အာတီတာနဲ့ပတ်သက်ပြီး နဗီးပြောတာကို သဘောမတူတဲ့ အီယန် ရိုက် 1024 504 coyg

အာတီတာနဲ့ပတ်သက်ပြီး နဗီးပြောတာကို သဘောမတူတဲ့ အီယန် ရိုက်

အီယန် ရိုက်ဟာ ပြီးခဲ့တဲ့အပတ်က နယူးကာဆယ်ကို ၁-၀ နဲ့ အငြင်းပွားဖွယ် ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ VAR ကို ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ပေါက်ကွဲခဲ့တဲ့ အာတီတာကို အာဆင်နယ်က အားပေးထောက်ခံခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဂယ်ရီ နဗီးရဲ့ မှတ်ချက်ကို သဘောမတူခဲ့ပါဘူး။

အာတီတာဟာ အန်သိုနီ ဂေါ်ဒွန်ရဲ့ ၆၄ မိနစ်မှာ သွင်းယူခဲ့တဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို ခွင့်ပြုခဲ့တဲ့ VAR ဒိုင်လူကြီးတွေကို ပြစ်တင်ကြိမ်းမောင်းခဲ့ပြီး အရှက်ရစရာနဲ့ အရုပ်ဆိုးအကျည်းတန်မှုလို့ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ဂေါ်ဒွန်ရဲ့ဂိုးကို VAR က အထပ်ထပ်အခါအခါ စစ်ဆေးခဲ့ပေမယ့်လည်း ဂိုးအဖြစ် ခွင့်ပြုပေးခဲ့တာကြောင့် အာတီတာက ဒေါသထွက်ခဲ့ပြီး အခြေအနေတွေ မတိုးတက်လာသေးသရွေ့တော့ ကျယ်ကျယ်လောင်လောင် ပြောဆိုသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ကလည်း နောက်တစ်နေ့မှာပဲ နယူးကာဆယ်နဲ့ပွဲစဉ်မှာ လက်မခံနိုင်စရာ ဒိုင်လူကြီးဆုံးဖြတ်ချက်တွေနဲ့ VAR အမှားတွေ ပါဝင်ပတ်သက်ခဲ့တယ်လို့ အတည်ပြုခဲ့ပြီး နည်းပြ အာတီတာဘက်ကနေ ထောက်ခံပြောဆိုခဲ့တာ ဖြစ်ပါတယ်။ နဗီးက အာဆင်နယ်ရဲ့ ထုတ်ပြန်ကြေညာချက်ဟာ အန္တရာယ်ရှိတယ်လို့ သတိပေးခဲ့တာဖြစ်ပြီး ဒီလိုအခြေအနေအချိန်အခါမှာ ဂန်းနားတွေအနေနဲ့ ပိုမိုကောင်းမွန်တဲ့ အပြုအမူမျိုး လုပ်ဆောင်သင့်တယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဂန္တဝင်ဟာ ယခုရာသီအစောပိုင်းတုန်းက သိသာထင်ရှားတဲ့ လူသားအမှားလို့ PGMOL ကိုယ်တိုင် တောင်းပန်ခဲ့ရတဲ့ လီဗာပူးလ်အသင်း စပါးစ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်က လူးဝစ္စ ဒီယက်ဇ်ရဲ့ သွင်းဂိုးကို လူကျွံဘောအဖြစ် မှားယွင်းပယ်ဖျက်ခဲ့မှုအပြီး မာဆေးဆိုဒ်ကလပ်ရဲ့ ထုတ်ပြန်ကြေညာချက်ကိုလည်း အခုလိုပဲ ပြစ်တင်ဝေဖန်ခဲ့ဖူးတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်ဂန္တဝင် အီယန် ရိုက်က နဗီးရဲ့ မှတ်ချက်ကို လုံးလုံး သဘောမတူခဲ့ဘဲ အသင်းဟောင်းရဲ့ တုံ့ပြန်ပုံကို ဂုဏ်ယူမိတယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“ဟုတ်ပါတယ်။ ကျွန်တော် ယာဂန် ကလော့ပ်လည်း အမှားအယွင်းတွေရဲ့ ဆွဲငင်အားကြောင့် ဒီလိုပဲ လုပ်ခဲ့တာကို ကျေနပ်မိပါတယ်။ မီခေးလ်ကလည်း သူ့ရဲ့ လုပ်ပိုင်ခွင့်အတွင်းမှာ လုပ်ခဲ့တယ်လို့ ကျွန်တော် ခံစားရပါတယ်။ သူတို့ရဲ့နည်းပြကို အားပေးထောက်ခံခဲ့တဲ့အတွက် သူတို့(အာဆင်နယ်)နဲ့ပတ်သက်ပြီး ကျွန်တော် ပျော်ရွှင်မိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အခု အမှားအယွင်းတွေကို ထင်းထင်းကြီးမြင်နေရပြီး တစ်စုံတစ်ခုကတော့ ပြောရမှာမို့လို့ပါ။ အာတီတာက ပြောခဲ့တာက မှန်တယ်ဆိုရင် အသင်းက ဘာကြောင့် မထောက်ခံဘဲ နေရမှာလဲ။ မဟုတ်ဘူးလား။ ကျွန်တော်တို့ကရော သူတို့ကို ဝေဖန်လို့မရနိုင်ဘူးလား။ အားလုံးက ဒိုင်လူကြီးတွေ လုပ်နေတဲ့ပုံစံနဲ့ပတ်သက်ပြီး အမြင်တွေကွဲနေကြတယ်။ သူတို့မှာလည်း သူတို့အမြင်တွေရှိတယ်။ သူတို့တွေက တွဲဖက် ကြေညာသူတွေပဲ။ သူတို့တွေက ဒီအငြင်းပွားမှုထဲမှာ ရှိနေတယ်။ သူတို့တွေအားလုံးက ဖျော်ဖြေမှုရဲ့ အစိတ်အပိုင်းတစ်ခုပဲ။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဂယ်ရီ နဗီးက အလျှော့မပေးဘဲ “ကျွန်တော် ပြောချင်တဲ့ပွိုင့်က ဒါက အာဆင်နယ်အသင်းပါ။ အဖွဲ့အစည်းကြီးတစ်ခု၊ ပရီးမီးယားလိဂ်ကလပ်တွေရဲ့ ခေါင်အသင်းတွေထဲက တစ်သင်း။ သူတို့တွေက အခုပြဌာန်းထားတဲ့ စည်းမျဉ်းတွေကို လိုက်နာဖို့ တာဝန်ရှိတယ်။ ခင်ဗျား ထင်တာတွေပဲ လူသိထင်ရှားပြောနေလို့မရပါဘူး။ အဲဒါက ပရီးမီးယားလိဂ်ဒိုင်လူကြီးတွေပါ။ နည်းပြတွေက ဒိုင်လူကြီးတွေကို ဝေဖန်နိုင်တယ်။ နည်းပြတွေလည်း ဝေဖန်နိုင်တယ်။ ကစားသမားတွေလည်း ဝေဖန်နိုင်တယ်။ ပရိသတ်တွေလည်း ဝေဖန်နိုင်တယ်။ ဘောလုံးဝေဖန်သူတွေလည်း ဝေဖန်နိုင်တယ်။ ဒါပေမယ့် လီဗာပူးလ်နဲ့ အာဆင်နယ်တို့လို အသင်းကြီးတွေက ထပြီးမေးလို့ရနိုင်လား။ အားကစား ဂုဏ်သိက္ခာကို မေးခွန်းထုတ်တာ၊ ပြန်ကန်ခိုင်းတာ၊ သူတို့ရဲ့ ရွေးချယ်စရာတွေကို ရှာဖွေတာတွေလုပ်လို့ရလား။ ကျွန်တော့်အမြင်ကတော့ ဒါက အရမ်းကို အန္တရာယ်ရှိပါတယ်”လို့ တုံ့ပြန်ခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အီယန္ ႐ိုက္ဟာ ၿပီးခဲ့တဲ့အပတ္က နယူးကာဆယ္ကို ၁-၀ နဲ႔ အျငင္းပြားဖြယ္ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္အၿပီးမွာ VAR ကို ပြဲၿပီးသတင္းစာရွင္းလင္းပြဲမွာ ေပါက္ကြဲခဲ့တဲ့ အာတီတာကို အာဆင္နယ္က အားေပးေထာက္ခံခဲ့တဲ့ ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး ဂယ္ရီ နဗီးရဲ႕ မွတ္ခ်က္ကို သေဘာမတူခဲ့ပါဘူး။

အာတီတာဟာ အန္သိုနီ ေဂၚဒြန္ရဲ႕ ၆၄ မိနစ္မွာ သြင္းယူခဲ့တဲ့ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို ခြင့္ျပဳခဲ့တဲ့ VAR ဒိုင္လူႀကီးေတြကို ျပစ္တင္ႀကိမ္းေမာင္းခဲ့ၿပီး အရွက္ရစရာနဲ႔ အ႐ုပ္ဆိုးအက်ည္းတန္မႈလို႔ သတ္မွတ္ခဲ့တာ ျဖစ္ပါတယ္။

ေဂၚဒြန္ရဲ႕ဂိုးကို VAR က အထပ္ထပ္အခါအခါ စစ္ေဆးခဲ့ေပမယ့္လည္း ဂိုးအျဖစ္ ခြင့္ျပဳေပးခဲ့တာေၾကာင့္ အာတီတာက ေဒါသထြက္ခဲ့ၿပီး အေျခအေနေတြ မတိုးတက္လာေသးသေ႐ြ႕ေတာ့ က်ယ္က်ယ္ေလာင္ေလာင္ ေျပာဆိုသြားမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ကလည္း ေနာက္တစ္ေန႔မွာပဲ နယူးကာဆယ္နဲ႔ပြဲစဥ္မွာ လက္မခံႏိုင္စရာ ဒိုင္လူႀကီးဆုံးျဖတ္ခ်က္ေတြနဲ႔ VAR အမွားေတြ ပါဝင္ပတ္သက္ခဲ့တယ္လို႔ အတည္ျပဳခဲ့ၿပီး နည္းျပ အာတီတာဘက္ကေန ေထာက္ခံေျပာဆိုခဲ့တာ ျဖစ္ပါတယ္။ နဗီးက အာဆင္နယ္ရဲ႕ ထုတ္ျပန္ေၾကညာခ်က္ဟာ အႏၲရာယ္ရွိတယ္လို႔ သတိေပးခဲ့တာျဖစ္ၿပီး ဒီလိုအေျခအေနအခ်ိန္အခါမွာ ဂန္းနားေတြအေနနဲ႔ ပိုမိုေကာင္းမြန္တဲ့ အျပဳအမူမ်ိဳး လုပ္ေဆာင္သင့္တယ္လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ဟာ ယခုရာသီအေစာပိုင္းတုန္းက သိသာထင္ရွားတဲ့ လူသားအမွားလို႔ PGMOL ကိုယ္တိုင္ ေတာင္းပန္ခဲ့ရတဲ့ လီဗာပူးလ္အသင္း စပါးစ္ကို ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္က လူးဝစၥ ဒီယက္ဇ္ရဲ႕ သြင္းဂိုးကို လူကြၽံေဘာအျဖစ္ မွားယြင္းပယ္ဖ်က္ခဲ့မႈအၿပီး မာေဆးဆိုဒ္ကလပ္ရဲ႕ ထုတ္ျပန္ေၾကညာခ်က္ကိုလည္း အခုလိုပဲ ျပစ္တင္ေဝဖန္ခဲ့ဖူးတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အာဆင္နယ္ဂႏၲဝင္ အီယန္ ႐ိုက္က နဗီးရဲ႕ မွတ္ခ်က္ကို လုံးလုံး သေဘာမတူခဲ့ဘဲ အသင္းေဟာင္းရဲ႕ တုံ႔ျပန္ပုံကို ဂုဏ္ယူမိတယ္လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

“ဟုတ္ပါတယ္။ ကြၽန္ေတာ္ ယာဂန္ ကေလာ့ပ္လည္း အမွားအယြင္းေတြရဲ႕ ဆြဲငင္အားေၾကာင့္ ဒီလိုပဲ လုပ္ခဲ့တာကို ေက်နပ္မိပါတယ္။ မီေခးလ္ကလည္း သူ႔ရဲ႕ လုပ္ပိုင္ခြင့္အတြင္းမွာ လုပ္ခဲ့တယ္လို႔ ကြၽန္ေတာ္ ခံစားရပါတယ္။ သူတို႔ရဲ႕နည္းျပကို အားေပးေထာက္ခံခဲ့တဲ့အတြက္ သူတို႔(အာဆင္နယ္)နဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္ ေပ်ာ္႐ႊင္မိပါတယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ အခု အမွားအယြင္းေတြကို ထင္းထင္းႀကီးျမင္ေနရၿပီး တစ္စုံတစ္ခုကေတာ့ ေျပာရမွာမို႔လို႔ပါ။ အာတီတာက ေျပာခဲ့တာက မွန္တယ္ဆိုရင္ အသင္းက ဘာေၾကာင့္ မေထာက္ခံဘဲ ေနရမွာလဲ။ မဟုတ္ဘူးလား။ ကြၽန္ေတာ္တို႔ကေရာ သူတို႔ကို ေဝဖန္လို႔မရႏိုင္ဘူးလား။ အားလုံးက ဒိုင္လူႀကီးေတြ လုပ္ေနတဲ့ပုံစံနဲ႔ပတ္သက္ၿပီး အျမင္ေတြကြဲေနၾကတယ္။ သူတို႔မွာလည္း သူတို႔အျမင္ေတြရွိတယ္။ သူတို႔ေတြက တြဲဖက္ ေၾကညာသူေတြပဲ။ သူတို႔ေတြက ဒီအျငင္းပြားမႈထဲမွာ ရွိေနတယ္။ သူတို႔ေတြအားလုံးက ေဖ်ာ္ေျဖမႈရဲ႕ အစိတ္အပိုင္းတစ္ခုပဲ။”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဂယ္ရီ နဗီးက အေလွ်ာ့မေပးဘဲ “ကြၽန္ေတာ္ ေျပာခ်င္တဲ့ပြိဳင့္က ဒါက အာဆင္နယ္အသင္းပါ။ အဖြဲ႕အစည္းႀကီးတစ္ခု၊ ပရီးမီးယားလိဂ္ကလပ္ေတြရဲ႕ ေခါင္အသင္းေတြထဲက တစ္သင္း။ သူတို႔ေတြက အခုျပဌာန္းထားတဲ့ စည္းမ်ဥ္းေတြကို လိုက္နာဖို႔ တာဝန္ရွိတယ္။ ခင္ဗ်ား ထင္တာေတြပဲ လူသိထင္ရွားေျပာေနလို႔မရပါဘူး။ အဲဒါက ပရီးမီးယားလိဂ္ဒိုင္လူႀကီးေတြပါ။ နည္းျပေတြက ဒိုင္လူႀကီးေတြကို ေဝဖန္ႏိုင္တယ္။ နည္းျပေတြလည္း ေဝဖန္ႏိုင္တယ္။ ကစားသမားေတြလည္း ေဝဖန္ႏိုင္တယ္။ ပရိသတ္ေတြလည္း ေဝဖန္ႏိုင္တယ္။ ေဘာလုံးေဝဖန္သူေတြလည္း ေဝဖန္ႏိုင္တယ္။ ဒါေပမယ့္ လီဗာပူးလ္နဲ႔ အာဆင္နယ္တို႔လို အသင္းႀကီးေတြက ထၿပီးေမးလို႔ရႏိုင္လား။ အားကစား ဂုဏ္သိကၡာကို ေမးခြန္းထုတ္တာ၊ ျပန္ကန္ခိုင္းတာ၊ သူတို႔ရဲ႕ ေ႐ြးခ်ယ္စရာေတြကို ရွာေဖြတာေတြလုပ္လို႔ရလား။ ကြၽန္ေတာ့္အျမင္ကေတာ့ ဒါက အရမ္းကို အႏၲရာယ္ရွိပါတယ္”လို႔ တုံ႔ျပန္ခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet