အာဆင်နယ်ပွဲတွေကို မကြည့်ချင်ဘဲ သွားကြည့်ခဲ့ရတယ်လို့ ဝန်ခံခဲ့တဲ့ အွန်နရီ 810 539 coyg

အာဆင်နယ်ပွဲတွေကို မကြည့်ချင်ဘဲ သွားကြည့်ခဲ့ရတယ်လို့ ဝန်ခံခဲ့တဲ့ အွန်နရီ

အာဆင်နယ်ဂန္တဝင် သီယာရီ အွန်နရီဟာ လွန်ခဲ့တဲ့ ၅ နှစ်က စိတ်ပျက်စရာအချိန်အပိုင်းအခြားအတွင်း အသင်းဟောင်းရဲ့ ပွဲစဉ်တွေကို မကြည့်ချင်ဘဲ သွားကြည့်ခဲ့ရတယ်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။

ဂန်းနားတွေဟာ နည်းပြ အာတီတာလက်အောက်မှာ ပြန်လည်အသက်ဝင်လာခဲ့တာဖြစ်တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ မန်ချက်စတာစီးတီးနဲ့ ဆုဖလားအတွက် ယှဉ်ပြိုင်နိုင်ခဲ့ပေမယ့် ရာသီကုန်ခါနီး ခြေချော်မှုကြောင့် ဒုတိယနေရာနဲ့ ရာသီပြီးဆုံးခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်ဟာ ၂၀၁၆ ခုနှစ်နောက်ပိုင်း အကောင်းဆုံးရာသီပြီးဆုံးမှုကို ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ ရာသီအနည်းငယ်တုန်းက ရောက်ရှိဖို့ မျှော်မှန်းနိုင်ခြင်းမရှိခဲ့တဲ့ ရပ်တည်မှုလည်း ဖြစ်ခဲ့တာဖြစ်ပါတယ်။

အာတီတာကို နည်းပြသစ်အဖြစ် မခန့်အပ်ခင် အာဆင်ဝင်းဂါးရဲ့ နောက်ဆုံးနှစ်တွေနဲ့ အူနိုင်း အမ်မရီရဲ့ လက်ထက်အစပိုင်းမှာ အမ်းမရိတ်စ်ဟာ အလွန်စိတ်ပျက်စရာကောင်းတဲ့နေရာဖြစ်ခဲ့တာဖြစ်ပြီး အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရာသီပြီးဆုံးခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်တုန်းက သီယာရီ အွန်နရီဟာ အသင်းဟောင်းဖြစ်တာကြောင့်သာ ပွဲလာကြည့်ခဲ့ပေမယ့်လည်း အမှန်တကယ်တမ်းတော့ အာဆင်နယ် ကစားတာကို မကြည့်ချင်ခဲ့ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အဲဒီလို ပြောကြားခဲ့ပေမယ့်လည်း လက်ရှိ အာတီတာလက်အောက်မှာ အက်ဖ်အေဖလားနဲ့ ကွန်မြူနတီဒိုင်း ၂ ကြိမ် ရယူထားနိုင်ခဲ့တဲ့ အသင်းကိုတော့ အသိအမှတ်ပြုခဲ့ပြီး ယခုရာသီ စတင်ခဲ့ပုံက ပြင်သစ်ဂန္တဝင်ရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့တာဖြစ်ပါတယ်။

ဂန်းနားတွေဟာ ပြည်တွင်းမှာ ရှုံးပွဲမရှိသေးဘဲ အဖွင့်ပွဲစဉ် ၈ ပွဲကနေ ၆ ပွဲအထိ အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ မြောက်လန်ဒန်ပြိုင်ဘက် တော့တင်ဟမ်ဟော့စပါးနဲ့ ပူးတွဲရပ်တည်နေတာ ဖြစ်ပါတယ်။

ယခုအောက်တိုဘာ နိုင်ငံတကာပွဲစဉ်အားလပ်ရက်အပြီးမှာတော့ အာဆင်နယ်ဟာ ချန်ပီယံလိဂ်မှာ ဆီဗီလာနဲ့ မရင်ဆိုင်မီ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ချဲလ်ဆီးနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဥရောပပြိုင်ပွဲမှာတော့ ဂန်းနားတွေဟာ ယခုရာသီ ပထမဆုံးရှုံးပွဲကို ရင်ဆိုင်ခဲ့ရပြီးဖြစ်ပါတယ်။

ယခုလအစောပိုင်းမှာ ၂-၁ နဲ့ အာစီ လွန်းစ်ကို ရှုံးနိမ့်ခဲ့ပေမယ့်လည်း အွန်နရီက အာတီတာအတွက် ရှုံးပွဲတွေ တွေ့တာ အဆင်ပြေတယ်လို့ ပြောဆိုခဲ့ပြီး ဂန်းနားတွေဟာ ရှုံးပွဲကနေ အမှားတွေကို လေ့လာသင်ယူပြီး ကောင်းမွန်တဲ့အရာတွေကို ယူဆောင်နိုင်တာကြောင့်ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

“ကျွန်တော်တို့ အရင်တုန်းကထက် အများကြီးကောင်းတဲ့နေရာမှာ ရှိနေပြီလို့ ထင်ပါတယ်။ ကျွန်တော့်ကိုယ်ကို အခု အသင်းထဲမှာ တကယ်မြင်နေရပါပြီ။ ပရိသတ်တစ်ယောက်အနေနဲ့ပါ။ ကစားသမားတစ်ယောက်အနေနဲ့ မဟုတ်ပါဘူး။ ကျွန်တော် ရလဒ်တွေကို လက်ခံနိုင်တယ်။ ဒါပေမယ့် ခင်ဗျား ရှုံးနိမ့်မှုကို လက်ခံလို့မရပါဘူး။ နားလည်ပေးပြီး ရလဒ်ကို လက်ခံပေးလို့ပဲ ရတယ်။ လွန်းစ်နဲ့ပွဲမှာ ရှုံးခဲ့တယ်။ ဒါက ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အသင်းက တိုက်ပွဲဝင်နေတာကို မြင်သလို အမှားတွေ လုပ်နေတာကိုလည်း မြင်တယ်။ အဲဒီလိုက ဖြစ်တတ်ပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်တုန်းက ကျွန်တော် အသင်းနဲ့ ဘယ်လိုမှ အဆက်အစပ်မရှိခဲ့ဘူး။ ကျွန်တော်က ကစားသမားဟောင်းဖြစ်နေလို့သာ ပွဲတွေ သွားကြည့်ခဲ့ရတာပါ။ ကျွန်တော် ကြည့်ချင်လို့ သွားကြည့်တာမဟုတ်ပါဘူး။ ကျွန်တော်က အာဆင်နယ်ပရိသတ်လည်း ဖြစ်နေခဲ့လို့ သွားကြည့်ခဲ့တာပါ။ ကျွန်တော် သူတို့ ကစားတာကို ကြည့်ချင်လို့မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် လန်ဒန်မှာ ရှိတဲ့အခါတိုင်း အမြဲတမ်းသွားကြည့်ပါတယ်။ ဘာလို့လဲဆို ကျွန်တော်က အာဆင်နယ်ပရိသတ်ဖြစ်နေလို့ပါ။ အဲဒီအတိုင်း အမြဲတမ်းလည်း ဖြစ်နေမှာပါ။ ဒါပေမယ့် အခုတော့ ကျွန်တော် သူတို့တွေ ဘာလုပ်နေလဲနဲ့ ပျောက်ဆုံးနေတဲ့အပိုင်းအစတွေက ဘာတွေလဲဆိုတာကို မြင်နိုင်နေပါပြီ။ ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ဂႏၲဝင္ သီယာရီ အြန္နရီဟာ လြန္ခဲ့တဲ့ ၅ ႏွစ္က စိတ္ပ်က္စရာအခ်ိန္အပိုင္းအျခားအတြင္း အသင္းေဟာင္းရဲ႕ ပြဲစဥ္ေတြကို မၾကည့္ခ်င္ဘဲ သြားၾကည့္ခဲ့ရတယ္လို႔ ဝန္ခံ ေျပာၾကားခဲ့ပါတယ္။

ဂန္းနားေတြဟာ နည္းျပ အာတီတာလက္ေအာက္မွာ ျပန္လည္အသက္ဝင္လာခဲ့တာျဖစ္တာျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီမွာ မန္ခ်က္စတာစီးတီးနဲ႔ ဆုဖလားအတြက္ ယွဥ္ၿပိဳင္ႏိုင္ခဲ့ေပမယ့္ ရာသီကုန္ခါနီး ေျခေခ်ာ္မႈေၾကာင့္ ဒုတိယေနရာနဲ႔ ရာသီၿပီးဆုံးခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အာဆင္နယ္ဟာ ၂၀၁၆ ခုႏွစ္ေနာက္ပိုင္း အေကာင္းဆုံးရာသီၿပီးဆုံးမႈကို ပိုင္ဆိုင္ခဲ့တာျဖစ္ၿပီး လြန္ခဲ့တဲ့ ရာသီအနည္းငယ္တုန္းက ေရာက္ရွိဖို႔ ေမွ်ာ္မွန္းႏိုင္ျခင္းမရွိခဲ့တဲ့ ရပ္တည္မႈလည္း ျဖစ္ခဲ့တာျဖစ္ပါတယ္။

အာတီတာကို နည္းျပသစ္အျဖစ္ မခန႔္အပ္ခင္ အာဆင္ဝင္းဂါးရဲ႕ ေနာက္ဆုံးႏွစ္ေတြနဲ႔ အူႏိုင္း အမ္မရီရဲ႕ လက္ထက္အစပိုင္းမွာ အမ္းမရိတ္စ္ဟာ အလြန္စိတ္ပ်က္စရာေကာင္းတဲ့ေနရာျဖစ္ခဲ့တာျဖစ္ၿပီး အမွတ္ေပးဇယား အဆင့္ ၈ ေနရာမွာ ရာသီၿပီးဆုံးခဲ့တာျဖစ္ပါတယ္။

အဲဒီအခ်ိန္တုန္းက သီယာရီ အြန္နရီဟာ အသင္းေဟာင္းျဖစ္တာေၾကာင့္သာ ပြဲလာၾကည့္ခဲ့ေပမယ့္လည္း အမွန္တကယ္တမ္းေတာ့ အာဆင္နယ္ ကစားတာကို မၾကည့္ခ်င္ခဲ့ဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အဲဒီလို ေျပာၾကားခဲ့ေပမယ့္လည္း လက္ရွိ အာတီတာလက္ေအာက္မွာ အက္ဖ္ေအဖလားနဲ႔ ကြန္ျမဴနတီဒိုင္း ၂ ႀကိမ္ ရယူထားႏိုင္ခဲ့တဲ့ အသင္းကိုေတာ့ အသိအမွတ္ျပဳခဲ့ၿပီး ယခုရာသီ စတင္ခဲ့ပုံက ျပင္သစ္ဂႏၲဝင္ရဲ႕ အာ႐ုံကို ဖမ္းစားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဂန္းနားေတြဟာ ျပည္တြင္းမွာ ရႈံးပြဲမရွိေသးဘဲ အဖြင့္ပြဲစဥ္ ၈ ပြဲကေန ၆ ပြဲအထိ အႏိုင္ရရွိခဲ့ၿပီး အမွတ္ေပးဇယားထိပ္ဆုံးမွာ ေျမာက္လန္ဒန္ၿပိဳင္ဘက္ ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ ပူးတြဲရပ္တည္ေနတာ ျဖစ္ပါတယ္။

ယခုေအာက္တိုဘာ ႏိုင္ငံတကာပြဲစဥ္အားလပ္ရက္အၿပီးမွာေတာ့ အာဆင္နယ္ဟာ ခ်န္ပီယံလိဂ္မွာ ဆီဗီလာနဲ႔ မရင္ဆိုင္မီ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ခ်ဲလ္ဆီးနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး ဥေရာပၿပိဳင္ပြဲမွာေတာ့ ဂန္းနားေတြဟာ ယခုရာသီ ပထမဆုံးရႈံးပြဲကို ရင္ဆိုင္ခဲ့ရၿပီးျဖစ္ပါတယ္။

ယခုလအေစာပိုင္းမွာ ၂-၁ နဲ႔ အာစီ လြန္းစ္ကို ရႈံးနိမ့္ခဲ့ေပမယ့္လည္း အြန္နရီက အာတီတာအတြက္ ရႈံးပြဲေတြ ေတြ႕တာ အဆင္ေျပတယ္လို႔ ေျပာဆိုခဲ့ၿပီး ဂန္းနားေတြဟာ ရႈံးပြဲကေန အမွားေတြကို ေလ့လာသင္ယူၿပီး ေကာင္းမြန္တဲ့အရာေတြကို ယူေဆာင္ႏိုင္တာေၾကာင့္ျဖစ္တယ္လို႔ ယုံၾကည္ေနပါတယ္။

“ကြၽန္ေတာ္တို႔ အရင္တုန္းကထက္ အမ်ားႀကီးေကာင္းတဲ့ေနရာမွာ ရွိေနၿပီလို႔ ထင္ပါတယ္။ ကြၽန္ေတာ့္ကိုယ္ကို အခု အသင္းထဲမွာ တကယ္ျမင္ေနရပါၿပီ။ ပရိသတ္တစ္ေယာက္အေနနဲ႔ပါ။ ကစားသမားတစ္ေယာက္အေနနဲ႔ မဟုတ္ပါဘူး။ ကြၽန္ေတာ္ ရလဒ္ေတြကို လက္ခံႏိုင္တယ္။ ဒါေပမယ့္ ခင္ဗ်ား ရႈံးနိမ့္မႈကို လက္ခံလို႔မရပါဘူး။ နားလည္ေပးၿပီး ရလဒ္ကို လက္ခံေပးလို႔ပဲ ရတယ္။ လြန္းစ္နဲ႔ပြဲမွာ ရႈံးခဲ့တယ္။ ဒါက ျဖစ္တတ္ပါတယ္။ ဒါေပမယ့္ အသင္းက တိုက္ပြဲဝင္ေနတာကို ျမင္သလို အမွားေတြ လုပ္ေနတာကိုလည္း ျမင္တယ္။ အဲဒီလိုက ျဖစ္တတ္ပါတယ္။ လြန္ခဲ့တဲ့ ၅ ႏွစ္တုန္းက ကြၽန္ေတာ္ အသင္းနဲ႔ ဘယ္လိုမွ အဆက္အစပ္မရွိခဲ့ဘူး။ ကြၽန္ေတာ္က ကစားသမားေဟာင္းျဖစ္ေနလို႔သာ ပြဲေတြ သြားၾကည့္ခဲ့ရတာပါ။ ကြၽန္ေတာ္ ၾကည့္ခ်င္လို႔ သြားၾကည့္တာမဟုတ္ပါဘူး။ ကြၽန္ေတာ္က အာဆင္နယ္ပရိသတ္လည္း ျဖစ္ေနခဲ့လို႔ သြားၾကည့္ခဲ့တာပါ။ ကြၽန္ေတာ္ သူတို႔ ကစားတာကို ၾကည့္ခ်င္လို႔မဟုတ္ပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္ လန္ဒန္မွာ ရွိတဲ့အခါတိုင္း အၿမဲတမ္းသြားၾကည့္ပါတယ္။ ဘာလို႔လဲဆို ကြၽန္ေတာ္က အာဆင္နယ္ပရိသတ္ျဖစ္ေနလို႔ပါ။ အဲဒီအတိုင္း အၿမဲတမ္းလည္း ျဖစ္ေနမွာပါ။ ဒါေပမယ့္ အခုေတာ့ ကြၽန္ေတာ္ သူတို႔ေတြ ဘာလုပ္ေနလဲနဲ႔ ေပ်ာက္ဆုံးေနတဲ့အပိုင္းအစေတြက ဘာေတြလဲဆိုတာကို ျမင္ႏိုင္ေနပါၿပီ။ ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet