ချဲလ်ဆီးကို ရှယ်ဖြုတ်မှာလို့ ဟောကိန်းထုတ်လိုက်တဲ့ အီယန် ရိုက် 1024 504 coyg

ချဲလ်ဆီးကို ရှယ်ဖြုတ်မှာလို့ ဟောကိန်းထုတ်လိုက်တဲ့ အီယန် ရိုက်

အီယန် ရိုက်ဟာ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ ကစားသွားမယ့် စနေနေ့ ပရီးမီးယားလိဂ်ပွဲကြီးပွဲကောင်းအတွက် ဟောကိန်းထုတ်လိုက်ပါတယ်။

ချဲလ်ဆီးဟာ စနေနေ့ညနေ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဂန်းနားတွေကို လက်ခံယှဉ်ပြိုင်သွားမှာဖြစ်ပြီး နှစ်သင်းစလုံးဟာ နိုင်ငံတကာပွဲစဉ်အားလပ်ရက်မတိုင်ခင် ကောင်းမွန်တဲ့ခြေစွမ်းကို ပိုင်ဆိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

အလွန်ခက်ခဲတဲ့ စတင်မှုနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် ချဲလ်ဆီးက လက်ရှိမှာတော့ ပြိုင်ပွဲစုံမှာ နောက်ဆုံး ၃ ပွဲစလုံး အနိုင်ရခဲ့ပြီး ပိုချက်တီနိုရဲ့အသင်းဟာ ယုံကြည်မှု ကြီးထွားလာပေမယ့်လည်း အမှတ်ပေးဇယားထိပ်ဆုံးနဲ့ ၉ မှတ်အကွာ အဆင့် ၁၁ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

အာဆင်နယ်ကလည်း ဂိုးကွာခြားချက်ကြောင့် ဇယားထိပ်ဆုံးက တော့တင်ဟမ်ဟော့စပါးရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နေရတာဖြစ်ပြီး ရာသီအစ ရှုံးပွဲမရှိ စံချိန်ကို ဆက်လက် ထိန်းသိမ်းသွားဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။ တကယ်တော့ အာတီတာရဲ့အသင်းဟာ ဒီရာသီ ၁၂ ပွဲကစားထားရာမှာ ၁ ပွဲသာ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဒီပွဲစဉ်ကို ဆုဖလားပြိုင်ဘက် မန်ချက်စတာစီးတီးအပေါ် နိုင်ပွဲရရှိခဲ့ပြီးနောက် အမြင့်မားဆုံး စိတ်ဓာတ်ပိုင်းနဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ချဲလ်ဆီးက ပုံမှန်ခြေစွမ်း ပြန်လည်ရရှိနေပြီဖြစ်ပြီး အိမ်ကွင်းအားသာချက်နဲ့ ဂန်းနားတွေကို အနိုင်ယူနိုင်လိမ့်မယ်လို့ အချို့က ထင်မြင်နေကြပေမယ့်လည်း အာဆင်နယ်ဂန္တဝင် အီယန် ရိုက်ကတော့ အဲဒီလို မမြင်တာဖြစ်ပါတယ်။

“ကျွန်တော်တို့ သူတို့ကို အနိုင်ယူနိုင်မယ်လို့ ထင်တယ်။ ကျွန်တော်တို့ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ချဲလ်ဆီးကို အမြဲတမ်း ပြဿနာဖြစ်စေခဲ့တယ်။ ကျွန်တော်ကတော့ ဒီပွဲက ၃-၁ နဲ့ အနိုင်ရသွားမယ်လို့ ခန့်မှန်းတယ်။ ၂-၁ မဟုတ်ဘူး။ အာဆင်နယ်က အနိုင်ရမှာ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

စနေနေ့မှာ အာတီတာအနေနဲ့ ဂိုးပေါက်မှာ ဒေးဗစ် ရာယာကို ဆက်ပြီး အသုံးပြုသွားမလားဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်သွားရမှာဖြစ်ပြီး စပိန်လူမျိုးနည်းပြက ဂိုးသမား ၂ ဦးစလုံးကို အလှည့်ကျ အသုံးပြုမယ်လို့ ပြောထားပေမယ့်လည်း စပိန်ဂိုးသမားကို လက်ရှိမှာ ရမ်းစ်ဒေးလ်ထက် ပထမပွဲထွက်ဂိုးသမားအဖြစ် ပိုမို အသုံးပြုချင်နေပုံပေါ်နေတာဖြစ်ပါတယ်။

အချို့ကတော့ ဘရန့်တ်ဖို့ဒ်ကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ ရာယာကို ၁၀၀ ရာခိုင်နှုန်း မယုံကြည်ကြပေမယ့်လည်း အီယန် ရိုက်က ထောက်ခံ ပြောဆိုခဲ့တာဖြစ်ပြီး “ခင်ဗျား ဒေးဗစ် ရာယာကို အာဆင်နယ်ပရိသတ်တွေ စိတ်ပျက်ခဲ့တာကို မြင်နိုင်ပါတယ်။ သူတို့တွေ သူ့ကို မန်စီးတီးအတွက် အီဒါဆန်လုပ်သလိုမျိုး ကွင်းလယ်ကို ဘောလုံးကန်တင်ပေးစေချင်တာပါ။ ဒါပေမယ့် အာတီတာက သူ့ကို အဲဒီလို မလုပ်စေချင်ပါဘူး။ ကျွန်တော်တို့ ရောဘတ်တို ဒီဇာဘီနဲ့ အာတီတာတို့လို နည်းပြတွေက သူတို့ ဂိုးသမားတွေ အဝေးဘောပေးပြီး ဘောလုံးပိုင်ဆိုင်မှု ဆုံးရှုံးတာကို မြင်ရတဲ့အခါမှာ မုန်းတီးကြတာကို မြင်နေရတယ်။ သူ့ရဲ့ ဖြန့်ဝေနိုင်စွမ်းက အရမ်းကောင်းပါတယ်။ အာဆင်နယ်ပရိသတ်တွေက သူ အချိန်ယူရမယ်ဆိုတာကို သဘောပေါက်ဖို့ လိုပါတယ်။ ကျွန်တော် ဒီရာသီမှာ ကျွန်တော်တို့ကို ကယ်တင်နိုင်မယ်လို့ ထင်တဲ့ ကာကွယ်မှုအချို့ကို ဒေးဗစ် ရာယာဆီကနေ မြင်ခဲ့ပါတယ်။ အထူးသဖြင့် ကွင်းထဲမှာ သူ့ရဲ့ တည်ငြိမ်တဲ့သဘာဝနဲ့အတူ သူ ဘောလုံးအတွက် ပြေးထွက်လာတဲ့ပုံစံအရပါ။ သူက အရာအားလုံးကို ရင်ဆိုင်ဖို့ မကြောက်ရွံ့ဘူး။ တည်ငြိမ်အေးဆေးမှုက ခံစစ် ၄ ဦးကို အကူအညီဖြစ်စေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အီယန္ ႐ိုက္ဟာ ခ်ဲလ္ဆီးနဲ႔ အာဆင္နယ္တို႔ ကစားသြားမယ့္ စေနေန႔ ပရီးမီးယားလိဂ္ပြဲႀကီးပြဲေကာင္းအတြက္ ေဟာကိန္းထုတ္လိုက္ပါတယ္။

ခ်ဲလ္ဆီးဟာ စေနေန႔ညေန စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ဂန္းနားေတြကို လက္ခံယွဥ္ၿပိဳင္သြားမွာျဖစ္ၿပီး ႏွစ္သင္းစလုံးဟာ ႏိုင္ငံတကာပြဲစဥ္အားလပ္ရက္မတိုင္ခင္ ေကာင္းမြန္တဲ့ေျခစြမ္းကို ပိုင္ဆိုင္ခဲ့ၾကတာ ျဖစ္ပါတယ္။

အလြန္ခက္ခဲတဲ့ စတင္မႈနဲ႔ ရင္ဆိုင္ခဲ့ရၿပီးေနာက္ ခ်ဲလ္ဆီးက လက္ရွိမွာေတာ့ ၿပိဳင္ပြဲစုံမွာ ေနာက္ဆုံး ၃ ပြဲစလုံး အႏိုင္ရခဲ့ၿပီး ပိုခ်က္တီႏိုရဲ႕အသင္းဟာ ယုံၾကည္မႈ ႀကီးထြားလာေပမယ့္လည္း အမွတ္ေပးဇယားထိပ္ဆုံးနဲ႔ ၉ မွတ္အကြာ အဆင့္ ၁၁ ေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

အာဆင္နယ္ကလည္း ဂိုးကြာျခားခ်က္ေၾကာင့္ ဇယားထိပ္ဆုံးက ေတာ့တင္ဟမ္ေဟာ့စပါးရဲ႕ေနာက္ ဒုတိယေနရာမွာ ရပ္တည္ေနရတာျဖစ္ၿပီး ရာသီအစ ရႈံးပြဲမရွိ စံခ်ိန္ကို ဆက္လက္ ထိန္းသိမ္းသြားဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ပါတယ္။ တကယ္ေတာ့ အာတီတာရဲ႕အသင္းဟာ ဒီရာသီ ၁၂ ပြဲကစားထားရာမွာ ၁ ပြဲသာ ရႈံးနိမ့္ခဲ့တာျဖစ္ၿပီး ဒီပြဲစဥ္ကို ဆုဖလားၿပိဳင္ဘက္ မန္ခ်က္စတာစီးတီးအေပၚ ႏိုင္ပြဲရရွိခဲ့ၿပီးေနာက္ အျမင့္မားဆုံး စိတ္ဓာတ္ပိုင္းနဲ႔ ယွဥ္ၿပိဳင္သြားမွာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ခ်ဲလ္ဆီးက ပုံမွန္ေျခစြမ္း ျပန္လည္ရရွိေနၿပီျဖစ္ၿပီး အိမ္ကြင္းအားသာခ်က္နဲ႔ ဂန္းနားေတြကို အႏိုင္ယူႏိုင္လိမ့္မယ္လို႔ အခ်ိဳ႕က ထင္ျမင္ေနၾကေပမယ့္လည္း အာဆင္နယ္ဂႏၲဝင္ အီယန္ ႐ိုက္ကေတာ့ အဲဒီလို မျမင္တာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ သူတို႔ကို အႏိုင္ယူႏိုင္မယ္လို႔ ထင္တယ္။ ကြၽန္ေတာ္တို႔ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ခ်ဲလ္ဆီးကို အၿမဲတမ္း ျပႆနာျဖစ္ေစခဲ့တယ္။ ကြၽန္ေတာ္ကေတာ့ ဒီပြဲက ၃-၁ နဲ႔ အႏိုင္ရသြားမယ္လို႔ ခန႔္မွန္းတယ္။ ၂-၁ မဟုတ္ဘူး။ အာဆင္နယ္က အႏိုင္ရမွာ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

စေနေန႔မွာ အာတီတာအေနနဲ႔ ဂိုးေပါက္မွာ ေဒးဗစ္ ရာယာကို ဆက္ၿပီး အသုံးျပဳသြားမလားဆိုတာ စိတ္ဝင္စားဖြယ္ ေစာင့္ၾကည့္သြားရမွာျဖစ္ၿပီး စပိန္လူမ်ိဳးနည္းျပက ဂိုးသမား ၂ ဦးစလုံးကို အလွည့္က် အသုံးျပဳမယ္လို႔ ေျပာထားေပမယ့္လည္း စပိန္ဂိုးသမားကို လက္ရွိမွာ ရမ္းစ္ေဒးလ္ထက္ ပထမပြဲထြက္ဂိုးသမားအျဖစ္ ပိုမို အသုံးျပဳခ်င္ေနပုံေပၚေနတာျဖစ္ပါတယ္။

အခ်ိဳ႕ကေတာ့ ဘရန႔္တ္ဖို႔ဒ္ကေန အငွားနဲ႔ လာေရာက္ကစားေနတဲ့ ရာယာကို ၁၀၀ ရာခိုင္ႏႈန္း မယုံၾကည္ၾကေပမယ့္လည္း အီယန္ ႐ိုက္က ေထာက္ခံ ေျပာဆိုခဲ့တာျဖစ္ၿပီး “ခင္ဗ်ား ေဒးဗစ္ ရာယာကို အာဆင္နယ္ပရိသတ္ေတြ စိတ္ပ်က္ခဲ့တာကို ျမင္ႏိုင္ပါတယ္။ သူတို႔ေတြ သူ႔ကို မန္စီးတီးအတြက္ အီဒါဆန္လုပ္သလိုမ်ိဳး ကြင္းလယ္ကို ေဘာလုံးကန္တင္ေပးေစခ်င္တာပါ။ ဒါေပမယ့္ အာတီတာက သူ႔ကို အဲဒီလို မလုပ္ေစခ်င္ပါဘူး။ ကြၽန္ေတာ္တို႔ ေရာဘတ္တို ဒီဇာဘီနဲ႔ အာတီတာတို႔လို နည္းျပေတြက သူတို႔ ဂိုးသမားေတြ အေဝးေဘာေပးၿပီး ေဘာလုံးပိုင္ဆိုင္မႈ ဆုံးရႈံးတာကို ျမင္ရတဲ့အခါမွာ မုန္းတီးၾကတာကို ျမင္ေနရတယ္။ သူ႔ရဲ႕ ျဖန႔္ေဝႏိုင္စြမ္းက အရမ္းေကာင္းပါတယ္။ အာဆင္နယ္ပရိသတ္ေတြက သူ အခ်ိန္ယူရမယ္ဆိုတာကို သေဘာေပါက္ဖို႔ လိုပါတယ္။ ကြၽန္ေတာ္ ဒီရာသီမွာ ကြၽန္ေတာ္တို႔ကို ကယ္တင္ႏိုင္မယ္လို႔ ထင္တဲ့ ကာကြယ္မႈအခ်ိဳ႕ကို ေဒးဗစ္ ရာယာဆီကေန ျမင္ခဲ့ပါတယ္။ အထူးသျဖင့္ ကြင္းထဲမွာ သူ႔ရဲ႕ တည္ၿငိမ္တဲ့သဘာဝနဲ႔အတူ သူ ေဘာလုံးအတြက္ ေျပးထြက္လာတဲ့ပုံစံအရပါ။ သူက အရာအားလုံးကို ရင္ဆိုင္ဖို႔ မေၾကာက္႐ြံ႕ဘူး။ တည္ၿငိမ္ေအးေဆးမႈက ခံစစ္ ၄ ဦးကို အကူအညီျဖစ္ေစပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet