AI က ရွေးချယ်ပေးခဲ့တဲ့ အာဆင်နယ်ရဲ့တသက်တာအကြီးကျယ်ဆုံးအသင်း 1024 504 coyg

AI က ရွေးချယ်ပေးခဲ့တဲ့ အာဆင်နယ်ရဲ့တသက်တာအကြီးကျယ်ဆုံးအသင်း

အာဆင်နယ်ဟာ ပရီးမီးယားလိဂ်သမိုင်းတလျှောက်မှာ မယုံနိုင်စရာ ပါရမီရှင်ကစားသမားတွေ အများအပြားကို ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး ၁၉၉၂ ခုနှစ်မှာ ပရီးမီးယားလိဂ် စတင်ကျင်းပချိန်ကတည်းက ၃ ကြိမ်အထိ အနိုင်ရရှိခဲ့သလို ဒုတိယအဖြစ် ၇ ကြိမ် ရာသီပြီးဆုံးခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ရခဲ့တဲ့ ဖလား ၃ လုံးထဲက တစ်လုံးဟာ တကမ္ဘာလုံးမှာ ထင်ပေါ်ကျော်ကြားခဲ့တဲ့ မရှုံးနိမ့်နိုင်သော ရာသီမှာ ရရှိခဲ့တာဖြစ်ပြီး အာဆင်ဝင်းဂါးရဲ့ ဂန်းနားတွေဟာ တစ်ရာသီလုံး ရှုံးပွဲမရှိဘဲ ဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် အာဆင်နယ်ရဲ့ တသက်တာအကောင်းဆုံး ပွဲထွက် ၁၁ ဦးစာရင်းကို သတ်မှတ်တဲ့အခါတိုင်းမှာ အငြင်းပွားစရာတွေဖြစ်စေခဲ့ပြီး အဲဒီအငြင်းအခုံကို ဖြေရှင်းနိုင်ဖို့ ChatGPT ကို အာဆင်နယ်ရဲ့ တသက်တာအကောင်းဆုံးပွဲထွက်လူစာရင်းကို ရွေးချယ်ပေးဖို့ တောင်းဆိုခဲ့ရာမှာ မရှုံးနိမ့်နိုင်သောအသင်းက ဂန္တဝင်ကစားသမား ၄ ဦးဟာ ချန်လှပ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

AI က ရွေးချယ်ပေးခဲ့တဲ့ တသက်တာအကြီးကျယ်ဆုံးပွဲထွက်လူစာရင်းထဲက ဂိုးပေါက်နေရာမှာ ဂန္တဝင်ဂိုးသမားကြီး ဒေးဗစ် ဆီးမန်းကို ရွေးချယ်ခဲ့ပြီး အင်္ဂလန်ဂန္တဝင်ဂိုးသမားကြီးဟာ ဟိုက်ဘူရီမှာ ကစားခဲ့တဲ့ ရွှေခေတ်ကာလအတွင်း ဂန်းနားတွေအတွက် စုစုပေါင်း ပွဲ ၅၀၀ ကျော်ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ရဲ့ မရှုံးနိမ့်နိုင်သော ရာသီမှာ ၃၈ ပွဲစလုံး ပွဲထွက်ပါဝင်ကစားပေးခဲ့တဲ့ ဂန္တဝင် ဂိုးသမား ယန်း လေမန်းဟာ AI ရဲ့ ချန်လှပ်ခြင်းခံခဲ့ရတာဖြစ်ပြီး ၄-၄-၂ ကစားကွက်ရဲ့ ညာနောက်ခံနေရာမှာ လီး ဒစ်ဆွန်ကို မရှုံးနိမ့်နိုင်သောအသင်းက လော်ရန်အစား ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ခံစစ်နေရာမှာ အာဆင်နယ်မှာ ၁၉ နှစ်ကြာ ကစားပေးခဲ့ရာမှာ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်အထိ ရရှိအောင် ဦးဆောင်ပေးခဲ့တဲ့ တိုနီ အဒမ်စ်ကို ရွေးချယ်ခဲ့ပြီး တွဲဖက်အနေနဲ့ ဆိုးလ် ကမ်းဘဲလ်ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ကမ်းဘဲလ်ကြောင့် မရှုံးနိမ့်နိုင်သော ရာသီအတွင်း ဗဟိုခံစစ်နေရာမှာ အင်္ဂလိပ်နောက်ခံလူနဲ့ တွဲကစားခဲ့တဲ့ ကိုလို တိုရေးအတွက် နေရာမရှိတော့တာဖြစ်ပြီး ချဲလ်ဆီးကို ပြောင်းရွှေ့သွားတာကြောင့် ပရိသတ်တွေရဲ့မုန်းတီးမှုခံခဲ့ရတဲ့ အက်ရှ်လီ ကိုးက ဘယ်နောက်ခံနေရာအတွက် ရွေးချယ်ခံခဲ့ရပါတယ်။

ကွင်းလယ်နေရာအတွက် ရောဘတ် ပီးရက်စ်၊ ဆက်စ် ဖာဘရီဂတ်စ်၊ ပက်ထရစ် ဗီယာရာ၊ ဖရက်ဒီ ယွန်းဘတ်တို့ကို ရွေးချယ်ခဲ့ပြီး တိုက်စစ်နေရာအတွက် ဒတ်ချ်ဂန္တဝင် တိုက်စစ်မှူး ဒန်းနစ် ဘားကမ့်နဲ့ မရှုံးနိမ့်နိုင်သော ရာသီမှာ သွင်းဂိုး ၃၀ အထိ သွင်းယူပေးခဲ့တဲ့ ပြင်သစ်ဂန္တဝင်တိုက်စစ်မှူး သီယာရီ အွန်နရီကို ရွေးချယ်ခဲ့ပါတယ်။

ဒန်းနစ် ဘားကမ့်ဟာ အာဆင်နယ်အသင်း ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ဖလား ၃ လုံးစလုံးမှာ တစ်စိတ်တပိုင်းအဖြစ် ပါဝင်ကစားပေးခဲ့တဲ့ ကစားသမားအနည်းငယ်ထဲက တစ်ဦးအပါအဝင်ဖြစ်ခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ဟာ ပရီးမီးယားလိဂ္သမိုင္းတေလွ်ာက္မွာ မယုံႏိုင္စရာ ပါရမီရွင္ကစားသမားေတြ အမ်ားအျပားကို ပိုင္ဆိုင္ခဲ့တာျဖစ္ၿပီး ၁၉၉၂ ခုႏွစ္မွာ ပရီးမီးယားလိဂ္ စတင္က်င္းပခ်ိန္ကတည္းက ၃ ႀကိမ္အထိ အႏိုင္ရရွိခဲ့သလို ဒုတိယအျဖစ္ ၇ ႀကိမ္ ရာသီၿပီးဆုံးခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ရခဲ့တဲ့ ဖလား ၃ လုံးထဲက တစ္လုံးဟာ တကမာၻလုံးမွာ ထင္ေပၚေက်ာ္ၾကားခဲ့တဲ့ မရႈံးနိမ့္ႏိုင္ေသာ ရာသီမွာ ရရွိခဲ့တာျဖစ္ၿပီး အာဆင္ဝင္းဂါးရဲ႕ ဂန္းနားေတြဟာ တစ္ရာသီလုံး ရႈံးပြဲမရွိဘဲ ဗိုလ္စြဲခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ အာဆင္နယ္ရဲ႕ တသက္တာအေကာင္းဆုံး ပြဲထြက္ ၁၁ ဦးစာရင္းကို သတ္မွတ္တဲ့အခါတိုင္းမွာ အျငင္းပြားစရာေတြျဖစ္ေစခဲ့ၿပီး အဲဒီအျငင္းအခုံကို ေျဖရွင္းႏိုင္ဖို႔ ChatGPT ကို အာဆင္နယ္ရဲ႕ တသက္တာအေကာင္းဆုံးပြဲထြက္လူစာရင္းကို ေ႐ြးခ်ယ္ေပးဖို႔ ေတာင္းဆိုခဲ့ရာမွာ မရႈံးနိမ့္ႏိုင္ေသာအသင္းက ဂႏၲဝင္ကစားသမား ၄ ဦးဟာ ခ်န္လွပ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

AI က ေ႐ြးခ်ယ္ေပးခဲ့တဲ့ တသက္တာအႀကီးက်ယ္ဆုံးပြဲထြက္လူစာရင္းထဲက ဂိုးေပါက္ေနရာမွာ ဂႏၲဝင္ဂိုးသမားႀကီး ေဒးဗစ္ ဆီးမန္းကို ေ႐ြးခ်ယ္ခဲ့ၿပီး အဂၤလန္ဂႏၲဝင္ဂိုးသမားႀကီးဟာ ဟိုက္ဘူရီမွာ ကစားခဲ့တဲ့ ေ႐ႊေခတ္ကာလအတြင္း ဂန္းနားေတြအတြက္ စုစုေပါင္း ပြဲ ၅၀၀ ေက်ာ္ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ရဲ႕ မရႈံးနိမ့္ႏိုင္ေသာ ရာသီမွာ ၃၈ ပြဲစလုံး ပြဲထြက္ပါဝင္ကစားေပးခဲ့တဲ့ ဂႏၲဝင္ ဂိုးသမား ယန္း ေလမန္းဟာ AI ရဲ႕ ခ်န္လွပ္ျခင္းခံခဲ့ရတာျဖစ္ၿပီး ၄-၄-၂ ကစားကြက္ရဲ႕ ညာေနာက္ခံေနရာမွာ လီး ဒစ္ဆြန္ကို မရႈံးနိမ့္ႏိုင္ေသာအသင္းက ေလာ္ရန္အစား ေ႐ြးခ်ယ္ခဲ့တာျဖစ္ပါတယ္။

ခံစစ္ေနရာမွာ အာဆင္နယ္မွာ ၁၉ ႏွစ္ၾကာ ကစားေပးခဲ့ရာမွာ ပရီးမီးယားလိဂ္ဖလား ၂ ႀကိမ္အထိ ရရွိေအာင္ ဦးေဆာင္ေပးခဲ့တဲ့ တိုနီ အဒမ္စ္ကို ေ႐ြးခ်ယ္ခဲ့ၿပီး တြဲဖက္အေနနဲ႔ ဆိုးလ္ ကမ္းဘဲလ္ကို ေ႐ြးခ်ယ္ခဲ့တာ ျဖစ္ပါတယ္။

ကမ္းဘဲလ္ေၾကာင့္ မရႈံးနိမ့္ႏိုင္ေသာ ရာသီအတြင္း ဗဟိုခံစစ္ေနရာမွာ အဂၤလိပ္ေနာက္ခံလူနဲ႔ တြဲကစားခဲ့တဲ့ ကိုလို တိုေရးအတြက္ ေနရာမရွိေတာ့တာျဖစ္ၿပီး ခ်ဲလ္ဆီးကို ေျပာင္းေ႐ႊ႕သြားတာေၾကာင့္ ပရိသတ္ေတြရဲ႕မုန္းတီးမႈခံခဲ့ရတဲ့ အက္ရွ္လီ ကိုးက ဘယ္ေနာက္ခံေနရာအတြက္ ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။

ကြင္းလယ္ေနရာအတြက္ ေရာဘတ္ ပီးရက္စ္၊ ဆက္စ္ ဖာဘရီဂတ္စ္၊ ပက္ထရစ္ ဗီယာရာ၊ ဖရက္ဒီ ယြန္းဘတ္တို႔ကို ေ႐ြးခ်ယ္ခဲ့ၿပီး တိုက္စစ္ေနရာအတြက္ ဒတ္ခ်္ဂႏၲဝင္ တိုက္စစ္မႉး ဒန္းနစ္ ဘားကမ့္နဲ႔ မရႈံးနိမ့္ႏိုင္ေသာ ရာသီမွာ သြင္းဂိုး ၃၀ အထိ သြင္းယူေပးခဲ့တဲ့ ျပင္သစ္ဂႏၲဝင္တိုက္စစ္မႉး သီယာရီ အြန္နရီကို ေ႐ြးခ်ယ္ခဲ့ပါတယ္။

ဒန္းနစ္ ဘားကမ့္ဟာ အာဆင္နယ္အသင္း ရရွိခဲ့တဲ့ ပရီးမီးယားလိဂ္ဖလား ၃ လုံးစလုံးမွာ တစ္စိတ္တပိုင္းအျဖစ္ ပါဝင္ကစားေပးခဲ့တဲ့ ကစားသမားအနည္းငယ္ထဲက တစ္ဦးအပါအဝင္ျဖစ္ခဲ့တာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet