ဂန်းနားသွေးပြည့်နေဆဲ ရှက်ဇနီ၊ အာဆင်နယ်ဆို ဖိနှိပ်ဖို့လုပ်တဲ့ FAကိုခေါင်းသုံးစမ်းပါလို့ တုံ့ပြန်လိုက်တဲ့ သတင်းထောက်နဲ့ နောက်ဆုံးရသတင်းများ admin

ဂန်းနားသွေးပြည့်နေဆဲ ရှက်ဇနီ၊ အာဆင်နယ်ဆို ဖိနှိပ်ဖို့လုပ်တဲ့ FAကိုခေါင်းသုံးစမ်းပါလို့ တုံ့ပြန်လိုက်တဲ့ သတင်းထောက်နဲ့ နောက်ဆုံးရသတင်းများ

-စပို့တင်းလစ္စဘွန်းနောက်ခံလူ ဂျယ်ရီ စိန့် ဂျပ်စတီက ဂန်းနားကြယ်ပွင့် ၂ ဦးဖြစ်တဲ့ ဆာကာနဲ့ မာတီနယ်လီတို့ကို ဥရောပရဲ့ အကောင်းဆုံးတောင်ပံကစားသမား ၂ ဦးလို့ ချီးကျူးပါတယ်။ ယခုရာသီမှာ သွင်းဂိုး ၃၇ ဂိုးအထိ ပါဝင်ပတ်သက်ထားခဲ့ကြတဲ့ ဆာကာနဲ့ မာတီနယ်လီတို့က ဥရောပမှာ အကောင်းဆုံးတောင်ပံကစားသမားတွေလားလို့ မေးမြန်းခဲ့ရာမှာ စိန့် ဂျပ်စတီက “ဟုတ်ပါတယ်။ ကျွန်တော် အဲဒီလိုပဲ ထင်တယ်။ သူတို့တွေမှာ အရည်အသွေးတွေ အများကြီးရှိပြီး အဲဒါကို အပတ်တိုင်း အမြင့်မားဆုံးအဆင့်မှာ သက်သေပြသနေပါတယ်။ အဲဒီတော့ စိတ်လှုပ်ရှားစရာကောင်းတဲ့ စိန်ခေါ်မှုဖြစ်လာတော့မှာပါ။ ကစားသမားတွေနဲ့ ဝန်ထမ်းတွေအနေနဲ့ ဒီပွဲကို ကစားလို့ အရမ်းကောင်းမယ့်ပွဲလို့ မြင်ကြမယ်လို့ ထင်ပါတယ်။ သူတို့တွေက ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာရပ်တည်နေပြီး ကျွန်တော်တို့ ကိုယ့်ကိုကိုယ် အကောင်းဆုံးဆိုတဲ့အသင်းနဲ့ ရင်ဆိုင်ပြီး စမ်းသပ်ချင်ပါတယ်။ အာဆင်နယ်က အနိုင်ရရှိချင်တဲ့အသင်း၊ ဖိအားပေးချင်တဲ့အသင်း၊ ဘောလုံးနဲ့အတူ အရည်အသွေးတွေရှိတဲ့အသင်းလို့ မျှော်မှန်းထားပါတယ်။ ကျွန်တော်တို့ လျင်မြန်သွက်လက်တဲ့အာဆင်နယ်ကို မြင်တွေ့ရဖို့ မျှော်မှန်းထားပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

-အာဆင်နယ်ဂိုးသမားဟောင်း ရှက်ဇနီဟာ တော့တင်ဟမ်ဟော့စပါးအသင်းကို ပြောင်းရွှေ့နိုင်မယ့် အခွင့်အရေးကို ငြင်းပယ်ခဲ့တယ်လို့ သိရပြီး ဂန်းနားတွေနဲ့ အတူမရှိတော့ပေမယ့်လည်း အသင်းအပေါ် သစ္စာရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိ တော့တင်ဟမ်ဟော့စပါးအသင်းမှာ ဘောလုံးဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ပါရာတီစီက လိုရစ်ရဲ့နေရာမှာ အစားထိုးခေါ်ယူမှုအဖြစ် ဂျူဗင်တပ်ကနေ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ ရှက်ဇနီကို ကမ်းလှမ်းခဲ့တာဖြစ်ပြီး စပါးစ်ဆီကနေ ကမ်းလှမ်းမှုကို ချက်ချင်းပဲ နိုး လို့ ရှက်ဇနီက ပြတ်ပြတ်သားသားငြင်းဆိုခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ပိုလန်လက်ရွေးစင်ဂိုးသမားဟာ ဂျူဗင်တပ်နဲ့ ၂၀၂၄ ခုနှစ်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး စီးရီးအေကလပ်အသင်းက နောက်ထပ်တစ်နှစ်သက်တမ်းတိုးချင်နေပေမယ့်လည်း ရှက်ဇနီက မေဂျာလိဂ်ကို ပြောင်းရွှေ့ပြီး ကစားသမားဘဝကို မြောက်အမေရိကမှာ အဆုံးသတ်ချင်နေတယ်လို့ သိရပါတယ်။

-ဂျာနယ်လစ် ချားလ်စ် ဝက်တ်စ်က အာဆင်နယ်အနေနဲ့ ဘုန်းမောက်နဲ့ပွဲက ထူးခြားတဲ့နိုင်ပွဲအပြီး အောင်ပွဲခံမှုကြောင့် အက်ဖ်အေရဲ့ စွဲချက်တင်ခြင်းခံရနိုင်တယ်ဆိုတဲ့ သတင်းတွေကို ပြစ်တင်ကြိမ်းမောင်းခဲ့ပြီး အာတီတာရဲ့အသင်းဟာ အမ်းမရိတ်စ်မှာ ရိစ် နယ်လ်ဆန်ရဲ့ နောက်ကျအနိုင်ဂိုးကြောင့် အံ့အားသင့်ဖွယ် နိုင်ပွဲ ရယူနိုင်ခဲ့တဲ့အတွက် အားပါးတရ အောင်ပွဲခံခဲ့ကြတာဖြစ်ပါတယ်။ “ခင်ဗျား အဲဒါကို ဘယ်လို ခေါင်းစဉ်တပ်မလဲ။ ဟာသတစ်ခုလား။ ရယ်စရာပဲလား။ ကျွန်တော် မသိဘူး။

ဒါပေမယ့် များသောအားဖြင့် သတင်းတွေက အက်ဖ်အေက အဲဒီကိစ္စကို စုံစမ်းစစ်ဆေးနေပြီ။ ဘုန်းမောက်နဲ့ပွဲက နိုင်ပွဲအပြီး အောင်ပွဲခံမှုကို စုံစမ်းနေပြီတဲ့။ ဘယ်ကနေ ဒီကိစ္စကို စပြီးတော့ စုံစမ်းစစ်ဆေးမှာလဲ ကျွန်တော် မသိဘူး။ ကျွန်တော်ဆိုလိုတာက ဒီမှာ နည်းစနစ်ပိုင်းအရ ကျွန်တော် ပြောချင်တာက ခင်ဗျား စည်းမျဉ်းတွေအတိုင်း သွားမယ်ဆိုရင် အက်ဖ်အေအနေနဲ့ အရေးယူနိုင်တဲ့တစ်စုံတရာ ရှိနိုင်တယ်။ ဘာလို့လဲဆိုတော့ ကစားသမားတွေအားလုံးက ကွင်းထဲ ဝင်ပြေးလာခဲ့တာမို့လို့ပါ။ စည်းမျဉ်းအရ ကစားသမားတွေနဲ့ နည်းပြအဖွဲ့က နည်းစနစ်ပိုင်းညွှန်ကြားတဲ့ ဧရိယာထဲမှာပဲ နေရမှာဖြစ်ပြီး တစ်ခုခုဖြစ်တာမျိုး မရှိဘူးဆိုရင်တော့ အဲဒီအတိုင်းပဲ နေရမှာပါ။ အဲဒီတော့ ပုံမှန်အားဖြင့် အရိုးအကြောကုသရေးကျွမ်းကျင်သူက ဒဏ်ရာရကစားသမားကို ကုသဖို့ ကွင်းထဲကို ပြေးဝင်ခွင့်ရှိတယ်။ အဲဒီလိုမျိုးတော့ ရှိတယ်။ ဆိုတော့ ဟုတ်ပါတယ်။ စည်းမျဉ်းတွေက ရှိတယ်။ ဒါပေမယ့် လုပ်စမ်းပါ။ ကျွန်တော် ဆိုလိုတာက နည်းနည်းတော့ ဆင်ခြင်တုံတရားလေးကို သုံးစမ်းပါ။ ဘောလုံးက ဒီလိုမျိုး အခိုက်အတန့်တွေကို စည်းမျဉ်းတွေနဲ့ တကယ်ကြီး ကိုင်ပေါက်ချင်လို့လား”လို့ ပြောကြားခဲ့ပါတယ်။

-အာဆင်နယ် ကစားသမားများရဲ့လေ့ကျင့်မှုကို ကြည့်ရှုရန် လန်ဒန်ကိုနေးလ် လေ့ကျင်းရေးကွင်းကို ရောက်ရှိခဲ့တဲ့ အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်း ဖာဘရီဂတ်စ်က ဂန်းနားကြယ်ပွင့်လေးယောက်ကို အလွန်ပဲ မျက်စိကျခဲ့ကြောင်း ပြောခဲ့ပါတယ်။ ဖာဘရီဂတ်စ်ဟာ အာဆင်နယ်သို့ ကစားသမားတစ်ဦးအနေနဲ့ ပြန်လာရန် အခွင့်အရေးမရခဲ့သော်လည်း မကြာသေးမီက အာဆင်နယ် လေ့ကျင့်ရေးကွင်းကို ပြန်ရောက်ရှိလာပြီး နည်းပြတစ်ဦးဖြစ်လာရန် လာရောက်ပြင်ဆင်နေခြင်းဖြစ်ပါတယ်။

ဂန်းနားတစ်ယောက်အနေနဲ့ ၈ နှစ်ကြာ အာဆင်နယ်အတွက် ကစားပေးခဲ့တဲ့ စပိန်းသားဟာ Kammy နဲ့ Ben တို့ရဲ့Football Podcast အစီအစဉ်မှာ အာဆင်နယ်အသင်းနဲ့ ပတ်သတ်တဲ့ အတိတ်နဲ့ ပစ္စုပ္ပန်အရာအားလုံးကို ဆွေးနွေးခဲ့ပြီး ယခု အာဆင်နယ်ကစားသမား ၄ ဦးကို ချီးကျူးသွားခဲ့ခြင်းဖြစ်ပါတယ်။ မီခေးလ် အာတီတာနဲ့ အာဆင်နယ်အသင်းကြီး ကစားသမားတွေ လန်ဒန်ကိုနေးလ် လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်နေကြတာကို ကြည့်ရှုအပြီး အော်ဒီဂွါ့ဒ်၊ ဆာကာ၊ မာတင်နယ်လီနဲ့ စမစ်ရိုးတို့ ၄ ယောက်က အထင်ကြီးဖို့ကောင်းပြီး အရမ်းကောင်းကြတဲ့ ကစားသမားတွေလို့ ချီးကျူးခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်မလားလို့ အစီအစဉ်တင်ဆက်သူက မေးမြန်းတဲ့အခါမှာတော့ ” ရနိုင်ပါတယ်။ အော်ဒီဂွါ့ဒ်၊ ဆာကာ၊ မာတင်နယ်လီနဲ့ စမစ်ရိုးပါဝင်တဲ့ ဒီကစားသမား အစုအဖွဲ့အကြောင်းကို ကျွန်တော် နည်းနည်းသိလာပြီလို့ ခံစားရလို့ပါ။ သူတို့ရဲ့ မျက်လုံးထဲမှာ ကျွန်တော့်ကိုယ်ကို ပြန်မြင်နေရပါတယ်။ ကျွန်တော် မကြာသေးခင်က လေ့ကျင့်ရေးကွင်းမှာ ရှိနေခဲ့ပြီး သူတို့ကို မြင်ခဲ့ပါတယ်။ သူတို့တွေက အရမ်းကို ကောင်းတဲ့ကလေးတွေပါ။ နှိမ့်ချတတ်တယ်။ သူတို့တွေက အလုပ်ပြင်းပြင်းထန်ထန် လုပ်ကြတယ်။ သူတို့ကြားမှာ တကယ်ကောင်းမွန်တဲ့ အပြန်အလှန် နားလည်မှုတွေရှိနေပြီး ကျွန်တော် အဲဒါကိုလည်း မြင်ခဲ့တယ်”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar
Ref: Internet

ZAWGYI:

-စပို႔တင္းလစၥဘြန္းေနာက္ခံလူ ဂ်ယ္ရီ စိန႔္ ဂ်ပ္စတီက ဂန္းနားၾကယ္ပြင့္ ၂ ဦးျဖစ္တဲ့ ဆာကာနဲ႔ မာတီနယ္လီတို႔ကို ဥေရာပရဲ႕ အေကာင္းဆုံးေတာင္ပံကစားသမား ၂ ဦးလို႔ ခ်ီးက်ဴးပါတယ္။ ယခုရာသီမွာ သြင္းဂိုး ၃၇ ဂိုးအထိ ပါဝင္ပတ္သက္ထားခဲ့ၾကတဲ့ ဆာကာနဲ႔ မာတီနယ္လီတို႔က ဥေရာပမွာ အေကာင္းဆုံးေတာင္ပံကစားသမားေတြလားလို႔ ေမးျမန္းခဲ့ရာမွာ စိန႔္ ဂ်ပ္စတီက “ဟုတ္ပါတယ္။ ကြၽန္ေတာ္ အဲဒီလိုပဲ ထင္တယ္။ သူတို႔ေတြမွာ အရည္အေသြးေတြ အမ်ားႀကီးရွိၿပီး အဲဒါကို အပတ္တိုင္း အျမင့္မားဆုံးအဆင့္မွာ သက္ေသျပသေနပါတယ္။ အဲဒီေတာ့ စိတ္လႈပ္ရွားစရာေကာင္းတဲ့ စိန္ေခၚမႈျဖစ္လာေတာ့မွာပါ။ ကစားသမားေတြနဲ႔ ဝန္ထမ္းေတြအေနနဲ႔ ဒီပြဲကို ကစားလို႔ အရမ္းေကာင္းမယ့္ပြဲလို႔ ျမင္ၾကမယ္လို႔ ထင္ပါတယ္။ သူတို႔ေတြက ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာရပ္တည္ေနၿပီး ကြၽန္ေတာ္တို႔ ကိုယ့္ကိုကိုယ္ အေကာင္းဆုံးဆိုတဲ့အသင္းနဲ႔ ရင္ဆိုင္ၿပီး စမ္းသပ္ခ်င္ပါတယ္။ အာဆင္နယ္က အႏိုင္ရရွိခ်င္တဲ့အသင္း၊ ဖိအားေပးခ်င္တဲ့အသင္း၊ ေဘာလုံးနဲ႔အတူ အရည္အေသြးေတြရွိတဲ့အသင္းလို႔ ေမွ်ာ္မွန္းထားပါတယ္။ ကြၽန္ေတာ္တို႔ လ်င္ျမန္သြက္လက္တဲ့အာဆင္နယ္ကို ျမင္ေတြ႕ရဖို႔ ေမွ်ာ္မွန္းထားပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

-အာဆင္နယ္ဂိုးသမားေဟာင္း ရွက္ဇနီဟာ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းကို ေျပာင္းေ႐ႊ႕ႏိုင္မယ့္ အခြင့္အေရးကို ျငင္းပယ္ခဲ့တယ္လို႔ သိရၿပီး ဂန္းနားေတြနဲ႔ အတူမရွိေတာ့ေပမယ့္လည္း အသင္းအေပၚ သစၥာရွိခဲ့တာျဖစ္ပါတယ္။ လက္ရွိ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းမွာ ေဘာလုံးဒါ႐ိုက္တာအျဖစ္ တာဝန္ထမ္းေဆာင္ေနတဲ့ ပါရာတီစီက လိုရစ္ရဲ႕ေနရာမွာ အစားထိုးေခၚယူမႈအျဖစ္ ဂ်ဴဗင္တပ္ကေန ထြက္ခြာဖို႔ ျပင္ဆင္ေနတဲ့ ရွက္ဇနီကို ကမ္းလွမ္းခဲ့တာျဖစ္ၿပီး စပါးစ္ဆီကေန ကမ္းလွမ္းမႈကို ခ်က္ခ်င္းပဲ ႏိုး လို႔ ရွက္ဇနီက ျပတ္ျပတ္သားသားျငင္းဆိုခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ပိုလန္လက္ေ႐ြးစင္ဂိုးသမားဟာ ဂ်ဴဗင္တပ္နဲ႔ ၂၀၂၄ ခုႏွစ္ေႏြရာသီမွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး စီးရီးေအကလပ္အသင္းက ေနာက္ထပ္တစ္ႏွစ္သက္တမ္းတိုးခ်င္ေနေပမယ့္လည္း ရွက္ဇနီက ေမဂ်ာလိဂ္ကို ေျပာင္းေ႐ႊ႕ၿပီး ကစားသမားဘဝကို ေျမာက္အေမရိကမွာ အဆုံးသတ္ခ်င္ေနတယ္လို႔ သိရပါတယ္။

-ဂ်ာနယ္လစ္ ခ်ားလ္စ္ ဝက္တ္စ္က အာဆင္နယ္အေနနဲ႔ ဘုန္းေမာက္နဲ႔ပြဲက ထူးျခားတဲ့ႏိုင္ပြဲအၿပီး ေအာင္ပြဲခံမႈေၾကာင့္ အက္ဖ္ေအရဲ႕ စြဲခ်က္တင္ျခင္းခံရႏိုင္တယ္ဆိုတဲ့ သတင္းေတြကို ျပစ္တင္ႀကိမ္းေမာင္းခဲ့ၿပီး အာတီတာရဲ႕အသင္းဟာ အမ္းမရိတ္စ္မွာ ရိစ္ နယ္လ္ဆန္ရဲ႕ ေနာက္က်အႏိုင္ဂိုးေၾကာင့္ အံ့အားသင့္ဖြယ္ ႏိုင္ပြဲ ရယူႏိုင္ခဲ့တဲ့အတြက္ အားပါးတရ ေအာင္ပြဲခံခဲ့ၾကတာျဖစ္ပါတယ္။ “ခင္ဗ်ား အဲဒါကို ဘယ္လို ေခါင္းစဥ္တပ္မလဲ။ ဟာသတစ္ခုလား။ ရယ္စရာပဲလား။ ကြၽန္ေတာ္ မသိဘူး။

ဒါေပမယ့္ မ်ားေသာအားျဖင့္ သတင္းေတြက အက္ဖ္ေအက အဲဒီကိစၥကို စုံစမ္းစစ္ေဆးေနၿပီ။ ဘုန္းေမာက္နဲ႔ပြဲက ႏိုင္ပြဲအၿပီး ေအာင္ပြဲခံမႈကို စုံစမ္းေနၿပီတဲ့။ ဘယ္ကေန ဒီကိစၥကို စၿပီးေတာ့ စုံစမ္းစစ္ေဆးမွာလဲ ကြၽန္ေတာ္ မသိဘူး။ ကြၽန္ေတာ္ဆိုလိုတာက ဒီမွာ နည္းစနစ္ပိုင္းအရ ကြၽန္ေတာ္ ေျပာခ်င္တာက ခင္ဗ်ား စည္းမ်ဥ္းေတြအတိုင္း သြားမယ္ဆိုရင္ အက္ဖ္ေအအေနနဲ႔ အေရးယူႏိုင္တဲ့တစ္စုံတရာ ရွိႏိုင္တယ္။ ဘာလို႔လဲဆိုေတာ့ ကစားသမားေတြအားလုံးက ကြင္းထဲ ဝင္ေျပးလာခဲ့တာမို႔လို႔ပါ။ စည္းမ်ဥ္းအရ ကစားသမားေတြနဲ႔ နည္းျပအဖြဲ႕က နည္းစနစ္ပိုင္းၫႊန္ၾကားတဲ့ ဧရိယာထဲမွာပဲ ေနရမွာျဖစ္ၿပီး တစ္ခုခုျဖစ္တာမ်ိဳး မရွိဘူးဆိုရင္ေတာ့ အဲဒီအတိုင္းပဲ ေနရမွာပါ။ အဲဒီေတာ့ ပုံမွန္အားျဖင့္ အ႐ိုးအေၾကာကုသေရးကြၽမ္းက်င္သူက ဒဏ္ရာရကစားသမားကို ကုသဖို႔ ကြင္းထဲကို ေျပးဝင္ခြင့္ရွိတယ္။ အဲဒီလိုမ်ိဳးေတာ့ ရွိတယ္။ ဆိုေတာ့ ဟုတ္ပါတယ္။ စည္းမ်ဥ္းေတြက ရွိတယ္။ ဒါေပမယ့္ လုပ္စမ္းပါ။ ကြၽန္ေတာ္ ဆိုလိုတာက နည္းနည္းေတာ့ ဆင္ျခင္တုံတရားေလးကို သုံးစမ္းပါ။ ေဘာလုံးက ဒီလိုမ်ိဳး အခိုက္အတန႔္ေတြကို စည္းမ်ဥ္းေတြနဲ႔ တကယ္ႀကီး ကိုင္ေပါက္ခ်င္လို႔လား”လို႔ ေျပာၾကားခဲ့ပါတယ္။

-အာဆင္နယ္ ကစားသမားမ်ားရဲ႕ေလ့က်င့္မႈကို ၾကည့္ရႈရန္ လန္ဒန္ကိုေနးလ္ ေလ့က်င္းေရးကြင္းကို ေရာက္ရွိခဲ့တဲ့ အာဆင္နယ္အသင္းေခါင္းေဆာင္ေဟာင္း ဖာဘရီဂတ္စ္က ဂန္းနားၾကယ္ပြင့္ေလးေယာက္ကို အလြန္ပဲ မ်က္စိက်ခဲ့ေၾကာင္း ေျပာခဲ့ပါတယ္။ ဖာဘရီဂတ္စ္ဟာ အာဆင္နယ္သို႔ ကစားသမားတစ္ဦးအေနနဲ႔ ျပန္လာရန္ အခြင့္အေရးမရခဲ့ေသာ္လည္း မၾကာေသးမီက အာဆင္နယ္ ေလ့က်င့္ေရးကြင္းကို ျပန္ေရာက္ရွိလာၿပီး နည္းျပတစ္ဦးျဖစ္လာရန္ လာေရာက္ျပင္ဆင္ေနျခင္းျဖစ္ပါတယ္။

ဂန္းနားတစ္ေယာက္အေနနဲ႔ ၈ ႏွစ္ၾကာ အာဆင္နယ္အတြက္ ကစားေပးခဲ့တဲ့ စပိန္းသားဟာ Kammy နဲ႔ Ben တို႔ရဲ႕Football Podcast အစီအစဥ္မွာ အာဆင္နယ္အသင္းနဲ႔ ပတ္သတ္တဲ့ အတိတ္နဲ႔ ပစၥဳပၸန္အရာအားလုံးကို ေဆြးေႏြးခဲ့ၿပီး ယခု အာဆင္နယ္ကစားသမား ၄ ဦးကို ခ်ီးက်ဴးသြားခဲ့ျခင္းျဖစ္ပါတယ္။ မီေခးလ္ အာတီတာနဲ႔ အာဆင္နယ္အသင္းႀကီး ကစားသမားေတြ လန္ဒန္ကိုေနးလ္ ေလ့က်င့္ေရးကြင္းမွာ ေလ့က်င့္ေနၾကတာကို ၾကည့္ရႈအၿပီး ေအာ္ဒီဂြါ့ဒ္၊ ဆာကာ၊ မာတင္နယ္လီနဲ႔ စမစ္႐ိုးတို႔ ၄ ေယာက္က အထင္ႀကီးဖို႔ေကာင္းၿပီး အရမ္းေကာင္းၾကတဲ့ ကစားသမားေတြလို႔ ခ်ီးက်ဴးခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ ဒီရာသီ ပရီးမီးယားလိဂ္ဖလားကို ဆြတ္ခူးႏိုင္မလားလို႔ အစီအစဥ္တင္ဆက္သူက ေမးျမန္းတဲ့အခါမွာေတာ့ ” ရႏိုင္ပါတယ္။ ေအာ္ဒီဂြါ့ဒ္၊ ဆာကာ၊ မာတင္နယ္လီနဲ႔ စမစ္႐ိုးပါဝင္တဲ့ ဒီကစားသမား အစုအဖြဲ႕အေၾကာင္းကို ကြၽန္ေတာ္ နည္းနည္းသိလာၿပီလို႔ ခံစားရလို႔ပါ။ သူတို႔ရဲ႕ မ်က္လုံးထဲမွာ ကြၽန္ေတာ့္ကိုယ္ကို ျပန္ျမင္ေနရပါတယ္။ ကြၽန္ေတာ္ မၾကာေသးခင္က ေလ့က်င့္ေရးကြင္းမွာ ရွိေနခဲ့ၿပီး သူတို႔ကို ျမင္ခဲ့ပါတယ္။ သူတို႔ေတြက အရမ္းကို ေကာင္းတဲ့ကေလးေတြပါ။ ႏွိမ့္ခ်တတ္တယ္။ သူတို႔ေတြက အလုပ္ျပင္းျပင္းထန္ထန္ လုပ္ၾကတယ္။ သူတို႔ၾကားမွာ တကယ္ေကာင္းမြန္တဲ့ အျပန္အလွန္ နားလည္မႈေတြရွိေနၿပီး ကြၽန္ေတာ္ အဲဒါကိုလည္း ျမင္ခဲ့တယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

Arsenal Myanmar
Ref: Internet