အာဆင်နယ်ရဲ့ရှုံးပွဲမရှိစံချိန်ကို အဆုံးသတ်နိုင်တဲ့ ချဲလ်ဆီးကြယ်ပွင့်ကို ပြောပြခဲ့တဲ့ ပေါလ် မာဆန်
ပေါလ် မာဆန်က နိုင်ငံတကာပွဲစဉ် အားလပ်ရက်အပြီး အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ တွေ့ဆုံယှဉ်ပြိုင်တဲ့အချိန်မှာ ဂန်းနားတွေကို ပြဿနာဖြစ်စေနိုင်မယ့် ချဲလ်ဆီးကစားသမားတစ်ဦးကို သတ်မှတ်ခဲ့ပါတယ်။
မူရီဆီယို ပိုချက်တီနိုဟာ လာမယ့် အောက်တိုဘာ ၂၁ ရက်နေ့ ညနေ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ဂန်းနားတွေကို လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ပြင်းထန်တဲ့ လန်ဒန်ဒါဘီပွဲစဉ်ဖြစ်လာလိမ့်မယ်လို့ မျှော်မှန်းခြင်း ခံထားရတာဖြစ်ပါတယ်။
အာဆင်နယ်ဂန္တဝင် ပေါလ် မာဆန်က ချဲလ်ဆီးဟာ ပိုပြီးအားကောင်းတဲ့ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရာမှာ ပိုမိုကောင်းမွန်တဲ့အသင်းဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး အကောင်းဆုံးပုံစံရရှိနေရင် ဘယ်သူ့ကိုမဆို အနိုင်ယူနိုင်တယ်လို့ Sky Sports ကော်လံထဲမှာ ရေးသားခဲ့တာဖြစ်ပါတယ်။
အာတီတာရဲ့အသင်းဟာ ယခုရာသီ ပရီးမီးယားလိဂ်ရာသီအစကို ရှုံးပွဲမရှိစံချိန်နဲ့ ဖြတ်သန်းနေတာဖြစ်ပြီး စပါးစ်၊ ဖူလ်ဟမ်တို့နဲ့ သရေကျခဲ့တဲ့ပွဲစဉ်တွေမှာသာ ရမှတ် လျော့ကျခဲ့တာဖြစ်ပါတယ်။
“သူတို့တွေ ချဲလ်ဆီးနဲ့ ယှဉ်ပြိုင်သွားမှာပါ။ အဲဒါက စိတ်ဝင်စားစရာကောင်းပါလိမ့်မယ်။ ဒါပေမယ့် ပိုကောင်းတဲ့အသင်းတွေနဲ့ ရင်ဆိုင်ရာမှာ လီဗာပူးလ်နဲ့ ရင်ဆိုင်ခဲ့တဲ့ပွဲလိုမျိုးပေါ့။ အဲဒီလိုပွဲတွေက ဒီရာသီမှာ သူတို့တွေ ကောင်းကောင်း ကစားနိုင်ခဲ့တဲ့ပွဲတွေပဲ။ အဲဒီတော့ ဒီပွဲက စိတ်ဝင်စားစရာကောင်းပါလိမ့်မယ်။ ဒါပေမယ့် ချဲလ်ဆီးကို လိဂ်မှာရှိနေတဲ့အသင်းတွေက သူတို့ရဲ့ အကောင်းဆုံးပုံစံရနေတဲ့နေ့မှာ ယှဉ်ပြိုင်ကစားချင်မှာမဟုတ်ပါဘူး။ သူတို့တွေက ဘယ်သူ့ကိုမဆို အနိုင်ယူနိုင်ပြီး ရာဟင်း စတားလင်း ဘန်လေနဲ့တုန်းကလိုမျိုး ကစားနိုင်ရင် သူ့ကို ဘယ်လိုမှ ယှဉ်ကစားလို့မရနိုင်ပါဘူး”
ချဲလ်ဆီးက ယခုအပတ်မှာ ဂန်းနားတွေနဲ့ ပွဲစဉ်ကို ဘန်လေကို ၄-၁ နဲ့ အထင်ကြီးဖွယ် အနိုင်ရရှိခဲ့တဲ့ စိတ်ဓာတ်နဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး အနောက်လန်ဒန်သားတွေဟာ ကွန်ပနီရဲ့ တန်းတက်အသင်းကို အပြတ်အသတ် ချေမှုန်းနိုင်ခဲ့ချိန်မှာ ဂန်းနားတွေကလည်း လက်ရှိချန်ပီယံ မန်စီးတီးကို အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။
မာဆန်က မန်စီးတီးကို အနိုင်ရရှိခဲ့တာက ၎င်းရဲ့ အသင်းဟောင်းအတွက် ပရီးမီးယားလိဂ်ဖလားကို အနိုင်ရဖို့ မျှော်လင့်ချက်အတွက် ကြီးမားတဲ့ အားတက်စရာဖြစ်လိမ့်မယ်လို့ ယုံကြည်နေပြီး စနေနေ့ စတမ်းဖို့ဒ် ဘရစ်ချ်က ပွဲစဉ်အတွက်လည်း ယုံကြည်မှုတွေ မြင့်တက်စေလိမ့်မယ်လို့ ခံစားနေရတာဖြစ်ပါတယ်။
“မန်စီးတီးလို အနိုင်မရတာ ကြာပြီဖြစ်တဲ့အသင်းမျိုးကို အနိုင်ရရှိတာက ကြီးမားတဲ့ ရလဒ်ပါ။ အဲဒါက အာဆင်နယ်ကို သူတို့တွေ အခု ပရီးမီးယားလိဂ်ဖလားကို အနိုင်ရရှိနိုင်တယ်ဆိုတဲ့ ယုံကြည်မှုကို ပေးစွမ်းနိုင်ပါတယ်။ အရေးအကြီးဆုံးအရာက ပြီးခဲ့တဲ့အပတ် ရလဒ်ရရှိပြီးနောက် ရှုံးပွဲမတွေ့ဖို့ပဲ။ လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေတုန်းက မန်စီးတီးက အာဆင်နယ်ကို အနိုင်ရခဲ့ရင် သူတို့တွေ သူတို့ထက် ၇ မှတ်သာသွားပြီ။ ဒါက အာဆင်နယ်အတွက် အဆုံးသတ်ပဲလို့ ခင်ဗျား တွေးခဲ့မှာပါ။ အခု ရုတ်တရက်ပဲ သူတို့တွေ စီးတီးကို အနိုင်ယူခဲ့ပြီး ဒါက သူတို့ကို ယုံကြည်ချက်တွေ အများကြီးပေးပါလိမ့်မယ်။ သူတို့တွေ မနှစ်က သူတို့ကိုသာ တစ်ကြိမ်လောက် အနိုင်ယူနိုင်ခဲ့ရင် လိဂ်ဖလားကိုတောင် အနိုင်ရခဲ့ပါလိမ့်မယ်။ ဒီနိုင်ပွဲက ဘယ်လောက်တောင် ကြီးမားလိုက်သလဲ”လို့ ပြောကြားခဲ့ပါတယ်။
ချဲလ်ဆီးအနေနဲ့ ဂန်းနားတွေရဲ့ ခံစစ်ကို ထိုးဖောက်နိုင်ဖို့ဆိုရင် အကောင်းဆုံးပုံစံမှာ ရှိနေဖို့ လိုအပ်မှာဖြစ်ပြီး ပိုချက်တီနိုရဲ့အသင်းဟာ ခက်ခဲတဲ့ပွဲချိန်ဇယားနဲ့ ရင်ဆိုင်နေရပေမယ့်လည်း အသင်းခေါင်းဆောင် ရီးစ် ဂျိမ်းစ် ဒဏ်ရာကနေ ပြန်လည်ပါဝင်ကစားပေးနိုင်ခြေရှိတာကြောင့် ယုံကြည်မှုတွေ မြင့်တက်နေနိုင်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: ေပါလ္ မာဆန္က ႏိုင္ငံတကာပြဲစဥ္ အားလပ္ရက္အၿပီး အာဆင္နယ္နဲ႔ ခ်ဲလ္ဆီးတို႔ ေတြ႕ဆုံယွဥ္ၿပိဳင္တဲ့အခ်ိန္မွာ ဂန္းနားေတြကို ျပႆနာျဖစ္ေစႏိုင္မယ့္ ခ်ဲလ္ဆီးကစားသမားတစ္ဦးကို သတ္မွတ္ခဲ့ပါတယ္။
မူရီဆီယို ပိုခ်က္တီႏိုဟာ လာမယ့္ ေအာက္တိုဘာ ၂၁ ရက္ေန႔ ညေန စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ဂန္းနားေတြကို လက္ခံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး ျပင္းထန္တဲ့ လန္ဒန္ဒါဘီပြဲစဥ္ျဖစ္လာလိမ့္မယ္လို႔ ေမွ်ာ္မွန္းျခင္း ခံထားရတာျဖစ္ပါတယ္။
အာဆင္နယ္ဂႏၲဝင္ ေပါလ္ မာဆန္က ခ်ဲလ္ဆီးဟာ ပိုၿပီးအားေကာင္းတဲ့ၿပိဳင္ဘက္ေတြနဲ႔ ရင္ဆိုင္ရာမွာ ပိုမိုေကာင္းမြန္တဲ့အသင္းျဖစ္တယ္လို႔ ေျပာဆိုခဲ့ၿပီး အေကာင္းဆုံးပုံစံရရွိေနရင္ ဘယ္သူ႔ကိုမဆို အႏိုင္ယူႏိုင္တယ္လို႔ Sky Sports ေကာ္လံထဲမွာ ေရးသားခဲ့တာျဖစ္ပါတယ္။
အာတီတာရဲ႕အသင္းဟာ ယခုရာသီ ပရီးမီးယားလိဂ္ရာသီအစကို ရႈံးပြဲမရွိစံခ်ိန္နဲ႔ ျဖတ္သန္းေနတာျဖစ္ၿပီး စပါးစ္၊ ဖူလ္ဟမ္တို႔နဲ႔ သေရက်ခဲ့တဲ့ပြဲစဥ္ေတြမွာသာ ရမွတ္ ေလ်ာ့က်ခဲ့တာျဖစ္ပါတယ္။
“သူတို႔ေတြ ခ်ဲလ္ဆီးနဲ႔ ယွဥ္ၿပိဳင္သြားမွာပါ။ အဲဒါက စိတ္ဝင္စားစရာေကာင္းပါလိမ့္မယ္။ ဒါေပမယ့္ ပိုေကာင္းတဲ့အသင္းေတြနဲ႔ ရင္ဆိုင္ရာမွာ လီဗာပူးလ္နဲ႔ ရင္ဆိုင္ခဲ့တဲ့ပြဲလိုမ်ိဳးေပါ့။ အဲဒီလိုပြဲေတြက ဒီရာသီမွာ သူတို႔ေတြ ေကာင္းေကာင္း ကစားႏိုင္ခဲ့တဲ့ပြဲေတြပဲ။ အဲဒီေတာ့ ဒီပြဲက စိတ္ဝင္စားစရာေကာင္းပါလိမ့္မယ္။ ဒါေပမယ့္ ခ်ဲလ္ဆီးကို လိဂ္မွာရွိေနတဲ့အသင္းေတြက သူတို႔ရဲ႕ အေကာင္းဆုံးပုံစံရေနတဲ့ေန႔မွာ ယွဥ္ၿပိဳင္ကစားခ်င္မွာမဟုတ္ပါဘူး။ သူတို႔ေတြက ဘယ္သူ႔ကိုမဆို အႏိုင္ယူႏိုင္ၿပီး ရာဟင္း စတားလင္း ဘန္ေလနဲ႔တုန္းကလိုမ်ိဳး ကစားႏိုင္ရင္ သူ႔ကို ဘယ္လိုမွ ယွဥ္ကစားလို႔မရႏိုင္ပါဘူး”
ခ်ဲလ္ဆီးက ယခုအပတ္မွာ ဂန္းနားေတြနဲ႔ ပြဲစဥ္ကို ဘန္ေလကို ၄-၁ နဲ႔ အထင္ႀကီးဖြယ္ အႏိုင္ရရွိခဲ့တဲ့ စိတ္ဓာတ္နဲ႔ ယွဥ္ၿပိဳင္သြားမွာျဖစ္ၿပီး အေနာက္လန္ဒန္သားေတြဟာ ကြန္ပနီရဲ႕ တန္းတက္အသင္းကို အျပတ္အသတ္ ေခ်မႈန္းႏိုင္ခဲ့ခ်ိန္မွာ ဂန္းနားေတြကလည္း လက္ရွိခ်န္ပီယံ မန္စီးတီးကို အႏိုင္ယူႏိုင္ခဲ့တာျဖစ္ပါတယ္။
မာဆန္က မန္စီးတီးကို အႏိုင္ရရွိခဲ့တာက ၎ရဲ႕ အသင္းေဟာင္းအတြက္ ပရီးမီးယားလိဂ္ဖလားကို အႏိုင္ရဖို႔ ေမွ်ာ္လင့္ခ်က္အတြက္ ႀကီးမားတဲ့ အားတက္စရာျဖစ္လိမ့္မယ္လို႔ ယုံၾကည္ေနၿပီး စေနေန႔ စတမ္းဖို႔ဒ္ ဘရစ္ခ်္က ပြဲစဥ္အတြက္လည္း ယုံၾကည္မႈေတြ ျမင့္တက္ေစလိမ့္မယ္လို႔ ခံစားေနရတာျဖစ္ပါတယ္။
“မန္စီးတီးလို အႏိုင္မရတာ ၾကာၿပီျဖစ္တဲ့အသင္းမ်ိဳးကို အႏိုင္ရရွိတာက ႀကီးမားတဲ့ ရလဒ္ပါ။ အဲဒါက အာဆင္နယ္ကို သူတို႔ေတြ အခု ပရီးမီးယားလိဂ္ဖလားကို အႏိုင္ရရွိႏိုင္တယ္ဆိုတဲ့ ယုံၾကည္မႈကို ေပးစြမ္းႏိုင္ပါတယ္။ အေရးအႀကီးဆုံးအရာက ၿပီးခဲ့တဲ့အပတ္ ရလဒ္ရရွိၿပီးေနာက္ ရႈံးပြဲမေတြ႕ဖို႔ပဲ။ လြန္ခဲ့တဲ့ ရက္သတၱပတ္ေတြတုန္းက မန္စီးတီးက အာဆင္နယ္ကို အႏိုင္ရခဲ့ရင္ သူတို႔ေတြ သူတို႔ထက္ ၇ မွတ္သာသြားၿပီ။ ဒါက အာဆင္နယ္အတြက္ အဆုံးသတ္ပဲလို႔ ခင္ဗ်ား ေတြးခဲ့မွာပါ။ အခု ႐ုတ္တရက္ပဲ သူတို႔ေတြ စီးတီးကို အႏိုင္ယူခဲ့ၿပီး ဒါက သူတို႔ကို ယုံၾကည္ခ်က္ေတြ အမ်ားႀကီးေပးပါလိမ့္မယ္။ သူတို႔ေတြ မႏွစ္က သူတို႔ကိုသာ တစ္ႀကိမ္ေလာက္ အႏိုင္ယူႏိုင္ခဲ့ရင္ လိဂ္ဖလားကိုေတာင္ အႏိုင္ရခဲ့ပါလိမ့္မယ္။ ဒီႏိုင္ပြဲက ဘယ္ေလာက္ေတာင္ ႀကီးမားလိုက္သလဲ”လို႔ ေျပာၾကားခဲ့ပါတယ္။
ခ်ဲလ္ဆီးအေနနဲ႔ ဂန္းနားေတြရဲ႕ ခံစစ္ကို ထိုးေဖာက္ႏိုင္ဖို႔ဆိုရင္ အေကာင္းဆုံးပုံစံမွာ ရွိေနဖို႔ လိုအပ္မွာျဖစ္ၿပီး ပိုခ်က္တီႏိုရဲ႕အသင္းဟာ ခက္ခဲတဲ့ပြဲခ်ိန္ဇယားနဲ႔ ရင္ဆိုင္ေနရေပမယ့္လည္း အသင္းေခါင္းေဆာင္ ရီးစ္ ဂ်ိမ္းစ္ ဒဏ္ရာကေန ျပန္လည္ပါဝင္ကစားေပးႏိုင္ေျခရွိတာေၾကာင့္ ယုံၾကည္မႈေတြ ျမင့္တက္ေနႏိုင္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Legends' Talk
- Team News