လက်ကို ဘောလုံးထိလို့ ပင်နယ်တီပေးကြေးဆို လက်မပါတဲ့ နောက်ခံလူပဲ သုံးတော့မယ်ဆိုတဲ့ ပေါ်စတီကိုဂလူ 1024 504 coyg

လက်ကို ဘောလုံးထိလို့ ပင်နယ်တီပေးကြေးဆို လက်မပါတဲ့ နောက်ခံလူပဲ သုံးတော့မယ်ဆိုတဲ့ ပေါ်စတီကိုဂလူ

တော့တင်ဟမ်ဟော့စပါးနည်းပြ အန်ဂီ ပေါ်စတီကိုဂလူက တနင်္ဂနွေနေ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်အတွင်း အာဆင်နယ်ကြယ်ပွင့် ဘူကာယို ဆာကာကို လွှမ်းမိုးနိုင်ခဲ့တဲ့အတွက် ၎င်းရဲ့ကစားသမားတွေထဲက တစ်ဦးကို ချီးကျူးခဲ့ပါတယ်။

စပါးစ်ဟာ အမ်းမရိတ်စ်ကနေ သရေ ၁ မှတ် ရယူနိုင်ခဲ့တာဖြစ်ပြီး ဆွန်ဟောင်မင်ရဲ့ ချေပဂိုး ၂ ဂိုးကြောင့် တော့တင်ဟမ်ဟော့စပါးဟာ နည်းပြသစ် လက်အောက် ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိတဲ့အသင်းအဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

ဆွန်ဟောင်မင်က ပထမပိုင်းမှာ ခရစ်ရှန် ရိုမဲရိုးရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တဲ့ သွင်းဂိုးအပြီးမှာ ချေပဂိုး သွင်းယူပေးခဲ့ပြီး ဒုတိယပိုင်းမှာ ဆာကာရဲ့ ပင်နယ်တီကနေ သွင်းယူခဲ့တဲ့ ဦးဆောင်ဂိုးကိုလည်း ပြန်လည်ချေပနိုင်ခဲ့တာဖြစ်ပါတယ်။

စပါးစ်နည်းပြ ပေါ်စတီကိုဂလူက အထူးသဖြင့် ၎င်းရဲ့ဘယ်နောက်ခံလူ ဒက်စ်တနီ အူဒိုဂီကို အထင်ကြီးမိခဲ့ပြီး ၁၅ မိနစ်မှာ အဝါကတ်ထိခဲ့ပေမယ့်လည်း ဆာကာကို ပွဲကစားချိန် အများစုမှာ တိတ်ဆိတ်နေအောင် လုပ်နိုင်ခဲ့တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ကျွန်တော် တွေးမိခဲ့တာက ဒီနေ့ ကျွန်တော်တို့ရဲ့ နောက်ခံတောင်ပံကစားသမား ၂ ဦးစလုံးက ခက်ခဲတဲ့အလုပ်တွေကို လုပ်ခဲ့ရတယ်ဆိုတာပါ။ အာဆင်နယ်မှာ အရမ်းထူးချွန်တဲ့ တောင်ပံကစားသမားတွေရှိတယ်။ သူတို့ရဲ့ ခြိမ်းခြောက်မှုတွေကလည်း အဲဒီကနေပဲ လာတာပါ။ ဒက်စ်တနီက အဝါကတ်ထိခဲ့ပြီး အဲဒါက သူ့ကို စိတ်လှုပ်ရှားစေခဲ့ပါတယ်။ ဒါပေမယ့် သူက အဲဒါကို ကောင်းကောင်း ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ပြီး ဘယ်တောင်ပံမှာ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ကစားသမားဖြစ်ခဲ့တယ်လို့ ခံစားခဲ့ရတယ်။ အဲဒါက သူ့အတွက် အရမ်းကောင်းမွန်တဲ့အတွေ့အကြုံ သင်ခန်းစာဖြစ်ခဲ့မှာဖြစ်ပြီး ထိပ်တန်းအသင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရတာပါ။ ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ ပေါ်စတီကိုဂလူက အာဆင်နယ်ရဲ့ ဒုတိယပိုင်း ပင်နယ်တီ ရရှိခဲ့မှုအတွက် မပျော်မရွှင်ဖြစ်ခဲ့ပြီး လက်ထိဘော စည်းမျဉ်းတွေကို နားလည်အောင်လည်း ရှင်းပြကြဦးလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် လက်ထိဘော စည်းမျဉ်းတွေနဲ့ပတ်သက်ပြီး မသိပါဘူး။ ကျွန်တော် တကယ်မသိတာပါ။ ကျွန်တော် မနေ့က ဝုလ်ဗ်စ်နဲ့ပွဲမှာ တစ်ကြိမ်တွေ့ခဲ့ရပြီး ဘောလုံးက ခင်ဗျားလက်ကို လာမှန်ရင် ပင်နယ်တီ ပေးတဲ့ပုံစံပဲ။ တခြားတစ်ကြိမ်ကျတော့ ဘောလုံးက ခင်ဗျားလက်ကို လာမှန်ရင် ပင်နယ်တီ မဟုတ်ဘူး ဖြစ်ပြန်ရော။ ကျွန်တော်တော့ မသိတော့ဘူး။ အဲဒါက ပြိုင်ပွဲထဲက စည်းမျဉ်း တစ်ခုဖြစ်ပြီး ကျွန်တော်ကတော့ နားမလည်ဘူး။ ကျွန်တော်တို့ လက်မရှိတဲ့ နောက်ခံကစားသမားတွေကို စပြီး မသုံးဘူးဆိုရင် ခင်ဗျား ပင်ကို အနေအထားမှာရှိနေပြီး ဘောလုံးကို ဘယ်လို ပိတ်ဆို့မလဲဆိုတာ ကျွန်တော်တော့ မသိဘူး။ အဲဒီလို ဖြစ်နေတယ်။ ခင်ဗျား နှစ်ပေါင်းများစွာအတွင်း ဒီလိုကိစ္စတွေက သူ့ဘာသာသူ အဆင်ပြေသွားမယ်လို့ မျှော်လင့်နေသလိုမျိုးပါပဲ။ ဒါပေမယ့် ကျွန်တော် လက်ထိဘော စည်းမျဉ်းကို နားမလည်ပါဘူး။ ကျွန်တော့်ကို ရှင်းပြရင် ကောင်းမယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် မသိလို့ပါ”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: ေတာ့တင္ဟမ္ေဟာ့စပါးနည္းျပ အန္ဂီ ေပၚစတီကိုဂလူက တနဂၤေႏြေန႔ ေျမာက္လန္ဒန္ဒါဘီပြဲစဥ္အတြင္း အာဆင္နယ္ၾကယ္ပြင့္ ဘူကာယို ဆာကာကို လႊမ္းမိုးႏိုင္ခဲ့တဲ့အတြက္ ၎ရဲ႕ကစားသမားေတြထဲက တစ္ဦးကို ခ်ီးက်ဴးခဲ့ပါတယ္။

စပါးစ္ဟာ အမ္းမရိတ္စ္ကေန သေရ ၁ မွတ္ ရယူႏိုင္ခဲ့တာျဖစ္ၿပီး ဆြန္ေဟာင္မင္ရဲ႕ ေခ်ပဂိုး ၂ ဂိုးေၾကာင့္ ေတာ့တင္ဟမ္ေဟာ့စပါးဟာ နည္းျပသစ္ လက္ေအာက္ ပရီးမီးယားလိဂ္မွာ ရႈံးပြဲမရွိတဲ့အသင္းအျဖစ္ ဆက္လက္ရပ္တည္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဆြန္ေဟာင္မင္က ပထမပိုင္းမွာ ခရစ္ရွန္ ႐ိုမဲ႐ိုးရဲ႕ ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့တဲ့ သြင္းဂိုးအၿပီးမွာ ေခ်ပဂိုး သြင္းယူေပးခဲ့ၿပီး ဒုတိယပိုင္းမွာ ဆာကာရဲ႕ ပင္နယ္တီကေန သြင္းယူခဲ့တဲ့ ဦးေဆာင္ဂိုးကိုလည္း ျပန္လည္ေခ်ပႏိုင္ခဲ့တာျဖစ္ပါတယ္။

စပါးစ္နည္းျပ ေပၚစတီကိုဂလူက အထူးသျဖင့္ ၎ရဲ႕ဘယ္ေနာက္ခံလူ ဒက္စ္တနီ အူဒိုဂီကို အထင္ႀကီးမိခဲ့ၿပီး ၁၅ မိနစ္မွာ အဝါကတ္ထိခဲ့ေပမယ့္လည္း ဆာကာကို ပြဲကစားခ်ိန္ အမ်ားစုမွာ တိတ္ဆိတ္ေနေအာင္ လုပ္ႏိုင္ခဲ့တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“ကြၽန္ေတာ္ ေတြးမိခဲ့တာက ဒီေန႔ ကြၽန္ေတာ္တို႔ရဲ႕ ေနာက္ခံေတာင္ပံကစားသမား ၂ ဦးစလုံးက ခက္ခဲတဲ့အလုပ္ေတြကို လုပ္ခဲ့ရတယ္ဆိုတာပါ။ အာဆင္နယ္မွာ အရမ္းထူးခြၽန္တဲ့ ေတာင္ပံကစားသမားေတြရွိတယ္။ သူတို႔ရဲ႕ ၿခိမ္းေျခာက္မႈေတြကလည္း အဲဒီကေနပဲ လာတာပါ။ ဒက္စ္တနီက အဝါကတ္ထိခဲ့ၿပီး အဲဒါက သူ႔ကို စိတ္လႈပ္ရွားေစခဲ့ပါတယ္။ ဒါေပမယ့္ သူက အဲဒါကို ေကာင္းေကာင္း ကိုင္တြယ္ေျဖရွင္းႏိုင္ခဲ့ၿပီး ဘယ္ေတာင္ပံမွာ လႊမ္းမိုးႏိုင္စြမ္းရွိတဲ့ ကစားသမားျဖစ္ခဲ့တယ္လို႔ ခံစားခဲ့ရတယ္။ အဲဒါက သူ႔အတြက္ အရမ္းေကာင္းမြန္တဲ့အေတြ႕အႀကဳံ သင္ခန္းစာျဖစ္ခဲ့မွာျဖစ္ၿပီး ထိပ္တန္းအသင္းနဲ႔ ထိပ္တိုက္ရင္ဆိုင္ခဲ့ရတာပါ။ ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

တစ္ဆက္တည္းမွာပဲ ေပၚစတီကိုဂလူက အာဆင္နယ္ရဲ႕ ဒုတိယပိုင္း ပင္နယ္တီ ရရွိခဲ့မႈအတြက္ မေပ်ာ္မ႐ႊင္ျဖစ္ခဲ့ၿပီး လက္ထိေဘာ စည္းမ်ဥ္းေတြကို နားလည္ေအာင္လည္း ရွင္းျပၾကဦးလို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ လက္ထိေဘာ စည္းမ်ဥ္းေတြနဲ႔ပတ္သက္ၿပီး မသိပါဘူး။ ကြၽန္ေတာ္ တကယ္မသိတာပါ။ ကြၽန္ေတာ္ မေန႔က ဝုလ္ဗ္စ္နဲ႔ပြဲမွာ တစ္ႀကိမ္ေတြ႕ခဲ့ရၿပီး ေဘာလုံးက ခင္ဗ်ားလက္ကို လာမွန္ရင္ ပင္နယ္တီ ေပးတဲ့ပုံစံပဲ။ တျခားတစ္ႀကိမ္က်ေတာ့ ေဘာလုံးက ခင္ဗ်ားလက္ကို လာမွန္ရင္ ပင္နယ္တီ မဟုတ္ဘူး ျဖစ္ျပန္ေရာ။ ကြၽန္ေတာ္ေတာ့ မသိေတာ့ဘူး။ အဲဒါက ၿပိဳင္ပြဲထဲက စည္းမ်ဥ္း တစ္ခုျဖစ္ၿပီး ကြၽန္ေတာ္ကေတာ့ နားမလည္ဘူး။ ကြၽန္ေတာ္တို႔ လက္မရွိတဲ့ ေနာက္ခံကစားသမားေတြကို စၿပီး မသုံးဘူးဆိုရင္ ခင္ဗ်ား ပင္ကို အေနအထားမွာရွိေနၿပီး ေဘာလုံးကို ဘယ္လို ပိတ္ဆို႔မလဲဆိုတာ ကြၽန္ေတာ္ေတာ့ မသိဘူး။ အဲဒီလို ျဖစ္ေနတယ္။ ခင္ဗ်ား ႏွစ္ေပါင္းမ်ားစြာအတြင္း ဒီလိုကိစၥေတြက သူ႔ဘာသာသူ အဆင္ေျပသြားမယ္လို႔ ေမွ်ာ္လင့္ေနသလိုမ်ိဳးပါပဲ။ ဒါေပမယ့္ ကြၽန္ေတာ္ လက္ထိေဘာ စည္းမ်ဥ္းကို နားမလည္ပါဘူး။ ကြၽန္ေတာ့္ကို ရွင္းျပရင္ ေကာင္းမယ္လို႔ ထင္တယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္ မသိလို႔ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet