ချဲလ်ဆီးနဲ့ပွဲမတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အာတီတာ ပြောခဲ့သမျှ
အာဆင်နယ်နည်းပြ အာတီတာဟာ စနေနေ့စတမ်းဖို့ဒ်ဘရစ်ချ်ကို သွားရောက်ယှဉ်ပြိုင်ရမယ့်ပွဲစဉ်မတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပရိသတ်တွေ သိချင်နေမယ့် မေးခွန်းတွေကို ဖြေကြားပေးခဲ့ပါတယ်။
မေး-ဆာကာ၊ ဆာလီဘာ၊ ထရော့ဆာ့ဒ်တို့နဲ့ပတ်သက်ပြီး ဘာထူးလဲ။
ဖြေ-အများကြီးမရှိပါဘူး။ ကျွန်တော်တို့မှာ ကစားသမားအများကြီး မရှိပါဘူး။ ကျွန်တော်တို့ ဒီနေ့ ပထမဆုံးလေ့ကျင့်ရေးအစီအစဉ်ကို လုပ်သွားမှာဖြစ်ပြီး လေ့ကျင့်ရေးပြီးမှ ကျွန်တော်တို့ ပိုသိမှာပါ။
မေး- နိုင်ငံတကာပွဲစဉ်အားလပ်ရက်က အချိန်ကောင်းမှာ ရောက်လာတာလား။
ဖြေ-ခင်ဗျား ရလဒ်ကောင်းတွေရနေချိန်မှာ ဆက်ပြီး ကစားချင်မှာပါ။ ကျွန်တော်တို့ အဲဒါကို မှန်ကန်တဲ့ပုံစံအတိုင်း အသုံးချရမယ်။ ကျွန်တော်တို့မှာ နိုင်ငံတကာပွဲသွားကစားတဲ့ကစားသမားတွေ အများကြီးရှိတယ်။ သူတို့တွေ အားလုံးရဲ့ စိတ်ကူးတွေထဲထိ ချိတ်ဆက်ထားရမယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ချဲလ်ဆီးအိမ်ကွင်းမှာ တကယ်ကို ခက်ခဲတဲ့ပွဲကစားရတော့မှာမို့လို့ပါ။
မေး- စီးတီးနဲ့ပွဲအပြီးမှာ ပပ် ခင်ဗျားကို ဘာပြောခဲ့တာလဲ။
ဖြေ- ဘာမှ ထူးထူးဆန်းဆန်းမဟုတ်ပါဘူး။ ကျွန်တော်တို့ သူတို့နဲ့ တော်တော်လေးကို ရင်ဆိုင်ခဲ့ရတာ သိသာပြီး ခင်ဗျား အရေးကြီးတဲ့နိုင်ပွဲရတဲ့အခါမှာ ချီးကျူးဂုဏ်ပြုစကားတွေ အများကြီးရမှာပါ။ ကျွန်တော်တို့အတွက် လှပတဲ့ နေ့တစ်နေ့ဖြစ်ခဲ့ပြီး ကျွန်တော်တို့ ဒီတိုင်း ဆက်သွားမှာပါ။
မေး-နှစ်သင်း ပါဝင်ပတ်သက်နေတာတောင်မှပဲ စီးတီးနဲ့ နှစ်ကောင်တည်းပြေးတဲ့ပြိုင်ပွဲဖြစ်ဦးမှာလား။
ဖြေ-ကျွန်တော် ဘယ်သူတွေ ပါဝင်ပတ်သက်မှာလဲဆိုတာ မသိဘူး။ ကျွန်တော်တို့ အဲဒီပြိုင်ပွဲမှာ ရှိနေချင်တယ်။ ဒါက ကျွန်တော်သိတဲ့ တစ်ခုတည်းသောအရာပဲ။ လိဂ်က တောင်းဆိုမှု အရမ်းများတယ်။ ခင်ဗျား အဲဒါကို အပတ်တိုင်း မြင်မှာပါ။ အရမ်းကို ပွင့်လင်းတဲ့ပြိုင်ပွဲဖြစ်လာတော့မယ်လို့ ကျွန်တော်ထင်တယ်။
မေး- ချဲလ်ဆီးနဲ့ပွဲကို စောင့်မျှော်နေပြီလား။
ဖြေ-အဲဒါက ပွဲကြီးတစ်ပွဲဖြစ်ပြီး နှစ်သင်းကြားမှာ ကြီးမားတဲ့သမိုင်းကြောင်းလည်း ရှိပါတယ်။ ကျွန်တော်တို့ သူတို့နဲ့ အရင်တုန်းက ကစားခဲ့တဲ့ ပွဲစဉ်ပုံစံမျိုးကို သိပါတယ်။ ဒါပေမယ့် ဒီပွဲက မတူညီတဲ့ပွဲတစ်ပွဲပါ။ ကျွန်တော် ချဲလ်ဆီးကို တကယ် အထင်ကြီးမိခဲ့ပါတယ်။ သူတို့တွေက အခု အမှတ်ပေးဇယားမှာ ရပ်တည်နေတဲ့နေရာထက် ပိုကောင်းတဲ့နေရာမှာ ရှိနေဖို့ ထိုက်တန်ပါတယ်။ မူရီဆီယို အချိန်တိုအတွင်း လုပ်ခဲ့တာတွေက ထူးခြားဆန်းကြယ်ပါတယ်။ ကျွန်တော်တို့ မနက်ဖြန်ကျရင် အကောင်းဆုံးပုံစံမှာ ရှိနေရမှာပါ။
မေး- ကိုင် ဟာဗတ်ဇ်အတွက် ချဲလ်ဆီးကို ပြန်သွားရမှာပေါ့။
ဖြေ-ဂျော်ဂျီလည်း အတူတူပါပဲ။ သူတို့တွေ စိတ်လှုပ်ရှားနေမယ်ဆိုတာ ကျွန်တော် သေချာပါတယ်။ သူတို့တွေ အဲဒီပွဲမှာ ရှိနေမှာဖြစ်ပြီး အသင်းနဲ့ပတ်သက်ပြီးလည်း အရမ်းကို အကောင်းပြောကြပါတယ်။ သူတို့အတွက် ထူးခြားတဲ့နေ့တစ်နေ့ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် သေချာပါတယ်။
မေး- ရမ်းစ်ဒေးလ်က အင်္ဂလန်က နေရာအတွက် စိုးရိမ်တယ်လို့ ပြောလာတယ်နော်။ အဲဒါကိုရော ဘယ်လိုချဉ်းကပ်မလဲ။
ဖြေ-ကစားချင်သလောက် မကစားရတဲ့ ကစားသမားတိုင်းအတွက်တော့ အဲဒါကမလွယ်ကူပါဘူး။ အဲဒါကို လုပ်ဖို့ တစ်ခုတည်းသောနည်းလမ်းက ပိုပြီး ကြိုးကြိုးစားစား အလုပ်လုပ်ဖို့၊ ခင်ဗျား ပွဲအတွက် ရှိနေတဲ့ သက်ဝင်မှုကို ပြသဖို့၊ အသင်းကို မတူညီတဲ့ နည်းလမ်းနဲ့ ကူညီပေးဖို့၊ ခင်ဗျား အခွင့်အရေးရတဲ့အချိန်မှာ အကောင်းဆုံးလုပ်ပြီး အသင်းကို အနိုင်ရအောင် ကူညီပေးဖို့ပါ။
မေး- စီးတီးနိုင်ပွဲအပြီးကတည်းက စိတ်ပိုင်းဆိုင်ရာ အားတက်မှုကို ခံစားခဲ့ရလား။
ဖြေ- အဲဒါက ကျွန်တော်တို့ နောက်ဆုံးကစားခဲ့ရတဲ့ ပွဲဖြစ်ပြီး ကျွန်တော်တို့ ကြားထဲမှာ ရှိခဲ့တဲ့ ခံစားချက်က အရမ်းလှပခဲ့ပါတယ်။ ခင်ဗျား အဲဒီပွဲရဲ့ အရေးပါမှုကို ပတ်ဝန်းကျင်အငွေ့အသက်ထဲမှာတောင် ခံစားမိနိုင်ပြီး ကျွန်တော်တို့ အသင်းအဖွဲ့အနေနဲ့ ယှဉ်ပြိုင်နိုင်ခဲ့တယ်။ ဒါပေမယ့် အဲဒါက ပွဲစဉ်တစ်ပွဲပါပဲ။ အခု ခြေစွမ်းပိုင်းတည်ငြိမ်မှုရှိဖို့နဲ့ အဆင့်အတန်းကို မြင့်မြင့်မားမား ထိန်းသိမ်းထားဖို့ပဲ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ချဲလ်ဆီးနဲ့ ကစားရမယ့် လာမယ့်ပွဲက ပိုလို့တောင် ခက်ခဲမှာမို့လို့ပါ။
မေး-ခင်ဗျား နိုင်ငံတကာပွဲစဉ် အားလပ်ရက်တွေမှာ ဆာကာကို အနားပိုရတာကို မြင်ချင်ခဲ့လား။ သူက လာမယ့်နှစ် ယူရိုလူစာရင်းထဲမှာလည်း ပါနေမှာဆိုတော့လေ။
ဖြေ- သူတို့တွေ အဲဒါကို ဘယ်လို ချဉ်းကပ်မလဲဆိုတာ မသိပါဘူး။ ကျွန်တော်တို့ ကစားသမားက ကြံ့ခိုင်နေတဲ့အခါမှာ သူတို့တွေ လက်ရွေးစင်အသင်းကို သွားတာ တကယ်ပျော်ရွှင်မိပါတယ်။ ကျွန်တော်တို့ အမြဲတမ်း အဲဒီလိုပဲ လုပ်ခဲ့တာပါ။ ကစားသမားက သွားချင်ပြီး သူတို့တွေ လက်ရွေးစင်အသင်းနဲ့ ရှိတဲ့အချိန်တိုင်း အရမ်းကောင်းမွန်တဲ့ ဆန္ဒပြည့်ဝမှုလို့ ထင်ပါတယ်။ ကစားသမားတွေ ကြံ့ခိုင်နေရင်တော့ သူတို့ကို ရွေးချယ်လို့ ရမှာပါ။
မေး- ခင်ဗျား သူ့ကို အရမ်းတော့ မသုံးစေချင်ဘူးမလား။
ဖြေ- ဟင့်အင်း။ ခင်ဗျား သုံးစေချင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် တစ်ခါတလေ ခင်ဗျား ကစားသမားတွေကို မေးကြည့်ရင် သူတို့တွေ ၃၊ ၄ ရက်တိုင်း ကစားနေရရင် ပိုကောင်းတယ်လို့ ခံစားရတယ်ဆိုပြီး ပြောကြတယ်။ တစ်ခါတလေ သူတို့တွေ ဒဏ်ရာရနိုင်တယ်။ ဒါက ပြိုင်ပွဲရဲ့ အစိတ်အပိုင်းတစ်ခုပါ။
မေး- မနက်ဖြန် ဆာကာ ကစားချင်တယ်တဲ့လား။
ဖြေ- သူ ကစားချင်မယ်ဆိုတာ ကျွန်တော် သေချာတယ်။ ပွဲထွက် ၁၁ ဦးထဲမှာ မပါဝင်ချင်တဲ့ကစားသမားမျိုး ကျွန်တော် မမြင်ဖူးပါဘူး။
မေး- ဆာလီဘာရဲ့ ဒဏ်ရာက တစ်ရာသီလုံး သူ့ကို ဒုက္ခပေးနိုင်လား။
ဖြေ- ဆာလီဘာက အခုဆိုရင် ခြေမဒဏ်ရာရထားတာ ရက်သတ္တပတ်တော်တော်ကြာပါပြီ။ ကျွန်တော်တို့ အဲဒီအချိန်တွေကို အထိုင်ကျအောင် လုပ်ဖို့အတွက် အသုံးပြုရမယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်က ကျွန်တော်တို့ အဲဒါကို လုပ်ဖို့အတွက် အကောင်းဆုံးအချိန်ဖြစ်ခဲ့တယ်လို့ ယုံကြည်ပါတယ်။
မေး- သူ မနက်ဖြန်အတွက် ပါဝင်ကစားပေးဖို့ မသေချာဘူးလား။
ဖြေ-ဒီနေ့ သူဘယ်လိုလေ့ကျင့်ရေးလုပ်လဲဆိုတဲ့အပေါ်မှာ မူတည်တယ်။
မေး- အခုလို ပွဲကြီးတွေမှာ ခင်ဗျားရဲ့ မှတ်တမ်းတွေနဲ့ပတ်သက်ပြီး ပြန်ကြည့်ဖြစ်လား။
ဖြေ- ကျွန်တော် တစ်ပွဲချင်းစီပဲ ယှဉ်ပြိုင်ပါတယ်။ မနက်ဖြန် သူတို့မှာ တကယ်ကို အားကောင်းတဲ့လူစာရင်းရှိမှာပါ။ သူတို့တွေ တကယ်ကောင်းကောင်း ကစားနေတယ်။ ကျွန်တော်တို့ မနက်ဖြန်သူတို့ဆီသွားပြီး အနိုင်ယူဖို့ ကြိုးစားသွားမှာပါ။ အရင်တုန်းက ဖြစ်ခဲ့တာတွေက အရေးမပါပါဘူး။
မေး- ဆာကာအတွက် နိုင်ငံတကာပွဲစဉ် အားလပ်ရက်က ဘယ်လောက်အထိ အကျိုးအမြတ်ရှိခဲ့လဲ။
ဖြေ- ဆာကာကလည်း ဒီပွဲအတွက် ကြံ့ခိုင်မှုရဖို့ အရမ်းပြင်းပြင်းထန်ထန် အလုပ်လုပ်ခဲ့တယ်။ သူ ဒီနေ့ဘယ်နေရာမှာ ရှိနေမလဲ ကြည့်တာပေါ့။ သူ လိုအပ်နေခဲ့တဲ့ နားရက်တွေ အများကြီးရခဲ့ပေမယ့် နိုင်ငံတကာပွဲအားလပ်ရက်အကုန်လုံး သူ နားနေခဲ့တာတော့မဟုတ်ပါဘူး။ သူ ကုသမှုတွေနဲ့ လေ့ကျင့်ရေးတွေ လုပ်ခဲ့ပါတယ်။ ချဲလ်ဆီးနဲ့ပွဲမှာ ပါဝင်ကစားပေးနိုင်ဖို့အတွက် အဆင်သင့်ဖြစ်နေအောင်လို့ပါ။
မေး- ဆာကာ၊ မာတီနယ်လီ၊ ဂျေးဇုတို့ ကွင်းထဲမှာ အတူတူရှိနေတာက အကူအညီဖြစ်လား။
ဖြေ- ဖြစ်တာပေါ့။ ကျွန်တော်တို့မှာ ဒဏ်ရာပြဿနာတွေ ရှိခဲ့ပြီး ကစားပေးနိုင်တဲ့ကစားသမားတွေလည်း ရှိခဲ့တယ်။ ကျွန်တော်တို့ ကွင်းလယ်က အရမ်း အရေးပါတဲ့ အခြားကစားသမားတွေကိုလည်း သတိရခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သူတို့တွေကို ပြန်ကစားခိုင်းမှာ သေချာပါတယ်။ ဒီလို ကစားသမားတွေ မရှိနေတဲ့အချိန်မှာ မှန်ကန်တဲ့ပုံစံအတိုင်း ဆက်လက် စွမ်းဆောင်ပြီး နိုင်ပွဲတွေ ရယူနိုင်ဖို့ အရေးကြီးပါတယ်။ အခု ကျွန်တော်တို့ သူတို့ကို မြင်တွေ့နိုင်ဖို့ အခွင့်အရေးရှိလာတော့မယ်ဆိုတာ သေချာပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္နည္းျပ အာတီတာဟာ စေနေန႔စတမ္းဖို႔ဒ္ဘရစ္ခ်္ကို သြားေရာက္ယွဥ္ၿပိဳင္ရမယ့္ပြဲစဥ္မတိုင္ခင္ ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ ပရိသတ္ေတြ သိခ်င္ေနမယ့္ ေမးခြန္းေတြကို ေျဖၾကားေပးခဲ့ပါတယ္။
ေမး-ဆာကာ၊ ဆာလီဘာ၊ ထေရာ့ဆာ့ဒ္တို႔နဲ႔ပတ္သက္ၿပီး ဘာထူးလဲ။
ေျဖ-အမ်ားႀကီးမရွိပါဘူး။ ကြၽန္ေတာ္တို႔မွာ ကစားသမားအမ်ားႀကီး မရွိပါဘူး။ ကြၽန္ေတာ္တို႔ ဒီေန႔ ပထမဆုံးေလ့က်င့္ေရးအစီအစဥ္ကို လုပ္သြားမွာျဖစ္ၿပီး ေလ့က်င့္ေရးၿပီးမွ ကြၽန္ေတာ္တို႔ ပိုသိမွာပါ။
ေမး- ႏိုင္ငံတကာပြဲစဥ္အားလပ္ရက္က အခ်ိန္ေကာင္းမွာ ေရာက္လာတာလား။
ေျဖ-ခင္ဗ်ား ရလဒ္ေကာင္းေတြရေနခ်ိန္မွာ ဆက္ၿပီး ကစားခ်င္မွာပါ။ ကြၽန္ေတာ္တို႔ အဲဒါကို မွန္ကန္တဲ့ပုံစံအတိုင္း အသုံးခ်ရမယ္။ ကြၽန္ေတာ္တို႔မွာ ႏိုင္ငံတကာပြဲသြားကစားတဲ့ကစားသမားေတြ အမ်ားႀကီးရွိတယ္။ သူတို႔ေတြ အားလုံးရဲ႕ စိတ္ကူးေတြထဲထိ ခ်ိတ္ဆက္ထားရမယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ ခ်ဲလ္ဆီးအိမ္ကြင္းမွာ တကယ္ကို ခက္ခဲတဲ့ပြဲကစားရေတာ့မွာမို႔လို႔ပါ။
ေမး- စီးတီးနဲ႔ပြဲအၿပီးမွာ ပပ္ ခင္ဗ်ားကို ဘာေျပာခဲ့တာလဲ။
ေျဖ- ဘာမွ ထူးထူးဆန္းဆန္းမဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ သူတို႔နဲ႔ ေတာ္ေတာ္ေလးကို ရင္ဆိုင္ခဲ့ရတာ သိသာၿပီး ခင္ဗ်ား အေရးႀကီးတဲ့ႏိုင္ပြဲရတဲ့အခါမွာ ခ်ီးက်ဴးဂုဏ္ျပဳစကားေတြ အမ်ားႀကီးရမွာပါ။ ကြၽန္ေတာ္တို႔အတြက္ လွပတဲ့ ေန႔တစ္ေန႔ျဖစ္ခဲ့ၿပီး ကြၽန္ေတာ္တို႔ ဒီတိုင္း ဆက္သြားမွာပါ။
ေမး-ႏွစ္သင္း ပါဝင္ပတ္သက္ေနတာေတာင္မွပဲ စီးတီးနဲ႔ ႏွစ္ေကာင္တည္းေျပးတဲ့ၿပိဳင္ပြဲျဖစ္ဦးမွာလား။
ေျဖ-ကြၽန္ေတာ္ ဘယ္သူေတြ ပါဝင္ပတ္သက္မွာလဲဆိုတာ မသိဘူး။ ကြၽန္ေတာ္တို႔ အဲဒီၿပိဳင္ပြဲမွာ ရွိေနခ်င္တယ္။ ဒါက ကြၽန္ေတာ္သိတဲ့ တစ္ခုတည္းေသာအရာပဲ။ လိဂ္က ေတာင္းဆိုမႈ အရမ္းမ်ားတယ္။ ခင္ဗ်ား အဲဒါကို အပတ္တိုင္း ျမင္မွာပါ။ အရမ္းကို ပြင့္လင္းတဲ့ၿပိဳင္ပြဲျဖစ္လာေတာ့မယ္လို႔ ကြၽန္ေတာ္ထင္တယ္။
ေမး- ခ်ဲလ္ဆီးနဲ႔ပြဲကို ေစာင့္ေမွ်ာ္ေနၿပီလား။
ေျဖ-အဲဒါက ပြဲႀကီးတစ္ပြဲျဖစ္ၿပီး ႏွစ္သင္းၾကားမွာ ႀကီးမားတဲ့သမိုင္းေၾကာင္းလည္း ရွိပါတယ္။ ကြၽန္ေတာ္တို႔ သူတို႔နဲ႔ အရင္တုန္းက ကစားခဲ့တဲ့ ပြဲစဥ္ပုံစံမ်ိဳးကို သိပါတယ္။ ဒါေပမယ့္ ဒီပြဲက မတူညီတဲ့ပြဲတစ္ပြဲပါ။ ကြၽန္ေတာ္ ခ်ဲလ္ဆီးကို တကယ္ အထင္ႀကီးမိခဲ့ပါတယ္။ သူတို႔ေတြက အခု အမွတ္ေပးဇယားမွာ ရပ္တည္ေနတဲ့ေနရာထက္ ပိုေကာင္းတဲ့ေနရာမွာ ရွိေနဖို႔ ထိုက္တန္ပါတယ္။ မူရီဆီယို အခ်ိန္တိုအတြင္း လုပ္ခဲ့တာေတြက ထူးျခားဆန္းၾကယ္ပါတယ္။ ကြၽန္ေတာ္တို႔ မနက္ျဖန္က်ရင္ အေကာင္းဆုံးပုံစံမွာ ရွိေနရမွာပါ။
ေမး- ကိုင္ ဟာဗတ္ဇ္အတြက္ ခ်ဲလ္ဆီးကို ျပန္သြားရမွာေပါ့။
ေျဖ-ေဂ်ာ္ဂ်ီလည္း အတူတူပါပဲ။ သူတို႔ေတြ စိတ္လႈပ္ရွားေနမယ္ဆိုတာ ကြၽန္ေတာ္ ေသခ်ာပါတယ္။ သူတို႔ေတြ အဲဒီပြဲမွာ ရွိေနမွာျဖစ္ၿပီး အသင္းနဲ႔ပတ္သက္ၿပီးလည္း အရမ္းကို အေကာင္းေျပာၾကပါတယ္။ သူတို႔အတြက္ ထူးျခားတဲ့ေန႔တစ္ေန႔ျဖစ္လာလိမ့္မယ္လို႔ ကြၽန္ေတာ္ ေသခ်ာပါတယ္။
ေမး- ရမ္းစ္ေဒးလ္က အဂၤလန္က ေနရာအတြက္ စိုးရိမ္တယ္လို႔ ေျပာလာတယ္ေနာ္။ အဲဒါကိုေရာ ဘယ္လိုခ်ဥ္းကပ္မလဲ။
ေျဖ-ကစားခ်င္သေလာက္ မကစားရတဲ့ ကစားသမားတိုင္းအတြက္ေတာ့ အဲဒါကမလြယ္ကူပါဘူး။ အဲဒါကို လုပ္ဖို႔ တစ္ခုတည္းေသာနည္းလမ္းက ပိုၿပီး ႀကိဳးႀကိဳးစားစား အလုပ္လုပ္ဖို႔၊ ခင္ဗ်ား ပြဲအတြက္ ရွိေနတဲ့ သက္ဝင္မႈကို ျပသဖို႔၊ အသင္းကို မတူညီတဲ့ နည္းလမ္းနဲ႔ ကူညီေပးဖို႔၊ ခင္ဗ်ား အခြင့္အေရးရတဲ့အခ်ိန္မွာ အေကာင္းဆုံးလုပ္ၿပီး အသင္းကို အႏိုင္ရေအာင္ ကူညီေပးဖို႔ပါ။
ေမး- စီးတီးႏိုင္ပြဲအၿပီးကတည္းက စိတ္ပိုင္းဆိုင္ရာ အားတက္မႈကို ခံစားခဲ့ရလား။
ေျဖ- အဲဒါက ကြၽန္ေတာ္တို႔ ေနာက္ဆုံးကစားခဲ့ရတဲ့ ပြဲျဖစ္ၿပီး ကြၽန္ေတာ္တို႔ ၾကားထဲမွာ ရွိခဲ့တဲ့ ခံစားခ်က္က အရမ္းလွပခဲ့ပါတယ္။ ခင္ဗ်ား အဲဒီပြဲရဲ႕ အေရးပါမႈကို ပတ္ဝန္းက်င္အေငြ႕အသက္ထဲမွာေတာင္ ခံစားမိႏိုင္ၿပီး ကြၽန္ေတာ္တို႔ အသင္းအဖြဲ႕အေနနဲ႔ ယွဥ္ၿပိဳင္ႏိုင္ခဲ့တယ္။ ဒါေပမယ့္ အဲဒါက ပြဲစဥ္တစ္ပြဲပါပဲ။ အခု ေျခစြမ္းပိုင္းတည္ၿငိမ္မႈရွိဖို႔နဲ႔ အဆင့္အတန္းကို ျမင့္ျမင့္မားမား ထိန္းသိမ္းထားဖို႔ပဲ အေရးႀကီးပါတယ္။ ဘာလို႔လဲဆိုေတာ့ ခ်ဲလ္ဆီးနဲ႔ ကစားရမယ့္ လာမယ့္ပြဲက ပိုလို႔ေတာင္ ခက္ခဲမွာမို႔လို႔ပါ။
ေမး-ခင္ဗ်ား ႏိုင္ငံတကာပြဲစဥ္ အားလပ္ရက္ေတြမွာ ဆာကာကို အနားပိုရတာကို ျမင္ခ်င္ခဲ့လား။ သူက လာမယ့္ႏွစ္ ယူ႐ိုလူစာရင္းထဲမွာလည္း ပါေနမွာဆိုေတာ့ေလ။
ေျဖ- သူတို႔ေတြ အဲဒါကို ဘယ္လို ခ်ဥ္းကပ္မလဲဆိုတာ မသိပါဘူး။ ကြၽန္ေတာ္တို႔ ကစားသမားက ႀကံ့ခိုင္ေနတဲ့အခါမွာ သူတို႔ေတြ လက္ေ႐ြးစင္အသင္းကို သြားတာ တကယ္ေပ်ာ္႐ႊင္မိပါတယ္။ ကြၽန္ေတာ္တို႔ အၿမဲတမ္း အဲဒီလိုပဲ လုပ္ခဲ့တာပါ။ ကစားသမားက သြားခ်င္ၿပီး သူတို႔ေတြ လက္ေ႐ြးစင္အသင္းနဲ႔ ရွိတဲ့အခ်ိန္တိုင္း အရမ္းေကာင္းမြန္တဲ့ ဆႏၵျပည့္ဝမႈလို႔ ထင္ပါတယ္။ ကစားသမားေတြ ႀကံ့ခိုင္ေနရင္ေတာ့ သူတို႔ကို ေ႐ြးခ်ယ္လို႔ ရမွာပါ။
ေမး- ခင္ဗ်ား သူ႔ကို အရမ္းေတာ့ မသုံးေစခ်င္ဘူးမလား။
ေျဖ- ဟင့္အင္း။ ခင္ဗ်ား သုံးေစခ်င္မွာမဟုတ္ပါဘူး။ ဒါေပမယ့္ တစ္ခါတေလ ခင္ဗ်ား ကစားသမားေတြကို ေမးၾကည့္ရင္ သူတို႔ေတြ ၃၊ ၄ ရက္တိုင္း ကစားေနရရင္ ပိုေကာင္းတယ္လို႔ ခံစားရတယ္ဆိုၿပီး ေျပာၾကတယ္။ တစ္ခါတေလ သူတို႔ေတြ ဒဏ္ရာရႏိုင္တယ္။ ဒါက ၿပိဳင္ပြဲရဲ႕ အစိတ္အပိုင္းတစ္ခုပါ။
ေမး- မနက္ျဖန္ ဆာကာ ကစားခ်င္တယ္တဲ့လား။
ေျဖ- သူ ကစားခ်င္မယ္ဆိုတာ ကြၽန္ေတာ္ ေသခ်ာတယ္။ ပြဲထြက္ ၁၁ ဦးထဲမွာ မပါဝင္ခ်င္တဲ့ကစားသမားမ်ိဳး ကြၽန္ေတာ္ မျမင္ဖူးပါဘူး။
ေမး- ဆာလီဘာရဲ႕ ဒဏ္ရာက တစ္ရာသီလုံး သူ႔ကို ဒုကၡေပးႏိုင္လား။
ေျဖ- ဆာလီဘာက အခုဆိုရင္ ေျခမဒဏ္ရာရထားတာ ရက္သတၱပတ္ေတာ္ေတာ္ၾကာပါၿပီ။ ကြၽန္ေတာ္တို႔ အဲဒီအခ်ိန္ေတြကို အထိုင္က်ေအာင္ လုပ္ဖို႔အတြက္ အသုံးျပဳရမယ္။ ၿပီးခဲ့တဲ့ရက္သတၱပတ္အနည္းငယ္က ကြၽန္ေတာ္တို႔ အဲဒါကို လုပ္ဖို႔အတြက္ အေကာင္းဆုံးအခ်ိန္ျဖစ္ခဲ့တယ္လို႔ ယုံၾကည္ပါတယ္။
ေမး- သူ မနက္ျဖန္အတြက္ ပါဝင္ကစားေပးဖို႔ မေသခ်ာဘူးလား။
ေျဖ-ဒီေန႔ သူဘယ္လိုေလ့က်င့္ေရးလုပ္လဲဆိုတဲ့အေပၚမွာ မူတည္တယ္။
ေမး- အခုလို ပြဲႀကီးေတြမွာ ခင္ဗ်ားရဲ႕ မွတ္တမ္းေတြနဲ႔ပတ္သက္ၿပီး ျပန္ၾကည့္ျဖစ္လား။
ေျဖ- ကြၽန္ေတာ္ တစ္ပြဲခ်င္းစီပဲ ယွဥ္ၿပိဳင္ပါတယ္။ မနက္ျဖန္ သူတို႔မွာ တကယ္ကို အားေကာင္းတဲ့လူစာရင္းရွိမွာပါ။ သူတို႔ေတြ တကယ္ေကာင္းေကာင္း ကစားေနတယ္။ ကြၽန္ေတာ္တို႔ မနက္ျဖန္သူတို႔ဆီသြားၿပီး အႏိုင္ယူဖို႔ ႀကိဳးစားသြားမွာပါ။ အရင္တုန္းက ျဖစ္ခဲ့တာေတြက အေရးမပါပါဘူး။
ေမး- ဆာကာအတြက္ ႏိုင္ငံတကာပြဲစဥ္ အားလပ္ရက္က ဘယ္ေလာက္အထိ အက်ိဳးအျမတ္ရွိခဲ့လဲ။
ေျဖ- ဆာကာကလည္း ဒီပြဲအတြက္ ႀကံ့ခိုင္မႈရဖို႔ အရမ္းျပင္းျပင္းထန္ထန္ အလုပ္လုပ္ခဲ့တယ္။ သူ ဒီေန႔ဘယ္ေနရာမွာ ရွိေနမလဲ ၾကည့္တာေပါ့။ သူ လိုအပ္ေနခဲ့တဲ့ နားရက္ေတြ အမ်ားႀကီးရခဲ့ေပမယ့္ ႏိုင္ငံတကာပြဲအားလပ္ရက္အကုန္လုံး သူ နားေနခဲ့တာေတာ့မဟုတ္ပါဘူး။ သူ ကုသမႈေတြနဲ႔ ေလ့က်င့္ေရးေတြ လုပ္ခဲ့ပါတယ္။ ခ်ဲလ္ဆီးနဲ႔ပြဲမွာ ပါဝင္ကစားေပးႏိုင္ဖို႔အတြက္ အဆင္သင့္ျဖစ္ေနေအာင္လို႔ပါ။
ေမး- ဆာကာ၊ မာတီနယ္လီ၊ ေဂ်းဇုတို႔ ကြင္းထဲမွာ အတူတူရွိေနတာက အကူအညီျဖစ္လား။
ေျဖ- ျဖစ္တာေပါ့။ ကြၽန္ေတာ္တို႔မွာ ဒဏ္ရာျပႆနာေတြ ရွိခဲ့ၿပီး ကစားေပးႏိုင္တဲ့ကစားသမားေတြလည္း ရွိခဲ့တယ္။ ကြၽန္ေတာ္တို႔ ကြင္းလယ္က အရမ္း အေရးပါတဲ့ အျခားကစားသမားေတြကိုလည္း သတိရခဲ့ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ သူတို႔ေတြကို ျပန္ကစားခိုင္းမွာ ေသခ်ာပါတယ္။ ဒီလို ကစားသမားေတြ မရွိေနတဲ့အခ်ိန္မွာ မွန္ကန္တဲ့ပုံစံအတိုင္း ဆက္လက္ စြမ္းေဆာင္ၿပီး ႏိုင္ပြဲေတြ ရယူႏိုင္ဖို႔ အေရးႀကီးပါတယ္။ အခု ကြၽန္ေတာ္တို႔ သူတို႔ကို ျမင္ေတြ႕ႏိုင္ဖို႔ အခြင့္အေရးရွိလာေတာ့မယ္ဆိုတာ ေသခ်ာပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Exclusive Interview
- Manager's Talk