ကစားသမား ၂ ဦးက ဂန်းနားတွေကို ပရီးမီးယားလိဂ်ဖလားနဲ့ လွဲချော်စေလိမ့်မယ်ဆိုတဲ့ ကာရေဂါ 1024 504 coyg

ကစားသမား ၂ ဦးက ဂန်းနားတွေကို ပရီးမီးယားလိဂ်ဖလားနဲ့ လွဲချော်စေလိမ့်မယ်ဆိုတဲ့ ကာရေဂါ

ဂျေမီ ကာရေဂါက အာဆင်နယ်ဟာ ယခုရာသီမှာ ဂိုးသမားနဲ့ တိုက်စစ်မှူး ပြဿနာကြောင့် ပရီးမီးယားလိဂ်ဖလား အနိုင်ရရှိမယ့်အရေးနဲ့ လွဲချော်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

အာတီတာရဲ့အသင်းဟာ စနေနေ့ညက နယူးကာဆယ် ယူနိုက်တက်ကို စိန့်ဂျိမ်းစ်ပါ့ခ်မှာ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေကြောင့် ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီး ယခုရာသီ ပထမဆုံး ပရီးမီးယားလိဂ်ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

အာတီတာက အန်သိုနီ ဂေါ်ဒွန်ရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို ခွင့်ပြုခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ အရှက်ရစရာနဲ့ အရုပ်ဆိုးအကျည်းတန်မှုဖြစ်တယ်လို့ ပြစ်တင်ဝေဖန်ခဲ့ပြီး ဂန်းနားတွေဟာ စနေနေ့ပွဲစဉ်အတွင်း ဂိုးပေါက်ကန်သွင်းမှု တစ်ကြိမ်သာ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ကာရေဂါက အာတီတာရဲ့အသင်းဟာ ပြီးခဲ့တဲ့ရာသီကနဲ့ နှိုင်းယှဥ်ရင် တိုက်စစ်ပိုင်းမှာ အလိုက်သင့် စီးမျောနိုင်စွမ်းရှိပုံမပေါ်ဘူးလို့ ယုံကြည်နေသလို ရာယာဟာ ကြီးမားတဲ့ ပြဿနာလို့ ပြောဆိုခဲ့ပြီး စပိန်ဂိုးသမားက ဒီရာသီ ဂန်းနားတွေရဲ့ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ ဒုက္ခပေးလိမ့်မယ်လို့ သတိပေးခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် မတူညီတဲ့အသင်းကို ကြည့်နေရသလိုမျိုး ခံစားရတယ်။ သူတို့တွေက ခံစစ်ပိုင်းမှာ ပိုပြီးတော့ ကျစ်လစ်လာတယ်။ ဒါပေမယ့် အလိုက်သင့်စီးမျောနိုင်စွမ်းမရှိသလို အခွင့်အရေးလည်း အများကြီး မဖန်တီးနိုင်ဘူး။ အာဆင်နယ်က လိဂ်ဖလားကို အနိုင်ရစေနိုင်မယ့် အထောင်တိုက်စစ်မှူးနဲ့ ဂိုးသမား ရှိလို့လား ။ကျွန်တော်ကတော့ ရှိတယ်လို့ မထင်ဘူး။ ခင်ဗျား လိဂ်ဖလား အနိုင်ရခဲ့တဲ့အသင်းတွေရဲ့ အရေးကြီးတဲ့နေရာတွေကို စဉ်းစားလိုက်ရင် ပင်နယ်တီဧရိယာ ၂ ခုစလုံးက နေရာတွေပဲ။ အာရွန် ရမ်းစ်ဒေးလ်ရဲ့နေရာမှာ အစားထိုးတာက အမှားမဟုတ်ပါဘူး။ ရမ်းစ်ဒေးလ်က ခင်ဗျားကို လိဂ်ဖလားရရှိစေမှာမဟုတ်ပါဘူး။ ဒါပေမယ့် သူ အခု ရွေးလိုက်တဲ့သူက ပရမ်းပတာဖြစ်နေတယ်။ ဒီကလန် ရိုက်ကို ခေါ်ယူခဲ့တာက သူတို့ကို တိုးတက်စေခဲ့တယ်လို့ ကျွန်တော် ထင်ပေမယ့် သူတို့တွေ ဂိုးသမားနဲ့ပတ်သက်ပြီး အဲဒီလိုမဟုတ်ခဲ့ပါဘူး။ သူတို့တွေကြည့်ရတာ အလိုက်သင့်စီးမျောနိုင်စွမ်းမရှိပုံပေါ်ပြီး အဲဒါက သူတို့တွေ ခေါ်ယူခဲ့တဲ့ ကစားသမားတွေကြောင့်ပဲမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ရာသီတုန်းက ရေကုန်ရေခမ်းကစားခဲ့တဲ့ကစားသမားတွေက ဒီရာသီမှာ သိပ်ခြေစွမ်း မပြနိုင်တာကြောင့်ပါ”

“VAR ကိစ္စချည်းပဲ အကုန်ပုံမချနဲ့။ အာဆင်နယ်ဂိုးသမားက နောက်ထပ်တစ်ကြိမ် အမှားလုပ်နေတယ်။ ဒီက အာတီတာအတွက် အခု ကြီးမားတဲ့ပြဿနာဖြစ်နေပြီ။ ဒါက ကြီးမားတဲ့ ပြဿနာပါ။ သူက လွန်ခဲ့တဲ့ရက်သတ္တပတ်တွေတုန်းက ချဲလ်ဆီးနဲ့ကစားခဲ့တဲ့ပွဲတုန်းက လုပ်ခဲ့တဲ့ အမှားအတိုင်းပဲ လုပ်ခဲ့တယ်။ သူ ဆီဗီလာနဲ့ပွဲမှာလည်း အမှားလုပ်ခဲ့ပေမယ့် ဒီပွဲမှာတော့ အဲဒီလို အမှားတော့မဟုတ်ဘူး။ ဂိုးသမားက ရှေ့ကို တိုးတိုးလာတယ်။ ဘောလုံးက ဝီလ်လော့ခ်ရဲ့ ခြေထောက်ကနေ ထွက်သွားတဲ့အချိန်မှာ ဂိုးသမားက ဂိုးပေါက်အပြင်ဘက်ကို ရောက်နေပြီ။ ဒါက ဒီဂိုးသမား ခဏခဏဖြစ်နေတဲ့ပုံစံပဲ။ အဲဒီကျတော့ သူ ပိုဆေရှင် အောက်နေပြီ။ သူ မမီတော့ဘူး။ အဲဒါက ပြစ်ဒဏ်ကျူးလွန်မှုအပေါ်မှာ သွယ်ဝိုက်သက်ရောက်မှုရှိခဲ့တယ်။ ဂါဘရီယဲလ်က ဂိုးသမား ပုတ်မယ်ထင်လို့ ငုံ့နေတယ်။ ပြောနေတာက VAR အကြောင်းပဲဖြစ်ပါလိမ့်မယ်။ အားလုံးက အဲဒီအကြောင်းပဲ ပြောကြလိမ့်မယ်။ ဒါပေမယ့် ရာယာက ကြီးမားတဲ့ ပြဿနာပါ ”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: ေဂ်မီ ကာေရဂါက အာဆင္နယ္ဟာ ယခုရာသီမွာ ဂိုးသမားနဲ႔ တိုက္စစ္မႉး ျပႆနာေၾကာင့္ ပရီးမီးယားလိဂ္ဖလား အႏိုင္ရရွိမယ့္အေရးနဲ႔ လြဲေခ်ာ္လိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။

အာတီတာရဲ႕အသင္းဟာ စေနေန႔ညက နယူးကာဆယ္ ယူႏိုက္တက္ကို စိန႔္ဂ်ိမ္းစ္ပါ့ခ္မွာ အျငင္းပြားဖြယ္ ဆုံးျဖတ္ခ်က္ေတြေၾကာင့္ ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီး ယခုရာသီ ပထမဆုံး ပရီးမီးယားလိဂ္ရႈံးပြဲနဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။

အာတီတာက အန္သိုနီ ေဂၚဒြန္ရဲ႕ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို ခြင့္ျပဳခဲ့တဲ့ ဆုံးျဖတ္ခ်က္ဟာ အရွက္ရစရာနဲ႔ အ႐ုပ္ဆိုးအက်ည္းတန္မႈျဖစ္တယ္လို႔ ျပစ္တင္ေဝဖန္ခဲ့ၿပီး ဂန္းနားေတြဟာ စေနေန႔ပြဲစဥ္အတြင္း ဂိုးေပါက္ကန္သြင္းမႈ တစ္ႀကိမ္သာ ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ကာေရဂါက အာတီတာရဲ႕အသင္းဟာ ၿပီးခဲ့တဲ့ရာသီကနဲ႔ ႏႈိင္းယွဥ္ရင္ တိုက္စစ္ပိုင္းမွာ အလိုက္သင့္ စီးေမ်ာႏိုင္စြမ္းရွိပုံမေပၚဘူးလို႔ ယုံၾကည္ေနသလို ရာယာဟာ ႀကီးမားတဲ့ ျပႆနာလို႔ ေျပာဆိုခဲ့ၿပီး စပိန္ဂိုးသမားက ဒီရာသီ ဂန္းနားေတြရဲ႕ ပရီးမီးယားလိဂ္ဖလားၿပိဳင္ပြဲမွာ ဒုကၡေပးလိမ့္မယ္လို႔ သတိေပးခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ မတူညီတဲ့အသင္းကို ၾကည့္ေနရသလိုမ်ိဳး ခံစားရတယ္။ သူတို႔ေတြက ခံစစ္ပိုင္းမွာ ပိုၿပီးေတာ့ က်စ္လစ္လာတယ္။ ဒါေပမယ့္ အလိုက္သင့္စီးေမ်ာႏိုင္စြမ္းမရွိသလို အခြင့္အေရးလည္း အမ်ားႀကီး မဖန္တီးႏိုင္ဘူး။ အာဆင္နယ္က လိဂ္ဖလားကို အႏိုင္ရေစႏိုင္မယ့္ အေထာင္တိုက္စစ္မႉးနဲ႔ ဂိုးသမား ရွိလို႔လား ။ကြၽန္ေတာ္ကေတာ့ ရွိတယ္လို႔ မထင္ဘူး။ ခင္ဗ်ား လိဂ္ဖလား အႏိုင္ရခဲ့တဲ့အသင္းေတြရဲ႕ အေရးႀကီးတဲ့ေနရာေတြကို စဥ္းစားလိုက္ရင္ ပင္နယ္တီဧရိယာ ၂ ခုစလုံးက ေနရာေတြပဲ။ အာ႐ြန္ ရမ္းစ္ေဒးလ္ရဲ႕ေနရာမွာ အစားထိုးတာက အမွားမဟုတ္ပါဘူး။ ရမ္းစ္ေဒးလ္က ခင္ဗ်ားကို လိဂ္ဖလားရရွိေစမွာမဟုတ္ပါဘူး။ ဒါေပမယ့္ သူ အခု ေ႐ြးလိုက္တဲ့သူက ပရမ္းပတာျဖစ္ေနတယ္။ ဒီကလန္ ႐ိုက္ကို ေခၚယူခဲ့တာက သူတို႔ကို တိုးတက္ေစခဲ့တယ္လို႔ ကြၽန္ေတာ္ ထင္ေပမယ့္ သူတို႔ေတြ ဂိုးသမားနဲ႔ပတ္သက္ၿပီး အဲဒီလိုမဟုတ္ခဲ့ပါဘူး။ သူတို႔ေတြၾကည့္ရတာ အလိုက္သင့္စီးေမ်ာႏိုင္စြမ္းမရွိပုံေပၚၿပီး အဲဒါက သူတို႔ေတြ ေခၚယူခဲ့တဲ့ ကစားသမားေတြေၾကာင့္ပဲမဟုတ္ပါဘူး။ ၿပီးခဲ့တဲ့ရာသီတုန္းက ေရကုန္ေရခမ္းကစားခဲ့တဲ့ကစားသမားေတြက ဒီရာသီမွာ သိပ္ေျခစြမ္း မျပႏိုင္တာေၾကာင့္ပါ”

“VAR ကိစၥခ်ည္းပဲ အကုန္ပုံမခ်နဲ႔။ အာဆင္နယ္ဂိုးသမားက ေနာက္ထပ္တစ္ႀကိမ္ အမွားလုပ္ေနတယ္။ ဒီက အာတီတာအတြက္ အခု ႀကီးမားတဲ့ျပႆနာျဖစ္ေနၿပီ။ ဒါက ႀကီးမားတဲ့ ျပႆနာပါ။ သူက လြန္ခဲ့တဲ့ရက္သတၱပတ္ေတြတုန္းက ခ်ဲလ္ဆီးနဲ႔ကစားခဲ့တဲ့ပြဲတုန္းက လုပ္ခဲ့တဲ့ အမွားအတိုင္းပဲ လုပ္ခဲ့တယ္။ သူ ဆီဗီလာနဲ႔ပြဲမွာလည္း အမွားလုပ္ခဲ့ေပမယ့္ ဒီပြဲမွာေတာ့ အဲဒီလို အမွားေတာ့မဟုတ္ဘူး။ ဂိုးသမားက ေရွ႕ကို တိုးတိုးလာတယ္။ ေဘာလုံးက ဝီလ္ေလာ့ခ္ရဲ႕ ေျခေထာက္ကေန ထြက္သြားတဲ့အခ်ိန္မွာ ဂိုးသမားက ဂိုးေပါက္အျပင္ဘက္ကို ေရာက္ေနၿပီ။ ဒါက ဒီဂိုးသမား ခဏခဏျဖစ္ေနတဲ့ပုံစံပဲ။ အဲဒီက်ေတာ့ သူ ပိုေဆရွင္ ေအာက္ေနၿပီ။ သူ မမီေတာ့ဘူး။ အဲဒါက ျပစ္ဒဏ္က်ဴးလြန္မႈအေပၚမွာ သြယ္ဝိုက္သက္ေရာက္မႈရွိခဲ့တယ္။ ဂါဘရီယဲလ္က ဂိုးသမား ပုတ္မယ္ထင္လို႔ ငုံ႔ေနတယ္။ ေျပာေနတာက VAR အေၾကာင္းပဲျဖစ္ပါလိမ့္မယ္။ အားလုံးက အဲဒီအေၾကာင္းပဲ ေျပာၾကလိမ့္မယ္။ ဒါေပမယ့္ ရာယာက ႀကီးမားတဲ့ ျပႆနာပါ ”လို႔ ေျပာၾကားခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet