ထရော့ဆာ့ဒ်ခြေစွမ်း၊ ဝှိုက်နဲ့ အော်ဒီဂွါဒ်ဒဏ်ရာ၊ ဗီယာရာအနီကတ်အပါအဝင် အာတီတာ ပြောခဲ့သမျှ
အာဆင်နယ်နည်းပြ အာတီတာဟာ စနေနေ့ညက ဘန်လေကို အမ်းမရိတ်စ်ကွင်းမှာ ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီး သတင်းစာရှင်းလင်းပွဲမှာ ပရိသတ်တွေ သိလိုတဲ့မေးခွန်းတွေကို အဖြေပေးခဲ့ပါတယ်။
မေး-စွမ်းဆောင်ရည်နဲ့ အနီကတ်အပေါ် ခင်ဗျား ဘာပြောချင်လဲ။
ဖြေ-ရလဒ်ကို တကယ်ပျော်ရွှင်မိခဲ့ပါတယ်။ အထူးသဖြင့် စွမ်းဆောင်ရည်ပိုင်းပေါ့။ လွန်ခဲ့တဲ့ ၇၂ နာရီနဲ့ နောက်ဆုံး ၃ ပွဲ ကစားခဲ့ပြီးနောက် ကျွန်တော်တို့ နယူးကာဆယ်၊ ဆီဗီလာနဲ့ ဒီနေ့ ပွဲကစားခဲ့တဲ့ပုံစံကို ပျော်ရွှင်မိပါတယ်။ ကျွန်တော်တို့ အသာစီးရယူနိုင်ဖို့ အရမ်းခက်တဲ့အသင်းတွေကို အသာစီးရယူနိုင်ခဲ့တယ်။ ကျွန်တော်တို့ လုပ်ပြနိုင်ခဲ့တဲ့ အခြေအနေတွေရဲ့ ပမာဏကြောင့် နိုင်ပွဲရဖို့ အပြည့်အဝ ထိုက်တန်ခဲ့တယ်လို့ ထင်ပါတယ်။ အနီကတ်နဲ့ပတ်သက်ပြီးတော့ ဟုတ်ပါတယ်။ VAR က မှန်ခဲ့ပါတယ်။ ဒိုင်လူကြီးကလည်းမှန်ခဲ့တယ်။ တကယ်ကောင်းတဲ့ ဆုံးဖြတ်ချက်ပါ။
မေး- နယူးကာဆယ်နဲ့ရှုံးပွဲကနေ ပြန်လာနိုင်ဖို့နဲ့ လိဂ်ထိပ်ဆုံးမှာ ဖိအားဆက်ပေးထားနိုင်ဖို့က ဘယ်လောက်အရေးပါခဲ့လဲ။
ဖြေ-ဒါက အသင်းလုပ်နေတဲ့အရာပါ။ ကျွန်တော်တို့ လိဂ်ထိပ်ဆုံးမှာ ဖိအားဆက်ပေးထားနိုင်ဖို့ အကောင်းဆုံးပုံစံနဲ့ ကစားနေပါတယ်။ ကျွန်တော်တို့ နိုင်ပွဲတွေရဖို့နဲ့ ရမှတ်တွေရယူဖို့ အရာအားလုံးပေးထားတယ်။ ပြိုင်ပွဲတွေက ပိုကောင်းနေတဲ့အခါကျရင် သူတို့ကို ဂုဏ်ပြုရမယ်။ ကျွန်တော်တို့က နောက်ဆုံး ၃ ပွဲမှာ ပိုကောင်းခဲ့တယ်လို့ ထင်တယ်။ ကျွန်တော်တို့က နိုင်ငံတကာပွဲစဉ်အားလပ်ရက်အတွင်း တကယ်အားကောင်းတဲ့နေရာမှာ ရှိနေပါတယ်။ ကျွန်တော်တို့ ကစားသမားတွေ ပြန်ရဖို့ လိုတယ်။ ဘာလို့လဲဆိုတော့ အခုအချိန်မှာ ကျွန်တော်တို့မှာ ကစားသမား ၈ ယောက် မကစားပေးနိုင်တဲ့အခြေအနေဖြစ်နေပြီး အဲဒါက အရမ်းများတယ်။ ဒီဇင်ဘာမှာ ကျွန်တော်တို့ ၁၁ ပွဲအထိ ကစားဖို့ ရှိနေတယ်။ အဲဒီတော့ အားလုံး အဆင်သင့်ဖြစ်နေတာက ပိုကောင်းပါလိမ့်မယ်။
မေး- ဇင်ချန်ကိုရဲ့ စွမ်းဆောင်ရည်အပေါ် ခင်ဗျား ဘယ်လိုမြင်လဲ။
ဖြေ-သူနဲ့ပတ်သက်ပြီး အရမ်းပျော်တယ်။ အထူးသဖြင့် အလိုက်သင့်စီးမျောနိုင်စွမ်းရှိမှု၊ သူ ယူဆောင်ပေးနေတဲ့ ခြိမ်းခြောက်မှု၊ သူ ရှာဖွေပေးခဲ့တဲ့ နေရာလွတ်တွေ၊ အခြားကစားသမားတွေအတွက် လမ်းဖွင့်ပေးမှုတွေက အရေးကြီးတယ်။ ဒီနေ့ သူ ခံစစ်ပိုင်းကို အားစိုက်ကစားခဲ့တာကိုလည်း တကယ်နှစ်သက်မိပါတယ်။ ဂိုးကလည်း တကယ်ကောင်းတယ်။ အဲဒါက သူ ပြိုင်ပွဲထဲမှာ ဘယ်လို နေထိုင်နေလဲဆိုတာ ဥပမာပဲ။ ဘောလုံးက သူနဲ့ အဝေးမှာ ရှိနေတယ်။ သူက ဘောလုံးကို အရင်ဦးတယ်။ အဲဒါကြောင့်ပဲ သူ ဂိုးသွင်းနိုင်တာပါ။ သူ့ဆီက ကျွန်တော်တို့ လိုအပ်နေတာ ဒါပဲ။
မေး-ထရော့ဆာ့ဒ်ဆီက ရဲရင့်တဲ့ အဆုံးသတ်ဖြစ်ခဲ့တယ်နော်။
ဖြေ-လိုအပ်ရင် ခင်ဗျားရဲ့ခန္ဓာကိုယ်ကို ပစ်ဝင်ရမယ်။ အဲဒီလိုဖြစ်ခဲ့တာပါ။ အဲဒါက အမ်းမရိတ်စ်မှာ ဂိုး ၁၀၀၀ မြောက်ဂိုးဖြစ်ခဲ့တယ်။ လှပတဲ့ကိန်းဂဏန်းပါ။ သူနဲ့ပတ်သက်ပြီး အရမ်းပျော်ပါတယ်။ ခင်ဗျား သူ့ကို တောင်ပံပဲဖြစ်ဖြစ်၊ ကျောနံပါတ် ၉ နေရာပဲဖြစ်ဖြစ် ကစားပေးဖို့ တောင်းဆိုတဲ့အခါတိုင်း သူက စစ်မှန်တဲ့ ခြိမ်းခြောက်မှုဖြစ်ခဲ့တယ်လို့ ကျွန်တော်ထင်တယ်။ အဲဒီတော့ ကျွန်တော် သူနဲ့ပတ်သက်ပြီး တကယ်ပျော်ရွှင်မိပါတယ်။
မေး- ဘန်ဝှိုက် ဘာဖြစ်နေလဲဆိုတာနဲ့ သူ ပြန်လာနိုင်မယ့်အချိန်ကို ခင်ဗျား ပြောနိုင်လား။
ဖြေ-မနေ့က လေ့ကျင့်ရေးမှာ သူ သက်တောင့်သက်သာမဖြစ်ခဲ့ဘူး။ သူ့ပုံစံကြည့်ရတာ မဟန်ဘူး။ ဒါပေမယ့် ဘန်က ခင်ဗျားကို အများကြီး စိတ်ပူစေမှာမဟုတ်ပါဘူး။ သူက အမြဲတမ်း ကွင်းထဲမှာ ရှိနေချင်ပြီး သူ ဖြစ်နေတာတွေကို ဖုံးကွယ်ထားချင်တယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ၂ ပတ်လောက်ကလည်း တစ်ခုခု ဖြစ်နေတယ်ဆိုတာကို ကျွန်တော်တို့ သတိပြုမိခဲ့တယ်ဆိုတာကို နင်းပြောပြီး နားခိုင်းခဲ့ရတယ်။ ကျွန်တော်တို့ ဒီနေ့ သူ့ကို ကာကွယ်ချင်ခဲ့တယ်။ အဲဒါက ဆရာဝန်တွေနဲ့ ဆေးဌာနဆီကနေ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး မနက်ဖြန်မှာတော့ သူ့ကို အကဲဖြတ်သွားမှာဖြစ်လို့ ဘာတွေဖြစ်နေလဲဆိုတာကို နားလည်လာမှာပါ။
မေး-အနားကလူတွေဆီကနေ အကောင်းဆုံးပုံစံရအောင်လုပ်နိုင်တဲ့ ထရော့ဆာ့ဒ်ရဲ့အရည်အသွေးရယ် အသင်းဖော်တွေနဲ့ တည်ဆောက်ထားတဲ့ ဆက်ဆံရေးနဲ့ပတ်သက်ပြီး ခင်ဗျား ဘာပြောနိုင်လဲ။
ဖြေ-သူအားလုံးနဲ့ ချိတ်ဆက်ထားတယ်လို့ ထင်ပါတယ်။ သူက အရမ်းကို ထက်မြက်တယ်။ သူက နေရာလွတ်တွေနဲ့ လူတွေအတွက် ရွေးချယ်စရာတွေ ရလာအောင် လူတွေကို ဆွဲဆောင်နိုင်တဲ့ပုံစံနဲ့ ရွေ့လျားနိုင်တယ်လို့ ထင်တယ်။ ဒီနေ့မှာ သူ အဲဒါကို တကယ်ကောင်းကောင်းလုပ်ခဲ့တယ်။ ဘာလို့လဲဆိုတော့ တိုက်စစ်ဆင်ဖို့အတွက် အရမ်းခက်ခဲခဲ့ပြီး နေရာလွတ်တွေက အရမ်းကို သေးငယ်ခဲ့လို့ပါ။ သူက ကျွန်တော်တို့ကို ခြိမ်းခြောက်မှုအများအပြားနဲ့ နေရာလွတ်ရှာတွေ့ဖို့နဲ့ ချိတ်ဆက်နိုင်ဖို့ ဖြစ်နိုင်ခြေတွေပေးခဲ့ပါတယ်။
မေး- ဂျော်ဂျင်ညိုအခြေအနေကရော။
ဖြေ-သူ့မှာ ဒဏ်ရာအနည်းငယ်ရှိခဲ့ပြီး သူတို့တွေ ကွင်းထဲမှာ မဖြေရှင်းနိုင်လို့ လူစားလဲဖို့ ဆုံးဖြတ်ခဲ့တာပါ။ သူ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ သူက ဒီနေ့မှာလည်း အရမ်းကောင်းခဲ့တယ်လို့ ထင်ပါတယ်။ ဒီကောင်လေး ယှဉ်ပြိုင်နေတဲ့ပုံ၊ အသင်းကို နည်းမျိုးစုံနဲ့ ပံ့ပိုးပေးနေတဲ့ပုံစံကြောင့် သူနဲ့ပတ်သက်ပြီး တကယ်ပျော်ရွှင်မိပါတယ်။
မေး-အီတလီနဲ့ သူ ပြန်ကစားမယ်ဆိုရင် ခင်ဗျား ပျော်မှာလား။
ဖြေ-သူ့နိုင်ငံအတွက် ကိုယ်စားပြုနိုင်တဲ့ ဘယ်လိုကစားသမားမျိုးအတွက်မဆို ကျွန်တော် အရမ်းပျော်ရွှင်မိပါတယ်။ အီတလီက သူ့အတွက် ဘယ်လိုအဓိပ္ပာယ်ရှိလဲဆိုတာ ကျွန်တော် သိတယ်။ သူက လက်ရွေးစင်အသင်းမှာ ပါဝင်ချင်ပြီး ပါဝင်ခွင့်ရဖို့လည်း အပြည့်အဝ ထိုက်တန်တယ်လို့ ထင်ပါတယ်။
မေး- မာတင်ရော ဘယ်လိုလဲ။ နော်ဝေနဲ့ သူ သွားပူးပေါင်းမလား။
ဖြေ- မသိပါဘူး။ ကျွန်တော် အခု ဆေးဌာနနဲ့ အစည်းအဝေးသွားတက်ရမှာဖြစ်ပြီး အီဒူးက အားလုံးရဲ့ အခြေအနေကို နားလည်ပါတယ်။ ဒါပေမယ့် သူ(အော်ဒီဂွါဒ်) နိုင်ငံတကာပွဲစဉ် အားလပ်ရက်အပြီးမှာ ပြန်လာနိုင်မယ်လို့ ထင်ပါတယ်။ ဆုံးဖြတ်ချက်က ဘာလဲဆိုတာနဲ့ လက်ရှိ ဆက်သွယ်ပြောဆိုမှုတွေကို ကျွန်တော် အတိအကျမသိပါဘူး။
မေး-တိုမိယဆုက မိနစ် ၉၀ ကစားခဲ့တယ်။ ဒါပေမယ့် သူ အဆင်ပြေရဲ့လား။
ဖြေ- သူ့ရဲ့ မျက်လုံး၊ မျက်ကြည်လွှာမှာပဲ ပြဿနာရှိနေတာပါ။ ကျန်တာအားလုံးမှာ သူက ထိပ်တန်းပဲ။ အရမ်းကောင်းတဲ့စွမ်းဆောင်ရည်ပါ။
မေး-ခင်ဗျားက နိုင်ငံတကာပွဲစဉ်အားလပ်ရက်ကို ဖြတ်သန်းဖို့ ကောင်းမွန်တဲ့အနေအထားမှာရှိနေလား။
ဖြေ-ကျွန်တော်ကတော့ ထိပ်ဆုံးမှာပဲ ရှိနေချင်ပါတယ်။ ဒါပေမယ့် ဒါက ကျွန်တော်တို့ လုပ်ရမယ့်အရာဖြစ်ပြီး ကျွန်တော်တို့ ကစားပုံရော ရလဒ်ပိုင်းမှာပါ တည်ငြိမ်မှုအများကြီး ပြသခဲ့ပါတယ်။ အဲဒီတော့ ဆက်လုပ်ကြတာပေ့ါ။ အခု အရှိန်အဟုန်အချို့ ရနေပြီး ကစားသမားအချို့ ပြန်လာရင် ဒီတိုင်း ထပ်လုပ်ကြတာပေါ့။
မေး- ခင်ဗျား နေရောင်ခြည်အချို့နဲ့ အနားယူမှာလား။
ဖြေ- နေရောင်ခြည်လား။ ကျွန်တော် မသေချာဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် လန်ဒန်မှာပဲ ဆက်နေကောင်း ဆက်နေဖြစ်မှာမို့လို့ပါ။ အဲဒီတော့ နေရောင်ခြည်ရမလားဆိုတာ သံသယဖြစ်မိပါတယ်။ ဒါပေမယ့် ကျွန်တော် မိသားစု၊ သူငယ်ချင်းတွေနဲ့ ပျော်ရွှင်စရာ နားရက်အချို့ကို ဖြတ်သန်းသွားမှာတော့ သေချာပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္နည္းျပ အာတီတာဟာ စေနေန႔ညက ဘန္ေလကို အမ္းမရိတ္စ္ကြင္းမွာ ၃-၁ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္အၿပီး သတင္းစာရွင္းလင္းပြဲမွာ ပရိသတ္ေတြ သိလိုတဲ့ေမးခြန္းေတြကို အေျဖေပးခဲ့ပါတယ္။
ေမး-စြမ္းေဆာင္ရည္နဲ႔ အနီကတ္အေပၚ ခင္ဗ်ား ဘာေျပာခ်င္လဲ။
ေျဖ-ရလဒ္ကို တကယ္ေပ်ာ္႐ႊင္မိခဲ့ပါတယ္။ အထူးသျဖင့္ စြမ္းေဆာင္ရည္ပိုင္းေပါ့။ လြန္ခဲ့တဲ့ ၇၂ နာရီနဲ႔ ေနာက္ဆုံး ၃ ပြဲ ကစားခဲ့ၿပီးေနာက္ ကြၽန္ေတာ္တို႔ နယူးကာဆယ္၊ ဆီဗီလာနဲ႔ ဒီေန႔ ပြဲကစားခဲ့တဲ့ပုံစံကို ေပ်ာ္႐ႊင္မိပါတယ္။ ကြၽန္ေတာ္တို႔ အသာစီးရယူႏိုင္ဖို႔ အရမ္းခက္တဲ့အသင္းေတြကို အသာစီးရယူႏိုင္ခဲ့တယ္။ ကြၽန္ေတာ္တို႔ လုပ္ျပႏိုင္ခဲ့တဲ့ အေျခအေနေတြရဲ႕ ပမာဏေၾကာင့္ ႏိုင္ပြဲရဖို႔ အျပည့္အဝ ထိုက္တန္ခဲ့တယ္လို႔ ထင္ပါတယ္။ အနီကတ္နဲ႔ပတ္သက္ၿပီးေတာ့ ဟုတ္ပါတယ္။ VAR က မွန္ခဲ့ပါတယ္။ ဒိုင္လူႀကီးကလည္းမွန္ခဲ့တယ္။ တကယ္ေကာင္းတဲ့ ဆုံးျဖတ္ခ်က္ပါ။
ေမး- နယူးကာဆယ္နဲ႔ရႈံးပြဲကေန ျပန္လာႏိုင္ဖို႔နဲ႔ လိဂ္ထိပ္ဆုံးမွာ ဖိအားဆက္ေပးထားႏိုင္ဖို႔က ဘယ္ေလာက္အေရးပါခဲ့လဲ။
ေျဖ-ဒါက အသင္းလုပ္ေနတဲ့အရာပါ။ ကြၽန္ေတာ္တို႔ လိဂ္ထိပ္ဆုံးမွာ ဖိအားဆက္ေပးထားႏိုင္ဖို႔ အေကာင္းဆုံးပုံစံနဲ႔ ကစားေနပါတယ္။ ကြၽန္ေတာ္တို႔ ႏိုင္ပြဲေတြရဖို႔နဲ႔ ရမွတ္ေတြရယူဖို႔ အရာအားလုံးေပးထားတယ္။ ၿပိဳင္ပြဲေတြက ပိုေကာင္းေနတဲ့အခါက်ရင္ သူတို႔ကို ဂုဏ္ျပဳရမယ္။ ကြၽန္ေတာ္တို႔က ေနာက္ဆုံး ၃ ပြဲမွာ ပိုေကာင္းခဲ့တယ္လို႔ ထင္တယ္။ ကြၽန္ေတာ္တို႔က ႏိုင္ငံတကာပြဲစဥ္အားလပ္ရက္အတြင္း တကယ္အားေကာင္းတဲ့ေနရာမွာ ရွိေနပါတယ္။ ကြၽန္ေတာ္တို႔ ကစားသမားေတြ ျပန္ရဖို႔ လိုတယ္။ ဘာလို႔လဲဆိုေတာ့ အခုအခ်ိန္မွာ ကြၽန္ေတာ္တို႔မွာ ကစားသမား ၈ ေယာက္ မကစားေပးႏိုင္တဲ့အေျခအေနျဖစ္ေနၿပီး အဲဒါက အရမ္းမ်ားတယ္။ ဒီဇင္ဘာမွာ ကြၽန္ေတာ္တို႔ ၁၁ ပြဲအထိ ကစားဖို႔ ရွိေနတယ္။ အဲဒီေတာ့ အားလုံး အဆင္သင့္ျဖစ္ေနတာက ပိုေကာင္းပါလိမ့္မယ္။
ေမး- ဇင္ခ်န္ကိုရဲ႕ စြမ္းေဆာင္ရည္အေပၚ ခင္ဗ်ား ဘယ္လိုျမင္လဲ။
ေျဖ-သူနဲ႔ပတ္သက္ၿပီး အရမ္းေပ်ာ္တယ္။ အထူးသျဖင့္ အလိုက္သင့္စီးေမ်ာႏိုင္စြမ္းရွိမႈ၊ သူ ယူေဆာင္ေပးေနတဲ့ ၿခိမ္းေျခာက္မႈ၊ သူ ရွာေဖြေပးခဲ့တဲ့ ေနရာလြတ္ေတြ၊ အျခားကစားသမားေတြအတြက္ လမ္းဖြင့္ေပးမႈေတြက အေရးႀကီးတယ္။ ဒီေန႔ သူ ခံစစ္ပိုင္းကို အားစိုက္ကစားခဲ့တာကိုလည္း တကယ္ႏွစ္သက္မိပါတယ္။ ဂိုးကလည္း တကယ္ေကာင္းတယ္။ အဲဒါက သူ ၿပိဳင္ပြဲထဲမွာ ဘယ္လို ေနထိုင္ေနလဲဆိုတာ ဥပမာပဲ။ ေဘာလုံးက သူနဲ႔ အေဝးမွာ ရွိေနတယ္။ သူက ေဘာလုံးကို အရင္ဦးတယ္။ အဲဒါေၾကာင့္ပဲ သူ ဂိုးသြင္းႏိုင္တာပါ။ သူ႔ဆီက ကြၽန္ေတာ္တို႔ လိုအပ္ေနတာ ဒါပဲ။
ေမး-ထေရာ့ဆာ့ဒ္ဆီက ရဲရင့္တဲ့ အဆုံးသတ္ျဖစ္ခဲ့တယ္ေနာ္။
ေျဖ-လိုအပ္ရင္ ခင္ဗ်ားရဲ႕ခႏၶာကိုယ္ကို ပစ္ဝင္ရမယ္။ အဲဒီလိုျဖစ္ခဲ့တာပါ။ အဲဒါက အမ္းမရိတ္စ္မွာ ဂိုး ၁၀၀၀ ေျမာက္ဂိုးျဖစ္ခဲ့တယ္။ လွပတဲ့ကိန္းဂဏန္းပါ။ သူနဲ႔ပတ္သက္ၿပီး အရမ္းေပ်ာ္ပါတယ္။ ခင္ဗ်ား သူ႔ကို ေတာင္ပံပဲျဖစ္ျဖစ္၊ ေက်ာနံပါတ္ ၉ ေနရာပဲျဖစ္ျဖစ္ ကစားေပးဖို႔ ေတာင္းဆိုတဲ့အခါတိုင္း သူက စစ္မွန္တဲ့ ၿခိမ္းေျခာက္မႈျဖစ္ခဲ့တယ္လို႔ ကြၽန္ေတာ္ထင္တယ္။ အဲဒီေတာ့ ကြၽန္ေတာ္ သူနဲ႔ပတ္သက္ၿပီး တကယ္ေပ်ာ္႐ႊင္မိပါတယ္။
ေမး- ဘန္ဝႈိက္ ဘာျဖစ္ေနလဲဆိုတာနဲ႔ သူ ျပန္လာႏိုင္မယ့္အခ်ိန္ကို ခင္ဗ်ား ေျပာႏိုင္လား။
ေျဖ-မေန႔က ေလ့က်င့္ေရးမွာ သူ သက္ေတာင့္သက္သာမျဖစ္ခဲ့ဘူး။ သူ႔ပုံစံၾကည့္ရတာ မဟန္ဘူး။ ဒါေပမယ့္ ဘန္က ခင္ဗ်ားကို အမ်ားႀကီး စိတ္ပူေစမွာမဟုတ္ပါဘူး။ သူက အၿမဲတမ္း ကြင္းထဲမွာ ရွိေနခ်င္ၿပီး သူ ျဖစ္ေနတာေတြကို ဖုံးကြယ္ထားခ်င္တယ္။ ဒါေပမယ့္ ၿပီးခဲ့တဲ့ ၂ ပတ္ေလာက္ကလည္း တစ္ခုခု ျဖစ္ေနတယ္ဆိုတာကို ကြၽန္ေတာ္တို႔ သတိျပဳမိခဲ့တယ္ဆိုတာကို နင္းေျပာၿပီး နားခိုင္းခဲ့ရတယ္။ ကြၽန္ေတာ္တို႔ ဒီေန႔ သူ႔ကို ကာကြယ္ခ်င္ခဲ့တယ္။ အဲဒါက ဆရာဝန္ေတြနဲ႔ ေဆးဌာနဆီကေန မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ျဖစ္ၿပီး မနက္ျဖန္မွာေတာ့ သူ႔ကို အကဲျဖတ္သြားမွာျဖစ္လို႔ ဘာေတြျဖစ္ေနလဲဆိုတာကို နားလည္လာမွာပါ။
ေမး-အနားကလူေတြဆီကေန အေကာင္းဆုံးပုံစံရေအာင္လုပ္ႏိုင္တဲ့ ထေရာ့ဆာ့ဒ္ရဲ႕အရည္အေသြးရယ္ အသင္းေဖာ္ေတြနဲ႔ တည္ေဆာက္ထားတဲ့ ဆက္ဆံေရးနဲ႔ပတ္သက္ၿပီး ခင္ဗ်ား ဘာေျပာႏိုင္လဲ။
ေျဖ-သူအားလုံးနဲ႔ ခ်ိတ္ဆက္ထားတယ္လို႔ ထင္ပါတယ္။ သူက အရမ္းကို ထက္ျမက္တယ္။ သူက ေနရာလြတ္ေတြနဲ႔ လူေတြအတြက္ ေ႐ြးခ်ယ္စရာေတြ ရလာေအာင္ လူေတြကို ဆြဲေဆာင္ႏိုင္တဲ့ပုံစံနဲ႔ ေ႐ြ႕လ်ားႏိုင္တယ္လို႔ ထင္တယ္။ ဒီေန႔မွာ သူ အဲဒါကို တကယ္ေကာင္းေကာင္းလုပ္ခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ တိုက္စစ္ဆင္ဖို႔အတြက္ အရမ္းခက္ခဲခဲ့ၿပီး ေနရာလြတ္ေတြက အရမ္းကို ေသးငယ္ခဲ့လို႔ပါ။ သူက ကြၽန္ေတာ္တို႔ကို ၿခိမ္းေျခာက္မႈအမ်ားအျပားနဲ႔ ေနရာလြတ္ရွာေတြ႕ဖို႔နဲ႔ ခ်ိတ္ဆက္ႏိုင္ဖို႔ ျဖစ္ႏိုင္ေျခေတြေပးခဲ့ပါတယ္။
ေမး- ေဂ်ာ္ဂ်င္ညိဳအေျခအေနကေရာ။
ေျဖ-သူ႔မွာ ဒဏ္ရာအနည္းငယ္ရွိခဲ့ၿပီး သူတို႔ေတြ ကြင္းထဲမွာ မေျဖရွင္းႏိုင္လို႔ လူစားလဲဖို႔ ဆုံးျဖတ္ခဲ့တာပါ။ သူ အဆင္ေျပမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ သူက ဒီေန႔မွာလည္း အရမ္းေကာင္းခဲ့တယ္လို႔ ထင္ပါတယ္။ ဒီေကာင္ေလး ယွဥ္ၿပိဳင္ေနတဲ့ပုံ၊ အသင္းကို နည္းမ်ိဳးစုံနဲ႔ ပံ့ပိုးေပးေနတဲ့ပုံစံေၾကာင့္ သူနဲ႔ပတ္သက္ၿပီး တကယ္ေပ်ာ္႐ႊင္မိပါတယ္။
ေမး-အီတလီနဲ႔ သူ ျပန္ကစားမယ္ဆိုရင္ ခင္ဗ်ား ေပ်ာ္မွာလား။
ေျဖ-သူ႔ႏိုင္ငံအတြက္ ကိုယ္စားျပဳႏိုင္တဲ့ ဘယ္လိုကစားသမားမ်ိဳးအတြက္မဆို ကြၽန္ေတာ္ အရမ္းေပ်ာ္႐ႊင္မိပါတယ္။ အီတလီက သူ႔အတြက္ ဘယ္လိုအဓိပၸာယ္ရွိလဲဆိုတာ ကြၽန္ေတာ္ သိတယ္။ သူက လက္ေ႐ြးစင္အသင္းမွာ ပါဝင္ခ်င္ၿပီး ပါဝင္ခြင့္ရဖို႔လည္း အျပည့္အဝ ထိုက္တန္တယ္လို႔ ထင္ပါတယ္။
ေမး- မာတင္ေရာ ဘယ္လိုလဲ။ ေနာ္ေဝနဲ႔ သူ သြားပူးေပါင္းမလား။
ေျဖ- မသိပါဘူး။ ကြၽန္ေတာ္ အခု ေဆးဌာနနဲ႔ အစည္းအေဝးသြားတက္ရမွာျဖစ္ၿပီး အီဒူးက အားလုံးရဲ႕ အေျခအေနကို နားလည္ပါတယ္။ ဒါေပမယ့္ သူ(ေအာ္ဒီဂြါဒ္) ႏိုင္ငံတကာပြဲစဥ္ အားလပ္ရက္အၿပီးမွာ ျပန္လာႏိုင္မယ္လို႔ ထင္ပါတယ္။ ဆုံးျဖတ္ခ်က္က ဘာလဲဆိုတာနဲ႔ လက္ရွိ ဆက္သြယ္ေျပာဆိုမႈေတြကို ကြၽန္ေတာ္ အတိအက်မသိပါဘူး။
ေမး-တိုမိယဆုက မိနစ္ ၉၀ ကစားခဲ့တယ္။ ဒါေပမယ့္ သူ အဆင္ေျပရဲ႕လား။
ေျဖ- သူ႔ရဲ႕ မ်က္လုံး၊ မ်က္ၾကည္လႊာမွာပဲ ျပႆနာရွိေနတာပါ။ က်န္တာအားလုံးမွာ သူက ထိပ္တန္းပဲ။ အရမ္းေကာင္းတဲ့စြမ္းေဆာင္ရည္ပါ။
ေမး-ခင္ဗ်ားက ႏိုင္ငံတကာပြဲစဥ္အားလပ္ရက္ကို ျဖတ္သန္းဖို႔ ေကာင္းမြန္တဲ့အေနအထားမွာရွိေနလား။
ေျဖ-ကြၽန္ေတာ္ကေတာ့ ထိပ္ဆုံးမွာပဲ ရွိေနခ်င္ပါတယ္။ ဒါေပမယ့္ ဒါက ကြၽန္ေတာ္တို႔ လုပ္ရမယ့္အရာျဖစ္ၿပီး ကြၽန္ေတာ္တို႔ ကစားပုံေရာ ရလဒ္ပိုင္းမွာပါ တည္ၿငိမ္မႈအမ်ားႀကီး ျပသခဲ့ပါတယ္။ အဲဒီေတာ့ ဆက္လုပ္ၾကတာေပ့ါ။ အခု အရွိန္အဟုန္အခ်ိဳ႕ ရေနၿပီး ကစားသမားအခ်ိဳ႕ ျပန္လာရင္ ဒီတိုင္း ထပ္လုပ္ၾကတာေပါ့။
ေမး- ခင္ဗ်ား ေနေရာင္ျခည္အခ်ိဳ႕နဲ႔ အနားယူမွာလား။
ေျဖ- ေနေရာင္ျခည္လား။ ကြၽန္ေတာ္ မေသခ်ာဘူး။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္ လန္ဒန္မွာပဲ ဆက္ေနေကာင္း ဆက္ေနျဖစ္မွာမို႔လို႔ပါ။ အဲဒီေတာ့ ေနေရာင္ျခည္ရမလားဆိုတာ သံသယျဖစ္မိပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ မိသားစု၊ သူငယ္ခ်င္းေတြနဲ႔ ေပ်ာ္႐ႊင္စရာ နားရက္အခ်ိဳ႕ကို ျဖတ္သန္းသြားမွာေတာ့ ေသခ်ာပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Exclusive Interview