ဂျေးဇု၊ ပါတေးတို့အခြေအနေ၊ အလှည့်ကျလူထုတ်ပုံ၊ ဘလွန်ဒေါနဲ့ပတ်သက်ပြီး အာတီတာ ပြောခဲ့သမျှ 810 539 coyg

ဂျေးဇု၊ ပါတေးတို့အခြေအနေ၊ အလှည့်ကျလူထုတ်ပုံ၊ ဘလွန်ဒေါနဲ့ပတ်သက်ပြီး အာတီတာ ပြောခဲ့သမျှ

အာဆင်နယ်နည်းပြဟာ ဗုဒ္ဓဟူးနေ့ညမှာ ဝက်စ်ဟမ်းနဲ့ကစားရမယ့် ကာရာဘောင်းဖလားပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ပရိသတ်တွေ သိလိုတဲ့မေးခွန်းတွေကို အဖြေပေးခဲ့ပါတယ်။

မေး- ဒီပွဲက အရင်ကစားရမှာဆိုပေမယ့် ခင်ဗျားစိတ်ထဲကို နယူးကာဆယ်က အရင်ရောက်လာလား။
ဖြေ- ဘာမှမရှိပါဘူး။ ကျွန်တော်တို့ ဝက်စ်ဟမ်းကို အနိုင်ယူရမယ်။ ဒါက ကျွန်တော်တို့ နောက်တစ်ဆင့်တက်ဖို့နဲ့ ဆုဖလားအနိုင်ရဖို့ အခွင့်အရေးရှိနေတဲ့ပြိုင်ပွဲပါ။ ကျွန်တော်တို့ စိတ်က ဝက်စ်ဟမ်းအပေါ်မှာပဲ အာရုံစိုက်ထားရပါမယ်။

မေး-စီးတီးလိုအသင်းမျိုးကို အနိုင်ယူနိုင်ခဲ့တာက ခင်ဗျားရဲ့အသင်းအတွက် ဘယ်လောက်အထိ ကြီးမားတဲ့ အခွင့်အလမ်းဖြစ်နိုင်လဲ။
ဖြေ-ကျွန်တာ်တို့ လုပ်ရမယ့်ဟာကို လုပ်နေတာပါ။ ခြေစွမ်းပိုင်းတည်ငြိမ်ဖို့နဲ့ ပြိုင်ဘက်တွေထက် ပိုကောင်းအောင် ကစားဖို့ပါ။ မနက်ဖြန် ဝက်စ်ဟမ်းနဲ့ပွဲက တကယ်ကို ခက်ခဲတဲ့ပွဲဖြစ်လာမှာပါ။ သူတို့နဲ့ ကစားရရင် အမြဲတမ်း အဝေးကွင်းပဲ။ ကျွန်တော်တို့ ဒီခြေစွမ်းနဲ့ အရှိန်အဟုန်ကို ဆက်လက်ပြသသွားရမှာပါ။

မေး-ဘရန့်တ်ဖို့ဒ်ပွဲလိုမျိုး အလားတူအပြောင်းအလဲဖြစ်မှာလား။
ဖြေ- အကြောင်းအရာက နည်းနည်း ကွဲပြားခြားနားတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဒဏ်ရာအချို့ရခဲ့ပြီး ကျွန်တော်တို့ လူစာရင်းထဲမှာ ကစားပေးနိုင်တဲ့အခြေအနေရှိတဲ့ကစားသမားတွေ ပိုများလာပြီ။ ဒါပေမယ့် ကျွန်တော်တို့ အဲဒီပွဲတုန်းက လုပ်ခဲ့တဲ့အတိုင်းပဲ ကြိုတင်ပြင်ဆင်ပြီး အနိုင်ရဖို့ ကြိုးစားသွားမှာပါ။

မေး- ဒီကလန် ရိုက်က သူ့အသင်းဟောင်းနဲ့ ရင်ဆိုင်ကစားသွားမှာလား။
ဖြေ- သူ ကစားဖို့များပါတယ်။ သူ ပါဝင်နိုင်ပါတယ်။ ဒီပွဲက သူ့အသင်းဟောင်းဆီ ပြန်သွားကစားရတဲ့ ပထမဆုံးအကြိမ်ဖြစ်လာမှာဖြစ်ပြီး သူ့အတွက် လှပတဲ့အခိုက်အတန့်ဖြစ်မှာပါ။ ကျွန်တော်ထင်တယ်။ အဲဒါက လှပမှာပါ။ ကျွန်တော် အဲဒီလို အတွေ့အကြုံမျိုး အကြိမ်အနည်းငယ်ရခဲ့ပြီး အဲဒီကျရင် သူတို့တွေ ခင်ဗျားနဲ့ပတ်သက်ပြီး ဘာတွေးနေလဲဆိုတာ တကယ်သိရမှာပါ။ ခင်ဗျား အသင်းမှာ ဘာတွေ ချန်ရစ်ခဲ့နိုင်လဲဆိုတာမြင်ရမှာပါ။ အဲဒါက ခင်ဗျားရဲ့ အတွေ့အကြုံနဲ့ ခင်ဗျားနဲ့အတူရှိခဲ့တဲ့လူတွေရဲ့ သဘောထားအမှန်က ဘာလဲဆိုတာကို တိုင်းတာဖို့ တကယ်ကောင်းတဲ့နည်းလမ်းပါ။

မေး-သူ ဘယ်လို ကြိုဆိုမှုမျိုး ရနိုင်မလဲ။ ကောင်းတဲ့ကြိုဆိုမှုမျိုးလား
ဖြေ- ကျွန်တော်ကတော့ အဲဒီလိုပဲ ဖြစ်ပါစေလို့ မျှော်လင့်တယ်လို့ ပြောရမှာပါ။ အထူးသဖြင့် ခင်ဗျား သူ ဝက်စ်ဟမ်းအကြောင်းနဲ့ သူတို့တွေ သူ့အတွက် ဘာလုပ်ပေးခဲ့ကြလဲဆိုတာကိုပြောတာကို ကြားခဲ့တာကြောင့်ပါ။ သူက အသင်းနဲ့ပတ်သက်ပြီး အရမ်းကို အမွှမ်းတင်ပြောဆိုခဲ့ပါတယ်။ သူ့ကိုလည်း အဲဒီလိုပဲ ပြန်ပြီး ဆက်ဆံမယ်လို့ မျှော်လင့်မိပါတယ်။

မေး- ခင်ဗျား သူ့အတွက် နေရာပေးဖို့ အန်ကီးတီးယားကို အရှိန်အဟုန်ရအောင် ဆက်ကစားခိုင်းမလား ဒါမှမဟုတ် အနားပေးချင်လား။
ဖြေ- နှစ်ခုစလုံးပဲ။ ကျွန်တော်တို့တွေ သူတို့တွေ ကစားတဲ့ မိနစ်ပမာဏကို သိနေရမယ်။ ဘာလို့လဲဆိုတော့ သူက ပရီးမီးယားလိဂ်မှာပွဲတွေအများကြီး ပွဲထွက်ပါဝင်ကစားခဲ့လို့ပါ။ ဒါပေမယ့် သူ့ကို ဘယ်လိုသုံးမလဲဆိုတဲ့ကိစ္စမှာကျတော့ သူက လန်းဆန်းနေတယ်လို့ ထင်တယ်။ သူက တကယ်ကောင်းမွန်တဲ့အခိုက်အတန့်မှာရှိနေပါတယ်။ ကစားသမားတွေက ဒီလိုမျိုးအနေအထားဖြစ်နေရင် သူတို့ကို အသုံးပြုရမှာပါ။ အရန်ခုံကနေပဲ ပါပါ၊ ပွဲထွက်လူစာရင်းထဲကပဲ ပါပါပေါ့။ ကျွန်တော်တို့ တွေ့ရမှာပါ။

မေး- ဘလွန်ဒေါဆုနဲ့ပတ်သက်ပြီး ခင်ဗျား ဘယ်လိုထင်လဲ။ မက်ဆီအနိုင်ရသွားတာကိုပေါ့။
ဖြေ- ခင်ဗျား မက်ဆီအကြောင်း ပြောတဲ့အခါမှာ အဲဒါက ဘယ်တော့မှ မမှားနိုင်ဘူး။ သူ လုပ်ခဲ့တာကိုကြည့်။ သူ့အသက်အရွယ်မှာ ကမ္ဘာ့ဖလားရအောင် စွမ်းဆောင်ပေးခဲ့တယ်။ သူ့ကစားသမားဘဝရဲ့ အထွတ်အထိပ်ဖြစ်ခဲ့ပါတယ်။ အဲဒါက မယုံနိုင်စရာကောင်းတယ်။ သူ ပြသခဲ့တဲ့ ခြေစွမ်းပိုင်းတည်ငြိမ်မှုနဲ့ အဆင့်အတန်းက အံ့မခန်းပဲ။

မေး-ခင်ဗျားကစားသမားတွေ ဒီစာရင်း(ဘလွန်ဒေါ)ထဲမှာ ပိုပြီးမြင့်မြင့်မားမား အဆုံးသတ်နိုင်မယ်လို့ မျှော်လင့်မိလား။
ဖြေ- အဲဒါက မယုံနိုင်စရာကောင်းလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ အဲဒီစာရင်းထဲမှာ ဆန်ခါတင်အနည်းငယ်ပါခဲ့လို့ ကျွန်တော် အရမ်းဝမ်းသာမိခဲ့တယ်။ ခင်ဗျားနာမည်ကို အဲဒီစာရင်းထဲမှာ မြင်ရတာက အမြဲတမ်းကောင်းမွန်မှာဖြစ်ပြီး အဲဒါက သူတို့တွေ လုပ်ခဲ့တာတွေအတွက် ချီးကျူးမှုပါပဲ။ အခု စိန်ခေါ်မှုတွေက လာမယ့်ရာသီ စာရင်းထဲမှာ ပိုပြီးမြင့်မားတဲ့အဆင့်မှာရှိနေဖို့ပါ။ ဘာလို့လဲဆိုတော့ အဲဒါက ခင်ဗျား နောက်ထပ်တစ်ကြိမ် ထပ်ပြီး ကောင်းကောင်းလုပ်နိုင်ခဲ့ပြီဆိုတဲ့ အဓိပ္ပာယ်ဖြစ်မှာမို့လို့ပါ။

မေး- ဒီပွဲက မာတင် အော်ဒီဂွါဒ်ကို အနားပေးဖို့ နောက်ထပ်အခွင့်အရေးတစ်ခုလား။
ဖြေ-ကျွန်တော်တို့ ဟိုနေ့က သူ့ကို အနားပေးခဲ့ပြီး အခုတော့ သူ့ကို ဘယ်လောက်ကြာကြာ အနားပေးရမလဲနဲ့ သူ့ရဲ့ အကောင်းဆုံးပုံစံမှာ ရှိနေဖို့အတွက် လိုအပ်တဲ့ မိနစ်နဲ့ စည်းချက်က ဘယ်လောက်လဲဆိုတာကို ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာက အရေးကြီးပါတယ်။ ကျွန်တော်တို့မှာ အဲဒါကို လုပ်ဖို့ အခွင့်အရေးရခဲ့တယ်။ ကျွန်တော်တို့ သူ့ကို အဆုံးမှာတော့ အသုံးမပြုခဲ့ဘူး။ အဲဒီတော့ သူ့အတွက် ကောင်းမွန်တဲ့ အနားပေးမှုဖြစ်ခဲ့ပါတယ်။

မေး-ဂျေးဇုနောက်ဆုံးသတင်းထပ်ရှိသေးလား။ သူ ပြန်ကစားနိုင်မယ့်အချိန်ရောပေါ့။
ဖြေ- သူနဲ့ပတ်သက်ပြီး ကျွန်တော် ဘာအချိန်မှ မသတ်မှတ်ချင်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် တစ်ကြိမ်သတ်မှတ်ဖူးပြီး လုံးဝကို မှားသွားခဲ့လို့ပါ။ ကျွန်တော်တို့ သတိထားဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ သူ့ကို မှန်ကန်တဲ့ပုံစံနဲ့ ဆက်ဆံဖို့ လိုအပ်လို့ပါ။ ဒါပေမယ့် သူက အားလုံးကို တွန်းအားပေးနေပြီးဖြစ်ပြိး သူ တတ်နိုင်သမျှ မြန်မြန် ပြန်ကစားချင်ပြီး သူ့ကို ကျွန်တော်တို့ လိုအပ်ပါတယ်။ ဒါက အရမ်းကောင်းပါတယ်။

မေး-ခင်ဗျားရဲ့ကွင်းလယ်မှာ အတွေ့အကြုံရှိတဲ့ကစားသမားတွေအများကြီးရှိပါတယ်။ အဲဒါက ခင်ဗျားအတွက် အသင်းကို တည်ဆောက်ရာမှာ အဓိကကျတဲ့အစိတ်အပိုင်းလား။
ဖြေ- ဟုတ်ပါတယ်။ ကျွန်တော်ထင်တာက အသက်အရွယ်က တစ်စုံတရာပဲ။ ဒါပေမယ့် အဲဒီကောင်လေးတွေမှာရှိနေတဲ့ အတွေ့အကြုံနဲ့ လူသားအရညအသွေးတွေက ထူးခြားပါတယ်။ ခင်ဗျား မို(အယ်လ်နန်နီ)ကို ကြည့်ရင် သူ ၁၀ လလွဲချော်ခဲ့ပြီးနောက် အဲဒီ ၆ မိနစ်၊ ၇ မိနစ်လောက်ကို သူ ကစားသွားတာက၊ အားလုံးက သူ့ကို ကြည့်ခဲ့တဲ့ပုံစံက ကျွန်တော့်အတွက်တော့ အခြေခံကျတဲ့အချက်ပဲ။ ကျွန်တော် အမြဲတမ်း ပြောခဲ့တာက သူက အပတ်တိုင်း မကစားရတာတောင်မှပဲ အရေးအပါဆုံး ကစားသမားတွေထဲက တစ်ဦးပါပဲ။

မေး-အာဆင်နယ်နဲ့ အဝေးမှာ ကောင်းကောင်း ကစားနိုင်နေတဲ့ ကွင်းလယ်ကစားသမားတစ်ဦးက ချာလီပါတီနိုပါ။အသင်းကနေ ထွက်ဖို့ ပြောနေတာတွေရှိပေမယ့်လည်း သူ အသင်းထဲပြန်ပါလာနိုင်ဖို့ လမ်းရှိလား။
ဖြေ-အမြဲတမ်း လမ်းကရှိပါတယ်။ ကျွန်တော်တို့ ဒီလိုကစားသမားမျိုးကို ဆုံးဖြတ်ချက်ချမှတ်တဲ့အခါ အမြဲတမ်း သူတို့ကို စောင့်ကြည့်ပြီး ဒီနည်းနဲ့ လူစာရင်းကို အဆင့်မြှင့်လို့ရလား ကြည့်တယ်။ ပထမဆုံး ကျွန်တော်တို့လုပ်တာက အတွင်းပိုင်းကို ပြန်ကြည့်တာပါ။

မေး- ပါတေးနဲ့ပတ်သက်ပြီး နောက်ဆုံး ရှင်းလင်းချက်က ဘာလဲ။
ဖြေ- သူက ရက်သတ္တပတ်အနည်းငယ် လွဲချော်ဦးမယ်လို့ ထင်ပါတယ်။ ဘယ်လောက်ကြာမလဲဆိုတာတော့မသိပါဘူး။ ဒါပေမယ့် သူက ဒီနေ့မှာ နောက်ထပ် ဓာတ်မှန်ရိုက်ဖို့ ချိန်းထားတာရှိပြီး အဲဒါပြီးမှ ကျွန်တော်တို့ ပိုသိရမှာပါ။

မေး- နှစ်တိုင်း ဒီပြိုင်ပွဲက လူငယ်တွေ ပွဲထုတ်တဲ့ပြိုင်ပွဲလား၊ အလှည့်ကျ လူထုတ်တဲ့ပွဲလားဆိုတာနဲ့ပတ်သက်ပြီး အငြင်းအခုံဖြစ်ကြတယ်။ ခင်ဗျားအတွက်ရော။
ဖြေ- ဟုတ်ပါတယ်။ ကျွန်တော်ကတော့ မနက်ဖြန် ပရီးမီးယားလိဂ်ကန်ရမယ့်အတိုင်းပဲ နေထိုင်ပါတယ်။ ကျွန်တော့် စိတ်ထဲမှာ တူညီတဲ့အရာရှိပြီး တူညီတဲ့ပြင်ဆင်မှုတွေနဲ့ အဲဒီပွဲကို ကစားသွားမှာပါ။ ပွဲနားနီးလေ အဲဒီပွဲကို အနိုင်ရချင်တယ်ဆိုတာက သေချာလေပဲ။

မေး ခင်ဗျား အက်ဖ်အေဖလား၊ ကွန်မြူနတီဒိုင်း အနိုင်ရခဲ့တယ်။ ဒီပြိုင်ပွဲမှာအနိုင်ရတာက အသင်းကို ဘာတွေ လုပ်ပေးနိုင်မလဲ။ တခြားဆုဖလားတွေကို ခင်ဗျားကို တွန်းပို့ပေးနိုင်လား။
ဖြေ-တွန်းပို့ပေးနိုင်ပါတယ်။ ခင်ဗျားက အလှည့်ကျ လူထုတ်နေတယ်ဆိုရင်တောင်မှ ကစားသမားတွေရဲ့ အခန်းကဏ္ဍက အခု ဒီဆုဖလား ဒါမှမဟုတ် ဒီပွဲအတွက် စိန်ခေါ်ဖို့ ကတိကဝတ်ပြုလိုက်တာပဲ။ သူတို့အတွက် ဘာလုပ်နိုင်လဲဆိုတာကို ပြသဖို့က အရေးကြီးတယ်လို့ ကျွန်တော်ထင်တယ်။ သူတို့တွေက တကယ်ကို အရေးပါနေတဲ့အချိန်၊ သူတို့တွေက လူစာရင်းထဲ ပါလိုက်၊ မပါလိုက်ဖြစ်နေတဲ့အချိန် အခွင့်အရေးရချိန်မှာ ဒီပွဲကို ဘယ်လိုမျိုး ချဉ်းကပ်မလဲ၊ အသင်းအတွက် နိုင်ပွဲကို ရယူပေးသွားမလား။ ခင်ဗျားက အသင်းအဖွဲ့အနေနဲ့ ကြီးထွားလာတယ်ဆိုရင် ခင်ဗျားက လာမယ့်အပတ်မှာ ပွဲကြီးပွဲကောင်း ကစားရတဲ့အခါ ဒါမှမဟုတ် ခင်ဗျားက ချန်ပီယံလိဂ်မှာကစားခဲ့ရတဲ့အခါ ဒါမှမဟုတ် နောက်ထပ်ပွဲကြီးပွဲကောင်း ကစားရတဲ့အခါမှာ ၃ ရက်တိုင်းမှာ မတူညီတဲ့နည်းလမ်း၊ မတူညီတဲ့ ပွဲမှာ အဲဒီလိုလုပ်နိုင်ဖို့ စိတ်ဓာတ်မျိုး မရှိဘူးဆိုရင် အဲဒီလိုမျိုး အရမ်းခက်ခဲပါလိမ့်မယ်။ ဘယ်လို ပြုမူမလဲ၊ အသင်းက အဲဒါကို ဘယ်လိုတုံ့ပြန်မလဲဆိုတာက အရမ်းအရေးကြီးတယ်လို့ ကျွန်တော် ထင်တယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္နည္းျပဟာ ဗုဒၶဟူးေန႔ညမွာ ဝက္စ္ဟမ္းနဲ႔ကစားရမယ့္ ကာရာေဘာင္းဖလားပြဲစဥ္မတိုင္ခင္ သတင္းစာရွင္းလင္းပြဲမွာ ပရိသတ္ေတြ သိလိုတဲ့ေမးခြန္းေတြကို အေျဖေပးခဲ့ပါတယ္။

ေမး- ဒီပြဲက အရင္ကစားရမွာဆိုေပမယ့္ ခင္ဗ်ားစိတ္ထဲကို နယူးကာဆယ္က အရင္ေရာက္လာလား။
ေျဖ- ဘာမွမရွိပါဘူး။ ကြၽန္ေတာ္တို႔ ဝက္စ္ဟမ္းကို အႏိုင္ယူရမယ္။ ဒါက ကြၽန္ေတာ္တို႔ ေနာက္တစ္ဆင့္တက္ဖို႔နဲ႔ ဆုဖလားအႏိုင္ရဖို႔ အခြင့္အေရးရွိေနတဲ့ၿပိဳင္ပြဲပါ။ ကြၽန္ေတာ္တို႔ စိတ္က ဝက္စ္ဟမ္းအေပၚမွာပဲ အာ႐ုံစိုက္ထားရပါမယ္။

ေမး-စီးတီးလိုအသင္းမ်ိဳးကို အႏိုင္ယူႏိုင္ခဲ့တာက ခင္ဗ်ားရဲ႕အသင္းအတြက္ ဘယ္ေလာက္အထိ ႀကီးမားတဲ့ အခြင့္အလမ္းျဖစ္ႏိုင္လဲ။
ေျဖ-ကြၽန္တာ္တို႔ လုပ္ရမယ့္ဟာကို လုပ္ေနတာပါ။ ေျခစြမ္းပိုင္းတည္ၿငိမ္ဖို႔နဲ႔ ၿပိဳင္ဘက္ေတြထက္ ပိုေကာင္းေအာင္ ကစားဖို႔ပါ။ မနက္ျဖန္ ဝက္စ္ဟမ္းနဲ႔ပြဲက တကယ္ကို ခက္ခဲတဲ့ပြဲျဖစ္လာမွာပါ။ သူတို႔နဲ႔ ကစားရရင္ အၿမဲတမ္း အေဝးကြင္းပဲ။ ကြၽန္ေတာ္တို႔ ဒီေျခစြမ္းနဲ႔ အရွိန္အဟုန္ကို ဆက္လက္ျပသသြားရမွာပါ။

ေမး-ဘရန႔္တ္ဖို႔ဒ္ပြဲလိုမ်ိဳး အလားတူအေျပာင္းအလဲျဖစ္မွာလား။
ေျဖ- အေၾကာင္းအရာက နည္းနည္း ကြဲျပားျခားနားတယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ ဒဏ္ရာအခ်ိဳ႕ရခဲ့ၿပီး ကြၽန္ေတာ္တို႔ လူစာရင္းထဲမွာ ကစားေပးႏိုင္တဲ့အေျခအေနရွိတဲ့ကစားသမားေတြ ပိုမ်ားလာၿပီ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ အဲဒီပြဲတုန္းက လုပ္ခဲ့တဲ့အတိုင္းပဲ ႀကိဳတင္ျပင္ဆင္ၿပီး အႏိုင္ရဖို႔ ႀကိဳးစားသြားမွာပါ။

ေမး- ဒီကလန္ ႐ိုက္က သူ႔အသင္းေဟာင္းနဲ႔ ရင္ဆိုင္ကစားသြားမွာလား။
ေျဖ- သူ ကစားဖို႔မ်ားပါတယ္။ သူ ပါဝင္ႏိုင္ပါတယ္။ ဒီပြဲက သူ႔အသင္းေဟာင္းဆီ ျပန္သြားကစားရတဲ့ ပထမဆုံးအႀကိမ္ျဖစ္လာမွာျဖစ္ၿပီး သူ႔အတြက္ လွပတဲ့အခိုက္အတန႔္ျဖစ္မွာပါ။ ကြၽန္ေတာ္ထင္တယ္။ အဲဒါက လွပမွာပါ။ ကြၽန္ေတာ္ အဲဒီလို အေတြ႕အႀကဳံမ်ိဳး အႀကိမ္အနည္းငယ္ရခဲ့ၿပီး အဲဒီက်ရင္ သူတို႔ေတြ ခင္ဗ်ားနဲ႔ပတ္သက္ၿပီး ဘာေတြးေနလဲဆိုတာ တကယ္သိရမွာပါ။ ခင္ဗ်ား အသင္းမွာ ဘာေတြ ခ်န္ရစ္ခဲ့ႏိုင္လဲဆိုတာျမင္ရမွာပါ။ အဲဒါက ခင္ဗ်ားရဲ႕ အေတြ႕အႀကဳံနဲ႔ ခင္ဗ်ားနဲ႔အတူရွိခဲ့တဲ့လူေတြရဲ႕ သေဘာထားအမွန္က ဘာလဲဆိုတာကို တိုင္းတာဖို႔ တကယ္ေကာင္းတဲ့နည္းလမ္းပါ။

ေမး-သူ ဘယ္လို ႀကိဳဆိုမႈမ်ိဳး ရႏိုင္မလဲ။ ေကာင္းတဲ့ႀကိဳဆိုမႈမ်ိဳးလား
ေျဖ- ကြၽန္ေတာ္ကေတာ့ အဲဒီလိုပဲ ျဖစ္ပါေစလို႔ ေမွ်ာ္လင့္တယ္လို႔ ေျပာရမွာပါ။ အထူးသျဖင့္ ခင္ဗ်ား သူ ဝက္စ္ဟမ္းအေၾကာင္းနဲ႔ သူတို႔ေတြ သူ႔အတြက္ ဘာလုပ္ေပးခဲ့ၾကလဲဆိုတာကိုေျပာတာကို ၾကားခဲ့တာေၾကာင့္ပါ။ သူက အသင္းနဲ႔ပတ္သက္ၿပီး အရမ္းကို အမႊမ္းတင္ေျပာဆိုခဲ့ပါတယ္။ သူ႔ကိုလည္း အဲဒီလိုပဲ ျပန္ၿပီး ဆက္ဆံမယ္လို႔ ေမွ်ာ္လင့္မိပါတယ္။

ေမး- ခင္ဗ်ား သူ႔အတြက္ ေနရာေပးဖို႔ အန္ကီးတီးယားကို အရွိန္အဟုန္ရေအာင္ ဆက္ကစားခိုင္းမလား ဒါမွမဟုတ္ အနားေပးခ်င္လား။
ေျဖ- ႏွစ္ခုစလုံးပဲ။ ကြၽန္ေတာ္တို႔ေတြ သူတို႔ေတြ ကစားတဲ့ မိနစ္ပမာဏကို သိေနရမယ္။ ဘာလို႔လဲဆိုေတာ့ သူက ပရီးမီးယားလိဂ္မွာပြဲေတြအမ်ားႀကီး ပြဲထြက္ပါဝင္ကစားခဲ့လို႔ပါ။ ဒါေပမယ့္ သူ႔ကို ဘယ္လိုသုံးမလဲဆိုတဲ့ကိစၥမွာက်ေတာ့ သူက လန္းဆန္းေနတယ္လို႔ ထင္တယ္။ သူက တကယ္ေကာင္းမြန္တဲ့အခိုက္အတန႔္မွာရွိေနပါတယ္။ ကစားသမားေတြက ဒီလိုမ်ိဳးအေနအထားျဖစ္ေနရင္ သူတို႔ကို အသုံးျပဳရမွာပါ။ အရန္ခုံကေနပဲ ပါပါ၊ ပြဲထြက္လူစာရင္းထဲကပဲ ပါပါေပါ့။ ကြၽန္ေတာ္တို႔ ေတြ႕ရမွာပါ။

ေမး- ဘလြန္ေဒါဆုနဲ႔ပတ္သက္ၿပီး ခင္ဗ်ား ဘယ္လိုထင္လဲ။ မက္ဆီအႏိုင္ရသြားတာကိုေပါ့။
ေျဖ- ခင္ဗ်ား မက္ဆီအေၾကာင္း ေျပာတဲ့အခါမွာ အဲဒါက ဘယ္ေတာ့မွ မမွားႏိုင္ဘူး။ သူ လုပ္ခဲ့တာကိုၾကည့္။ သူ႔အသက္အ႐ြယ္မွာ ကမာၻ႔ဖလားရေအာင္ စြမ္းေဆာင္ေပးခဲ့တယ္။ သူ႔ကစားသမားဘဝရဲ႕ အထြတ္အထိပ္ျဖစ္ခဲ့ပါတယ္။ အဲဒါက မယုံႏိုင္စရာေကာင္းတယ္။ သူ ျပသခဲ့တဲ့ ေျခစြမ္းပိုင္းတည္ၿငိမ္မႈနဲ႔ အဆင့္အတန္းက အံ့မခန္းပဲ။

ေမး-ခင္ဗ်ားကစားသမားေတြ ဒီစာရင္း(ဘလြန္ေဒါ)ထဲမွာ ပိုၿပီးျမင့္ျမင့္မားမား အဆုံးသတ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္မိလား။
ေျဖ- အဲဒါက မယုံႏိုင္စရာေကာင္းလိမ့္မယ္လို႔ ကြၽန္ေတာ္ထင္တယ္။ အဲဒီစာရင္းထဲမွာ ဆန္ခါတင္အနည္းငယ္ပါခဲ့လို႔ ကြၽန္ေတာ္ အရမ္းဝမ္းသာမိခဲ့တယ္။ ခင္ဗ်ားနာမည္ကို အဲဒီစာရင္းထဲမွာ ျမင္ရတာက အၿမဲတမ္းေကာင္းမြန္မွာျဖစ္ၿပီး အဲဒါက သူတို႔ေတြ လုပ္ခဲ့တာေတြအတြက္ ခ်ီးက်ဴးမႈပါပဲ။ အခု စိန္ေခၚမႈေတြက လာမယ့္ရာသီ စာရင္းထဲမွာ ပိုၿပီးျမင့္မားတဲ့အဆင့္မွာရွိေနဖို႔ပါ။ ဘာလို႔လဲဆိုေတာ့ အဲဒါက ခင္ဗ်ား ေနာက္ထပ္တစ္ႀကိမ္ ထပ္ၿပီး ေကာင္းေကာင္းလုပ္ႏိုင္ခဲ့ၿပီဆိုတဲ့ အဓိပၸာယ္ျဖစ္မွာမို႔လို႔ပါ။

ေမး- ဒီပြဲက မာတင္ ေအာ္ဒီဂြါဒ္ကို အနားေပးဖို႔ ေနာက္ထပ္အခြင့္အေရးတစ္ခုလား။
ေျဖ-ကြၽန္ေတာ္တို႔ ဟိုေန႔က သူ႔ကို အနားေပးခဲ့ၿပီး အခုေတာ့ သူ႔ကို ဘယ္ေလာက္ၾကာၾကာ အနားေပးရမလဲနဲ႔ သူ႔ရဲ႕ အေကာင္းဆုံးပုံစံမွာ ရွိေနဖို႔အတြက္ လိုအပ္တဲ့ မိနစ္နဲ႔ စည္းခ်က္က ဘယ္ေလာက္လဲဆိုတာကို ဘယ္လိုစီမံခန႔္ခြဲမလဲဆိုတာက အေရးႀကီးပါတယ္။ ကြၽန္ေတာ္တို႔မွာ အဲဒါကို လုပ္ဖို႔ အခြင့္အေရးရခဲ့တယ္။ ကြၽန္ေတာ္တို႔ သူ႔ကို အဆုံးမွာေတာ့ အသုံးမျပဳခဲ့ဘူး။ အဲဒီေတာ့ သူ႔အတြက္ ေကာင္းမြန္တဲ့ အနားေပးမႈျဖစ္ခဲ့ပါတယ္။

ေမး-ေဂ်းဇုေနာက္ဆုံးသတင္းထပ္ရွိေသးလား။ သူ ျပန္ကစားႏိုင္မယ့္အခ်ိန္ေရာေပါ့။
ေျဖ- သူနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္ ဘာအခ်ိန္မွ မသတ္မွတ္ခ်င္ဘူး။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္ တစ္ႀကိမ္သတ္မွတ္ဖူးၿပီး လုံးဝကို မွားသြားခဲ့လို႔ပါ။ ကြၽန္ေတာ္တို႔ သတိထားဖို႔လိုပါတယ္။ ဘာလို႔လဲဆိုေတာ့ သူ႔ကို မွန္ကန္တဲ့ပုံစံနဲ႔ ဆက္ဆံဖို႔ လိုအပ္လို႔ပါ။ ဒါေပမယ့္ သူက အားလုံးကို တြန္းအားေပးေနၿပီးျဖစ္ၿပိး သူ တတ္ႏိုင္သမွ် ျမန္ျမန္ ျပန္ကစားခ်င္ၿပီး သူ႔ကို ကြၽန္ေတာ္တို႔ လိုအပ္ပါတယ္။ ဒါက အရမ္းေကာင္းပါတယ္။

ေမး-ခင္ဗ်ားရဲ႕ကြင္းလယ္မွာ အေတြ႕အႀကဳံရွိတဲ့ကစားသမားေတြအမ်ားႀကီးရွိပါတယ္။ အဲဒါက ခင္ဗ်ားအတြက္ အသင္းကို တည္ေဆာက္ရာမွာ အဓိကက်တဲ့အစိတ္အပိုင္းလား။
ေျဖ- ဟုတ္ပါတယ္။ ကြၽန္ေတာ္ထင္တာက အသက္အ႐ြယ္က တစ္စုံတရာပဲ။ ဒါေပမယ့္ အဲဒီေကာင္ေလးေတြမွာရွိေနတဲ့ အေတြ႕အႀကဳံနဲ႔ လူသားအရညအေသြးေတြက ထူးျခားပါတယ္။ ခင္ဗ်ား မို(အယ္လ္နန္နီ)ကို ၾကည့္ရင္ သူ ၁၀ လလြဲေခ်ာ္ခဲ့ၿပီးေနာက္ အဲဒီ ၆ မိနစ္၊ ၇ မိနစ္ေလာက္ကို သူ ကစားသြားတာက၊ အားလုံးက သူ႔ကို ၾကည့္ခဲ့တဲ့ပုံစံက ကြၽန္ေတာ့္အတြက္ေတာ့ အေျခခံက်တဲ့အခ်က္ပဲ။ ကြၽန္ေတာ္ အၿမဲတမ္း ေျပာခဲ့တာက သူက အပတ္တိုင္း မကစားရတာေတာင္မွပဲ အေရးအပါဆုံး ကစားသမားေတြထဲက တစ္ဦးပါပဲ။

ေမး-အာဆင္နယ္နဲ႔ အေဝးမွာ ေကာင္းေကာင္း ကစားႏိုင္ေနတဲ့ ကြင္းလယ္ကစားသမားတစ္ဦးက ခ်ာလီပါတီႏိုပါ။အသင္းကေန ထြက္ဖို႔ ေျပာေနတာေတြရွိေပမယ့္လည္း သူ အသင္းထဲျပန္ပါလာႏိုင္ဖို႔ လမ္းရွိလား။
ေျဖ-အၿမဲတမ္း လမ္းကရွိပါတယ္။ ကြၽန္ေတာ္တို႔ ဒီလိုကစားသမားမ်ိဳးကို ဆုံးျဖတ္ခ်က္ခ်မွတ္တဲ့အခါ အၿမဲတမ္း သူတို႔ကို ေစာင့္ၾကည့္ၿပီး ဒီနည္းနဲ႔ လူစာရင္းကို အဆင့္ျမႇင့္လို႔ရလား ၾကည့္တယ္။ ပထမဆုံး ကြၽန္ေတာ္တို႔လုပ္တာက အတြင္းပိုင္းကို ျပန္ၾကည့္တာပါ။

ေမး- ပါေတးနဲ႔ပတ္သက္ၿပီး ေနာက္ဆုံး ရွင္းလင္းခ်က္က ဘာလဲ။
ေျဖ- သူက ရက္သတၱပတ္အနည္းငယ္ လြဲေခ်ာ္ဦးမယ္လို႔ ထင္ပါတယ္။ ဘယ္ေလာက္ၾကာမလဲဆိုတာေတာ့မသိပါဘူး။ ဒါေပမယ့္ သူက ဒီေန႔မွာ ေနာက္ထပ္ ဓာတ္မွန္႐ိုက္ဖို႔ ခ်ိန္းထားတာရွိၿပီး အဲဒါၿပီးမွ ကြၽန္ေတာ္တို႔ ပိုသိရမွာပါ။

ေမး- ႏွစ္တိုင္း ဒီၿပိဳင္ပြဲက လူငယ္ေတြ ပြဲထုတ္တဲ့ၿပိဳင္ပြဲလား၊ အလွည့္က် လူထုတ္တဲ့ပြဲလားဆိုတာနဲ႔ပတ္သက္ၿပီး အျငင္းအခုံျဖစ္ၾကတယ္။ ခင္ဗ်ားအတြက္ေရာ။
ေျဖ- ဟုတ္ပါတယ္။ ကြၽန္ေတာ္ကေတာ့ မနက္ျဖန္ ပရီးမီးယားလိဂ္ကန္ရမယ့္အတိုင္းပဲ ေနထိုင္ပါတယ္။ ကြၽန္ေတာ့္ စိတ္ထဲမွာ တူညီတဲ့အရာရွိၿပီး တူညီတဲ့ျပင္ဆင္မႈေတြနဲ႔ အဲဒီပြဲကို ကစားသြားမွာပါ။ ပြဲနားနီးေလ အဲဒီပြဲကို အႏိုင္ရခ်င္တယ္ဆိုတာက ေသခ်ာေလပဲ။

ေမး ခင္ဗ်ား အက္ဖ္ေအဖလား၊ ကြန္ျမဴနတီဒိုင္း အႏိုင္ရခဲ့တယ္။ ဒီၿပိဳင္ပြဲမွာအႏိုင္ရတာက အသင္းကို ဘာေတြ လုပ္ေပးႏိုင္မလဲ။ တျခားဆုဖလားေတြကို ခင္ဗ်ားကို တြန္းပို႔ေပးႏိုင္လား။
ေျဖ-တြန္းပို႔ေပးႏိုင္ပါတယ္။ ခင္ဗ်ားက အလွည့္က် လူထုတ္ေနတယ္ဆိုရင္ေတာင္မွ ကစားသမားေတြရဲ႕ အခန္းက႑က အခု ဒီဆုဖလား ဒါမွမဟုတ္ ဒီပြဲအတြက္ စိန္ေခၚဖို႔ ကတိကဝတ္ျပဳလိုက္တာပဲ။ သူတို႔အတြက္ ဘာလုပ္ႏိုင္လဲဆိုတာကို ျပသဖို႔က အေရးႀကီးတယ္လို႔ ကြၽန္ေတာ္ထင္တယ္။ သူတို႔ေတြက တကယ္ကို အေရးပါေနတဲ့အခ်ိန္၊ သူတို႔ေတြက လူစာရင္းထဲ ပါလိုက္၊ မပါလိုက္ျဖစ္ေနတဲ့အခ်ိန္ အခြင့္အေရးရခ်ိန္မွာ ဒီပြဲကို ဘယ္လိုမ်ိဳး ခ်ဥ္းကပ္မလဲ၊ အသင္းအတြက္ ႏိုင္ပြဲကို ရယူေပးသြားမလား။ ခင္ဗ်ားက အသင္းအဖြဲ႕အေနနဲ႔ ႀကီးထြားလာတယ္ဆိုရင္ ခင္ဗ်ားက လာမယ့္အပတ္မွာ ပြဲႀကီးပြဲေကာင္း ကစားရတဲ့အခါ ဒါမွမဟုတ္ ခင္ဗ်ားက ခ်န္ပီယံလိဂ္မွာကစားခဲ့ရတဲ့အခါ ဒါမွမဟုတ္ ေနာက္ထပ္ပြဲႀကီးပြဲေကာင္း ကစားရတဲ့အခါမွာ ၃ ရက္တိုင္းမွာ မတူညီတဲ့နည္းလမ္း၊ မတူညီတဲ့ ပြဲမွာ အဲဒီလိုလုပ္ႏိုင္ဖို႔ စိတ္ဓာတ္မ်ိဳး မရွိဘူးဆိုရင္ အဲဒီလိုမ်ိဳး အရမ္းခက္ခဲပါလိမ့္မယ္။ ဘယ္လို ျပဳမူမလဲ၊ အသင္းက အဲဒါကို ဘယ္လိုတုံ႔ျပန္မလဲဆိုတာက အရမ္းအေရးႀကီးတယ္လို႔ ကြၽန္ေတာ္ ထင္တယ္။

Arsenal Myanmar

Ref: Internet