အွန်နရီ ဝင်ပူးတဲ့ သခင်ကြီး အန်ကီးတီးယားရဲ့ဟက်ထရစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲက မှတ်မှတ်ရရ ပြန်ပြောစရာများ
အာဆင်နယ်ဟာ စနေနေ့ညမှာ ရှက်ဖီးယူနိုက်တက်ကို ၅-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် အမှတ်ပေးဇယား ဦးဆောင်သူတွေဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါးနဲ့ ၂ မှတ်အကွာ ဒုတိယနေရာကို တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
အာတီတာရဲ့အသင်းဟာ အမ်းမရိတ်စ်မှာ အကောင်းဆုံး ခြေစွမ်းမရရှိခဲ့ပေမယ့်လည်း အမှတ်ပေးဇယားအောက်ခြေနားက အသင်းကိုတော့ သက်တောင့်သက်သာနိုင်ပွဲ ရယူနိုင်ဆဲ ဖြစ်ပါတယ်။
ဂါဘရီယဲလ် ဂျေးဇု တံကောက်ကြောဒဏ်ရာကြောင့် မပါဝင်နိုင်ချိန်မှာ ပါဝင်ကစားပေးခဲ့တဲ့ အက်ဒီ အန်ကီးတီးယားရဲ့ ရင်သပ်ရှုမောဖွယ် ဟက်ထရစ်သွင်းဂိုး၊ လူစားဝင်ကစားသမားတွေဖြစ်တဲ့ ဗီယာရာနဲ့ တိုမိယဆုတို့ရဲ့ နောက်ကျသွင်းဂိုးတွေကြောင့် ဂန်းနားတွေက ဂိုးပြတ်နိုင်ပွဲကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။
၁။ အာတီတာရဲ့ အလောင်းအစား
အာတီတာဟာ ရှက်ဖီးနဲ့ပွဲမှာ ထရော့ဆာ့ဒ်ကို အရန်ခုံပို့၊ ဂါဘရီယဲလ်နဲ့ အသင်းခေါင်းဆောင် အော်ဒီဂွါဒ်တို့ကို လူစာရင်းကနေ ချန်ပြီး ကြီးမားတဲ့ အရဲစွန့်မှုကို ပြုလုပ်ခဲ့ပါတယ်။ စမစ် ရိုးဟာ ၂၀၂၂ မေလနောက်ပိုင်း ပထမဆုံး ပရီးမီးယားလိဂ်ပွဲထွက်ခွင့်ရရှိခဲ့ပြီးဘူကာယို ဆာကာက အသင်းခေါင်းဆောင်လက်ပတ်ကို ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။ ဂန်းနားတွေဟာ ချန်ပီယံလိဂ်နဲ့ ကာရာဘောင်းမှာလည်း ယှဉ်ပြိုင်နေရလို့ အာတီတာက ဒီလိုပွဲကို လူစာရင်းကို အလှည့်ကျပွဲထုတ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်လို့ အာတီတာရဲ့ အဓိကကစားသမားတွေကို အနားပေးဖို့ ဆုံးဖြတ်ချက်ဟာ ပရိသတ်တွေကို စိုးရိမ်စေခဲ့ပေမယ့် နောက်ဆုံးမှာတော့ စပိန်လူမျိုးနည်းပြရဲ့ အလောင်းအစားက Jackpot ပေါက်သွားခဲ့ပါတယ်။
၂။ ဝက်စ်ဟမ်းကို နောက်ထပ် သန်း ၁၀၀ လောက် ထပ်ပေးချင်လောက်အောင် ကောင်းတဲ့ ရိုက်
ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ဟောင်းရဲ့ စွမ်းဆောင်ရည်ကို မြင်တွေ့ခဲ့တဲ့ အာဆင်နယ်ပရိသတ်တွေအားလုံး ပြောနေကြတဲ့ စကားတခွန်းက ဒီကလန် ရိုက်အတွက် ဝက်စ်ဟမ်းကို နောက်ထပ် ပြောင်းရွှေ့ကြေး ထပ်ပေးလိုက်ချင်တယ်ဆိုတဲ့ စကားဖြစ်ပါတယ်။ ဒီကလန် ရိုက်ဟာ ကွင်းလယ်ကနေ ဘောလုံးကို ရယူခဲ့ပြီးနောက် ပင်နယ်တီဧရိယာထဲကို လျင်လျင်မြန်မြန်ဘောလုံးပေးပို့ပြီး ရှက်ဖီးခံစစ်ကို ဖရိုဖရဲဖြစ်စေခဲ့တာဖြစ်ပြီး အန်ကီးတီးယားက ဘောလုံးကို လှလှပပ ထိန်းပြီး သပ်သပ်ရပ်ရပ်ပဲ အဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။ အဲဒီအခိုက်အတန့်ဟာ ဂန်းနားတွေရဲ့ စစ်မှန်တဲ့ အရည်အသွေးကို ဒီပွဲစဉ်မှာ ပထမဆုံးမြင်တွေ့လိုက်ရတဲ့အခိုက်အတန့်လည်းဖြစ်ခဲ့ပါတယ်။
၃။ ဓားသွားတွေ ကြွေတဲ့ညနေ
ဒီပွဲမတိုင်ခင် ပွဲကြိုသုံးသပ်ချက်မှာ ပြောခဲ့တဲ့ ရှက်ဖီးဟာ တစ်ဂိုးပေးလိုက်ရပြီဆိုတာနဲ့ ပြိုဆင်းပြီး ဂိုးတွေ ဆက်တိုက်ခွင့်ပြုရလိမ့်မယ်ဆိုတဲ့အတိုင်းပဲ ဒုတိယပိုင်းအစမှာပဲ နောက်ထပ်ဦးဆောင်ဂိုးကို လွယ်လွယ်ကူကူနဲ့ပဲ ခွင့်ပြုခဲ့ပါတယ်။ ဖိုဒါရင်ဟမ်ဟာ ထောင့်ကန်ဘောကနေ ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို လွယ်လွယ်ကူကူပဲ ဖမ်းယူနိုင်ခဲ့သင့်ပေမယ့်လည်း ဘန် ဝှိုက်က ဝင်ခုထားတာကြောင့် မမိဘဲ အန်ကီးတီးယားက အဆင်သင့် ကောက်ယူစားသုံးသွားတာ ဖြစ်ပါတယ်။ VAR က ဖိုဒါရင်ဟမ် စောဒကတက်လို့ ပြန်စစ်ဆေးပေးခဲ့ပေမယ့် ဘန် ဝှိုက်က အန်ကီးတီးယားဂိုးသွင်းနိုင်အောင် ပိတ်ဆို့ပေးထားတာမဟုတ်ဘဲ ချိန်သားကိုက် အတူတူ လှုပ်ရှားသွားတာဖြစ်လို့ ဂိုးအဖြစ် ခွင့်ပြုပေးခြင်းခံခဲ့ရတာဖြစ်ပါတယ်။အဲဒီနောက် ၈ မိနစ်မှာပဲ အန်ကီးတီးယားက ပင်နယ်တီဧရိယာအစွန်မှာ နောက်ပြန်လှည့်ပြီး ဂိုးအပေါ်ထောင့်ထဲကို အပြင်းကန်သွင်းယူပြီး ဟက်ထရစ်သွင်းဂိုးကို သွင်းယူသွားခဲ့ပါတယ်။ ဖိုဒါရင်ဟမ်ဟာ ဘန် ဝှိုက်ရဲ့ အပိုင်ဂိုးသွင်းယူမှုကို ကာကွယ်ပြီး အဖက်ဆယ်ခဲ့ပေမယ့်လည်း အဲဒီအချိန်မှာ ပွဲက ပြတ်နေခဲ့ပြီဖြစ်ပြီး ဗီယာရာနဲ့ တိုမိယဆုတို့ လူစားဝင်လာပြီး နောက်ထပ် ၂ ဂိုးသွင်းယူသွားခဲ့ချိန်မှာတော့ ဓားသွားတွေ ကြွေသွားခဲ့တာဖြစ်ပါတယ်။
၄။ ရာယာကိုထပ်သုံးတဲ့ အာတီတာ
အာဆင်နယ်ပရိသတ်အများစုဟာ ပြီးခဲ့တဲ့ပွဲတွေက အမှားတွေ များခဲ့တဲ့ ရာယာကြောင့် ဒီပွဲမှာ ရမ်းစ်ဒေးလ်ကို အာတီတာ ပွဲထွက်ခွင့်ပြန်ပေးမယ်လို့ မျှော်လင့်ခဲ့ပေမယ့်လည်း အထင်နဲ့အမြင် လွဲချော်ခဲ့ပါတယ်။ ရမ်းစ်ဒေးလ်ဟာ ရှက်ဖီးယူနိုက်တက်ကနေ အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အသင်းဟောင်းနဲ့ ယှဉ်ပြိုင်တဲ့ပွဲမှာ ပါဝင်ကစားပေးချင်နေမှာ သေချာပါတယ်။ ဒါပေမယ့်လည်း အာတီတာက ရာယာမှ ရာယာပဲ ဖြစ်နေဆဲဖြစ်ပြီး ပရီးမီးယားလိဂ်အတွေ့အကြုံမရှိတဲ့ ရှက်ဖီးယူနိုက်တက် တိုက်စစ်ကြောင့်သာ ဘာမှ ဟုတ်တိပတ်တိမဖမ်းလိုက်ရလို့ အမှားလည်း ထပ်လုပ်စရာမရှိခဲ့တာဖြစ်ပါတယ်။
၅။ ပြောင်းလဲချိန်တန်ပြီဖြစ်တဲ့ ရှက်ဖီး
အမ်းမရိတ်စ်မှာ ရလဒ်ကောင်းရဖို့က ရှက်ဖီးယူနိုက်တက်အတွက် မဖြစ်နိုင်လုနီးပါးဖြစ်တဲ့ပစ်မှတ်တစ်ခုဖြစ်ပေမယ့် သူတို့ရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးတော့ ဂုဏ်ယူခဲ့ကြလိမ့်မယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့်လည်း အဲဒီဂုဏ်ယူမှုကနေ ရမှတ်အဖြစ် ပြောင်းလဲရမယ့်အချိန်ကို ရောက်နေပြီဖြစ်ပြီး လိဂ် ၁၀ ပွဲကစားပြီးချိန်အထိ ၁ မှတ်သာ ရရှိသေးတာဖြစ်ပါတယ်။ ရှက်ဖီးအနေနဲ့ ချန်ပီယံရှစ်ကို ချက်ချင်း ပြန်သွားရဖို့ နီးစပ်နေပေမယ့်လည်း ရာသီက အရှည်ကြီး ကျန်သေးတာကြောင့် မဦးမချွတ်မပြောချင်သေးဘဲ ပရိသတ်အများစုကလည်း နည်းပြ ပေါလ် ဟက်ကင်ဘော့တွန်နောက်မှာ အပြည့်အဝ ရပ်တည်နေကြဆဲဖြစ်ပါတယ်။ ဟက်ကင်ဘော့တွန်ဟာ ရှက်ဖီးကို ပရီးမီးယားလိဂ် တန်းပြန်တက်နိုင်အောင် အရမ်းကောင်းတဲ့အလုပ်ကို လုပ်ဆောင်ပေးခဲ့ပြီးနောက် အသင်းသမိုင်းမှာ ဂန္တဝင်အဖြစ် ကမ္ဗည်းတင်နိုင်ခဲ့ပြီးသားသူဖြစ်ပေမယ့်လည်း အပြောင်းအလဲအတွက် အချိန်တန်နေပြီလို့ ဆိုရမှာဖြစ်ပါတယ်။ ရှက်ဖီးယူနိုက်တက် နောက်ဆုံးပရီးမီးယားလိဂ်မှာ ရှိခဲ့တဲ့အချိန်တုန်းကလည်း အမှတ်ပေးဇယားအောက်ဆုံးမှာ ရာသီပြီးဆုံးခဲ့ပြီး အဲဒီလိုဖြစ်ခဲ့တာက ခရစ္စ ဝိုင်ဒါနဲ့ လမ်းခွဲဖို့ မတ်လအထိ စောင့်ဆိုင်းခဲ့တာကြောင့်ဖြစ်ပါတယ်။ အခုတော့ ဒီလို ထပ်စောင့်ဖို့ မဖြစ်နိုင်တော့ဘဲ ချန်ပီယံရှစ်ကို ချက်ချင်းမပြန်ချင်သေးရင်တော့ အပြောင်းအလဲ လုပ်ရတော့မှာဖြစ်ပြီး အပြောင်းအလဲလုပ်ရမှာကလည်း အခုအချိန်ပဲ ဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္ဟာ စေနေန႔ညမွာ ရွက္ဖီးယူႏိုက္တက္ကို ၅-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ အမွတ္ေပးဇယား ဦးေဆာင္သူေတြျဖစ္တဲ့ ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ ၂ မွတ္အကြာ ဒုတိယေနရာကို တက္လွမ္းႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။
အာတီတာရဲ႕အသင္းဟာ အမ္းမရိတ္စ္မွာ အေကာင္းဆုံး ေျခစြမ္းမရရွိခဲ့ေပမယ့္လည္း အမွတ္ေပးဇယားေအာက္ေျခနားက အသင္းကိုေတာ့ သက္ေတာင့္သက္သာႏိုင္ပြဲ ရယူႏိုင္ဆဲ ျဖစ္ပါတယ္။
ဂါဘရီယဲလ္ ေဂ်းဇု တံေကာက္ေၾကာဒဏ္ရာေၾကာင့္ မပါဝင္ႏိုင္ခ်ိန္မွာ ပါဝင္ကစားေပးခဲ့တဲ့ အက္ဒီ အန္ကီးတီးယားရဲ႕ ရင္သပ္ရႈေမာဖြယ္ ဟက္ထရစ္သြင္းဂိုး၊ လူစားဝင္ကစားသမားေတြျဖစ္တဲ့ ဗီယာရာနဲ႔ တိုမိယဆုတို႔ရဲ႕ ေနာက္က်သြင္းဂိုးေတြေၾကာင့္ ဂန္းနားေတြက ဂိုးျပတ္ႏိုင္ပြဲကို ပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။
၁။ အာတီတာရဲ႕ အေလာင္းအစား
အာတီတာဟာ ရွက္ဖီးနဲ႔ပြဲမွာ ထေရာ့ဆာ့ဒ္ကို အရန္ခုံပို႔၊ ဂါဘရီယဲလ္နဲ႔ အသင္းေခါင္းေဆာင္ ေအာ္ဒီဂြါဒ္တို႔ကို လူစာရင္းကေန ခ်န္ၿပီး ႀကီးမားတဲ့ အရဲစြန႔္မႈကို ျပဳလုပ္ခဲ့ပါတယ္။ စမစ္ ႐ိုးဟာ ၂၀၂၂ ေမလေနာက္ပိုင္း ပထမဆုံး ပရီးမီးယားလိဂ္ပြဲထြက္ခြင့္ရရွိခဲ့ၿပီးဘူကာယို ဆာကာက အသင္းေခါင္းေဆာင္လက္ပတ္ကို ဝတ္ဆင္ခဲ့တာျဖစ္ပါတယ္။ ဂန္းနားေတြဟာ ခ်န္ပီယံလိဂ္နဲ႔ ကာရာေဘာင္းမွာလည္း ယွဥ္ၿပိဳင္ေနရလို႔ အာတီတာက ဒီလိုပြဲကို လူစာရင္းကို အလွည့္က်ပြဲထုတ္ဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ၿပီး ပရီးမီးယားလိဂ္ပြဲစဥ္ျဖစ္လို႔ အာတီတာရဲ႕ အဓိကကစားသမားေတြကို အနားေပးဖို႔ ဆုံးျဖတ္ခ်က္ဟာ ပရိသတ္ေတြကို စိုးရိမ္ေစခဲ့ေပမယ့္ ေနာက္ဆုံးမွာေတာ့ စပိန္လူမ်ိဳးနည္းျပရဲ႕ အေလာင္းအစားက Jackpot ေပါက္သြားခဲ့ပါတယ္။
၂။ ဝက္စ္ဟမ္းကို ေနာက္ထပ္ သန္း ၁၀၀ ေလာက္ ထပ္ေပးခ်င္ေလာက္ေအာင္ ေကာင္းတဲ့ ႐ိုက္
ဝက္စ္ဟမ္းအသင္းေခါင္းေဆာင္ေဟာင္းရဲ႕ စြမ္းေဆာင္ရည္ကို ျမင္ေတြ႕ခဲ့တဲ့ အာဆင္နယ္ပရိသတ္ေတြအားလုံး ေျပာေနၾကတဲ့ စကားတခြန္းက ဒီကလန္ ႐ိုက္အတြက္ ဝက္စ္ဟမ္းကို ေနာက္ထပ္ ေျပာင္းေ႐ႊ႕ေၾကး ထပ္ေပးလိုက္ခ်င္တယ္ဆိုတဲ့ စကားျဖစ္ပါတယ္။ ဒီကလန္ ႐ိုက္ဟာ ကြင္းလယ္ကေန ေဘာလုံးကို ရယူခဲ့ၿပီးေနာက္ ပင္နယ္တီဧရိယာထဲကို လ်င္လ်င္ျမန္ျမန္ေဘာလုံးေပးပို႔ၿပီး ရွက္ဖီးခံစစ္ကို ဖ႐ိုဖရဲျဖစ္ေစခဲ့တာျဖစ္ၿပီး အန္ကီးတီးယားက ေဘာလုံးကို လွလွပပ ထိန္းၿပီး သပ္သပ္ရပ္ရပ္ပဲ အဆုံးသတ္သြားခဲ့တာျဖစ္ပါတယ္။ အဲဒီအခိုက္အတန႔္ဟာ ဂန္းနားေတြရဲ႕ စစ္မွန္တဲ့ အရည္အေသြးကို ဒီပြဲစဥ္မွာ ပထမဆုံးျမင္ေတြ႕လိုက္ရတဲ့အခိုက္အတန႔္လည္းျဖစ္ခဲ့ပါတယ္။
၃။ ဓားသြားေတြ ေႂကြတဲ့ညေန
ဒီပြဲမတိုင္ခင္ ပြဲႀကိဳသုံးသပ္ခ်က္မွာ ေျပာခဲ့တဲ့ ရွက္ဖီးဟာ တစ္ဂိုးေပးလိုက္ရၿပီဆိုတာနဲ႔ ၿပိဳဆင္းၿပီး ဂိုးေတြ ဆက္တိုက္ခြင့္ျပဳရလိမ့္မယ္ဆိုတဲ့အတိုင္းပဲ ဒုတိယပိုင္းအစမွာပဲ ေနာက္ထပ္ဦးေဆာင္ဂိုးကို လြယ္လြယ္ကူကူနဲ႔ပဲ ခြင့္ျပဳခဲ့ပါတယ္။ ဖိုဒါရင္ဟမ္ဟာ ေထာင့္ကန္ေဘာကေန ျဖတ္တင္ေပးလိုက္တဲ့ ေဘာလုံးကို လြယ္လြယ္ကူကူပဲ ဖမ္းယူႏိုင္ခဲ့သင့္ေပမယ့္လည္း ဘန္ ဝႈိက္က ဝင္ခုထားတာေၾကာင့္ မမိဘဲ အန္ကီးတီးယားက အဆင္သင့္ ေကာက္ယူစားသုံးသြားတာ ျဖစ္ပါတယ္။ VAR က ဖိုဒါရင္ဟမ္ ေစာဒကတက္လို႔ ျပန္စစ္ေဆးေပးခဲ့ေပမယ့္ ဘန္ ဝႈိက္က အန္ကီးတီးယားဂိုးသြင္းႏိုင္ေအာင္ ပိတ္ဆို႔ေပးထားတာမဟုတ္ဘဲ ခ်ိန္သားကိုက္ အတူတူ လႈပ္ရွားသြားတာျဖစ္လို႔ ဂိုးအျဖစ္ ခြင့္ျပဳေပးျခင္းခံခဲ့ရတာျဖစ္ပါတယ္။အဲဒီေနာက္ ၈ မိနစ္မွာပဲ အန္ကီးတီးယားက ပင္နယ္တီဧရိယာအစြန္မွာ ေနာက္ျပန္လွည့္ၿပီး ဂိုးအေပၚေထာင့္ထဲကို အျပင္းကန္သြင္းယူၿပီး ဟက္ထရစ္သြင္းဂိုးကို သြင္းယူသြားခဲ့ပါတယ္။ ဖိုဒါရင္ဟမ္ဟာ ဘန္ ဝႈိက္ရဲ႕ အပိုင္ဂိုးသြင္းယူမႈကို ကာကြယ္ၿပီး အဖက္ဆယ္ခဲ့ေပမယ့္လည္း အဲဒီအခ်ိန္မွာ ပြဲက ျပတ္ေနခဲ့ၿပီျဖစ္ၿပီး ဗီယာရာနဲ႔ တိုမိယဆုတို႔ လူစားဝင္လာၿပီး ေနာက္ထပ္ ၂ ဂိုးသြင္းယူသြားခဲ့ခ်ိန္မွာေတာ့ ဓားသြားေတြ ေႂကြသြားခဲ့တာျဖစ္ပါတယ္။
၄။ ရာယာကိုထပ္သုံးတဲ့ အာတီတာ
အာဆင္နယ္ပရိသတ္အမ်ားစုဟာ ၿပီးခဲ့တဲ့ပြဲေတြက အမွားေတြ မ်ားခဲ့တဲ့ ရာယာေၾကာင့္ ဒီပြဲမွာ ရမ္းစ္ေဒးလ္ကို အာတီတာ ပြဲထြက္ခြင့္ျပန္ေပးမယ္လို႔ ေမွ်ာ္လင့္ခဲ့ေပမယ့္လည္း အထင္နဲ႔အျမင္ လြဲေခ်ာ္ခဲ့ပါတယ္။ ရမ္းစ္ေဒးလ္ဟာ ရွက္ဖီးယူႏိုက္တက္ကေန အာဆင္နယ္ကို ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ၿပီး အသင္းေဟာင္းနဲ႔ ယွဥ္ၿပိဳင္တဲ့ပြဲမွာ ပါဝင္ကစားေပးခ်င္ေနမွာ ေသခ်ာပါတယ္။ ဒါေပမယ့္လည္း အာတီတာက ရာယာမွ ရာယာပဲ ျဖစ္ေနဆဲျဖစ္ၿပီး ပရီးမီးယားလိဂ္အေတြ႕အႀကဳံမရွိတဲ့ ရွက္ဖီးယူႏိုက္တက္ တိုက္စစ္ေၾကာင့္သာ ဘာမွ ဟုတ္တိပတ္တိမဖမ္းလိုက္ရလို႔ အမွားလည္း ထပ္လုပ္စရာမရွိခဲ့တာျဖစ္ပါတယ္။
၅။ ေျပာင္းလဲခ်ိန္တန္ၿပီျဖစ္တဲ့ ရွက္ဖီး
အမ္းမရိတ္စ္မွာ ရလဒ္ေကာင္းရဖို႔က ရွက္ဖီးယူႏိုက္တက္အတြက္ မျဖစ္ႏိုင္လုနီးပါးျဖစ္တဲ့ပစ္မွတ္တစ္ခုျဖစ္ေပမယ့္ သူတို႔ရဲ႕ စြမ္းေဆာင္ရည္နဲ႔ပတ္သက္ၿပီးေတာ့ ဂုဏ္ယူခဲ့ၾကလိမ့္မယ္လို႔ ေျပာႏိုင္ပါတယ္။ ဒါေပမယ့္လည္း အဲဒီဂုဏ္ယူမႈကေန ရမွတ္အျဖစ္ ေျပာင္းလဲရမယ့္အခ်ိန္ကို ေရာက္ေနၿပီျဖစ္ၿပီး လိဂ္ ၁၀ ပြဲကစားၿပီးခ်ိန္အထိ ၁ မွတ္သာ ရရွိေသးတာျဖစ္ပါတယ္။ ရွက္ဖီးအေနနဲ႔ ခ်န္ပီယံရွစ္ကို ခ်က္ခ်င္း ျပန္သြားရဖို႔ နီးစပ္ေနေပမယ့္လည္း ရာသီက အရွည္ႀကီး က်န္ေသးတာေၾကာင့္ မဦးမခြၽတ္မေျပာခ်င္ေသးဘဲ ပရိသတ္အမ်ားစုကလည္း နည္းျပ ေပါလ္ ဟက္ကင္ေဘာ့တြန္ေနာက္မွာ အျပည့္အဝ ရပ္တည္ေနၾကဆဲျဖစ္ပါတယ္။ ဟက္ကင္ေဘာ့တြန္ဟာ ရွက္ဖီးကို ပရီးမီးယားလိဂ္ တန္းျပန္တက္ႏိုင္ေအာင္ အရမ္းေကာင္းတဲ့အလုပ္ကို လုပ္ေဆာင္ေပးခဲ့ၿပီးေနာက္ အသင္းသမိုင္းမွာ ဂႏၲဝင္အျဖစ္ ကမၺည္းတင္ႏိုင္ခဲ့ၿပီးသားသူျဖစ္ေပမယ့္လည္း အေျပာင္းအလဲအတြက္ အခ်ိန္တန္ေနၿပီလို႔ ဆိုရမွာျဖစ္ပါတယ္။ ရွက္ဖီးယူႏိုက္တက္ ေနာက္ဆုံးပရီးမီးယားလိဂ္မွာ ရွိခဲ့တဲ့အခ်ိန္တုန္းကလည္း အမွတ္ေပးဇယားေအာက္ဆုံးမွာ ရာသီၿပီးဆုံးခဲ့ၿပီး အဲဒီလိုျဖစ္ခဲ့တာက ခရစၥ ဝိုင္ဒါနဲ႔ လမ္းခြဲဖို႔ မတ္လအထိ ေစာင့္ဆိုင္းခဲ့တာေၾကာင့္ျဖစ္ပါတယ္။ အခုေတာ့ ဒီလို ထပ္ေစာင့္ဖို႔ မျဖစ္ႏိုင္ေတာ့ဘဲ ခ်န္ပီယံရွစ္ကို ခ်က္ခ်င္းမျပန္ခ်င္ေသးရင္ေတာ့ အေျပာင္းအလဲ လုပ္ရေတာ့မွာျဖစ္ၿပီး အေျပာင္းအလဲလုပ္ရမွာကလည္း အခုအခ်ိန္ပဲ ျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Post Match Review