ဘုန်းမောက်နဲ့ပွဲအတွက် ပေါလ် မာဆန်နဲ့ သဘောတူခဲ့တဲ့ နဗီး
အာဆင်နယ်အတွက်တော့ အလုပ်များတဲ့ ရက်သတ္တပတ်ဖြစ်ခဲ့ပြီး ယခုအပတ်မှာ ပရီးမီးယားလိဂ်ပွဲစဥ်အဖြစ် ယှဉ်ပြိုင်ကစားသွားရမှာဖြစ်တာကြောင့် ပွဲဆက်တွေများပြီး ကြပ်လာပြီဖြစ်ပါတယ်။
မြောက်လန်ဒန်ကလပ်ဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်မှာ တော့တင်ဟမ်ဟော့စပါးနဲ့ ၂-၂ သရေကျခဲ့ပြီး ယခုရက်သတ္တပတ်အလယ်မှာ ဘရန့်တ်ဖို့ဒ်ကို ကာရာဘောင်းဖလား တတိယအဆင့်မှာ ၁-၀ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဂန်းနားတွေဟာ ယနေ့ညမှာ ဘုန်းမောက်ကွင်းကို သွားရောက်ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အာတီတာအတွက်တော့ အသင်းဖော်ဟောင်း အန်ဒိုနီ အီရာအိုလာနဲ့ ပြန်လည် ဆုံစည်းရမှာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ အဓိကကစားသမားအချို့ မပါဝင်ဘဲ ကစားသွားရမှာဖြစ်ပြီး ဒီပွဲစဉ်အတွက် ပထမအသင်း ကစားသမား ၈ ဦးလောက်အထိ ပါဝင်ကစားပေးဖို့ မရေမရာဖြစ်နေတာ ဖြစ်နေပေမယ့်လည်း ဘောလုံးဝေဖန်သုံးသပ်သူတွေဖြစ်တဲ့ ပေါလ် မာဆန်နဲ့ ဂယ်ရီ နဗီးတို့က ဂန်းနားတွေဘက်ကနေ အကောင်းမြင်ထားတဲ့ ဟောကိန်းတွေ ထုတ်ခဲ့ကြတာဖြစ်ပါတယ်။
အာဆင်နယ်ဆိုရင် မကောင်းအမြဲပြောလေ့ရှိတဲ့ ဂယ်ရီ နဗီးက ထူးထူးဆန်းဆန်းပဲ ဂန်းနားတွေက ၂-၀ နဲ့ အနိုင်ရရှိသွားလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ပြီး ဘုန်းမောက်က ဒီအပတ်အထိကို ဂိုးပေါက်ကန်သွင်းမှု ၁၀ ကြိမ်လားပဲ လုပ်နိုင်ခဲ့တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ဂန္တဝင် ပေါလ် မာဆန်ကလည်း အာဆင်နယ်ဟာ မန်စီးတီးနဲ့ ကစားရမယ့်ပွဲစဉ်နားကပ်နေပြီဖြစ်တာကြောင့် ဘုန်းမောက်ကို အနိုင်ကစားသွားမှာဖြစ်ပြီး ဗီတာလတီကွင်းမှာ အနိုင် ၃ မှတ်စလုံး ရယူသွားမှာဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
ပေါလ် မာဆန်က ဘုန်းမောက်ဟာ ယခုရာသီမှာ ကောင်းကောင်း မကစားနိုင်နေဘဲ ရုန်းကန်နေရတာကြောင့် ဒီပွဲစဉ်ကနေ ဘာအမှတ်မှ မျှော်လင့်နိုင်မှာမဟုတ်ဘဲ အာဆင်နယ်က ၂-၀ နဲ့ အနိုင်ရရှိသွားမယ်လို့ ဟောကိန်းထုတ်ခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္အတြက္ေတာ့ အလုပ္မ်ားတဲ့ ရက္သတၱပတ္ျဖစ္ခဲ့ၿပီး ယခုအပတ္မွာ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ ယွဥ္ၿပိဳင္ကစားသြားရမွာျဖစ္တာေၾကာင့္ ပြဲဆက္ေတြမ်ားၿပီး ၾကပ္လာၿပီျဖစ္ပါတယ္။
ေျမာက္လန္ဒန္ကလပ္ဟာ ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္မွာ ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ ၂-၂ သေရက်ခဲ့ၿပီး ယခုရက္သတၱပတ္အလယ္မွာ ဘရန႔္တ္ဖို႔ဒ္ကို ကာရာေဘာင္းဖလား တတိယအဆင့္မွာ ၁-၀ နဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။ ဂန္းနားေတြဟာ ယေန႔ညမွာ ဘုန္းေမာက္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး အာတီတာအတြက္ေတာ့ အသင္းေဖာ္ေဟာင္း အန္ဒိုနီ အီရာအိုလာနဲ႔ ျပန္လည္ ဆုံစည္းရမွာ ျဖစ္ပါတယ္။
အာဆင္နယ္ဟာ အဓိကကစားသမားအခ်ိဳ႕ မပါဝင္ဘဲ ကစားသြားရမွာျဖစ္ၿပီး ဒီပြဲစဥ္အတြက္ ပထမအသင္း ကစားသမား ၈ ဦးေလာက္အထိ ပါဝင္ကစားေပးဖို႔ မေရမရာျဖစ္ေနတာ ျဖစ္ေနေပမယ့္လည္း ေဘာလုံးေဝဖန္သုံးသပ္သူေတြျဖစ္တဲ့ ေပါလ္ မာဆန္နဲ႔ ဂယ္ရီ နဗီးတို႔က ဂန္းနားေတြဘက္ကေန အေကာင္းျမင္ထားတဲ့ ေဟာကိန္းေတြ ထုတ္ခဲ့ၾကတာျဖစ္ပါတယ္။
အာဆင္နယ္ဆိုရင္ မေကာင္းအၿမဲေျပာေလ့ရွိတဲ့ ဂယ္ရီ နဗီးက ထူးထူးဆန္းဆန္းပဲ ဂန္းနားေတြက ၂-၀ နဲ႔ အႏိုင္ရရွိသြားလိမ့္မယ္လို႔ ေဟာကိန္းထုတ္ခဲ့ၿပီး ဘုန္းေမာက္က ဒီအပတ္အထိကို ဂိုးေပါက္ကန္သြင္းမႈ ၁၀ ႀကိမ္လားပဲ လုပ္ႏိုင္ခဲ့တယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။
အာဆင္နယ္ဂႏၲဝင္ ေပါလ္ မာဆန္ကလည္း အာဆင္နယ္ဟာ မန္စီးတီးနဲ႔ ကစားရမယ့္ပြဲစဥ္နားကပ္ေနၿပီျဖစ္တာေၾကာင့္ ဘုန္းေမာက္ကို အႏိုင္ကစားသြားမွာျဖစ္ၿပီး ဗီတာလတီကြင္းမွာ အႏိုင္ ၃ မွတ္စလုံး ရယူသြားမွာျဖစ္တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။
ေပါလ္ မာဆန္က ဘုန္းေမာက္ဟာ ယခုရာသီမွာ ေကာင္းေကာင္း မကစားႏိုင္ေနဘဲ ႐ုန္းကန္ေနရတာေၾကာင့္ ဒီပြဲစဥ္ကေန ဘာအမွတ္မွ ေမွ်ာ္လင့္ႏိုင္မွာမဟုတ္ဘဲ အာဆင္နယ္က ၂-၀ နဲ႔ အႏိုင္ရရွိသြားမယ္လို႔ ေဟာကိန္းထုတ္ခဲ့တာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Pre Match Talks
- Team News