စီးတီးနဲ့ အာဆင်နယ်တို့ပွဲစဉ်ရလဒ်နဲ့ ဆုဖလားဟောကိန်းထုတ်လိုက်တဲ့ ကလစ်ချီ 1024 504 coyg

စီးတီးနဲ့ အာဆင်နယ်တို့ပွဲစဉ်ရလဒ်နဲ့ ဆုဖလားဟောကိန်းထုတ်လိုက်တဲ့ ကလစ်ချီ

အာဆင်နယ်နဲ့ မန်စီးတီးကစားသမားဟောင်း ဂေးလ် ကလစ်ချီဟာ ယခုအပတ် တနင်္ဂနွေနေ့ အသင်းဟောင်း ၂ သင်းကြား တွေ့ဆုံယှဉ်ပြိုင်သွားမယ့်ပွဲစဉ်ကို စောင့်မျှော်နေပြီး အံ့အားသင့်စရာကောင်းတဲ့ပွဲဖြစ်လာလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

ဂန်းနားတွေဟာ တနင်္ဂနွေနေ့ အမ်းမရိတ်စ်မှာ မန်ချက်စတာစီးတီးကို လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာဖို့အတွက် ရေပန်းအစားဆုံးအသင်း ၂ သင်းကြား ယှဉ်ပြိုင်မှုဖြစ်တာကြောင့် အရေးကြီးတဲ့ပွဲစဉ်ဖြစ်လာမှာဖြစ်ပါတယ်။

၇ ပွဲကစားပြီးချိန်မှာ မန်စီးတီးက အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေပေမယ့်လည်း အာဆင်နယ်က ၁ မှတ်လျော့နဲ့ တတိယနေရာကနေ ဖိအားလိုက်ပေးနေတာဖြစ်ပြီး တော့တင်ဟမ်ဟော့စပါးက ဒုတိယနေရာမှာ ရှိနေတာဖြစ်ပါတယ်။

အာဆင်နယ်ဟာ အိမ်ကွင်း အားသာချက်ရှိပေမယ့်လည်း ဂွါဒီယိုလာရဲ့ အသင်းလူစာရင်း အရည်အသွေးနဲ့ မကြာသေးမီက တွေ့ဆုံခဲ့တဲ့ ရလဒ်တွေအရ ရှုံးနိမ့်မယ်လို့ မျှော်မှန်းခြင်းခံထားရပြီး ဂန်းနားတွေဟာ ၂၀၁၅ ဒီဇင်ဘာလကတည်းက ပရီးမီးယားလိဂ်မှာ မန်စီးတီးကို အနိုင်မရတော့ဘဲ နောက်ဆုံး ၂၁ ကြိမ်မှာ ၁၆ ကြိမ်အထိ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကလစ်ချီက တနင်္ဂနွေနေ့ပွဲစဉ်ဟာ ယခုရာသီ ပရီးမီးယားလိဂ်ဖလားကို ဆုံးဖြတ်ရာမှာ အရေးကြီးတဲ့ ပွဲစဉ်ဖြစ်လာလိမ့်မယ်လို့ မယုံကြည်နေတာဖြစ်ပါတယ်။

“အာဆင်နယ်နဲ့ မန်စီးတီးတို့ရဲ့ ပွဲက ဆုဖလားအတွက် အရေးကြီးတဲ့ပွဲဖြစ်လာဖို့က စောလွန်းပါသေးတယ်။ ဘာလို့လဲဆိုတော့ ရမှတ်တွေလျော့ကျဖို့နဲ့ လာမယ့်လအနည်းငယ်အတွင်းမှာ အနိုင်ကစားဖို့ အများကြီးကျန်နေသေးလို့ပါ။ မန်စီးတီးနဲ့ အာဆင်နယ်တို့က ပြီးခဲ့တဲ့ လ ၂၀ အတွင်း ပရီးမီးယားလိဂ်မှာ အကောင်းဆုံးအသင်း ၂ သင်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲစဉ်က အာဆင်နယ် ရုန်းကန်ရလိမ့်မယ်လို့ လူတွေ အမြဲတမ်းတွေးမယ့်ပွဲစဉ်ပါ။ ဘာလို့လဲဆိုတော့ လူစာရင်းရဲ့ အတွေ့အကြုံကြောင့်ပါ။ ပြီးခဲ့တဲ့ရာသီမှာ ကပ်လွဲခဲ့ပြီးနောက် အာဆင်နယ်က အမ်းမရိတ်စ်မှာ ပရိသတ်တွေကို မန်စီးတီးကို အမီလိုက်နိုင်တယ်ဆိုတာ ပြချင်နေမှာပါ။ မန်စီးတီးဘက်ကနေကြည့်ရင်လည်း ရိုဒရီ မပါဝင်နိုင်တာ ကျွန်တော် မစိုးရိမ်ပါဘူး။ ဘာလို့လဲဆိုတော့ ကွင်းလယ်က အရည်အသွေးတွေ အများကြီးရှိနေလို့ပါ။ ကစားအား အရမ်းပြင်းထန်ပြီး အံ့အားသင့်စရာကောင်းတဲ့ပွဲဖြစ်လာမှာပါ။ အာတီတာက ဂွါဒီယိုလာကို ကော်ပီကူးထားတာဖြစ်ပြီး သူ့ရဲ့ နည်းဗျူဟာတွေထဲ၊ ကွင်းဘေးစည်းက ပုံစံနဲ့ သတင်းစာရှင်းလင်းပွဲမှာ ပပ် အသေးစားလေးကို ခင်ဗျား မြင်နိုင်ပါတယ်။ မန်စီးတီးက အနိုင်ရသွားမယ်လို့ ကျွန်တော် ထင်ပါတယ်။ သူတို့မှာ အရည်အသွေးတွေ အများကြီးရှိပြီး အာလင်း ဟာလန်းလည်း ရှိနေပါတယ်။ မန်စီးတီး လုပ်ဖို့လိုတာဆိုလို့ ဟာလန်းဆီကို ဘောလုံးရောက်အောင် ပေးဖို့ဖြစ်ပြီး သူက အာဆင်နယ်ကို နာကျင်စေနိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီ အမှတ်ပေးဇယားထိပ်ဆုံးမှာ အချိန်အကြာကြီး ဦးဆောင်နိုင်ခဲ့ပြီးနောက် ရာသီနှောင်းပိုင်းမှာ ခြေချော်သွားတာကြောင့် မန်စီးတီးက ၆ ရာသီအတွင်း ၅ ကြိမ်မြောက် အမှတ်ပေးဖလားကို ရရှိသွားခဲ့တာဖြစ်ပြီး ၂၀၂၃-၂၀၂၄ ရာသီမှာ ပိုပြီး ခက်ခဲတဲ့အခြေအနေတွေ ဖြစ်လာလိမ့်မယ်လို့ ကလစ်ချီက ဟောကိန်းထုတ်ခဲ့တာဖြစ်ပါတယ်။

“အာဆင်နယ်က ကြီးမားတဲ့သမိုင်းကြောင်းနဲ့ အသင်းကြီးတစ်သင်းပါ။ မနှစ်ကမတိုင်ခင်အထိ သူတို့တွေ ဆုဖလားကို စိန်မခေါ်နိုင်ခဲ့တာ ကြာပါပြီ။ ဒါပေမယ့် ခင်ဗျား အခု တိုးတက်မှုကို မြင်တွေ့နိုင်ပါတယ်။ အာတီတာက လုပ်ငန်းစဉ်အတွက် အချိန်နဲ့ ငွေကြေးထောက်ပံ့ပေးတာ ခံခဲ့ရတယ်။ ဘုန်းမောက်အဝေးကွင်းပွဲက လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက တကယ်ကို ခက်ခဲတဲ့ပွဲဖြစ်ခဲ့တယ်။ အဲဒီမှာ ၄-၀ နဲ့ အပြတ်အသန်အနိုင်ရခဲ့တာက ကြီးမားတဲ့နိုင်ပွဲပါ။ အာဆင်နယ်က လူငယ်ကစားသမားတွေက လျင်လျင်မြန်မြန် ရင့်ကျက်လာနေပြီး အဲဒါက အရမ်းကြီးမားတဲ့ အကြောင်းအရင်းဖြစ်လိမ့်မယ်လို့ ထင်တယ်။ အသင်းမှာ တစ်စုံတရာ အနိုင်ရရှိချင်စိတ်ပြင်းပြနေတဲ့ လူငယ်တွေနဲ့ အတွေ့အကြုံရှိတဲ့ကစားသမားတွေ ရောစပ်ဖို့က အရေးကြီးပါတယ်။ စီးတီးက နောက်ထပ်တစ်ကြိမ် ချန်ပီယံဖြစ်ဦးမယ်လို့ ထင်နေတုန်းပါပဲ။ ဒါပေမယ့် ခင်ဗျား ဖလား ၃ လုံးအနိုင်ရတဲ့အခါမှာ အဲဒီလို စိတ်ပိုင်းဖြတ်မှုမျိုးကို ထိန်းသိမ်းထားနိုင်ဖို့က ခက်ပါတယ်။ ဒါက အာဆင်နယ်အတွက် တံခါးပွင့်စေပါတယ်”လို့ ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္နဲ႔ မန္စီးတီးကစားသမားေဟာင္း ေဂးလ္ ကလစ္ခ်ီဟာ ယခုအပတ္ တနဂၤေႏြေန႔ အသင္းေဟာင္း ၂ သင္းၾကား ေတြ႕ဆုံယွဥ္ၿပိဳင္သြားမယ့္ပြဲစဥ္ကို ေစာင့္ေမွ်ာ္ေနၿပီး အံ့အားသင့္စရာေကာင္းတဲ့ပြဲျဖစ္လာလိမ့္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဂန္းနားေတြဟာ တနဂၤေႏြေန႔ အမ္းမရိတ္စ္မွာ မန္ခ်က္စတာစီးတီးကို လက္ခံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္လာဖို႔အတြက္ ေရပန္းအစားဆုံးအသင္း ၂ သင္းၾကား ယွဥ္ၿပိဳင္မႈျဖစ္တာေၾကာင့္ အေရးႀကီးတဲ့ပြဲစဥ္ျဖစ္လာမွာျဖစ္ပါတယ္။

၇ ပြဲကစားၿပီးခ်ိန္မွာ မန္စီးတီးက အမွတ္ေပးဇယားထိပ္ဆုံးမွာ ဦးေဆာင္ေနေပမယ့္လည္း အာဆင္နယ္က ၁ မွတ္ေလ်ာ့နဲ႔ တတိယေနရာကေန ဖိအားလိုက္ေပးေနတာျဖစ္ၿပီး ေတာ့တင္ဟမ္ေဟာ့စပါးက ဒုတိယေနရာမွာ ရွိေနတာျဖစ္ပါတယ္။

အာဆင္နယ္ဟာ အိမ္ကြင္း အားသာခ်က္ရွိေပမယ့္လည္း ဂြါဒီယိုလာရဲ႕ အသင္းလူစာရင္း အရည္အေသြးနဲ႔ မၾကာေသးမီက ေတြ႕ဆုံခဲ့တဲ့ ရလဒ္ေတြအရ ရႈံးနိမ့္မယ္လို႔ ေမွ်ာ္မွန္းျခင္းခံထားရၿပီး ဂန္းနားေတြဟာ ၂၀၁၅ ဒီဇင္ဘာလကတည္းက ပရီးမီးယားလိဂ္မွာ မန္စီးတီးကို အႏိုင္မရေတာ့ဘဲ ေနာက္ဆုံး ၂၁ ႀကိမ္မွာ ၁၆ ႀကိမ္အထိ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ကလစ္ခ်ီက တနဂၤေႏြေန႔ပြဲစဥ္ဟာ ယခုရာသီ ပရီးမီးယားလိဂ္ဖလားကို ဆုံးျဖတ္ရာမွာ အေရးႀကီးတဲ့ ပြဲစဥ္ျဖစ္လာလိမ့္မယ္လို႔ မယုံၾကည္ေနတာျဖစ္ပါတယ္။

“အာဆင္နယ္နဲ႔ မန္စီးတီးတို႔ရဲ႕ ပြဲက ဆုဖလားအတြက္ အေရးႀကီးတဲ့ပြဲျဖစ္လာဖို႔က ေစာလြန္းပါေသးတယ္။ ဘာလို႔လဲဆိုေတာ့ ရမွတ္ေတြေလ်ာ့က်ဖို႔နဲ႔ လာမယ့္လအနည္းငယ္အတြင္းမွာ အႏိုင္ကစားဖို႔ အမ်ားႀကီးက်န္ေနေသးလို႔ပါ။ မန္စီးတီးနဲ႔ အာဆင္နယ္တို႔က ၿပီးခဲ့တဲ့ လ ၂၀ အတြင္း ပရီးမီးယားလိဂ္မွာ အေကာင္းဆုံးအသင္း ၂ သင္းျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ ဒီပြဲစဥ္က အာဆင္နယ္ ႐ုန္းကန္ရလိမ့္မယ္လို႔ လူေတြ အၿမဲတမ္းေတြးမယ့္ပြဲစဥ္ပါ။ ဘာလို႔လဲဆိုေတာ့ လူစာရင္းရဲ႕ အေတြ႕အႀကဳံေၾကာင့္ပါ။ ၿပီးခဲ့တဲ့ရာသီမွာ ကပ္လြဲခဲ့ၿပီးေနာက္ အာဆင္နယ္က အမ္းမရိတ္စ္မွာ ပရိသတ္ေတြကို မန္စီးတီးကို အမီလိုက္ႏိုင္တယ္ဆိုတာ ျပခ်င္ေနမွာပါ။ မန္စီးတီးဘက္ကေနၾကည့္ရင္လည္း ႐ိုဒရီ မပါဝင္ႏိုင္တာ ကြၽန္ေတာ္ မစိုးရိမ္ပါဘူး။ ဘာလို႔လဲဆိုေတာ့ ကြင္းလယ္က အရည္အေသြးေတြ အမ်ားႀကီးရွိေနလို႔ပါ။ ကစားအား အရမ္းျပင္းထန္ၿပီး အံ့အားသင့္စရာေကာင္းတဲ့ပြဲျဖစ္လာမွာပါ။ အာတီတာက ဂြါဒီယိုလာကို ေကာ္ပီကူးထားတာျဖစ္ၿပီး သူ႔ရဲ႕ နည္းဗ်ဴဟာေတြထဲ၊ ကြင္းေဘးစည္းက ပုံစံနဲ႔ သတင္းစာရွင္းလင္းပြဲမွာ ပပ္ အေသးစားေလးကို ခင္ဗ်ား ျမင္ႏိုင္ပါတယ္။ မန္စီးတီးက အႏိုင္ရသြားမယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္။ သူတို႔မွာ အရည္အေသြးေတြ အမ်ားႀကီးရွိၿပီး အာလင္း ဟာလန္းလည္း ရွိေနပါတယ္။ မန္စီးတီး လုပ္ဖို႔လိုတာဆိုလို႔ ဟာလန္းဆီကို ေဘာလုံးေရာက္ေအာင္ ေပးဖို႔ျဖစ္ၿပီး သူက အာဆင္နယ္ကို နာက်င္ေစႏိုင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရာသီ အမွတ္ေပးဇယားထိပ္ဆုံးမွာ အခ်ိန္အၾကာႀကီး ဦးေဆာင္ႏိုင္ခဲ့ၿပီးေနာက္ ရာသီေႏွာင္းပိုင္းမွာ ေျခေခ်ာ္သြားတာေၾကာင့္ မန္စီးတီးက ၆ ရာသီအတြင္း ၅ ႀကိမ္ေျမာက္ အမွတ္ေပးဖလားကို ရရွိသြားခဲ့တာျဖစ္ၿပီး ၂၀၂၃-၂၀၂၄ ရာသီမွာ ပိုၿပီး ခက္ခဲတဲ့အေျခအေနေတြ ျဖစ္လာလိမ့္မယ္လို႔ ကလစ္ခ်ီက ေဟာကိန္းထုတ္ခဲ့တာျဖစ္ပါတယ္။

“အာဆင္နယ္က ႀကီးမားတဲ့သမိုင္းေၾကာင္းနဲ႔ အသင္းႀကီးတစ္သင္းပါ။ မႏွစ္ကမတိုင္ခင္အထိ သူတို႔ေတြ ဆုဖလားကို စိန္မေခၚႏိုင္ခဲ့တာ ၾကာပါၿပီ။ ဒါေပမယ့္ ခင္ဗ်ား အခု တိုးတက္မႈကို ျမင္ေတြ႕ႏိုင္ပါတယ္။ အာတီတာက လုပ္ငန္းစဥ္အတြက္ အခ်ိန္နဲ႔ ေငြေၾကးေထာက္ပံ့ေပးတာ ခံခဲ့ရတယ္။ ဘုန္းေမာက္အေဝးကြင္းပြဲက လြန္ခဲ့တဲ့ႏွစ္အနည္းငယ္တုန္းက တကယ္ကို ခက္ခဲတဲ့ပြဲျဖစ္ခဲ့တယ္။ အဲဒီမွာ ၄-၀ နဲ႔ အျပတ္အသန္အႏိုင္ရခဲ့တာက ႀကီးမားတဲ့ႏိုင္ပြဲပါ။ အာဆင္နယ္က လူငယ္ကစားသမားေတြက လ်င္လ်င္ျမန္ျမန္ ရင့္က်က္လာေနၿပီး အဲဒါက အရမ္းႀကီးမားတဲ့ အေၾကာင္းအရင္းျဖစ္လိမ့္မယ္လို႔ ထင္တယ္။ အသင္းမွာ တစ္စုံတရာ အႏိုင္ရရွိခ်င္စိတ္ျပင္းျပေနတဲ့ လူငယ္ေတြနဲ႔ အေတြ႕အႀကဳံရွိတဲ့ကစားသမားေတြ ေရာစပ္ဖို႔က အေရးႀကီးပါတယ္။ စီးတီးက ေနာက္ထပ္တစ္ႀကိမ္ ခ်န္ပီယံျဖစ္ဦးမယ္လို႔ ထင္ေနတုန္းပါပဲ။ ဒါေပမယ့္ ခင္ဗ်ား ဖလား ၃ လုံးအႏိုင္ရတဲ့အခါမွာ အဲဒီလို စိတ္ပိုင္းျဖတ္မႈမ်ိဳးကို ထိန္းသိမ္းထားႏိုင္ဖို႔က ခက္ပါတယ္။ ဒါက အာဆင္နယ္အတြက္ တံခါးပြင့္ေစပါတယ္”လို႔ ထပ္ေလာင္း ေျပာဆိုခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet