ချဲလ်ဆီးနဲ့ပွဲအတွက် ကစားသမား ၃ ဦးကြောင့် ခေါင်းကိုက်နေရတဲ့ အာတီတာ 810 539 coyg

ချဲလ်ဆီးနဲ့ပွဲအတွက် ကစားသမား ၃ ဦးကြောင့် ခေါင်းကိုက်နေရတဲ့ အာတီတာ

အာတီတာဟာ လာမယ့် စနေနေ့ စတမ်းဖို့ဒ် ဘရစ်ချ်ကို သွားရောက်ယှဉ်ပြိုင်ရမယ့် လန်ဒန်ဒါဘီပွဲစဉ်မတိုင်ခင် ကြီးမားတဲ့ လူရွေးချယ်မှုပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။

ဂန်းနားတွေဟာ နိုင်ငံတကာပွဲစဉ်မတိုင်မီ လက်ရှိ ချန်ပီယံ မန်ချက်စတာစီးတီးနဲ့ ရင်ဆိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ သမိုင်းဝင်နိုင်ပွဲရယူနိုင်ခဲ့ပြီးနောက် ခါးသီးပြိုင်ဘက် တော့တင်ဟမ်ဟော့စပါးနဲ့ ဂိုးကွာခြားချက် ကွာခြားချက်ကြောင့် အမှတ်ပေးဇယားဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

နှစ်သင်းစလုံးဟာ စတမ်းဖို့ဒ် ဘရစ်ချ်က ပွဲစဉ်အတွက် ဒဏ်ရာပြဿနာတွေကြောင့် ခေါင်းကိုက်စရာအခြေအနေနဲ့ ရင်ဆိုင်နေရပြီး ချဲလ်ဆီးဘက်မှာလည်း ကိုး ပါလ်မာနဲ့ ရီးစ် ဂျိမ်းစ်တို့ ပါဝင်ကစားပေးဖို့ မရေမရာဖြစ်နေသလို အာဆင်နယ်ဘက်မှာလည်း ဆာကာနဲ့ ပါတေးတို့ရဲ့ ကြံ့ခိုင်မှုအခြေအနေကြောင့် စိတ်ပူနေရတာဖြစ်ပါတယ်။

ဆာကာဟာ အာစီ လွန်းစ်ကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့ပြီးနောက် မန်စီးတီးကို အနိုင်ရခဲ့တဲ့ပွဲစဉ်ကို လွဲချော်ခဲ့ပြီး အင်္ဂလန်လက်ရွေးစင်လူစာရင်းကနေလည်း နုတ်ထွက်ခဲ့ရတာ ဖြစ်ပါတယ်။

ပါတေးက ၆ ပတ်နီးပါးအတွင်း မက္ကဆီကိုနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ဂါနာအတွက် ပထမဆုံး ပွဲထွက်ပါဝင်ကစားပေးခဲ့ပေမယ့်လည်း ပထမပိုင်းမှာ လူစားလဲလှယ်ခြင်း ခံခဲ့ရပြီး ပွဲမတိုင်ခင်မှာ အာဆင်နယ်ဆရာဝန် ဆိုင်မွန် မာဖီနဲ့အတူ မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း စောစောစီးစီး လူစားလဲလှယ်ခြင်းခံခဲ့ရတာက ဒဏ်ရာပြဿနာကြောင့်မဟုတ်ဘူးလို့ ဂါနာနည်းပြ ခရစ္စ ဟုချ်တန်က ပြောဆိုခဲ့ပြီး “သောမတ်စ် ပါတေးက အမြဲတမ်း ၄၅ မိနစ်ပဲ ကစားဖို့ရှိနေခဲ့တာပါ။ သူက ၃ ပတ်ကနေ ၄ ပတ်အထိ ဒဏ်ရာကြောင့် လွဲချော်ခဲ့တယ်။ သူ ပြီးခဲ့တဲ့ ရက်သတ္တပတ်အလယ်မှာ အာဆင်နယ်ကို ပြန်လာခဲ့ပြီး တစ်ပွဲကို အရန်လူစာရင်းထဲမှာ ပါခဲ့တယ်။ နောက်ပွဲမှာ မိနစ် ၂၀ ကစားပေးခဲ့တယ်။ အဲဒီတော့ သူ ၄၅ မိနစ်ပဲ ကစားပေးနိုင်တော့မယ်ဆိုတာ ကျွန်တော်တို့ သိခဲ့တယ်။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဂါနာနည်းပြရဲ့ အတည်ပြုချက်ကြောင့် အာတီတာရဲ့ စိုးရိမ်ပူပင်မှုတွေ သက်သာရာရခဲ့ပေမယ့်လည်း ဂန်းနားနည်းပြအတွက် ကြီးမားတဲ့ ခေါင်းကိုက်စရာပြဿနာနဲ့ ရင်ဆိုင်နေရပြီဖြစ်ပြီး ပေါင်ခြံဒဏ်ရာမရခင်တုန်းက ပါတေးဟာ ညာနောက်ခံနေရာမှာ အသုံးပြုခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဘန် ဝှိုက်က ဗဟိုခံစစ်နေရာကို ပြောင်းရွှေ့ကစားခဲ့ပြီး ဂါဘရီယဲလ်ကို လူစာရင်းထဲမှာ ထည့်သွင်းခဲ့ခြင်းမရှိပေမယ့် ဘရာဇီးလ်နောက်ခံလူဟာ ပါတေး ဒဏ်ရာရသွားလို့ ဘန် ဝှိုက် ညာနောက်ခံနေရာပြန်ရောက်သွားပြီးနောက် ပြန်လည်ပါဝင်ကစားခွင့်ရရှိခဲ့တဲ့အချိန်ကတည်းက အထင်ကြီးဖွယ် ခြေစွမ်းကို ပြသနေခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ဂါဘရီယဲလ်ကိုလည်း ချန်လှပ်ဖို့က မဖြစ်နိုင်တော့ဘဲ ဘန် ဝှိုက်ကို ချန်လှပ်မလားဆိုတော့လည်း အင်္ဂလန်နောက်ခံလူဟာ ယခုရာသီ ဂန်းနားတွေအတွက် ပွဲထွက်ပါဝင်ကစားခဲ့တဲ့ ပွဲစဉ်အားလုံးမှာ ပြိုင်ဘက်တောင်ပံကစားသမားတွေရဲ့ အလဲထိုးခြင်းမခံခဲ့ရတာဖြစ်ပါတယ်။

ပြင်သစ်မှာ ရှုံးနိမ့်ခဲ့တဲ့ ဥရောပပွဲစဉ်အတွင်း ဘန် ဝှိုက်ရဲ့ နေရာမှာ တိုမီယဆုဝင်ကစားခဲ့ချိန်မှာ ဂန်းနားတွေအတွက် အင်္ဂလန်နောက်ခံကစားသမားရဲ့ အရေးပါမှုက ဘယ်လောက်အထိ ရှိနေလဲဆိုတာကို မီးမောင်းထိုးပြသလို ဖြစ်ခဲ့ပါတယ်။

ဒါကြောင့် ဂျော်ဂျင်ဟိုနဲ့ တိုက်ရိုက်အလဲအလှယ်လုပ်တာက ဖြစ်နိုင်ခြေအရှိဆုံးဖြစ်ပြီး အီတလီကွင်းလယ်ကစားသမား ကွင်းလယ်ခံစစ်မှာ ရှိနေခြင်းက ဒီကလန် ရိုက်ကို တိုက်စစ်ပိုမိုလိုက်ပါခွင့်ရစေသလို ခံစစ်အတွက် နောက်ထပ်အပို အကာအကွယ်ဖြစ်စေမှာဖြစ်ပါတယ်။

ဒီအပတ်မှာ အာဆင်နယ်ဟာ ခက်ခဲတဲ့ ပွဲစဉ်တစ်ပွဲနဲ့ ရင်ဆိုင်ရမှာဖြစ်တာကြောင့် အာတီတာသာ ပါတေးကို ပွဲထွက်လူစာရင်းထဲ ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် ဂျော်ဂျင်ညိုကတော့ စတေးခံရမှာဖြစ်ပြီး ဂါဘရီယဲလ်နဲ့ ဝှိုက်တို့ကတော့ ပွဲထွက်လူစာရင်းထဲက နေရာကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ ထိုက်တန်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာတီတာဟာ လာမယ့္ စေနေန႔ စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို သြားေရာက္ယွဥ္ၿပိဳင္ရမယ့္ လန္ဒန္ဒါဘီပြဲစဥ္မတိုင္ခင္ ႀကီးမားတဲ့ လူေ႐ြးခ်ယ္မႈျပႆနာနဲ႔ ရင္ဆိုင္ေနရပါတယ္။

ဂန္းနားေတြဟာ ႏိုင္ငံတကာပြဲစဥ္မတိုင္မီ လက္ရွိ ခ်န္ပီယံ မန္ခ်က္စတာစီးတီးနဲ႔ ရင္ဆိုင္ကစားခဲ့တဲ့ပြဲစဥ္မွာ သမိုင္းဝင္ႏိုင္ပြဲရယူႏိုင္ခဲ့ၿပီးေနာက္ ခါးသီးၿပိဳင္ဘက္ ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ ဂိုးကြာျခားခ်က္ ကြာျခားခ်က္ေၾကာင့္ အမွတ္ေပးဇယားဒုတိယေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

ႏွစ္သင္းစလုံးဟာ စတမ္းဖို႔ဒ္ ဘရစ္ခ်္က ပြဲစဥ္အတြက္ ဒဏ္ရာျပႆနာေတြေၾကာင့္ ေခါင္းကိုက္စရာအေျခအေနနဲ႔ ရင္ဆိုင္ေနရၿပီး ခ်ဲလ္ဆီးဘက္မွာလည္း ကိုး ပါလ္မာနဲ႔ ရီးစ္ ဂ်ိမ္းစ္တို႔ ပါဝင္ကစားေပးဖို႔ မေရမရာျဖစ္ေနသလို အာဆင္နယ္ဘက္မွာလည္း ဆာကာနဲ႔ ပါေတးတို႔ရဲ႕ ႀကံ့ခိုင္မႈအေျခအေနေၾကာင့္ စိတ္ပူေနရတာျဖစ္ပါတယ္။

ဆာကာဟာ အာစီ လြန္းစ္ကို ရႈံးနိမ့္ခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ တံေကာက္ေၾကာဒဏ္ရာ ရရွိခဲ့ၿပီးေနာက္ မန္စီးတီးကို အႏိုင္ရခဲ့တဲ့ပြဲစဥ္ကို လြဲေခ်ာ္ခဲ့ၿပီး အဂၤလန္လက္ေ႐ြးစင္လူစာရင္းကေနလည္း ႏုတ္ထြက္ခဲ့ရတာ ျဖစ္ပါတယ္။

ပါေတးက ၆ ပတ္နီးပါးအတြင္း မကၠဆီကိုနဲ႔ ကစားခဲ့တဲ့ ေျခစမ္းပြဲမွာ ဂါနာအတြက္ ပထမဆုံး ပြဲထြက္ပါဝင္ကစားေပးခဲ့ေပမယ့္လည္း ပထမပိုင္းမွာ လူစားလဲလွယ္ျခင္း ခံခဲ့ရၿပီး ပြဲမတိုင္ခင္မွာ အာဆင္နယ္ဆရာဝန္ ဆိုင္မြန္ မာဖီနဲ႔အတူ ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေစာေစာစီးစီး လူစားလဲလွယ္ျခင္းခံခဲ့ရတာက ဒဏ္ရာျပႆနာေၾကာင့္မဟုတ္ဘူးလို႔ ဂါနာနည္းျပ ခရစၥ ဟုခ်္တန္က ေျပာဆိုခဲ့ၿပီး “ေသာမတ္စ္ ပါေတးက အၿမဲတမ္း ၄၅ မိနစ္ပဲ ကစားဖို႔ရွိေနခဲ့တာပါ။ သူက ၃ ပတ္ကေန ၄ ပတ္အထိ ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့တယ္။ သူ ၿပီးခဲ့တဲ့ ရက္သတၱပတ္အလယ္မွာ အာဆင္နယ္ကို ျပန္လာခဲ့ၿပီး တစ္ပြဲကို အရန္လူစာရင္းထဲမွာ ပါခဲ့တယ္။ ေနာက္ပြဲမွာ မိနစ္ ၂၀ ကစားေပးခဲ့တယ္။ အဲဒီေတာ့ သူ ၄၅ မိနစ္ပဲ ကစားေပးႏိုင္ေတာ့မယ္ဆိုတာ ကြၽန္ေတာ္တို႔ သိခဲ့တယ္။”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဂါနာနည္းျပရဲ႕ အတည္ျပဳခ်က္ေၾကာင့္ အာတီတာရဲ႕ စိုးရိမ္ပူပင္မႈေတြ သက္သာရာရခဲ့ေပမယ့္လည္း ဂန္းနားနည္းျပအတြက္ ႀကီးမားတဲ့ ေခါင္းကိုက္စရာျပႆနာနဲ႔ ရင္ဆိုင္ေနရၿပီျဖစ္ၿပီး ေပါင္ၿခံဒဏ္ရာမရခင္တုန္းက ပါေတးဟာ ညာေနာက္ခံေနရာမွာ အသုံးျပဳျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ဘန္ ဝႈိက္က ဗဟိုခံစစ္ေနရာကို ေျပာင္းေ႐ႊ႕ကစားခဲ့ၿပီး ဂါဘရီယဲလ္ကို လူစာရင္းထဲမွာ ထည့္သြင္းခဲ့ျခင္းမရွိေပမယ့္ ဘရာဇီးလ္ေနာက္ခံလူဟာ ပါေတး ဒဏ္ရာရသြားလို႔ ဘန္ ဝႈိက္ ညာေနာက္ခံေနရာျပန္ေရာက္သြားၿပီးေနာက္ ျပန္လည္ပါဝင္ကစားခြင့္ရရွိခဲ့တဲ့အခ်ိန္ကတည္းက အထင္ႀကီးဖြယ္ ေျခစြမ္းကို ျပသေနခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ ဂါဘရီယဲလ္ကိုလည္း ခ်န္လွပ္ဖို႔က မျဖစ္ႏိုင္ေတာ့ဘဲ ဘန္ ဝႈိက္ကို ခ်န္လွပ္မလားဆိုေတာ့လည္း အဂၤလန္ေနာက္ခံလူဟာ ယခုရာသီ ဂန္းနားေတြအတြက္ ပြဲထြက္ပါဝင္ကစားခဲ့တဲ့ ပြဲစဥ္အားလုံးမွာ ၿပိဳင္ဘက္ေတာင္ပံကစားသမားေတြရဲ႕ အလဲထိုးျခင္းမခံခဲ့ရတာျဖစ္ပါတယ္။

ျပင္သစ္မွာ ရႈံးနိမ့္ခဲ့တဲ့ ဥေရာပပြဲစဥ္အတြင္း ဘန္ ဝႈိက္ရဲ႕ ေနရာမွာ တိုမီယဆုဝင္ကစားခဲ့ခ်ိန္မွာ ဂန္းနားေတြအတြက္ အဂၤလန္ေနာက္ခံကစားသမားရဲ႕ အေရးပါမႈက ဘယ္ေလာက္အထိ ရွိေနလဲဆိုတာကို မီးေမာင္းထိုးျပသလို ျဖစ္ခဲ့ပါတယ္။

ဒါေၾကာင့္ ေဂ်ာ္ဂ်င္ဟိုနဲ႔ တိုက္႐ိုက္အလဲအလွယ္လုပ္တာက ျဖစ္ႏိုင္ေျခအရွိဆုံးျဖစ္ၿပီး အီတလီကြင္းလယ္ကစားသမား ကြင္းလယ္ခံစစ္မွာ ရွိေနျခင္းက ဒီကလန္ ႐ိုက္ကို တိုက္စစ္ပိုမိုလိုက္ပါခြင့္ရေစသလို ခံစစ္အတြက္ ေနာက္ထပ္အပို အကာအကြယ္ျဖစ္ေစမွာျဖစ္ပါတယ္။

ဒီအပတ္မွာ အာဆင္နယ္ဟာ ခက္ခဲတဲ့ ပြဲစဥ္တစ္ပြဲနဲ႔ ရင္ဆိုင္ရမွာျဖစ္တာေၾကာင့္ အာတီတာသာ ပါေတးကို ပြဲထြက္လူစာရင္းထဲ ေခၚယူဖို႔ ဆုံးျဖတ္ခဲ့မယ္ဆိုရင္ ေဂ်ာ္ဂ်င္ညိဳကေတာ့ စေတးခံရမွာျဖစ္ၿပီး ဂါဘရီယဲလ္နဲ႔ ဝႈိက္တို႔ကေတာ့ ပြဲထြက္လူစာရင္းထဲက ေနရာကို ဆက္လက္ထိန္းသိမ္းထားႏိုင္ဖို႔ ထိုက္တန္ပါတယ္။

Arsenal Myanmar

Ref: Internet