စီးတီးကို သမိုင်းဝင်နိုင်ပွဲရပြီးနောက် သတင်းစာရှင်းလင်းပွဲမှာ အာတီတာပြောခဲ့သမျှ
မီခေးလ် အာတီတာဟာ တနင်္ဂနွေနေ့ညမှာ မန်ချက်စတာစီးတီးကို ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် မီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာ ပျော်ရွှင်မြူးတူးနေပြီး နိုင်ပွဲအပေါ် ခံစားချက်၊ ဒိုင်လူကြီးဆုံးဖြတ်ချက်၊ ဆာကာရဲ့ဒဏ်ရာနောက်ဆုံးအခြေအနေ၊ ရာယာရဲ့ လက်စွမ်း စတာတွေကို အဖြေပေးသွားခဲ့ပါတယ်။
မေး- နိုင်ပွဲအပေါ် ဘယ်လိုခံစားရလဲ။
ဖြေ-အရမ်းကောင်းတဲ့ ခံစားချက်ဆိုတာ သိသာပါတယ်။ နှစ်ပေါင်းများစွာ သူတို့ကို အနိုင်မယူနိုင်ဘဲ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်တာကြောင့် ခင်ဗျား ခံစားကြည့်လို့ရနိုင်ပါတယ်။ ဒီနေ့ ကမ္ဘာပေါ်က အကောင်းဆုံးအသင်းဆိုတာ မေးခွန်းထုတ်စရာမရှိတဲ့အသင်းကို ကျွန်တော်တို့ အနိုင်ယူနိုင်ခဲ့ပါပြီ။ ကျွန်တော်တို့ အဲဒါကို အရမ်းကောင်းတဲ့ပုံစံနဲ့ လုပ်ခဲ့တာပါ။ ကျွန်တော်တို့ ခံစားရတော့မယ့် အခိုက်အတန့်တွေရှိခဲ့ပေမယ့်လည်း ကျွန်တော်တို့ စစ်မှန်တဲ့ စိတ်ပိုင်းဖြတ်မှု၊ စိတ်ဆန္ဒ၊ သူတို့ကို အနိုင်ယူနိုင်တယ်ဆိုတဲ့ ယုံကြည်မှုကို ပြသခဲ့တဲ့အခိုက်အတန့်တွေလည်း ရှိခဲ့ပါတယ်။ အဲဒီတော့ အရမ်းပျော်ပါတယ်။
မေး-မန်စီးတီးနဲ့ရင်ဆိုင်ကစားရာမှာ ဆိုးရွားတဲ့ ပရီးမီးယားလိဂ်မှတ်တမ်းကို အဆုံးသတ်နိုင်ခဲ့ပြီးနောက် ပေးချင်တဲ့ မက်ဆေ့ရှိလား။
ဖြေ- အသင်းတွေကို သူတို့လုပ်နေတာတွေကို ဆက်ပြီးယုံကြည်နေပါဆိုတဲ့ သတင်းစကား ပေးပို့နိုင်ခဲ့တာ ကျိန်းသေပါပဲ။ သူတို့တွေက အံ့အားသင့်စရာ ကစားသမားအစုအဖွဲ့ဖြစ်ပြီး သူတို့တွေ ကြိုးစားနေတဲ့ပုံစံ၊ နားလည်မှု၊ သူတို့ကြားမှာရှိတဲ့ အပြန်အလှန်သိမြင်နားလည်မှုကို ခင်ဗျား ခံစားကြည့်နိုင်ပါတယ်။ ခင်ဗျား ဒီလိုအသင်းကို အနိုင်ယူနိုင်ဖို့ အဲဒါကို လိုအပ်တယ်။ ဒီနေ့ နောက်ထပ်တစ်ကြိမ် တကယ် ဂုဏ်ယူမိပါတယ်။ ကျွန်တော် ဗုဒ္ဓဟူးနေ့က ရှုံးနိမ့်ခဲ့တဲ့အချိန်မှာ ဂုဏ်ယူခဲ့ပြီး ဒီနေ့မှာ ဒီအသင်းရဲ့ တစ်စိတ်တပိုင်းဖြစ်ရတဲ့အတွက်လည်း နောက်ထပ်တစ်ကြိမ် ဂုဏ်ယူမိပါတယ်။
မေး- ကြီးမားတဲ့ပွဲစဉ်တွေမှာ စိတ်ခံစားမှုတွေကို ထိန်းချုပ်နိုင်ခဲ့တဲ့အပေါ်။
ဖြေ-ဟုတ်ပါတယ်။ အထူးသဖြင့် သူတို့တွေက မေးခွန်းတွေ ဆက်တိုက် ထုတ်ပြီး ခင်ဗျားကို နှိုးဆွရင်း ခင်ဗျားကို ကြုံးသွင်းနေတဲ့အခိုက်အတန့်မှာရှိနေတာကြောင့်ပါ။ သူတို့တွေ လုပ်နေတာ အဲဒါပဲ။ ကျွန်တော်တို့ သူတို့ဖြစ်စေချင်တဲ့အနေအထားကို မသွားဘူး။ ကျွန်တော်တို့ အဲဒါကို စီမံခန့်ခွဲရမှာဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာအရ မလွယ်ကူဘူးဆိုတာ နားလည်ရပါမယ်။ ဘောလုံးပေးပို့မှု ၁၅ ကြိမ်၊ အကြိမ် ၂၀ လောက်ကို လိုက်ရတာ မလွယ်ပါဘူး။ ခင်ဗျား အဲဒါကို လုပ်နိုင်ရမှာပါ။ ပြီးရင် ကစားဖို့ သတ္တိရှိရမယ်။ ခင်ဗျား အချိန်တိုင်း သူတို့ကို ဘောလုံးပေးထားရတဲ့အသင်းနဲ့ ရင်ဆိုင်ကစားချင်မှာမဟုတ်ပါဘူး။ ကစားသမားတွေက အရမ်းကို ကောင်းမွန်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။
မေး- ပွဲအပြီးအဝတ်လဲခန်းထဲက အခြေအနေကရော။
ဖြေ-သူတို့တွေအားလုံး ကခုန်နေပြီး အရမ်းကို ပျော်နေကြပါတယ်။ သူတို့တွေ အခု နိုင်ငံတကာပွဲစဉ်အားလပ်ရက်သွားရတော့မှာပါ။ စိတ်ခံစားမှုက အများကြီး ပိုကောင်းနေပါတယ်။ နိုင်ငံတကာပွဲမကစားရတဲ့သူတွေက နားရက်အနည်းငယ်ရမှာပါ။ ချဲလ်ဆီးနဲ့ ပွဲမတိုင်ခင်အထိ အားလုံးကို မှန်ကန်တဲ့ စိတ်ဓာတ်နဲ့ မှန်ကန်တဲ့ စိတ်ခံစားချက်နဲ့ ဖြတ်သန်းစေမှာပါ။ အဲဒါက အရမ်းကောင်းပါတယ်။ အဲဒီတော့ အရမ်းပျော်ပါတယ်။
မေး-ကိုဗာချစ် အထုတ်မခံရတဲ့အပေါ်မှာရော။
ဖြေ-ကျွန်တော် ကစားနေတာကို တိုက်ရိုက်ကြည့်ခဲ့တဲ့အချိန်မှာ အရမ်းပြင်းထန်တဲ့ ဖျက်ထုတ်မှုပုံစံမျိုးပါပဲ။ ဒါပေမယ့် ကျွန်တော် အနှေးပြကွက်ပြန်မကြည့်ရသေးဘူး။ ကျွန်တော် နိုင်ပွဲကိုပဲ ပျော်ချင်တယ်။ ကျွန်တော်တို့ အဲဒီအကြောင်း ပြောကြမယ်လို့ ကြားထားပြီး အဲဒါနဲ့ပတ်သက်ပြီး တစ်ခုခုလုပ်ရမယ်ဆိုတာကို နားလည်ထားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ နိုင်ပွဲရအောင် ကစားနိုင်ခဲ့ပါတယ်။
မေး- အနိုင်ဂိုးမှာ တိုမီယဆုက တိုက်စစ်ကစားသမားအနေနဲ့ ပါဝင်ခဲ့တဲ့အပေါ်မှာရော။
ဖြေ- ကျွန်တော် သူ့ကို ပြောခဲ့တာလေ။ ကျွန်တော်ပြောခဲ့တာက တိုမီ သူတို့တွေ ပထမဆုံး ဒိုကုကို အဲဒီနေရာမှာ ထားမယ်ဆိုတာ မင်း သိပါတယ်။ သူတို့တွေ သူ့ကို တခြားတစ်ဖက်ကို ပြောင်းလဲပြီးတာနဲ့ ကျွန်တော်တို့တွေလည်း ချက်ချင်း အပြောင်းအလဲ လုပ်ခဲ့တယ်။ ပြီးတဲ့နောက်မှာ သူ့ကို ဘယ်တောင်ပံကစားသမားအဖြစ်နဲ့ ဂိုးသမားနောက် လိုက်နေတာကို မြင်ရတယ်။ ပြောရမယ်ဆိုရင် လူစားဝင်ကစားသမားတွေက နောက်ထပ်တစ်ကြိမ် အရမ်းကောင်းမွန်ခဲ့ပါတယ်။ သူတို့တွေက ဂိုးမှာ ပါဝင်ပတ်သက်ခဲ့သလို ရုပ်ပိုင်းဆိုင်ရာအားကောင်းမှု၊ ခွန်အားတွေနဲ့ အရည်အသွေးတွေလည်း အသင်းထဲကို အများကြီး ယူဆောင်ပေးခဲ့ပါတယ်။
မေး-အင်္ဂလန်နဲ့ ဆာကာ ပူးပေါင်းမှာလား။
ဖြေ- ဟင့်အင်း။ သူ မပူးပေါင်းနိုင်လောက်ဘူး။ သူလေ့ကျင့်ရေးတစ်ကြိမ်တောင် မဆင်းနိုင်ခဲ့ဘူး။ အဲဒီတော့ သူ လွဲချော်မှာပါ။ သူ အခုအချိန်မှာ ဘောလုံးကစားပေးနိုင်တဲ့အခြေအနေမရှိပါဘူး။
မေး-ပွဲအပြီး အာဆင်နယ်နည်းပြအဖွဲ့ဝင်နဲ့ မန်စီးတီးကစားသမားတွေ ဘာဖြစ်ကြတာလဲ။
ဖြေ- ကျွန်တော် ဘာမှ မမြင်လိုက်ရပါဘူး။
မေး-အရန်ခုံကနေ ဝင်လာပြီး အကျိုးသက်ရောက်မှု ပြသနိုင်ခဲ့တဲ့ မာတီနယ်လီအပေါ်မှာရော။
ဖြေ-သူက စီးတီးနဲ့ပွဲမှာ ပါဝင်ကစားပေးမယ်လို့ ပြောနေခဲ့တာ ရက်သတ္တပတ်အနည်းငယ်ရှိပါပြီ။ ကျွန်တော်တို့က ဂါဘီရာ မင်းအတွက် စောလွန်းနေလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ မနေ့က သူက ဘော့စ် ခင်ဗျားကို ကျွန်တော် ပြောခဲ့တယ်နော်။ ကျွန်တော် ဒီပွဲအတွက် အဆင်သင့်ဖြစ်နေလိမ့်မယ်ဆိုပြီးတော့လို့ ပြောခဲ့တယ်။ မိနစ် ၃၀ အကြာမှာ လီယိုက သူ့တံကောက်ကြောမှာ တစ်ခုခုကို ခံစားခဲ့ရပြီးနောက်မှာတော့ ကျွန်တော် လှည့်ကြည့်လိုက်တယ်။ သူက ဝင်ဖို့တောင် အဆင်သင့်ဖြစ်နေပြီးသား။ ဘော့စ် ကျွန်တော် ဝင်ကစားဖို့ အဆင်သင့်ပဲလို့ ပြောလာတယ်။ သူက အရုပ်ရတဲ့ ကလေးတစ်ယောက်လို အပျော်မျိုး ရခဲ့တယ်။ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာက သူ့အသက်အရွယ်မှာ မယုံနိုင်စရာပဲ။ သူ့ကို ပိုင်ဆိုင်ထားရတာက ပျော်ရွှင်စရာပါပဲ။ ဘာလို့လဲဆိုတော့ ဒီနေ့မှာ သူက ပွဲကို ပြောင်းလဲပေးနိုင်ခဲ့ပြီး ကျွန်တော်တို့အတွက် နိုင်ပွဲရဖို့ တကယ်ကို အကူအညီဖြစ်ခဲ့လို့ပါ။
မေး- ရာယာရဲ့ ကူညီပေးနိုင်စွမ်းအပေါ်မှာ စိုးရိမ်မိလား။
ဖြေ- အဲဒါက ကျွန်တော့်အမှားပါ။ အားလုံး ကျွန်တော့်အမှားပါ။ သူတို့တွေ အဲဒီကိစ္စအတွက် ကျွန်တော့်အပေါ် အပြစ်ပုံချနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူ့ကို ကျွန်တော် အဲဒီလို လုပ်ခိုင်းခဲ့လို့ပါ။ အထူးသဖြင့် ဒီလိုအသင်းမျိုးနဲ့ ရင်ဆိုင်ကစားတဲ့အချိန်မှာပါ။ ခင်ဗျား တခြားဟာတွေ လုပ်နေမယဆိုရင် ခင်ဗျား ပြဿနာအကြီးကြီးတွေ့နိုင်တယ်။ သူက အရမ်းကောင်းမွန်ခဲ့တယ်လို့ ကျွန်တော် ထင်တယ်။ ပင်နယ်တီဧရိယာထဲမှာ သူ လွှမ်းမိုးထားနိုင်ခဲ့တဲ့ပုံစံ၊ ဖြတ်တင်ဘောတွေ၊ တည်ကန်ဘောတွေအတွက် သူ ပြေးထွက်လာတဲ့ပုံစံ၊ သူ ကစားခဲ့တဲ့ အမြင့်တွေက အရမ်းကောင်းပါတယ်။ သူ အမှားကြီးတစ်ခုလုပ်မိခဲ့တယ်။ ဘာလို့လဲဆိုတော့ လူအုပ်ကြီးက ကစားသမားတွေနဲ့ပတ်သက်ပြီး ဒီလိုမျိုးပဲ လုပ်နေတာမို့လို့ပါ။ ကျွန်တော် အဲဒါကို မြင်ခဲ့တယ်။ ကစားသမားတွေက ဘောလုံးကို ကြုံရာကို စပြီးကန်လာတယ်။ ကျွန်တော် သူ့ကို ပြောခဲ့တယ်။ အဲဒီလို မလုပ်နဲ့။ အဲဒီလို မလုပ်မိအောင် ကြိုးစားလို့။ သူက အဲဒါကို မလုပ်ခဲ့ဘူး။ အဆုံးမှာတော့ သူ ဆုလာဘ်ကို ရခဲ့တယ်။ ဘာလို့လဲဆိုတော့ အသင်းက ကျွန်တော်တို့ ကစားချင်တဲ့ပုံစံထက် အများကြီးပိုကောင်းတဲ့ပုံစံနဲ့ စတင်နိုင်ခဲ့လို့ပါ။ အဲဒီတော့ သူ့ကို အကြီးကြီး ချီးကျူးပါတယ်။
မေး- ခံစစ်ကစားပုံနဲ့ ကလင်းရှစ်တ်ရခဲ့တဲ့အပေါ်။
ဖြေ-ကျွန်တော် အဲဒါကို ၉၂ မိနစ်မှာ တွေးနေမိခဲ့တယ်။ ငါတို့တွေ ဒီလောက်များများစားစား(ကလင်းရှစ်တ်)မရခဲ့ဘူး။ ကမ္ဘာပေါ်က အကောင်းဆုံးအသင်းနဲ့ ရင်ဆိုင်ကစားပြီးတော့ ငါတို့တွေ အဲဒါကို လုပ်နိုင်ခဲ့ပြီလို့။ ကျွန်တော်တို့ ခံစစ်ပိုင်းအတွက် ဒီနေ့ တွေ့ကြုံခဲ့တဲ့ အားထုတ်မှုနဲ့ ချစ်ခြင်းတရားတွေက ကျွန်တော်တို့ လိုအပ်ခဲ့တဲ့အရာတွေပါ။ အဲဒါတွေက ကစားသမားတိုင်းမှာ ရှိခဲ့ပြီး အဲဒါက မရှိမဖြစ်လိုအပ်ပါတယ်။ ခင်ဗျား သူတို့ကို ဂိုးပေးလိုက်ရရင် ချက်ချင်းဆိုသလိုပဲ အရမ်းကို ခက်ခဲသွားပြီဆိုတာ ခင်ဗျား သိမှာပါ။ ဘာလို့လဲဆိုတော့ သူတို့တွေက ဘောလုံးများများစားစား မပေးပစ်တတ်တဲ့အသင်းမို့လို့ပါ။ အဲဒီတော့ ဒါက အရမ်းအရေးကြီးခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: မီေခးလ္ အာတီတာဟာ တနဂၤေႏြေန႔ညမွာ မန္ခ်က္စတာစီးတီးကို ၁-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ မီဒီယာေတြနဲ႔ ေတြ႕ဆုံခ်ိန္မွာ ေပ်ာ္႐ႊင္ျမဴးတူးေနၿပီး ႏိုင္ပြဲအေပၚ ခံစားခ်က္၊ ဒိုင္လူႀကီးဆုံးျဖတ္ခ်က္၊ ဆာကာရဲ႕ဒဏ္ရာေနာက္ဆုံးအေျခအေန၊ ရာယာရဲ႕ လက္စြမ္း စတာေတြကို အေျဖေပးသြားခဲ့ပါတယ္။
ေမး- ႏိုင္ပြဲအေပၚ ဘယ္လိုခံစားရလဲ။
ေျဖ-အရမ္းေကာင္းတဲ့ ခံစားခ်က္ဆိုတာ သိသာပါတယ္။ ႏွစ္ေပါင္းမ်ားစြာ သူတို႔ကို အႏိုင္မယူႏိုင္ဘဲ ႏွစ္ေပါင္းမ်ားစြာ ၾကာခဲ့ၿပီျဖစ္တာေၾကာင့္ ခင္ဗ်ား ခံစားၾကည့္လို႔ရႏိုင္ပါတယ္။ ဒီေန႔ ကမာၻေပၚက အေကာင္းဆုံးအသင္းဆိုတာ ေမးခြန္းထုတ္စရာမရွိတဲ့အသင္းကို ကြၽန္ေတာ္တို႔ အႏိုင္ယူႏိုင္ခဲ့ပါၿပီ။ ကြၽန္ေတာ္တို႔ အဲဒါကို အရမ္းေကာင္းတဲ့ပုံစံနဲ႔ လုပ္ခဲ့တာပါ။ ကြၽန္ေတာ္တို႔ ခံစားရေတာ့မယ့္ အခိုက္အတန႔္ေတြရွိခဲ့ေပမယ့္လည္း ကြၽန္ေတာ္တို႔ စစ္မွန္တဲ့ စိတ္ပိုင္းျဖတ္မႈ၊ စိတ္ဆႏၵ၊ သူတို႔ကို အႏိုင္ယူႏိုင္တယ္ဆိုတဲ့ ယုံၾကည္မႈကို ျပသခဲ့တဲ့အခိုက္အတန႔္ေတြလည္း ရွိခဲ့ပါတယ္။ အဲဒီေတာ့ အရမ္းေပ်ာ္ပါတယ္။
ေမး-မန္စီးတီးနဲ႔ရင္ဆိုင္ကစားရာမွာ ဆိုး႐ြားတဲ့ ပရီးမီးယားလိဂ္မွတ္တမ္းကို အဆုံးသတ္ႏိုင္ခဲ့ၿပီးေနာက္ ေပးခ်င္တဲ့ မက္ေဆ့ရွိလား။
ေျဖ- အသင္းေတြကို သူတို႔လုပ္ေနတာေတြကို ဆက္ၿပီးယုံၾကည္ေနပါဆိုတဲ့ သတင္းစကား ေပးပို႔ႏိုင္ခဲ့တာ က်ိန္းေသပါပဲ။ သူတို႔ေတြက အံ့အားသင့္စရာ ကစားသမားအစုအဖြဲ႕ျဖစ္ၿပီး သူတို႔ေတြ ႀကိဳးစားေနတဲ့ပုံစံ၊ နားလည္မႈ၊ သူတို႔ၾကားမွာရွိတဲ့ အျပန္အလွန္သိျမင္နားလည္မႈကို ခင္ဗ်ား ခံစားၾကည့္ႏိုင္ပါတယ္။ ခင္ဗ်ား ဒီလိုအသင္းကို အႏိုင္ယူႏိုင္ဖို႔ အဲဒါကို လိုအပ္တယ္။ ဒီေန႔ ေနာက္ထပ္တစ္ႀကိမ္ တကယ္ ဂုဏ္ယူမိပါတယ္။ ကြၽန္ေတာ္ ဗုဒၶဟူးေန႔က ရႈံးနိမ့္ခဲ့တဲ့အခ်ိန္မွာ ဂုဏ္ယူခဲ့ၿပီး ဒီေန႔မွာ ဒီအသင္းရဲ႕ တစ္စိတ္တပိုင္းျဖစ္ရတဲ့အတြက္လည္း ေနာက္ထပ္တစ္ႀကိမ္ ဂုဏ္ယူမိပါတယ္။
ေမး- ႀကီးမားတဲ့ပြဲစဥ္ေတြမွာ စိတ္ခံစားမႈေတြကို ထိန္းခ်ဳပ္ႏိုင္ခဲ့တဲ့အေပၚ။
ေျဖ-ဟုတ္ပါတယ္။ အထူးသျဖင့္ သူတို႔ေတြက ေမးခြန္းေတြ ဆက္တိုက္ ထုတ္ၿပီး ခင္ဗ်ားကို ႏႈိးဆြရင္း ခင္ဗ်ားကို ႀကဳံးသြင္းေနတဲ့အခိုက္အတန႔္မွာရွိေနတာေၾကာင့္ပါ။ သူတို႔ေတြ လုပ္ေနတာ အဲဒါပဲ။ ကြၽန္ေတာ္တို႔ သူတို႔ျဖစ္ေစခ်င္တဲ့အေနအထားကို မသြားဘူး။ ကြၽန္ေတာ္တို႔ အဲဒါကို စီမံခန႔္ခြဲရမွာျဖစ္ၿပီး စိတ္ပိုင္းဆိုင္ရာအရ မလြယ္ကူဘူးဆိုတာ နားလည္ရပါမယ္။ ေဘာလုံးေပးပို႔မႈ ၁၅ ႀကိမ္၊ အႀကိမ္ ၂၀ ေလာက္ကို လိုက္ရတာ မလြယ္ပါဘူး။ ခင္ဗ်ား အဲဒါကို လုပ္ႏိုင္ရမွာပါ။ ၿပီးရင္ ကစားဖို႔ သတၱိရွိရမယ္။ ခင္ဗ်ား အခ်ိန္တိုင္း သူတို႔ကို ေဘာလုံးေပးထားရတဲ့အသင္းနဲ႔ ရင္ဆိုင္ကစားခ်င္မွာမဟုတ္ပါဘူး။ ကစားသမားေတြက အရမ္းကို ေကာင္းမြန္ခဲ့တယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္။
ေမး- ပြဲအၿပီးအဝတ္လဲခန္းထဲက အေျခအေနကေရာ။
ေျဖ-သူတို႔ေတြအားလုံး ကခုန္ေနၿပီး အရမ္းကို ေပ်ာ္ေနၾကပါတယ္။ သူတို႔ေတြ အခု ႏိုင္ငံတကာပြဲစဥ္အားလပ္ရက္သြားရေတာ့မွာပါ။ စိတ္ခံစားမႈက အမ်ားႀကီး ပိုေကာင္းေနပါတယ္။ ႏိုင္ငံတကာပြဲမကစားရတဲ့သူေတြက နားရက္အနည္းငယ္ရမွာပါ။ ခ်ဲလ္ဆီးနဲ႔ ပြဲမတိုင္ခင္အထိ အားလုံးကို မွန္ကန္တဲ့ စိတ္ဓာတ္နဲ႔ မွန္ကန္တဲ့ စိတ္ခံစားခ်က္နဲ႔ ျဖတ္သန္းေစမွာပါ။ အဲဒါက အရမ္းေကာင္းပါတယ္။ အဲဒီေတာ့ အရမ္းေပ်ာ္ပါတယ္။
ေမး-ကိုဗာခ်စ္ အထုတ္မခံရတဲ့အေပၚမွာေရာ။
ေျဖ-ကြၽန္ေတာ္ ကစားေနတာကို တိုက္႐ိုက္ၾကည့္ခဲ့တဲ့အခ်ိန္မွာ အရမ္းျပင္းထန္တဲ့ ဖ်က္ထုတ္မႈပုံစံမ်ိဳးပါပဲ။ ဒါေပမယ့္ ကြၽန္ေတာ္ အေႏွးျပကြက္ျပန္မၾကည့္ရေသးဘူး။ ကြၽန္ေတာ္ ႏိုင္ပြဲကိုပဲ ေပ်ာ္ခ်င္တယ္။ ကြၽန္ေတာ္တို႔ အဲဒီအေၾကာင္း ေျပာၾကမယ္လို႔ ၾကားထားၿပီး အဲဒါနဲ႔ပတ္သက္ၿပီး တစ္ခုခုလုပ္ရမယ္ဆိုတာကို နားလည္ထားပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ႏိုင္ပြဲရေအာင္ ကစားႏိုင္ခဲ့ပါတယ္။
ေမး- အႏိုင္ဂိုးမွာ တိုမီယဆုက တိုက္စစ္ကစားသမားအေနနဲ႔ ပါဝင္ခဲ့တဲ့အေပၚမွာေရာ။
ေျဖ- ကြၽန္ေတာ္ သူ႔ကို ေျပာခဲ့တာေလ။ ကြၽန္ေတာ္ေျပာခဲ့တာက တိုမီ သူတို႔ေတြ ပထမဆုံး ဒိုကုကို အဲဒီေနရာမွာ ထားမယ္ဆိုတာ မင္း သိပါတယ္။ သူတို႔ေတြ သူ႔ကို တျခားတစ္ဖက္ကို ေျပာင္းလဲၿပီးတာနဲ႔ ကြၽန္ေတာ္တို႔ေတြလည္း ခ်က္ခ်င္း အေျပာင္းအလဲ လုပ္ခဲ့တယ္။ ၿပီးတဲ့ေနာက္မွာ သူ႔ကို ဘယ္ေတာင္ပံကစားသမားအျဖစ္နဲ႔ ဂိုးသမားေနာက္ လိုက္ေနတာကို ျမင္ရတယ္။ ေျပာရမယ္ဆိုရင္ လူစားဝင္ကစားသမားေတြက ေနာက္ထပ္တစ္ႀကိမ္ အရမ္းေကာင္းမြန္ခဲ့ပါတယ္။ သူတို႔ေတြက ဂိုးမွာ ပါဝင္ပတ္သက္ခဲ့သလို ႐ုပ္ပိုင္းဆိုင္ရာအားေကာင္းမႈ၊ ခြန္အားေတြနဲ႔ အရည္အေသြးေတြလည္း အသင္းထဲကို အမ်ားႀကီး ယူေဆာင္ေပးခဲ့ပါတယ္။
ေမး-အဂၤလန္နဲ႔ ဆာကာ ပူးေပါင္းမွာလား။
ေျဖ- ဟင့္အင္း။ သူ မပူးေပါင္းႏိုင္ေလာက္ဘူး။ သူေလ့က်င့္ေရးတစ္ႀကိမ္ေတာင္ မဆင္းႏိုင္ခဲ့ဘူး။ အဲဒီေတာ့ သူ လြဲေခ်ာ္မွာပါ။ သူ အခုအခ်ိန္မွာ ေဘာလုံးကစားေပးႏိုင္တဲ့အေျခအေနမရွိပါဘူး။
ေမး-ပြဲအၿပီး အာဆင္နယ္နည္းျပအဖြဲ႕ဝင္နဲ႔ မန္စီးတီးကစားသမားေတြ ဘာျဖစ္ၾကတာလဲ။
ေျဖ- ကြၽန္ေတာ္ ဘာမွ မျမင္လိုက္ရပါဘူး။
ေမး-အရန္ခုံကေန ဝင္လာၿပီး အက်ိဳးသက္ေရာက္မႈ ျပသႏိုင္ခဲ့တဲ့ မာတီနယ္လီအေပၚမွာေရာ။
ေျဖ-သူက စီးတီးနဲ႔ပြဲမွာ ပါဝင္ကစားေပးမယ္လို႔ ေျပာေနခဲ့တာ ရက္သတၱပတ္အနည္းငယ္ရွိပါၿပီ။ ကြၽန္ေတာ္တို႔က ဂါဘီရာ မင္းအတြက္ ေစာလြန္းေနလိမ့္မယ္လို႔ ေျပာခဲ့ပါတယ္။ မေန႔က သူက ေဘာ့စ္ ခင္ဗ်ားကို ကြၽန္ေတာ္ ေျပာခဲ့တယ္ေနာ္။ ကြၽန္ေတာ္ ဒီပြဲအတြက္ အဆင္သင့္ျဖစ္ေနလိမ့္မယ္ဆိုၿပီးေတာ့လို႔ ေျပာခဲ့တယ္။ မိနစ္ ၃၀ အၾကာမွာ လီယိုက သူ႔တံေကာက္ေၾကာမွာ တစ္ခုခုကို ခံစားခဲ့ရၿပီးေနာက္မွာေတာ့ ကြၽန္ေတာ္ လွည့္ၾကည့္လိုက္တယ္။ သူက ဝင္ဖို႔ေတာင္ အဆင္သင့္ျဖစ္ေနၿပီးသား။ ေဘာ့စ္ ကြၽန္ေတာ္ ဝင္ကစားဖို႔ အဆင္သင့္ပဲလို႔ ေျပာလာတယ္။ သူက အ႐ုပ္ရတဲ့ ကေလးတစ္ေယာက္လို အေပ်ာ္မ်ိဳး ရခဲ့တယ္။ သူ႔ရဲ႕ စိတ္ပိုင္းဆိုင္ရာက သူ႔အသက္အ႐ြယ္မွာ မယုံႏိုင္စရာပဲ။ သူ႔ကို ပိုင္ဆိုင္ထားရတာက ေပ်ာ္႐ႊင္စရာပါပဲ။ ဘာလို႔လဲဆိုေတာ့ ဒီေန႔မွာ သူက ပြဲကို ေျပာင္းလဲေပးႏိုင္ခဲ့ၿပီး ကြၽန္ေတာ္တို႔အတြက္ ႏိုင္ပြဲရဖို႔ တကယ္ကို အကူအညီျဖစ္ခဲ့လို႔ပါ။
ေမး- ရာယာရဲ႕ ကူညီေပးႏိုင္စြမ္းအေပၚမွာ စိုးရိမ္မိလား။
ေျဖ- အဲဒါက ကြၽန္ေတာ့္အမွားပါ။ အားလုံး ကြၽန္ေတာ့္အမွားပါ။ သူတို႔ေတြ အဲဒီကိစၥအတြက္ ကြၽန္ေတာ့္အေပၚ အျပစ္ပုံခ်ႏိုင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ သူ႔ကို ကြၽန္ေတာ္ အဲဒီလို လုပ္ခိုင္းခဲ့လို႔ပါ။ အထူးသျဖင့္ ဒီလိုအသင္းမ်ိဳးနဲ႔ ရင္ဆိုင္ကစားတဲ့အခ်ိန္မွာပါ။ ခင္ဗ်ား တျခားဟာေတြ လုပ္ေနမယဆိုရင္ ခင္ဗ်ား ျပႆနာအႀကီးႀကီးေတြ႕ႏိုင္တယ္။ သူက အရမ္းေကာင္းမြန္ခဲ့တယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ပင္နယ္တီဧရိယာထဲမွာ သူ လႊမ္းမိုးထားႏိုင္ခဲ့တဲ့ပုံစံ၊ ျဖတ္တင္ေဘာေတြ၊ တည္ကန္ေဘာေတြအတြက္ သူ ေျပးထြက္လာတဲ့ပုံစံ၊ သူ ကစားခဲ့တဲ့ အျမင့္ေတြက အရမ္းေကာင္းပါတယ္။ သူ အမွားႀကီးတစ္ခုလုပ္မိခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ လူအုပ္ႀကီးက ကစားသမားေတြနဲ႔ပတ္သက္ၿပီး ဒီလိုမ်ိဳးပဲ လုပ္ေနတာမို႔လို႔ပါ။ ကြၽန္ေတာ္ အဲဒါကို ျမင္ခဲ့တယ္။ ကစားသမားေတြက ေဘာလုံးကို ႀကဳံရာကို စၿပီးကန္လာတယ္။ ကြၽန္ေတာ္ သူ႔ကို ေျပာခဲ့တယ္။ အဲဒီလို မလုပ္နဲ႔။ အဲဒီလို မလုပ္မိေအာင္ ႀကိဳးစားလို႔။ သူက အဲဒါကို မလုပ္ခဲ့ဘူး။ အဆုံးမွာေတာ့ သူ ဆုလာဘ္ကို ရခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ အသင္းက ကြၽန္ေတာ္တို႔ ကစားခ်င္တဲ့ပုံစံထက္ အမ်ားႀကီးပိုေကာင္းတဲ့ပုံစံနဲ႔ စတင္ႏိုင္ခဲ့လို႔ပါ။ အဲဒီေတာ့ သူ႔ကို အႀကီးႀကီး ခ်ီးက်ဴးပါတယ္။
ေမး- ခံစစ္ကစားပုံနဲ႔ ကလင္းရွစ္တ္ရခဲ့တဲ့အေပၚ။
ေျဖ-ကြၽန္ေတာ္ အဲဒါကို ၉၂ မိနစ္မွာ ေတြးေနမိခဲ့တယ္။ ငါတို႔ေတြ ဒီေလာက္မ်ားမ်ားစားစား(ကလင္းရွစ္တ္)မရခဲ့ဘူး။ ကမာၻေပၚက အေကာင္းဆုံးအသင္းနဲ႔ ရင္ဆိုင္ကစားၿပီးေတာ့ ငါတို႔ေတြ အဲဒါကို လုပ္ႏိုင္ခဲ့ၿပီလို႔။ ကြၽန္ေတာ္တို႔ ခံစစ္ပိုင္းအတြက္ ဒီေန႔ ေတြ႕ႀကဳံခဲ့တဲ့ အားထုတ္မႈနဲ႔ ခ်စ္ျခင္းတရားေတြက ကြၽန္ေတာ္တို႔ လိုအပ္ခဲ့တဲ့အရာေတြပါ။ အဲဒါေတြက ကစားသမားတိုင္းမွာ ရွိခဲ့ၿပီး အဲဒါက မရွိမျဖစ္လိုအပ္ပါတယ္။ ခင္ဗ်ား သူတို႔ကို ဂိုးေပးလိုက္ရရင္ ခ်က္ခ်င္းဆိုသလိုပဲ အရမ္းကို ခက္ခဲသြားၿပီဆိုတာ ခင္ဗ်ား သိမွာပါ။ ဘာလို႔လဲဆိုေတာ့ သူတို႔ေတြက ေဘာလုံးမ်ားမ်ားစားစား မေပးပစ္တတ္တဲ့အသင္းမို႔လို႔ပါ။ အဲဒီေတာ့ ဒါက အရမ္းအေရးႀကီးခဲ့ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Exclusive Interview