ဂန်းနားဂန္တဝင်ရဲ့အဆင့်အတန်းကို ရောက်ချင်တယ်လို့ ပြောပြီး နဗီးကို တုံ့ပြန်လိုက်တဲ့ ရိုက်
အာဆင်နယ်ကွင်းလယ်ကြယ်ပွင့် ဒီကလန် ရိုက်ဟာ လာမယ့်နှစ်တွေမှာ ဂန်းနားဂန္တဝင် ပက်ထရစ် ဗီယာရာရဲ့ အဆင့်အတန်းမျိုးကို ရောက်ရှိချင်တယ်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။
ဂန်းနားတွေဟာ ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာ ဒီကလန် ရိုက်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့တဲ့ ဥရောပထိပ်တန်းအသင်းကြီးတွေထဲက တစ်သင်းဖြစ်ခဲ့ပြီး ဘိုင်ယန်မြူးနစ်၊ မန်စီးတီး၊ မန်ယူနိုက်တက်တို့အားလုံးက ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ဟောင်းကို ခေါ်ယူချင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်က အခြား ဥရောပထိပ်သီးအသင်းကြီးတွေထက် အာဆင်နယ်ကို ရွေးချယ်ခဲ့တာဖြစ်ပြီး အာတီတာနဲ့ အီဒူးတို့အတွက် ကြီးမားတဲ့ ကစားသမားခေါ်ယူမှု ဖြစ်ခဲ့တာဖြစ်ပါတယ်။ အမ်းမရိတ်စ်ကို ရောက်ရှိလာတဲ့အချိန်ကတည်းက ဒီကလန် ရိုက်ဟာ မြောက်လန်ဒန်မှာ အထင်ကြီးဖွယ် စွမ်းဆောင်ရည်တွေနဲ့ အကောင်းဆုံး စတင်နိုင်ခဲ့တာဖြစ်ပြီး ဩဂုတ်လရဲ့ တစ်လတာအကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ အသက် ၂၄ နှစ်အရွယ်ကွင်းလယ်ကစားသမားက ဒီတိုင်းဆက်ပြီး တိုးတက်သွားပြီး တစ်နေ့မှာ အာဆင်နယ်ဂန္တဝင် ပက်ထရစ် ဗီယာရာရဲ့ အဆင့်အတန်းကို ရောက်ရှိချင်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
“ကျွန်တော့်ရဲ့ ပစ်မှတ်က ဗီယာရာရဲ့အဆင့်အတန်းမျိုးကို ရောက်ဖို့ပါ။ အဲဒါက ကြီးမားတဲ့ စိန်ခေါ်မှုပါ။ ဒါပေမယ့် ကျွန်တော် အဲဒီအဆင့်ကို ရောက်ရှိချင်ပါတယ် ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဝက်စ်ဟမ်းကြယ်ပွင့်ဟောင်းရဲ့ မှတ်ချက်ဟာ မကြာသေးမီက မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဂယ်ရီ နဗီးရဲ့ ဝေဖန်ပြောဆိုမှုကို အကောင်းဆုံးတုံ့ပြန်မှုဖြစ်ခဲ့တာဖြစ်နိုင်ပြီး ပြီးခဲ့တဲ့လက Sky Sports မှာ မန်ယူနိုက်တက်နောက်ခံလူဟောင်းက “ပေါင်သန်း ၁၀၀ တန်ပေးရတဲ့ကစားသမားအတွက်ဆိုရင် ခင်ဗျား သွင်းဂိုးတွေနဲ့ ဂိုးဖန်တီးမှုတွေ လိုချင်မယ်လို့ ကျွန်တော် ထင်တယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ၆ လအတွင်းမှာ ကွင်းလယ်ကစားသမားတွေရဲ့ တန်ဖိုးအပေါ် အမြင်က လုံးဝကို ပြောင်းလဲသွားခဲ့တယ်။ ခင်ဗျား ရွိုင် ကိန်းနဲ့ ဗီယာရာတို့လို ကစားသမားတွေနာမည်ကို ပြောလို့ရတယ်။ ကျွန်တော့်တစ်ဦးတည်းအမြင်အရ ဗြိတိန်ဘောလုံးလောကမှာ မြင်ဖူးသမျှထဲမှာ အကောင်းဆုံးကွင်းလယ်ကစားသမား ၂ ဦးပါ။ ဒီကလန် ရိုက်က အဲဒီ အမျိုးအစားထဲမှာ ပါတယ်လို့ ကျွန်တော် မထင်ပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္ကြင္းလယ္ၾကယ္ပြင့္ ဒီကလန္ ႐ိုက္ဟာ လာမယ့္ႏွစ္ေတြမွာ ဂန္းနားဂႏၲဝင္ ပက္ထရစ္ ဗီယာရာရဲ႕ အဆင့္အတန္းမ်ိဳးကို ေရာက္ရွိခ်င္တယ္လို႔ ဝန္ခံ ေျပာၾကားခဲ့ပါတယ္။
ဂန္းနားေတြဟာ ယခုေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ ဒီကလန္ ႐ိုက္ကို ေခၚယူဖို႔ ႀကိဳးပမ္းခဲ့တဲ့ ဥေရာပထိပ္တန္းအသင္းႀကီးေတြထဲက တစ္သင္းျဖစ္ခဲ့ၿပီး ဘိုင္ယန္ျမဴးနစ္၊ မန္စီးတီး၊ မန္ယူႏိုက္တက္တို႔အားလုံးက ဝက္စ္ဟမ္းအသင္းေခါင္းေဆာင္ေဟာင္းကို ေခၚယူခ်င္ခဲ့တာျဖစ္ပါတယ္။
ဒါေပမယ့္လည္း အဂၤလန္ကြင္းလယ္ၾကယ္ပြင့္က အျခား ဥေရာပထိပ္သီးအသင္းႀကီးေတြထက္ အာဆင္နယ္ကို ေ႐ြးခ်ယ္ခဲ့တာျဖစ္ၿပီး အာတီတာနဲ႔ အီဒူးတို႔အတြက္ ႀကီးမားတဲ့ ကစားသမားေခၚယူမႈ ျဖစ္ခဲ့တာျဖစ္ပါတယ္။ အမ္းမရိတ္စ္ကို ေရာက္ရွိလာတဲ့အခ်ိန္ကတည္းက ဒီကလန္ ႐ိုက္ဟာ ေျမာက္လန္ဒန္မွာ အထင္ႀကီးဖြယ္ စြမ္းေဆာင္ရည္ေတြနဲ႔ အေကာင္းဆုံး စတင္ႏိုင္ခဲ့တာျဖစ္ၿပီး ဩဂုတ္လရဲ႕ တစ္လတာအေကာင္းဆုံးကစားသမားဆုကိုလည္း ရရွိခဲ့တာျဖစ္ပါတယ္။
လက္ရွိမွာေတာ့ အသက္ ၂၄ ႏွစ္အ႐ြယ္ကြင္းလယ္ကစားသမားက ဒီတိုင္းဆက္ၿပီး တိုးတက္သြားၿပီး တစ္ေန႔မွာ အာဆင္နယ္ဂႏၲဝင္ ပက္ထရစ္ ဗီယာရာရဲ႕ အဆင့္အတန္းကို ေရာက္ရွိခ်င္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။
“ကြၽန္ေတာ့္ရဲ႕ ပစ္မွတ္က ဗီယာရာရဲ႕အဆင့္အတန္းမ်ိဳးကို ေရာက္ဖို႔ပါ။ အဲဒါက ႀကီးမားတဲ့ စိန္ေခၚမႈပါ။ ဒါေပမယ့္ ကြၽန္ေတာ္ အဲဒီအဆင့္ကို ေရာက္ရွိခ်င္ပါတယ္ ”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။
ဝက္စ္ဟမ္းၾကယ္ပြင့္ေဟာင္းရဲ႕ မွတ္ခ်က္ဟာ မၾကာေသးမီက မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ဂယ္ရီ နဗီးရဲ႕ ေဝဖန္ေျပာဆိုမႈကို အေကာင္းဆုံးတုံ႔ျပန္မႈျဖစ္ခဲ့တာျဖစ္ႏိုင္ၿပီး ၿပီးခဲ့တဲ့လက Sky Sports မွာ မန္ယူႏိုက္တက္ေနာက္ခံလူေဟာင္းက “ေပါင္သန္း ၁၀၀ တန္ေပးရတဲ့ကစားသမားအတြက္ဆိုရင္ ခင္ဗ်ား သြင္းဂိုးေတြနဲ႔ ဂိုးဖန္တီးမႈေတြ လိုခ်င္မယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ဒါေပမယ့္လည္း ၿပီးခဲ့တဲ့ ၆ လအတြင္းမွာ ကြင္းလယ္ကစားသမားေတြရဲ႕ တန္ဖိုးအေပၚ အျမင္က လုံးဝကို ေျပာင္းလဲသြားခဲ့တယ္။ ခင္ဗ်ား ႐ြိဳင္ ကိန္းနဲ႔ ဗီယာရာတို႔လို ကစားသမားေတြနာမည္ကို ေျပာလို႔ရတယ္။ ကြၽန္ေတာ့္တစ္ဦးတည္းအျမင္အရ ၿဗိတိန္ေဘာလုံးေလာကမွာ ျမင္ဖူးသမွ်ထဲမွာ အေကာင္းဆုံးကြင္းလယ္ကစားသမား ၂ ဦးပါ။ ဒီကလန္ ႐ိုက္က အဲဒီ အမ်ိဳးအစားထဲမွာ ပါတယ္လို႔ ကြၽန္ေတာ္ မထင္ပါဘူး”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Players' Talk
- Team News