အာဆင်နယ်နည်းပြနဲ့ ဝေါ်ကာတို့ ပြဿနာတက်ခဲ့ရတဲ့ အဓိကနောက်ကွယ်က အကြောင်းအရင်း 1024 538 coyg

အာဆင်နယ်နည်းပြနဲ့ ဝေါ်ကာတို့ ပြဿနာတက်ခဲ့ရတဲ့ အဓိကနောက်ကွယ်က အကြောင်းအရင်း

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က မန်ချက်စတာစီးတီးကို အာဆင်နယ်က ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ဂန်းနားနည်းပြအဖွဲ့ဝင်နဲ့ မန်စီးတီးကစားသမား ၂ ဦးဖြစ်တဲ့ ကိုင်လီ ဝေါ်ကာနဲ့ ဟာလန်းတို့ကြား လက်ဆွဲနှုတ်ဆက်တဲ့ကိစ္စနဲ့ ပြဿနာဖြစ်ခဲ့ကြပါတယ်။

အာဆင်နယ်ဟာ ဂါဘရီယဲလ် မာတီနယ်လီရဲ့ နောက်ကျအနိုင်ဂိုးကြောင့် ၂၀၁၅ ခုနှစ်နောက်ပိုင်း မန်စီးတီးကို ပထမဆုံးအကြိမ် အနိုင်ရခဲ့ပြီး ဂန်းနား အလွတ်တည်ကန်ဘောနည်းပြ နီကိုလတ်စ် ဂျိုဗာဟာ ပွဲအပြီးမှာ မန်စီးတီးနောက်ခံလူ ဝေါ်ကာကို လက်ဆွဲ နှုတ်ဆက်ခဲ့ပါတယ်။

The Sun ရဲ့ ဖော်ပြချက်အရ ဝေါ်ကာဟာ ပြီးခဲ့တဲ့ရာသီတုန်းက အာဆင်နယ်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲစလုံးမှာ လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းဆန်ခဲ့တဲ့ ဂျိုဗာရဲ့ လုပ်ရပ်ကြောင့် ဒေါသတကြီး တုံ့ပြန်ခဲ့တယ်လို့ သိရပါတယ်။

ဂျိုဗာဟာ အစ်တီဟတ်မှာ ဂွါဒီယိုလာလက်အောက် ၂ နှစ်ကြာ အလုပ်လုပ်ခဲ့ဖူးသူဖြစ်ပြီး အာဆင်နယ်ကို မန်ချက်စတာစီးတီးက အနိုင်ရရှိခဲ့တဲ့ ဖေဖော်ဝါရီနဲ့ ဧပြီလပွဲစဉ်တွေတုန်းက ပွဲအပြီးမှာ လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းဆန်ပြီး လက်ကို နောက်ပစ်ထားခဲ့တာဖြစ်တယ်လို့ ယင်းသတင်းက ဖော်ပြခဲ့ပါတယ်။

ဂျိုဗာဟာ ဒါတင်မကသေးဘဲ မန်ချက်စတာစီးတီးက ဘယ်သူနဲ့မှ လက်ဆွဲနှုတ်ဆက်မှာမဟုတ်ဘူးလို့ ရှင်းရှင်းပဲ ပြောဆိုခဲ့ပြီးနောက် တနင်္ဂနွေနေ့မှာ အာဆင်နယ်က အနိုင်ရတော့မှ လက်ဆွဲနှုတ်ဆက်ချင်ခဲ့တာဖြစ်ပါတယ်။

အသက် ၄၁ နှစ်အရွယ် နည်းပြရဲ့ ပြီးခဲ့တဲ့ရာသီ ၂ ပွဲစလုံးက လုပ်ရပ်ကြောင့် မန်ချက်စတာစီးတီးနဲ့ပတ်သက်တဲ့ သူတွေအားလုံးအတွက် အံ့အားသင့်စရာဖြစ်ခဲ့တာဖြစ်ပြီး အာဆင်နယ် အနိုင်ရမှ လက်ဆွဲနှုတ်ဆက်တာကြောင့် ဝေါ်ကာက လာပြီး ရွဲ့နေတယ်လို့ ယူဆခဲ့ပြီး ဒေါသပေါက်ကွဲခဲ့တာဖြစ်နိုင်ပါတယ်။

အက်ဖ်အေကတော့ တနင်္ဂနွေနေ့ပွဲစဉ်အပြီး ကွင်းဘေးစည်းမှာ ဂျိုဗာ၊ ဝေါ်ကာ၊ ဟာလန်းတို့ ပါဝင်ပတ်သက်ခဲ့တဲ့ ဖြစ်စဉ်အတွက် ဘာအရေးယူဆောင်ရွက်မှုမှ ပြုလုပ်သွားမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: ၿပီးခဲ့တဲ့တနဂၤေႏြေန႔က မန္ခ်က္စတာစီးတီးကို အာဆင္နယ္က ၁-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲအၿပီးမွာ ဂန္းနားနည္းျပအဖြဲ႕ဝင္နဲ႔ မန္စီးတီးကစားသမား ၂ ဦးျဖစ္တဲ့ ကိုင္လီ ေဝၚကာနဲ႔ ဟာလန္းတို႔ၾကား လက္ဆြဲႏႈတ္ဆက္တဲ့ကိစၥနဲ႔ ျပႆနာျဖစ္ခဲ့ၾကပါတယ္။

အာဆင္နယ္ဟာ ဂါဘရီယဲလ္ မာတီနယ္လီရဲ႕ ေနာက္က်အႏိုင္ဂိုးေၾကာင့္ ၂၀၁၅ ခုႏွစ္ေနာက္ပိုင္း မန္စီးတီးကို ပထမဆုံးအႀကိမ္ အႏိုင္ရခဲ့ၿပီး ဂန္းနား အလြတ္တည္ကန္ေဘာနည္းျပ နီကိုလတ္စ္ ဂ်ိဳဗာဟာ ပြဲအၿပီးမွာ မန္စီးတီးေနာက္ခံလူ ေဝၚကာကို လက္ဆြဲ ႏႈတ္ဆက္ခဲ့ပါတယ္။

The Sun ရဲ႕ ေဖာ္ျပခ်က္အရ ေဝၚကာဟာ ၿပီးခဲ့တဲ့ရာသီတုန္းက အာဆင္နယ္နဲ႔ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ ၂ ပြဲစလုံးမွာ လက္ဆြဲႏႈတ္ဆက္ဖို႔ ျငင္းဆန္ခဲ့တဲ့ ဂ်ိဳဗာရဲ႕ လုပ္ရပ္ေၾကာင့္ ေဒါသတႀကီး တုံ႔ျပန္ခဲ့တယ္လို႔ သိရပါတယ္။

ဂ်ိဳဗာဟာ အစ္တီဟတ္မွာ ဂြါဒီယိုလာလက္ေအာက္ ၂ ႏွစ္ၾကာ အလုပ္လုပ္ခဲ့ဖူးသူျဖစ္ၿပီး အာဆင္နယ္ကို မန္ခ်က္စတာစီးတီးက အႏိုင္ရရွိခဲ့တဲ့ ေဖေဖာ္ဝါရီနဲ႔ ဧၿပီလပြဲစဥ္ေတြတုန္းက ပြဲအၿပီးမွာ လက္ဆြဲႏႈတ္ဆက္ဖို႔ ျငင္းဆန္ၿပီး လက္ကို ေနာက္ပစ္ထားခဲ့တာျဖစ္တယ္လို႔ ယင္းသတင္းက ေဖာ္ျပခဲ့ပါတယ္။

ဂ်ိဳဗာဟာ ဒါတင္မကေသးဘဲ မန္ခ်က္စတာစီးတီးက ဘယ္သူနဲ႔မွ လက္ဆြဲႏႈတ္ဆက္မွာမဟုတ္ဘူးလို႔ ရွင္းရွင္းပဲ ေျပာဆိုခဲ့ၿပီးေနာက္ တနဂၤေႏြေန႔မွာ အာဆင္နယ္က အႏိုင္ရေတာ့မွ လက္ဆြဲႏႈတ္ဆက္ခ်င္ခဲ့တာျဖစ္ပါတယ္။

အသက္ ၄၁ ႏွစ္အ႐ြယ္ နည္းျပရဲ႕ ၿပီးခဲ့တဲ့ရာသီ ၂ ပြဲစလုံးက လုပ္ရပ္ေၾကာင့္ မန္ခ်က္စတာစီးတီးနဲ႔ပတ္သက္တဲ့ သူေတြအားလုံးအတြက္ အံ့အားသင့္စရာျဖစ္ခဲ့တာျဖစ္ၿပီး အာဆင္နယ္ အႏိုင္ရမွ လက္ဆြဲႏႈတ္ဆက္တာေၾကာင့္ ေဝၚကာက လာၿပီး ႐ြဲ႕ေနတယ္လို႔ ယူဆခဲ့ၿပီး ေဒါသေပါက္ကြဲခဲ့တာျဖစ္ႏိုင္ပါတယ္။

အက္ဖ္ေအကေတာ့ တနဂၤေႏြေန႔ပြဲစဥ္အၿပီး ကြင္းေဘးစည္းမွာ ဂ်ိဳဗာ၊ ေဝၚကာ၊ ဟာလန္းတို႔ ပါဝင္ပတ္သက္ခဲ့တဲ့ ျဖစ္စဥ္အတြက္ ဘာအေရးယူေဆာင္႐ြက္မႈမွ ျပဳလုပ္သြားမွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet