ပါတေးရဲ့နေရာမှာ ပေါင် ၄၂ သန်းတန်ကစားသမားနဲ့ အစားထိုးသွားတော့မယ့် အာဆင်နယ် 1024 576 coyg

ပါတေးရဲ့နေရာမှာ ပေါင် ၄၂ သန်းတန်ကစားသမားနဲ့ အစားထိုးသွားတော့မယ့် အာဆင်နယ်

အာတီတာရဲ့ အာဆင်နယ်ဟာ ဒဏ်ရာပြဿနာတွေကြောင့် အမြဲလိုလို ရုန်းကန်နေရတဲ့ သောမတ်စ် ပါတေးရဲ့ နေရာမှာ မန်ချက်စတာစီးတီးကွင်းလယ်လူ ကယ်လ်ဗင် ဖိလစ်ပ်စ်နဲ့ အစားထိုးချင်နေတယ်လို့ သိရပါတယ်။

Tuttojuve ရဲ့ ဖော်ပြချက်အရ အာဆင်နယ်ဟာ ဂါနာကွင်းလယ်လူရဲ့နေရာမှာ အစားထိုးခေါ်ယူမှုအဖြစ် မန်ချက်စတာစီးတီးမှာ ပုံမှန်ပွဲထွက်ခွင့်မရဖြစ်နေတဲ့ ကယ်လ်ဗင် ဖိလစ်ပ်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။ ပါတေးဟာ ဒီရာသီမှာလည်း ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရပေမယ့်လည်း အက်သလက်တီကို မက်ဒရစ်ကြယ်ပွင့်ဟောင်းဟာ ကြံ့ခိုင်မှု ပြည့်ဝနေတဲ့အချိန်မှာတောင်မှ ပုံမှန် ပွဲထွက်ပါဝင်ကစားပေးနိုင်ဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

အီတလီသတင်းဌာနက သောမတ်စ် ပါတေးဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အာဆင်နယ်ကို စွန့်ခွာချင်တယ်လို့ ဖော်ပြခဲ့တာဖြစ်ပြီး ဂျူဗင်တပ်က ရာသီဝက် အပြောင်းအရွှေ့ကာလမှာ ဂါနာကွင်းလယ်လူကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။

Tuttojuve က ဂျူဗင်တပ်ကလည်း ကယ်လ်ဗင် ဖိလစ်ပ်စ်ကို ခေါ်ယူချင်နေပေမယ့်လည်း အာဆင်နယ်က ပါတေးရဲ့ နေရာမှာ အင်္ဂလန်ကွင်းလယ်လူနဲ့ အစားထိုးချင်နေတာဖြစ်တာကြောင့် ဂန်းနားကြယ်ပွင့်ကိုပဲ ခေါ်ယူဖို့ စိတ်ပြောင်းသွားတာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

အာဆင်နယ်အနေနဲ့ ဆုဖလားပြိုင်ပွဲအတွက် တိုက်ပွဲအရှိန် ပြင်းထန်နေတဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အဓိကပြိုင်ဘက်ဖြစ်တဲ့ မန်ချက်စတာစီးတီးကနေ ကယ်လ်ဗင် ဖိလစ်ပ်စ်ကို ခေါ်ယူဖို့က မလွယ်တာထက် မဖြစ်နိုင်ဖို့ ပိုများတယ်လို့ ယူဆရပါတယ်။

ဖိလစ်ပ်စ်က မန်စီးတီးမှာ ပွဲကစားချိန် မရလို့ ထွက်ချင်နေတာတော့ အမှန်ပဲဖြစ်ပြီး အာတီတာက ပေါင် ၄၂ သန်းတန် အင်္ဂလန်ကွင်းလယ်လူကို အမ်းမရိတ်စ်မှာ ရှိစေချင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အသက် ၂၇ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ အာဆင်နယ်ကို ပြောင်းရွှေ့နိုင်မယ့်အခွင့်အရေးကို အရယူသွားဖွယ်ရှိပြီး ဂန်းနားကြယ်ပွင့် ဒီကလန် ရိုက်နဲ့ အင်္ဂလန်လက်ရွေးစင်မှာ အတူတူ ကစားခဲ့တဲ့ ကယ်လ်ဗင် ဖိလစ်ပ်စ်သာ ရောက်လာရင် အမ်းမရိတ်စ်မှာ တော်တော်လေးကို ပြီးပြည့်စုံတဲ့ကွင်းလယ်ဖြစ်လာမှာ သေချာပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာစီးတီးကတော့ ဂျေးဇုနဲ့ ဇင်ချန်ကိုတို့ကို ရောင်းထုတ်ပြီး ယောက်ဖ ကြက်ဥတိုက်သလို ဖြစ်သွားခဲ့ပြီးကတည်းက ဂန်းနားတွေဆို အင်တင်တင် ဖြစ်နေပြီး ရာသီဝက်မှာ ဖိလစ်ပ်စ်ကို ရောင်းဖို့မပြောနဲ့၊ အငှားတောင် ချချင်မယ့်ပုံမပေါ်ပါဘူး။

Arsenal Myanmar

Ref: Internet

ZAWGYI: အာတီတာရဲ႕ အာဆင္နယ္ဟာ ဒဏ္ရာျပႆနာေတြေၾကာင့္ အၿမဲလိုလို ႐ုန္းကန္ေနရတဲ့ ေသာမတ္စ္ ပါေတးရဲ႕ ေနရာမွာ မန္ခ်က္စတာစီးတီးကြင္းလယ္လူ ကယ္လ္ဗင္ ဖိလစ္ပ္စ္နဲ႔ အစားထိုးခ်င္ေနတယ္လို႔ သိရပါတယ္။

Tuttojuve ရဲ႕ ေဖာ္ျပခ်က္အရ အာဆင္နယ္ဟာ ဂါနာကြင္းလယ္လူရဲ႕ေနရာမွာ အစားထိုးေခၚယူမႈအျဖစ္ မန္ခ်က္စတာစီးတီးမွာ ပုံမွန္ပြဲထြက္ခြင့္မရျဖစ္ေနတဲ့ ကယ္လ္ဗင္ ဖိလစ္ပ္စ္ကို ေခၚယူဖို႔ ႀကိဳးပမ္းသြားမယ္လို႔ သိရပါတယ္။ ပါေတးဟာ ဒီရာသီမွာလည္း ဒဏ္ရာျပႆနာေတြနဲ႔ ရင္ဆိုင္ေနရေပမယ့္လည္း အက္သလက္တီကို မက္ဒရစ္ၾကယ္ပြင့္ေဟာင္းဟာ ႀကံ့ခိုင္မႈ ျပည့္ဝေနတဲ့အခ်ိန္မွာေတာင္မွ ပုံမွန္ ပြဲထြက္ပါဝင္ကစားေပးႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရတာျဖစ္ပါတယ္။

အီတလီသတင္းဌာနက ေသာမတ္စ္ ပါေတးဟာ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ အာဆင္နယ္ကို စြန႔္ခြာခ်င္တယ္လို႔ ေဖာ္ျပခဲ့တာျဖစ္ၿပီး ဂ်ဴဗင္တပ္က ရာသီဝက္ အေျပာင္းအေ႐ႊ႕ကာလမွာ ဂါနာကြင္းလယ္လူကို ေခၚယူဖို႔ စိတ္ဝင္စားေနတာျဖစ္ပါတယ္။

Tuttojuve က ဂ်ဴဗင္တပ္ကလည္း ကယ္လ္ဗင္ ဖိလစ္ပ္စ္ကို ေခၚယူခ်င္ေနေပမယ့္လည္း အာဆင္နယ္က ပါေတးရဲ႕ ေနရာမွာ အဂၤလန္ကြင္းလယ္လူနဲ႔ အစားထိုးခ်င္ေနတာျဖစ္တာေၾကာင့္ ဂန္းနားၾကယ္ပြင့္ကိုပဲ ေခၚယူဖို႔ စိတ္ေျပာင္းသြားတာျဖစ္တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

အာဆင္နယ္အေနနဲ႔ ဆုဖလားၿပိဳင္ပြဲအတြက္ တိုက္ပြဲအရွိန္ ျပင္းထန္ေနတဲ့ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ အဓိကၿပိဳင္ဘက္ျဖစ္တဲ့ မန္ခ်က္စတာစီးတီးကေန ကယ္လ္ဗင္ ဖိလစ္ပ္စ္ကို ေခၚယူဖို႔က မလြယ္တာထက္ မျဖစ္ႏိုင္ဖို႔ ပိုမ်ားတယ္လို႔ ယူဆရပါတယ္။

ဖိလစ္ပ္စ္က မန္စီးတီးမွာ ပြဲကစားခ်ိန္ မရလို႔ ထြက္ခ်င္ေနတာေတာ့ အမွန္ပဲျဖစ္ၿပီး အာတီတာက ေပါင္ ၄၂ သန္းတန္ အဂၤလန္ကြင္းလယ္လူကို အမ္းမရိတ္စ္မွာ ရွိေစခ်င္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။

အသက္ ၂၇ ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမားဟာ အာဆင္နယ္ကို ေျပာင္းေ႐ႊ႕ႏိုင္မယ့္အခြင့္အေရးကို အရယူသြားဖြယ္ရွိၿပီး ဂန္းနားၾကယ္ပြင့္ ဒီကလန္ ႐ိုက္နဲ႔ အဂၤလန္လက္ေ႐ြးစင္မွာ အတူတူ ကစားခဲ့တဲ့ ကယ္လ္ဗင္ ဖိလစ္ပ္စ္သာ ေရာက္လာရင္ အမ္းမရိတ္စ္မွာ ေတာ္ေတာ္ေလးကို ၿပီးျပည့္စုံတဲ့ကြင္းလယ္ျဖစ္လာမွာ ေသခ်ာပါတယ္။

ဒါေပမယ့္လည္း မန္ခ်က္စတာစီးတီးကေတာ့ ေဂ်းဇုနဲ႔ ဇင္ခ်န္ကိုတို႔ကို ေရာင္းထုတ္ၿပီး ေယာက္ဖ ၾကက္ဥတိုက္သလို ျဖစ္သြားခဲ့ၿပီးကတည္းက ဂန္းနားေတြဆို အင္တင္တင္ ျဖစ္ေနၿပီး ရာသီဝက္မွာ ဖိလစ္ပ္စ္ကို ေရာင္းဖို႔မေျပာနဲ႔၊ အငွားေတာင္ ခ်ခ်င္မယ့္ပုံမေပၚပါဘူး။

Arsenal Myanmar

Ref: Internet