နယူးကာဆယ်နဲ့အာဆင်နယ်တို့ရဲ့ ဂိုးရလဒ်ကို သဘောတူခဲ့ကြတဲ့ ဘောလုံးဝေဖန်သူများ 1024 576 coyg

နယူးကာဆယ်နဲ့အာဆင်နယ်တို့ရဲ့ ဂိုးရလဒ်ကို သဘောတူခဲ့ကြတဲ့ ဘောလုံးဝေဖန်သူများ

အာဆင်နယ်ဟာ ယနေ့ညမှာ စိန့်ဂျိမ်းစ်ပါ့ခ်ကို သွားရောက်ပြီး နယူးကာဆယ်နဲ့ ယှဉ်ပြိုင်ကစားတဲ့ပွဲမှာ ပြီးခဲ့တဲ့ ကာရာဘောင်းဖလားရှုံးပွဲကနေ ပြန်လာနိုင်ဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

အာတီတာဟာ နယူးကာဆယ်နဲ့ပွဲမတိုင်ခင် ဒဏ်ရာပြဿနာအများအပြားနဲ့ ရင်ဆိုင်နေရပြီး စမစ် ရိုးဟာ ဒဏ်ရာကြောင့် အနားယူရမယ့် နောက်ဆုံးကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ ရှက်ဖီးကို ၅-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ဒူးဒဏ်ရာရခဲ့ပြီး ရက်သတ္တပတ်အနည်းငယ် လွဲချော်မှာဖြစ်တယ်လို့ နည်းပြအာတီတာက အတည်ပြုခဲ့ပါတယ်။

ဂါဘရီယဲလ် ဂျေးဇု၊ သောမတ်စ် ပါတေး၊ တင်းဘားတို့အားလုံးလည်း ဒဏ်ရာကြောင့် လွဲချော်မှာဖြစ်ပြီး စိန့် ဂျိမ်းစ်ပါ့ခ်က ပွဲစဉ်မတိုင်ခင် စပါးစ်နည်းပြဟောင်း ဟာရီ ရက်နက်က ဒီပွဲရလဒ် ဘယ်လို အဆုံးသတ်မလဲဆိုတာ ဟောကိန်းထုတ်ခဲ့ပါတယ်။

“ကျွန်တော်တို့ ဒီပွဲမှာ မီးရှူးမီးပန်းတွေ ပစ်ဖောက်တာကို မြင်ရမယ်လို့ ထင်ပါတယ်။ နယူးကာဆယ်က အခုအချိန်မှာ လမိုင်းကပ်နေပေမယ့် သူတို့မှာ ဒဏ်ရာပြဿနာတွေ တော်တော်များများ ရှိနေပါတယ်။ စွမ်းဆောင်ရည်က ကောင်းမွန်ခဲ့ပြီး ဒီလို အိမ်ကွင်းပရိသတ်တွေကလည်း သူတို့နောက်မှာ ရှိဦးမယ်ဆိုတော့ သူတို့တွေ ရပ်တန့်မှုအချို့ ပြုလုပ်နိုင်ဦးမှာပါ။ အာဆင်နယ်က ပြီးခဲ့တဲ့အပတ် အိမ်ကွင်းမှာ သက်တောင့်သက်သာနိုင်ပွဲရခဲ့ပေမယ့် အဝေးကွင်းမှာ ဒီအသင်းဆီက ပုံစံကောင်းရနိုင်မယ်လို့ ကျွန်တော် ထင်တယ်။ သူတို့တွေ ချဲလ်ဆီးအိမ်ကွင်းမှာ သရေကျခဲ့တယ်။ ချန်ပီယံလိဂ်အဝေးကွင်းမှာ အနိုင်ရခဲ့တယ်။ ကျွန်တော် သူတို့တွေ ဒီပွဲမှာ ဘယ်လို စွမ်းဆောင်ပြနိုင်မလဲ အရမ်းသိချင်နေတယ်။ ကျွန်တော် ဒီနှစ်သင်းကို ခွဲခြားလို့ မရနိုင်ပါဘူး။ ကျွန်တော် ယုံကြည်နေတဲ့ တစ်ခုတည်းသောအရာက သွင်းဂိုးတွေပါ။ ကျွန်တော်ကတော့ ၂-၂ နဲ့ သည်းထိတ်ရင်ဖို ဖြစ်လိမ့်မယ်လို့ ထင်တယ်။ အန်သိုနီ ဂေါ်ဒွန်က ဒီရာသီမှာ အသင်းတွေကို ပြဿနာတွေ အများကြီးဖြစ်စေခဲ့တယ်။ ဘန် ဝှိုက်သာ ညာနောက်ခံနေရာမှာ ပွဲထွက်လာမယ်ဆိုရင် သူ့ အလုပ်တော်တော်များပါလိမ့်မယ်”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်း ဒီမီတာ ဘာဘာတော့ဗ်ကလည်း ရက်နက်ရဲ့ ခန့်မှန်းချက်ကို သဘောတူညီခဲ့ပြီး ဂန်းနားတွေဟာ ယနေ့ည စိန့်ဂျိမ်းစ်ပါ့ခ်မှာ ခက်ခဲတဲ့စမ်းသပ်မှုနဲ့ ကြုံရနိုင်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

စပါးစ်ကြယ်ပွင့်ဟောင်းက မောပန်းနွမ်းနယ်မှုတွေက ငှက်ကျားတွေကို အနှောင့်အယှက်ပေးနိုင်တယ်လို့ ယုံကြည်နေပေမယ့်လည်း အာဆင်နယ်က အနိုင် ၃ မှတ် ရယူနိုင်ဖို့အတွက် လုံလောက်တဲ့ အရည်အသွေးမရှိဘူးလို့ ခံစားနေရတာဖြစ်ပါတယ်။

“ဒါက ပွဲကြီးပွဲကောင်းပါ။ နယူးကာဆယ်က သူတို့တွေ အခုအချိန်မှာ မတူညီတဲ့ပြိုင်ပွဲတွေမှာ ပတ်ကစားခဲ့ရလို့ မောပန်းနေမှာပါ။ သူတို့တွေ အခုထိတော့ ရလဒ်ကောင်းနေခဲ့ပါတယ်။ အာဆင်နယ်က ဒီပွဲမှာ ရှုံးနိုင်ခြေရှိပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ စိတ်ချရအောင် သရေပဲ မှန်းပါတယ်(၂-၂)”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ဟာ ယေန႔ညမွာ စိန႔္ဂ်ိမ္းစ္ပါ့ခ္ကို သြားေရာက္ၿပီး နယူးကာဆယ္နဲ႔ ယွဥ္ၿပိဳင္ကစားတဲ့ပြဲမွာ ၿပီးခဲ့တဲ့ ကာရာေဘာင္းဖလားရႈံးပြဲကေန ျပန္လာႏိုင္ဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ပါတယ္။

အာတီတာဟာ နယူးကာဆယ္နဲ႔ပြဲမတိုင္ခင္ ဒဏ္ရာျပႆနာအမ်ားအျပားနဲ႔ ရင္ဆိုင္ေနရၿပီး စမစ္ ႐ိုးဟာ ဒဏ္ရာေၾကာင့္ အနားယူရမယ့္ ေနာက္ဆုံးကစားသမားျဖစ္လာခဲ့တာျဖစ္ပါတယ္။ အသက္ ၂၃ ႏွစ္အ႐ြယ္ ကစားသမားဟာ ရွက္ဖီးကို ၅-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲအၿပီးမွာ ဒူးဒဏ္ရာရခဲ့ၿပီး ရက္သတၱပတ္အနည္းငယ္ လြဲေခ်ာ္မွာျဖစ္တယ္လို႔ နည္းျပအာတီတာက အတည္ျပဳခဲ့ပါတယ္။

ဂါဘရီယဲလ္ ေဂ်းဇု၊ ေသာမတ္စ္ ပါေတး၊ တင္းဘားတို႔အားလုံးလည္း ဒဏ္ရာေၾကာင့္ လြဲေခ်ာ္မွာျဖစ္ၿပီး စိန႔္ ဂ်ိမ္းစ္ပါ့ခ္က ပြဲစဥ္မတိုင္ခင္ စပါးစ္နည္းျပေဟာင္း ဟာရီ ရက္နက္က ဒီပြဲရလဒ္ ဘယ္လို အဆုံးသတ္မလဲဆိုတာ ေဟာကိန္းထုတ္ခဲ့ပါတယ္။

“ကြၽန္ေတာ္တို႔ ဒီပြဲမွာ မီးရႉးမီးပန္းေတြ ပစ္ေဖာက္တာကို ျမင္ရမယ္လို႔ ထင္ပါတယ္။ နယူးကာဆယ္က အခုအခ်ိန္မွာ လမိုင္းကပ္ေနေပမယ့္ သူတို႔မွာ ဒဏ္ရာျပႆနာေတြ ေတာ္ေတာ္မ်ားမ်ား ရွိေနပါတယ္။ စြမ္းေဆာင္ရည္က ေကာင္းမြန္ခဲ့ၿပီး ဒီလို အိမ္ကြင္းပရိသတ္ေတြကလည္း သူတို႔ေနာက္မွာ ရွိဦးမယ္ဆိုေတာ့ သူတို႔ေတြ ရပ္တန႔္မႈအခ်ိဳ႕ ျပဳလုပ္ႏိုင္ဦးမွာပါ။ အာဆင္နယ္က ၿပီးခဲ့တဲ့အပတ္ အိမ္ကြင္းမွာ သက္ေတာင့္သက္သာႏိုင္ပြဲရခဲ့ေပမယ့္ အေဝးကြင္းမွာ ဒီအသင္းဆီက ပုံစံေကာင္းရႏိုင္မယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ သူတို႔ေတြ ခ်ဲလ္ဆီးအိမ္ကြင္းမွာ သေရက်ခဲ့တယ္။ ခ်န္ပီယံလိဂ္အေဝးကြင္းမွာ အႏိုင္ရခဲ့တယ္။ ကြၽန္ေတာ္ သူတို႔ေတြ ဒီပြဲမွာ ဘယ္လို စြမ္းေဆာင္ျပႏိုင္မလဲ အရမ္းသိခ်င္ေနတယ္။ ကြၽန္ေတာ္ ဒီႏွစ္သင္းကို ခြဲျခားလို႔ မရႏိုင္ပါဘူး။ ကြၽန္ေတာ္ ယုံၾကည္ေနတဲ့ တစ္ခုတည္းေသာအရာက သြင္းဂိုးေတြပါ။ ကြၽန္ေတာ္ကေတာ့ ၂-၂ နဲ႔ သည္းထိတ္ရင္ဖို ျဖစ္လိမ့္မယ္လို႔ ထင္တယ္။ အန္သိုနီ ေဂၚဒြန္က ဒီရာသီမွာ အသင္းေတြကို ျပႆနာေတြ အမ်ားႀကီးျဖစ္ေစခဲ့တယ္။ ဘန္ ဝႈိက္သာ ညာေနာက္ခံေနရာမွာ ပြဲထြက္လာမယ္ဆိုရင္ သူ႔ အလုပ္ေတာ္ေတာ္မ်ားပါလိမ့္မယ္”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ တိုက္စစ္မႉးေဟာင္း ဒီမီတာ ဘာဘာေတာ့ဗ္ကလည္း ရက္နက္ရဲ႕ ခန႔္မွန္းခ်က္ကို သေဘာတူညီခဲ့ၿပီး ဂန္းနားေတြဟာ ယေန႔ည စိန႔္ဂ်ိမ္းစ္ပါ့ခ္မွာ ခက္ခဲတဲ့စမ္းသပ္မႈနဲ႔ ႀကဳံရႏိုင္တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

စပါးစ္ၾကယ္ပြင့္ေဟာင္းက ေမာပန္းႏြမ္းနယ္မႈေတြက ငွက္က်ားေတြကို အေႏွာင့္အယွက္ေပးႏိုင္တယ္လို႔ ယုံၾကည္ေနေပမယ့္လည္း အာဆင္နယ္က အႏိုင္ ၃ မွတ္ ရယူႏိုင္ဖို႔အတြက္ လုံေလာက္တဲ့ အရည္အေသြးမရွိဘူးလို႔ ခံစားေနရတာျဖစ္ပါတယ္။

“ဒါက ပြဲႀကီးပြဲေကာင္းပါ။ နယူးကာဆယ္က သူတို႔ေတြ အခုအခ်ိန္မွာ မတူညီတဲ့ၿပိဳင္ပြဲေတြမွာ ပတ္ကစားခဲ့ရလို႔ ေမာပန္းေနမွာပါ။ သူတို႔ေတြ အခုထိေတာ့ ရလဒ္ေကာင္းေနခဲ့ပါတယ္။ အာဆင္နယ္က ဒီပြဲမွာ ရႈံးႏိုင္ေျခရွိပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ကေတာ့ စိတ္ခ်ရေအာင္ သေရပဲ မွန္းပါတယ္(၂-၂)”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet