဲ့ပြဿနာက ကွင်းထဲမှာ ဘယ်ဖက်ကို ပြေးမလဲ(ညာဘက်နေရာလွတ်)ဆိုတာကို ပြိုင်ဘက်တွေက အတိအကျသိနေတာဖြစ်ပြီး ၂၀၁၉-၂၀၂၀ ရာသီတုန်းက ရီးရဲလ်ဆိုစီဒက်မှာ အငှားနဲ့ ထွက်ကစားတဲ့အချိန်အတွင်း လွတ်လွတ်လပ်လပ် ဂိုးသွင်းယူနိုင်ပြီး ခြေစွမ်းတိုးတက်လာတဲ့နေရာလည်း ဖြစ်ပါတယ်။

ပြဿနာက အော်ဒီဂွါဒ်ရဲ့ ခြေစွမ်းအဆင့်အတန်းက အာဆင်နယ်မှာ နောက်တစ်ဆင့် တက်သွားပြီးတဲ့နောက် ပြိုင်ဘက်တွေက နောကြေလာတာဖြစ်ပြီး တွေးကြည့်လိုက်ရင်တောင် အာဆင်နယ်က ဘောလုံးကို ညာတောင်ပံက အော်ဒီဂွါဒ်ကို ရောက်အောင် ပို့မယ်။ အော်ဒီဂွါဒ်က ဘောလုံးကို ထိန်းပြီး တစ်ချက်လှည့်ပြီး အခွင့်အရေးတွေ ဖန်တီးပေးပို့မယ်ဆိုတာကို မြင်ယောင်နိုင်ပါတယ်။

အဲဒီအရာတွေက အလုပ်ဖြစ်တဲ့အချိန်ဆိုရင်တော့ ရလဒ်တွေက မှော်ဆန်ပေမယ့် အလုပ်မဖြစ်ရင်တော့ အော်ဒီဂွါဒ်ဟာ ဘောလုံးတောင် သိပ်မပေးနိုင်တဲ့ကစားသမားမျိုး ဖြစ်လာတာဖြစ်ပါတယ်။

စက်တင်ဘာတုန်းက စပါးစ်နဲ့ ၂-၂ သရေကျခဲ့တဲ့ပွဲအတွင်း ဘောလုံး ၄၇ ကြိမ် ထိတွေ့မှုရှိခဲ့ရာကနေ ၂၈ ကြိမ်သာ ဘောလုံးပေးပို့မှု ပြုလုပ်နိုင်ခဲ့တာဖြစ်ပြီး ဘောက်ဆင်ဒေးမှာ ဝက်စ်ဟမ်းကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲတုန်းက ကိန်းဂဏန်းတွေနဲ့ တော်တော်လေး ကွာဟနေတယ်ဆိုတာကို Statman Dave ရဲ့ ဖော်ပြချက်အရ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။

အော်ဒီဂွါဒ်မှာ လုပ်စရာ ဒီတစ်ပေါက်ပဲရှိတယ်ဆိုတာ သိနေတဲ့ စပါးစ်နဲ့အတွေ့မှာ နော်ဝေကြယ်ပွင့်ဟာ ဂျိမ်းစ် မက်ဒီဆင်ကို ကွင်းလယ်တိုက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီး စပါးစ်ကြယ်ပွင့်က ဂန်းနားကွင်းလယ်လူထက် ဘောလုံးပေးပို့မှုပိုလုပ်နိုင်သလို အကျိုးသက်ရောက်မှုလည်း ပိုရှိခဲ့တာဖြစ်ပါတယ်။

မက်ဒီဆင်ဟာ နောက်ထိဆင်းပြီး ဘောလုံးကို မကြာခဏ ရယူခဲ့ပြီး အဝေးပေးပို့မှုတွေနဲ့ တောင်ပံနှစ်ဖက်ကို ဖြန့်ပေးခဲ့ချိန်မှာ အာဆင်နယ်ရဲ့ တစ်ချက်ထိပေးနဲ့ အော်ဒီဂွါဒ်ဆီ ဘောလုံးပို့ ဗျူဟာက အလုပ်မဖြစ်ဘူးဆိုတာ ထင်ရှားခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် အာတီတာအနေနဲ့ အော်ဒီဂွါဒ်ကို ပိုမိုပါဝင်ပတ်သက်လာနိုင်မယ့် နည်းလမ်းကို ရှာဖွေဖို့ လိုအပ်မှာဖြစ်ပြီး ကာဇိုလာဆီကနေ အကြံဉာဏ်တောင်းတာက ကောင်းမွန်တဲ့ စတင်မှု ဖြစ်လာမှာ ဖြစ်ပါတယ်။

ကာဇိုလာသာ အော်ဒီဂွါဒ်ကို နေရာစုံ ပိုကစားနိုင်အောင် နည်းပြပေးနိုင်မယ်ဆိုရင် အားလုံးအတွက် အကျိုးရှိလာမှာဖြစ်ပြီး စပိန်ကွင်းလယ်ကစားသမားဟာ အိုဇေးလ် ရောက်လာပြီးနောက် ဘယ်တောင်ပံကို ပြောင်းကစားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကာဇိုလာရဲ့ တကယ့်အမှန်တကယ် တိုးတက်ပြောင်းလဲမှုက အာဆင်ဝင်းဂါးက ဘောလုံးပေးပို့ရာမှာ ဆရာတစ်ဆူဖြစ်တဲ့ စပိန်ကစားသမားကို ကွင်းလယ်ခံစစ်နေရာကို ပြောင်းကစားခိုင်းချိန်မှာဖြစ်ပြီး ခံစစ်ပိုင်းအားကောင်းတဲ့ ကိုကွီလင်လို ကစားသမားမျိုးနဲ့အတူ ပွဲကစားရတဲ့အချိန်မှာ ကာဇိုလာက ဘောလုံးပိုင်ဆိုင်မှု ရှာဖွေရာမှာ ပိုပြီး လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားခွင့်ရခဲ့တာဖြစ်ပါတယ်။

လက်ရှိ အော်ဒီဂွါဒ်ရဲ့ တိုက်စစ်မှာ အကန့်အသတ်ရှိနေမှုနဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး ကာဇိုလာဟာ ခံစစ်ပိုရောက်သွားတာကြောင့် ဂိုးနဲ့ ဂိုးဖန်တီးမှုတွေ စတေးခဲ့ရပေမယ့် ဘောလုံးနဲ့အတူ နေရာလွတ်တွေမှာ ပိုမိုမြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ အရည်အချင်းရှိပြီး တစ်ကွင်းလုံးကို ဘောလုံးပေးပို့မှုနဲ့ ချုပ်ကိုင်ထားနိုင်တဲ့ ကစားကွက်ဖန်တီးရှင်ကို ဖျက်ဆီးသလိုဖြစ်ခဲ့ပြီး ကာဇိုလာဟာ ပီးရက်စ်ရဲ့ နေရာမှာ ဆက်ခံခဲ့တဲ့ ဖာဘရီဂတ်စ်ရဲ့ နေရာကို ဆက်ခံခဲ့တာဖြစ်ပါတယ်။

ပီးရက်စ်ဟာ ဘယ်တောင်ပံကစားသမား အမည်ခံသာ ကစားခဲ့ပြီး ဘယ်တောင်ပံဟာ အက်ရှ်လီ ကိုးနဲ့ သီယာရီ အွန်နရီတို့ရဲ့ နေရာဖြစ်ခဲ့ပေမယ့်လည်း ပြင်သစ်ကွင်းလယ်ကစားသမားက ဂီလ်ဘာတို ဆေးလ်ဗားနဲ့ ပက်ထရစ် ဗီယာရာတို့ရဲ့ ကာကွယ်မှုအောက်မှာ ဘောလုံးကို ရယူဖို့ အလယ်ကို ဝင်ကစားတဲ့အချိန်မှာလည်း ပြဿနာမရှိခဲ့တာဖြစ်ပါတယ်။

အာတီတာအနေနဲ့ အော်ဒီဂွါဒ်နဲ့ပတ်သက်ပြီး အဲဒီလို ဖော်မြူလာမျိုးကို ပြန်လည်ဖန်တီးဖို့ လိုအပ်နေပြီး မှော်ဆန်တဲ့ ခြေထောက် ၂ ချောင်းနဲ့ ဘောလုံးပေးပို့ရာမှာ အမြင်ရှိတဲ့ ကစားသမားကို တိုက်စစ်အထိ တက်ကစားသင့်သလောက် ကစားခွင့်မပေးနိုင်ဖြစ်နေတာဖြစ်ပါတယ်။

ကာဇိုလာက အာဆင်နယ်အသင်းခေါင်းဆောင်ကို အာဆင်နယ်အတွက် တခြားနည်းလမ်းတွေနဲ့ ဘယ်လို အကျိုးသက်ရောက်မှု ပိုရှိအောင် လုပ်နိုင်မလဲဆိုတာကို ပြသသွားမှာ ဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: ဇန္နဝါရီမွာ ကာဇိုလာ အာဆင္နယ္ကို ျပန္လာႏိုင္ေျခရွိေနတယ္လို႔ ေကာလာဟလေတြ စတင္ထြက္ေပၚေနေပမယ့္လည္း စပိန္ကြင္းလယ္ၾကယ္ပြင့္ေဟာင္းကို နည္းျပရာထူး ေပးတာက ထိုက္တန္မႈတစ္ခုျဖစ္ပါတယ္။

ကာဇိုလာဟာ က်န္တဲ့ကစားသမားေတြအတြက္ေတာ့ မသိေပမယ့္ ပါရမီရွင္ ကြင္းလယ္ကစားသမားျဖစ္တဲ့ မာတင္ ေအာ္ဒီဂြါဒ္ လိုအပ္ေနတဲ့ အကူအညီမ်ိဳး ေပးႏိုင္တဲ့သူဆိုတာေတာ့ ေသခ်ာပါတယ္။

အထူးသျဖင့္ အသက္ ၃၈ ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမားေဟာင္းဟာ ဂိုးဖန္တီးေပးရတဲ့ ေတာင္ပံကစားသမားအျဖစ္ကေန ကြင္းလယ္ ကစားကြက္ဖန္တီးရွင္၊ ကြင္းလယ္ခံစစ္ကစားသမားအျဖစ္ကို အသားက်ေအာင္ ဘယ္လိုလုပ္ရမလဲဆိုတာကို သိေနတာျဖ္စပါတယ္။

ကာဇိုလာဟာ ေျမာက္လန္ဒန္မွာ ရွိေနခဲ့တဲ့ ကာလအတြင္း ဒီ ၃ ေနရာစလုံးကို အံဝင္ေအာင္ ကစားႏိုင္ခဲ့ေပမယ့္လည္း ဒဏ္ရာျပႆနာေၾကာင့္သာ အာဆင္နယ္ကစားသမားဘဝကို ေၾကကြဲဖြယ္ အဆုံးသတ္ခဲ့ရတာျဖစ္ပါတယ္။

မတူညီတဲ့ အခန္းက႑ေတြမွာ အသင္းအတြက္ အက်ိဳးျပဳႏိုင္ျခင္းဆိုတာက ေအာ္ဒီဂြါဒ္ကို အခုအခ်ိန္အထိ ေရွာင္ေျပးေနတဲ့အရာျဖစ္တာေၾကာင့္ ေနာ္ေဝၾကယ္ပြင့္အတြက္ ၂၀၂၃-၂၀၂၄ ရာသီအစဟာ စိုးရိမ္စရာေဟာကိန္းတစ္ခုျဖစ္လာတာ ျဖစ္ပါတယ္။

တင္ပါးဒဏ္ရာနဲ႔ သတိလစ္တဲ့ ျပႆနာေၾကာင့္ မၾကာေသးမီက အသင္းလူစာရင္းကေန ႏုတ္ထြက္ထားရတဲ့ ေအာ္ဒီဂြါဒ္အတြက္ အရင္ကတည္းက ျပႆနာေတြ ရွိေနခဲ့တာသိသာၿပီး အဲဒီျပႆနာကလည္း ကာဇိုလာ ေျဖရွင္းေပးႏိုင္တဲ့ျပႆနာပါ။

ေအာ္ဒီဂြါဒ္ရဲ႕ျပႆနာက ကြင္းထဲမွာ ဘယ္ဖက္ကို ေျပးမလဲ(ညာဘက္ေနရာလြတ္)ဆိုတာကို ၿပိဳင္ဘက္ေတြက အတိအက်သိေနတာျဖစ္ၿပီး ၂၀၁၉-၂၀၂၀ ရာသီတုန္းက ရီးရဲလ္ဆိုစီဒက္မွာ အငွားနဲ႔ ထြက္ကစားတဲ့အခ်ိန္အတြင္း လြတ္လြတ္လပ္လပ္ ဂိုးသြင္းယူႏိုင္ၿပီး ေျခစြမ္းတိုးတက္လာတဲ့ေနရာလည္း ျဖစ္ပါတယ္။

ျပႆနာက ေအာ္ဒီဂြါဒ္ရဲ႕ ေျခစြမ္းအဆင့္အတန္းက အာဆင္နယ္မွာ ေနာက္တစ္ဆင့္ တက္သြားၿပီးတဲ့ေနာက္ ၿပိဳင္ဘက္ေတြက ေနာေၾကလာတာျဖစ္ၿပီး ေတြးၾကည့္လိုက္ရင္ေတာင္ အာဆင္နယ္က ေဘာလုံးကို ညာေတာင္ပံက ေအာ္ဒီဂြါဒ္ကို ေရာက္ေအာင္ ပို႔မယ္။ ေအာ္ဒီဂြါဒ္က ေဘာလုံးကို ထိန္းၿပီး တစ္ခ်က္လွည့္ၿပီး အခြင့္အေရးေတြ ဖန္တီးေပးပို႔မယ္ဆိုတာကို ျမင္ေယာင္ႏိုင္ပါတယ္။

အဲဒီအရာေတြက အလုပ္ျဖစ္တဲ့အခ်ိန္ဆိုရင္ေတာ့ ရလဒ္ေတြက ေမွာ္ဆန္ေပမယ့္ အလုပ္မျဖစ္ရင္ေတာ့ ေအာ္ဒီဂြါဒ္ဟာ ေဘာလုံးေတာင္ သိပ္မေပးႏိုင္တဲ့ကစားသမားမ်ိဳး ျဖစ္လာတာျဖစ္ပါတယ္။

စက္တင္ဘာတုန္းက စပါးစ္နဲ႔ ၂-၂ သေရက်ခဲ့တဲ့ပြဲအတြင္း ေဘာလုံး ၄၇ ႀကိမ္ ထိေတြ႕မႈရွိခဲ့ရာကေန ၂၈ ႀကိမ္သာ ေဘာလုံးေပးပို႔မႈ ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ၿပီး ေဘာက္ဆင္ေဒးမွာ ဝက္စ္ဟမ္းကို ၃-၁ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲတုန္းက ကိန္းဂဏန္းေတြနဲ႔ ေတာ္ေတာ္ေလး ကြာဟေနတယ္ဆိုတာကို Statman Dave ရဲ႕ ေဖာ္ျပခ်က္အရ ႏႈိင္းယွဥ္ၾကည့္ႏိုင္ပါတယ္။

ေအာ္ဒီဂြါဒ္မွာ လုပ္စရာ ဒီတစ္ေပါက္ပဲရွိတယ္ဆိုတာ သိေနတဲ့ စပါးစ္နဲ႔အေတြ႕မွာ ေနာ္ေဝၾကယ္ပြင့္ဟာ ဂ်ိမ္းစ္ မက္ဒီဆင္ကို ကြင္းလယ္တိုက္ပြဲမွာ ရႈံးနိမ့္ခဲ့ၿပီး စပါးစ္ၾကယ္ပြင့္က ဂန္းနားကြင္းလယ္လူထက္ ေဘာလုံးေပးပို႔မႈပိုလုပ္ႏိုင္သလို အက်ိဳးသက္ေရာက္မႈလည္း ပိုရွိခဲ့တာျဖစ္ပါတယ္။

မက္ဒီဆင္ဟာ ေနာက္ထိဆင္းၿပီး ေဘာလုံးကို မၾကာခဏ ရယူခဲ့ၿပီး အေဝးေပးပို႔မႈေတြနဲ႔ ေတာင္ပံႏွစ္ဖက္ကို ျဖန႔္ေပးခဲ့ခ်ိန္မွာ အာဆင္နယ္ရဲ႕ တစ္ခ်က္ထိေပးနဲ႔ ေအာ္ဒီဂြါဒ္ဆီ ေဘာလုံးပို႔ ဗ်ဴဟာက အလုပ္မျဖစ္ဘူးဆိုတာ ထင္ရွားခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ အာတီတာအေနနဲ႔ ေအာ္ဒီဂြါဒ္ကို ပိုမိုပါဝင္ပတ္သက္လာႏိုင္မယ့္ နည္းလမ္းကို ရွာေဖြဖို႔ လိုအပ္မွာျဖစ္ၿပီး ကာဇိုလာဆီကေန အႀကံဉာဏ္ေတာင္းတာက ေကာင္းမြန္တဲ့ စတင္မႈ ျဖစ္လာမွာ ျဖစ္ပါတယ္။

ကာဇိုလာသာ ေအာ္ဒီဂြါဒ္ကို ေနရာစုံ ပိုကစားႏိုင္ေအာင္ နည္းျပေပးႏိုင္မယ္ဆိုရင္ အားလုံးအတြက္ အက်ိဳးရွိလာမွာျဖစ္ၿပီး စပိန္ကြင္းလယ္ကစားသမားဟာ အိုေဇးလ္ ေရာက္လာၿပီးေနာက္ ဘယ္ေတာင္ပံကို ေျပာင္းကစားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ကာဇိုလာရဲ႕ တကယ့္အမွန္တကယ္ တိုးတက္ေျပာင္းလဲမႈက အာဆင္ဝင္းဂါးက ေဘာလုံးေပးပို႔ရာမွာ ဆရာတစ္ဆူျဖစ္တဲ့ စပိန္ကစားသမားကို ကြင္းလယ္ခံစစ္ေနရာကို ေျပာင္းကစားခိုင္းခ်ိန္မွာျဖစ္ၿပီး ခံစစ္ပိုင္းအားေကာင္းတဲ့ ကိုကြီလင္လို ကစားသမားမ်ိဳးနဲ႔အတူ ပြဲကစားရတဲ့အခ်ိန္မွာ ကာဇိုလာက ေဘာလုံးပိုင္ဆိုင္မႈ ရွာေဖြရာမွာ ပိုၿပီး လြတ္လြတ္လပ္လပ္ သြားလာလႈပ္ရွားခြင့္ရခဲ့တာျဖစ္ပါတယ္။

လက္ရွိ ေအာ္ဒီဂြါဒ္ရဲ႕ တိုက္စစ္မွာ အကန႔္အသတ္ရွိေနမႈနဲ႔ ဆန႔္က်င္ဘက္ျဖစ္ၿပီး ကာဇိုလာဟာ ခံစစ္ပိုေရာက္သြားတာေၾကာင့္ ဂိုးနဲ႔ ဂိုးဖန္တီးမႈေတြ စေတးခဲ့ရေပမယ့္ ေဘာလုံးနဲ႔အတူ ေနရာလြတ္ေတြမွာ ပိုမိုျမင္ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။

အာဆင္နယ္ဟာ အရည္အခ်င္းရွိၿပီး တစ္ကြင္းလုံးကို ေဘာလုံးေပးပို႔မႈနဲ႔ ခ်ဳပ္ကိုင္ထားႏိုင္တဲ့ ကစားကြက္ဖန္တီးရွင္ကို ဖ်က္ဆီးသလိုျဖစ္ခဲ့ၿပီး ကာဇိုလာဟာ ပီးရက္စ္ရဲ႕ ေနရာမွာ ဆက္ခံခဲ့တဲ့ ဖာဘရီဂတ္စ္ရဲ႕ ေနရာကို ဆက္ခံခဲ့တာျဖစ္ပါတယ္။

ပီးရက္စ္ဟာ ဘယ္ေတာင္ပံကစားသမား အမည္ခံသာ ကစားခဲ့ၿပီး ဘယ္ေတာင္ပံဟာ အက္ရွ္လီ ကိုးနဲ႔ သီယာရီ အြန္နရီတို႔ရဲ႕ ေနရာျဖစ္ခဲ့ေပမယ့္လည္း ျပင္သစ္ကြင္းလယ္ကစားသမားက ဂီလ္ဘာတို ေဆးလ္ဗားနဲ႔ ပက္ထရစ္ ဗီယာရာတို႔ရဲ႕ ကာကြယ္မႈေအာက္မွာ ေဘာလုံးကို ရယူဖို႔ အလယ္ကို ဝင္ကစားတဲ့အခ်ိန္မွာလည္း ျပႆနာမရွိခဲ့တာျဖစ္ပါတယ္။

အာတီတာအေနနဲ႔ ေအာ္ဒီဂြါဒ္နဲ႔ပတ္သက္ၿပီး အဲဒီလို ေဖာ္ျမဴလာမ်ိဳးကို ျပန္လည္ဖန္တီးဖို႔ လိုအပ္ေနၿပီး ေမွာ္ဆန္တဲ့ ေျခေထာက္ ၂ ေခ်ာင္းနဲ႔ ေဘာလုံးေပးပို႔ရာမွာ အျမင္ရွိတဲ့ ကစားသမားကို တိုက္စစ္အထိ တက္ကစားသင့္သေလာက္ ကစားခြင့္မေပးႏိုင္ျဖစ္ေနတာျဖစ္ပါတယ္။

ကာဇိုလာက အာဆင္နယ္အသင္းေခါင္းေဆာင္ကို အာဆင္နယ္အတြက္ တျခားနည္းလမ္းေတြနဲ႔ ဘယ္လို အက်ိဳးသက္ေရာက္မႈ ပိုရွိေအာင္ လုပ္ႏိုင္မလဲဆိုတာကို ျပသသြားမွာ ျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet